Boanthropy
Unicode
ကမ္ဘာကြီးမှာ ထူးခြားဆန်းပြားတဲ့ သဘာဝ အလှတရားတွေရှိတယ်။ အလားတူ ထူးခြားဆန်းပြားတဲ့ ရောဂါတွေကလည်း ပေါင်းစုံပါပဲ။ ဒီရောဂါတွေထဲမှာမှ ထူးထူးဆန်းဆန်း စိတ်ဝင်စားဖို့ကောင်းတဲ့ Boanthropy လို့ခေါ်တဲ့ စိတ်ရောဂါတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။
Boanthropy ဆိုတာကတော့ ကိုယ့်ကိုယ်ကို နွားလို့ ထင်နေတဲ့ စိတ်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ တချို့ကလဲ ကျွဲ၊ ရေမြင်းအဖြစ် ထင်မှားတတ်ကြပေမဲ့ အများစုကတော့ နွားလို့ ထင်တတ်ကြပါတယ်။
ဒီဝေဒနာရှင်တွေက ကိုယ့်ကိုယ်ကို ကျွဲ၊ နွားတွေအဖြစ် လုံးဝခံယူကာ မြက်ထဲမှာနေ၊ မြက်ထဲမှာအိပ်၊ မြက်တွေကို စားပြီး၊ ကျွဲလို နွားလို အော်တတ်ကြပါတယ်။
ဒီရောဂါ ဘာလို့ဖြစ်ရလဲဆိုတာကတော့ တိတိကျကျ ပြောရခက်ပါတယ်။ hypnotism လို့ခေါ်တဲ့ စိတ်ညှို့တဲ့ အတတ်ပညာနဲ့ စိတ်ညှို့ခံရသူကို ကိုယ့်ကိုကိုယ် နွားဖြစ်တယ် လို့ ယုံကြည်အောင်လုပ်တာမျိုးတွေကတော့ မှတ်တမ်းတွေမှာရှိခဲ့ဖူးပါတယ်။
နောက်ပြီး ဝေဒနာရှင်တစ်ယောက်ရဲ့ နမူနာကိုကြည့်ရင် သူက ဒီရောဂါ မခံစားရခင်မှာ အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ သူက ပွဲတစ်ပွဲကို သွားခဲ့တယ်။ အဲ့ဒီပွဲကိုရောက်တဲ့အခါ တံခါးဝမှာ အစောင့်က " လာပြီလား း။ အထဲမှာ မင်းသူငယ်ချင်းတွေ စောင့်နေတယ်။ ဝင်လိုက် " လို့ပြောပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။ အထဲမှာတော့ ဘယ်သူမှ မရှိဘဲ နွားအုပ်တစ်အုပ်သာ ရှိနေပါသတဲ့။ သူဟာ အဲ့ဒီအိပ်မက်မက်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ဒီရောဂါဖြစ်လာခဲ့ပါတယ်။ ဒီတော့ Boanthropy ဟာ အိပ်မွှေ့ချခြင်း ၊ စိတ်ညှို့ခြင်းနဲ့ အိပ်မက်တွေကြောင့် ဖြစ်တတ်တယ်လို့ အကြမ်းအားဖြင့် ကောက်ချက်ချလို့ ရပါတယ်။
ဒီလို အိပ်မက်တွေ ပါဝင်ပက်သက်နေတာကြောင့်လည်း သိပ္ပံပညာရှင်တွေ ဆေးပညာရှင်တွေ အနေနဲ့ တိတိကျကျ မဖော်ထုတ်နိုင်သေးတဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ် ။
သမိုင်းမှာ အထင်ရှားဆုံး ဒီရောဂါဝေဒနာရှင်ကတော့ ဘေဘီလုံ ဘုရင်ကြီး Nebuchadnezzar II ပဲဖြစ်ပါတယ်။
Zawgyi
ကမၻာႀကီးမွာ ထူးျခားဆန္းျပားတဲ့ သဘာဝ အလွတရားေတြရွိတယ္။ အလားတူ ထူးျခားဆန္းျပားတဲ့ ေရာဂါေတြကလည္း ေပါင္းစုံပါပဲ။ ဒီေရာဂါေတြထဲမွာမွ ထူးထူးဆန္းဆန္း စိတ္ဝင္စားဖို႔ေကာင္းတဲ့ Boanthropy လို႔ေခၚတဲ့ စိတ္ေရာဂါတစ္ခုအေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။
Boanthropy ဆိုတာကေတာ့ ကိုယ့္ကိုယ္ကို ႏြားလို႔ ထင္ေနတဲ့ စိတ္ေရာဂါတစ္မ်ိဳးပဲျဖစ္ပါတယ္။ တခ်ိဳ႕ကလဲ ကြၽဲ၊ ေရျမင္းအျဖစ္ ထင္မွားတတ္ၾကေပမဲ့ အမ်ားစုကေတာ့ ႏြားလို႔ ထင္တတ္ၾကပါတယ္။
ဒီေဝဒနာရွင္ေတြက ကိုယ့္ကိုယ္ကို ကြၽဲ၊ ႏြားေတြအျဖစ္ လုံးဝခံယူကာ ျမက္ထဲမွာေန၊ ျမက္ထဲမွာအိပ္၊ ျမက္ေတြကို စားၿပီး၊ ကြၽဲလို ႏြားလို ေအာ္တတ္ၾကပါတယ္။ဒီေရာဂါ ဘာလို႔ျဖစ္ရလဲဆိုတာကေတာ့ တိတိက်က် ေျပာရခက္ပါတယ္။ hypnotism လို႔ေခၚတဲ့ စိတ္ညွို႔တဲ့ အတတ္ပညာနဲ႕ စိတ္ညွို႔ခံရသူကို ကိုယ့္ကိုကိုယ္ ႏြားျဖစ္တယ္ လို႔ ယုံၾကည္ေအာင္လုပ္တာမ်ိဳးေတြကေတာ့ မွတ္တမ္းေတြမွာရွိခဲ့ဖူးပါတယ္။
ေနာက္ၿပီး ေဝဒနာရွင္တစ္ေယာက္ရဲ႕ နမူနာကိုၾကည့္ရင္ သူက ဒီေရာဂါ မခံစားရခင္မွာ အိပ္မက္တစ္ခု မက္ခဲ့ပါတယ္။ အိပ္မက္ထဲမွာ သူက ပြဲတစ္ပြဲကို သြားခဲ့တယ္။ အဲ့ဒီပြဲကိုေရာက္တဲ့အခါ တံခါးဝမွာ အေစာင့္က " လာၿပီလား း။ အထဲမွာ မင္းသူငယ္ခ်င္းေတြ ေစာင့္ေနတယ္။ ဝင္လိုက္ " လို႔ေျပာၿပီး တံခါးကို ဖြင့္ေပးလိုက္တယ္။ အထဲမွာေတာ့ ဘယ္သူမွ မရွိဘဲ ႏြားအုပ္တစ္အုပ္သာ ရွိေနပါသတဲ့။ သူဟာ အဲ့ဒီအိပ္မက္မက္ၿပီး ေနာက္ပိုင္းမွာ တျဖည္းျဖည္းခ်င္း ဒီေရာဂါျဖစ္လာခဲ့ပါတယ္။ ဒီေတာ့ Boanthropy ဟာ အိပ္ေမႊ႕ခ်ျခင္း ၊ စိတ္ညွို႔ျခင္းနဲ႕ အိပ္မက္ေတြေၾကာင့္ ျဖစ္တတ္တယ္လို႔ အၾကမ္းအားျဖင့္ ေကာက္ခ်က္ခ်လိဳ႕ ရပါတယ္။
ဒီလို အိပ္မက္ေတြ ပါဝင္ပက္သက္ေနတာေၾကာင့္လည္း သိပၸံပညာရွင္ေတြ ေဆးပညာရွင္ေတြ အေနနဲ႕ တိတိက်က် မေဖာ္ထုတ္နိုင္ေသးတဲ့ ေရာဂါတစ္မ်ိဳးလည္းျဖစ္ပါတယ္ ။
သမိုင္းမွာ အထင္ရွားဆုံး ဒီေရာဂါေဝဒနာရွင္ကေတာ့ ေဘဘီလုံ ဘုရင္ႀကီး Nebuchadnezzar II ပဲျဖစ္ပါတယ္။
Comments
Post a Comment