ဘာတွေဖြစ်ကုန်ကြပြီလဲ - မင်းလူ
ဘာတွေဖြစ်ကုန်ကြပြီလဲ - မင်းလူ
သြော်… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်...။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ဘဲ ကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံလုပ်ခံရ
သမီးအရင်းခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့်မရ
ရွှေတိဂုံစေတီတော် ဝတ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို ...။
တိုင်းပြည်ကိုချစ်တာ တပ်မတော်
မျိုးချစ်စိတ်ရှိတာ တပ်မတော်
ပြည်သူကို ကာကွယ်ခဲ့တာ တပ်မတော်
ဗမာပြည်ကို ကာကွယ်ခဲ့တာ တပ်မတော်
သောက်ကျိုးနည်း တော်တဲ့ တပ်မတော်
လူတိုင်းပါးစပ်ဖျားက တော်...တော်....လို့
မြည်နေတဲ့ တပ်မတော် …. ။
အိမ်မဲ့ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြန်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ…
မိုးတွင်းမှာ ရေကြီးတယ်
နွေမှာ မီးလောင်တယ်
ဒါ...ရေမီးအစုံမဟုတ်ဘူးလား ။
ဒီမိုကရေစီလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ကန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေက စွပ်စွဲတာလေ
ပြီးတော့ သူတို့ရဲ့
ဝါဆိုသင်္ကန်းနဲ့လာဘ်ထိုးတာ
နားမလည်နိုင်စရာ ...။
စစ်ကို မုန်းလို့ စစ်တိုက်နေတာပါတဲ့...
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ် အောက်မေ့နေ…
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန်သမ္မတ စကားနဲ့
သွားတူနေတာပါကလား…
"ရေဂင်" အလုံးက
သူ့ပါးစပ်ထဲ ရောက်နေတာကိုး ...။
သတင်းဆရာကြီးများ သိပြီးဖြစ်တဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟဝှာမပြုလျှင် ဟဝှာပြုမည်ဖြစ်ကြောင်း
ဟဝှာမပြုလျှင် ဟဝှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟဝှာပြုစေလိုကြောင်းတဲ့
သတင်း(အချိန်တန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့.. ရှင်းပါတယ်နော် ...။
ဟိုတယောက်လေ
တွေ့တဲ့လူကို နေကောင်းလား မေးတဲ့လူ
တွင်း(၁) ဆိုလား ဘာဆိုလား
ဟိုလက်ညှိုးထိုး …. ဒီလက်ညှိုးထိုး
ဘာမှလည်း နားမလည်ဘဲနဲ့
အဲဒါပေါ့…
လက်ညှိုးညွှန်ရာ ဒုက္ခဖြစ်တယ်ဆိုတာ ...။
လာပါပြီ … လာပါပြီ
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဋ္ဌတဲ့...။
သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
"ကိုယ်မပြောချင်ဘူး
ဒါပေမယ့်....ပြောသင့်တာတော့ပြောမယ်
အဲဒါဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူးဆိုတာပဲ "....တဲ.
မှတ်သားလောက်ပါပေရဲ့...။
ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အစိုးရ....တဲ့
ဟုတ်ကဲ့…
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်တည်း အသိအမှတ်ပြုကြပါသတဲ့ …။
တိတိကျကျ မှန်မှန်ကန်ကန်
မြန်မြန်ဆန်ဆန်လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့ မပါဘူးတဲ့...။
အခြေခံဥပဒေဆိုတာ
မာရှယ်လော ဥပဒေလို
ချက်ချင်းထုတ်လို့ ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ်လုပ်လို့မရဘူးတဲ့ …။
ဒါပေမယ့်
လွှဲမှာပါ …. လွှဲမှာပါ
ပုခက်လွှဲသလိုကို လွှဲမှာပါ…။
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြတဲ့....
ဆရာမောင်မောင်ရဲ့ စာအုပ်ကို ကြည့်တဲ့....
တခါလာလည်း ဆရာမောင်မောင်
တခါလာလည်း ဆရာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား…။
ဒါဆို....ဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့ စာအုပ်တအုပ်၀ယ်ရင်
ဆရာမောင် ဆေးနီမှုန့် တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား …။
သိပ်ရောင်းကောင်းမယ်နော်…။
ဒါနဲ့ နေစမ်းပါဦး
မိန့်ခွန်းပြောရင်း ဘာဖြစ်လို့ ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
ဘီလူးသွားကို လဖြဲတည်း.... တဲ့ …။
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာ၀န်ကြီး သုံးရပ်ကတော့
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
အလိုဗျာ …
ဘာတွေဖြစ်ကုန်ကြပြီလဲ…။ ။
#မင်းလူ
ဒီကဗျာကို ရေးသားမှုကြောင့် ၁၉၉၀ ခုနှစ်မှာ ဆရာမင်းလူ နဲ့အတူ တည်းဖြတ်သူ ဆရာမျိုးမြင့်ညိမ်း၊ ထုတ်ဝေသူ ဦးစိန်လှိုင်တို့ကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကောင်းလိုက်တဲ့ စာသားလေး
ReplyDeleteLol
ReplyDeleteရေးလဲ ရေးတတ်တယ်
ReplyDeleteဒီတစ်ခေါက်တော့ ခွေးကိုခွေးနေရာပို့နိုင်မှရမယ် မဟုတ်ရင်သားစဉ်မြေးဆက် လူမွေးလူရောင်ပြောင်မှာမဟုတ်ဘူး
ReplyDeleteထိထိမိမိ ရေးတတ်လိုက်တာ ဆရာရယ်
ReplyDeleteစာရေးကောင်းတဲ့ဆရာ ကဗျာလည်းကောင်းတယ်။
ReplyDeleteအနှစ်တွေချည်းပဲ
ReplyDeleteစာသားလေးတွေအရမ်းကောင်းအရမ်းထိမိတယ်
ReplyDeleteok
ReplyDeleterespect.
ReplyDeleteအမှန်တရားတွေကိုလက်မခံနိုင်တော့
ReplyDeleteပြောတဲ့သူကသာအပြစ်ပေါ့သောက်ကျိုးနည်းတိုင်းပြည်
မိုက်
ReplyDeleteတကယ့် အဖြစ်မှန် ေေေတွ
ReplyDeleteRespect
ReplyDelete