Bonsai


 


Unicode

 

Bonsai လို့ခေါ်တဲ့ အပင်လေးတွေကို အကုန်သိကြမယ်လို့ထင်ပါတယ်။ အပင်ကြီးကို အသေစားပုံစံပြောင်းထားပီး အလှစိုက်ကြတဲ့ bonsai အပင်လေးတွေနဲ့ အကုန်ရင်းနှီးကြမယ်လို့ထင်ပါတယ်။

ဒီ Bonsai အပင်‌တွေကို ယနေ့ခေတ်မှာ တကမ္ဘာလုံးမှာတွေရပြီး နာမည်ကြီးတာကိုတွေ့ရမှာပါ။ ဒီ Bonsai အပင်တွေရဲ့ နာမည်စကြီးစေခဲ့တဲ့ နေရာကတော့ ဂျပန်ပဲဖြစ်ပါတယ်။ ဒါကြောင့် bonsai အပင်တွေကို Japanese Miniature Plant လို့လဲ ခေါ်ကြပါတယ်။

Bonsai အပင်တွေက ပုံစံသေးသေးလေးတွေမလို့ ပေါပေါပဲပဲနဲ့ ပစ်ထားလို့ရတယ်လို့ထင်ရင်တော့ အများကြီးမှားသွားပါလိမ့်မယ်။ Bonsai အပင်တစ်ခုဖြစ်လာဖို့အတွက်မလွယ်သလို ထိန်းသိမ်းရတာလဲတကယ်ကို ဂရုစိုက်ရပါသေးတယ်။

Bonsai အပင်တွေက ဘယ်လိုဖြစ်လာတာလဲ။ အပြင်က အပင်တွေနဲ့ တူရဲ့လားဆိုရင် Bonsai အပင်တွေဆိုတာ အပြင်က အပင်တွေရဲ့ အသေးစားပုံစံဖြစ်အောင်ပြုပြင်ထားတာပဲဖြစ်ပါတယ်။‌ အပင်စပေါက်ထဲက Bonsai မျိုး ဆိုတာ မရှိပါဘူး။ လူတွေကပဲ လုပ်ယူထားတာပါ။ အုန်းပင်ကိုလဲ Bonsai လုပ်လို့ရသလို ပန်းပင်တွေကိုလဲ Bonsai လုပ်လို့ရပါတယ်။ အထူးနည်းလမ်းတွေနဲ့သာ မပြုပြင်ထားပေမဲ့ ဒီ Bonsai ပင်လေးတွေနဲ့ အဲ့ bonsai ပင်ရဲ့ မျိုးစိတ်တူ ပုံမှန်အပင်တွေနဲ့ Genetically အတူတူပါပဲ။

အဲ့တော့ Bonsai အပင်ဖြစ်လာအောက် ဘယ်လိုလုပ်ကြသလဲ။ Bonsai အပင်ဖြစ်လာဖို့ အစေ့ဘ၀ ဒါမှမဟုတ် အပင်ပေါက်ဘ၀ကနေစပြီးပြုပြင်ရပါတယ်။ (ကြီးနေပြီးသား အပင်ကို ကောက်သေးပစ်လိုက်လို့မှ မရတာလေနော့ :3) အများသောဖြင့် အမြစ်တွေကြီးထွားမှုကို ထိန်းချုပ်ကြပါတယ်။ အိုးသေးသေးလေးတွေထဲမှာ ထည့်ပြီး ကြီးထွားမှုကို အမြစ်တွေကို ဖြတ်ဖြတ်ပစ်ပြီး ထိန်းချုပ်ပစ်လိုက်ပါတယ်။ ဒါပြင် ကိုင်းတွေဖြတ်တာတွေ၊ အရွက်တွေကို ညှပ်ပစ်တာတွေ ကိုလဲ လုပ်ကြပါသေးတယ်။

ဒါအပြင် Bonsai အပင်တွေကို လိုချင်တဲ့ shape ရအောင်လဲ wiring လို့ခေါ်တဲ့ ဝိုင်ယာကြိုးတွေနဲ့ ပတ်ပီး လိုတဲ့ပုံရောက်အောင် ပုံသွင်းကြပါသေးတယ်။ ဒီလိုအမြစ်တွေဖြတ်၊ ကိုင်းတွေဖြတ် နဲ့ အပင်တွေရဲ့ ကြီးထွားမှုကို ထိန်းချုပ်ပစ်တာက ရက်စက်လွန်းရာ မကျဘူးလားဆိုပြီး ပြောကြပါသေးတယ်။ ဒါပေမဲ့ Bonsai ပညာရှင်အချို့ကတော့ အပင်တွေမှာ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်မရှိပဲ သူတို့ကိုယ်တိုင်ကလဲ အထိန်းချုပ်ခံလိုက်တာမလို့ အရမ်းကြီး ရက်စက်တယ်လို့ပြောမပါဘူးတဲ့။

ဒီ Bonsai အပင်တွေကို လွယ်လွယ်လေးနဲ့တော့ ရအောင်ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ပြောတဲ့နည်းလမ်းလေးတွေကလွယ်ပေမဲ့ လုပ်တဲ့အခါမှာတော့ တော်တော်ကို ဂရုစိုက်ရပြီး စိတ်လဲ တော်တော်ရှည်ရပါတယ်။ တစ်ခုခုမှားသွားတာနဲ့ အပင်က သေသွားမှာပဲဖြစ်ပါတယ်။ ပြီးတော့ ချက်ချင်းလဲ Bonsai ဖြစ်မလာတဲ့အတွက် အချိန်ကို နှစ်နဲ့ ချီပြီး စောင့်ရပါတယ်။ ဒီBonsai အပင်တွေ ဖြစ်လာဖို့ စိတ်ရှည်ရတဲ့အပြင် အတွေ့အကြုံလဲ အများကြီးလိုပါတယ်။

အဲ့တော့ ဒီအပင်တွေက ဘယ်လောက်ထိဈေးရလဲဆိုရင်တော့ အမျိုးအစားနဲ့ အချိန်ကိုလိုက်ပြီး အစားစားကွာသွားပါတယ်။ အနည်းဆုံး ဒေါ်လာ နှစ်ဆယ်ကနေ စပြီး ဒေါ်လာကို မီလီယံ ချီပြီး တန်ဖိုးရှိပါတယ်။ ဘာလို့လဲ‌ဆိုတော့ ဒီ Bonsai အပင်တွေဖြစ်လာဖို့ အချိန်တွေအများကြီးကုန်တဲ့အပြင် သူတို့ဖြစ်လာဖို့ အသုံးပြုရတဲ့ ပစ္စည်းတွေကလည်း ဈေးကြီးတာကြောင့်လဲပါပါတယ်။ တစ်ချို့ Bonsai အပင်တွေဆိုရင် မျိုးဆက် နှစ်ဆက် သုံးဆက် လက်ဆင့်ကမ်းလာတဲ့ အပင်တွေဖြစ်ပါတယ်။

အဲ့တော့ ဈေးကြီးပေးရတဲ့အပင်တွေဖြစ်တဲ့ Bonsaiတွေကို အလှ‌စိုက်တဲ့ အခါမှလဲ ကျန်တဲ့ အပင်တွေထက်တော့ အနည်းငယ်ပို ဂရုစိုက်ရပါလိမ့်မယ်။ ‌ဒီအပင်တွေကို indoor အလှစိုက်ကြ‌တာများပါတယ်။ အပူလွန်တဲ့နေရာတွေမှာလဲထားလို့မရသလို နေရောင်ခြည်ရနေဖို့လဲလိုပါသေးတယ်။ ပုံမှန်အပင်တွေလိုပဲ ရေလောင်းပေးဖို့လိုအပ်ပါသေးတယ်။ ဒီတိုင်းဂရုမစိုက်ပဲထားမိရင်တော့ ‌သေသွားမှာပဲဖြစ်ပါတယ်။

ဒီ Bonsai အပင်‌လုပ်တာဒါမှမဟုတ် အလှစိုက်တာကို ဝါသနာအဖြစ်ပြုလုပ်ကြတဲ့သူတွေရှိကြပါတယ်။ အပင်နဲ့ပတ်သတ်တာပဲ ဖြစ်တာမလို့ de-stress ဖြစ်စေတဲ့ ဝါသနာပဲဖြစ်တယ်လို့ပြောကြပါတယ်။ သင်ကော ဒီ Bonsai အပင်တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုထင်ပါသလဲ။

 

 

 

 

 

 

Zawgyi

 

Bonsai လို႔ေခၚတဲ့ အပင္ေလးေတြကို အကုန္သိၾကမယ္လို႔ထင္ပါတယ္။ အပင္ႀကီးကို အေသစားပုံစံေျပာင္းထားပီး အလွစိုက္ၾကတဲ့ bonsai အပင္ေလးေတြနဲ႕ အကုန္ရင္းႏွီးၾကမယ္လို႔ထင္ပါတယ္။

ဒီ Bonsai အပင္ေတြကို ယေန႕ေခတ္မွာ တကမၻာလုံးမွာေတြရၿပီး နာမည္ႀကီးတာကိုေတြ႕ရမွာပါ။ ဒီ Bonsai အပင္ေတြရဲ႕ နာမည္စႀကီးေစခဲ့တဲ့ ေနရာကေတာ့ ဂ်ပန္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ bonsai အပင္ေတြကို Japanese Miniature Plant လို႔လဲ ေခၚၾကပါတယ္။

Bonsai အပင္ေတြက ပုံစံေသးေသးေလးေတြမလို႔ ေပါေပါပဲပဲနဲ႕ ပစ္ထားလို႔ရတယ္လို႔ထင္ရင္ေတာ့ အမ်ားႀကီးမွားသြားပါလိမ့္မယ္။ Bonsai အပင္တစ္ခုျဖစ္လာဖို႔အတြက္မလြယ္သလို ထိန္းသိမ္းရတာလဲတကယ္ကို ဂ႐ုစိုက္ရပါေသးတယ္။

Bonsai အပင္ေတြက ဘယ္လိုျဖစ္လာတာလဲ။ အျပင္က အပင္ေတြနဲ႕ တူရဲ႕လားဆိုရင္ Bonsai အပင္ေတြဆိုတာ အျပင္က အပင္ေတြရဲ႕ အေသးစားပုံစံျဖစ္ေအာင္ျပဳျပင္ထားတာပဲျဖစ္ပါတယ္။ အပင္စေပါက္ထဲက Bonsai မ်ိဳး ဆိုတာ မရွိပါဘူး။ လူေတြကပဲ လုပ္ယူထားတာပါ။ အုန္းပင္ကိုလဲ Bonsai လုပ္လို႔ရသလို ပန္းပင္ေတြကိုလဲ Bonsai လုပ္လို႔ရပါတယ္။ အထူးနည္းလမ္းေတြနဲ႕သာ မျပဳျပင္ထားေပမဲ့ ဒီ Bonsai ပင္ေလးေတြနဲ႕ အဲ့ bonsai ပင္ရဲ႕ မ်ိဳးစိတ္တူ ပုံမွန္အပင္ေတြနဲ႕ Genetically အတူတူပါပဲ။

အဲ့ေတာ့ Bonsai အပင္ျဖစ္လာေအာက္ ဘယ္လိုလုပ္ၾကသလဲ။ Bonsai အပင္ျဖစ္လာဖို႔ အေစ့ဘ၀ ဒါမွမဟုတ္ အပင္ေပါက္ဘ၀ကေနစၿပီးျပဳျပင္ရပါတယ္။ (ႀကီးေနၿပီးသား အပင္ကို ေကာက္ေသးပစ္လိုက္လို႔မွ မရတာေလေနာ့ :3) အမ်ားေသာျဖင့္ အျမစ္ေတြႀကီးထြားမႈကို ထိန္းခ်ဳပ္ၾကပါတယ္။ အိုးေသးေသးေလးေတြထဲမွာ ထည့္ၿပီး ႀကီးထြားမႈကို အျမစ္ေတြကို ျဖတ္ျဖတ္ပစ္ၿပီး ထိန္းခ်ဳပ္ပစ္လိုက္ပါတယ္။ ဒါျပင္ ကိုင္းေတြျဖတ္တာေတြ၊ အ႐ြက္ေတြကို ညွပ္ပစ္တာေတြ ကိုလဲ လုပ္ၾကပါေသးတယ္။

ဒါအျပင္ Bonsai အပင္ေတြကို လိုခ်င္တဲ့ shape ရေအာင္လဲ wiring လို႔ေခၚတဲ့ ဝိုင္ယာႀကိဳးေတြနဲ႕ ပတ္ပီး လိုတဲ့ပုံေရာက္ေအာင္ ပုံသြင္းၾကပါေသးတယ္။ ဒီလိုအျမစ္ေတြျဖတ္၊ ကိုင္းေတြျဖတ္ နဲ႕ အပင္ေတြရဲ႕ ႀကီးထြားမႈကို ထိန္းခ်ဳပ္ပစ္တာက ရက္စက္လြန္းရာ မက်ဘဴးလားဆိုၿပီး ေျပာၾကပါေသးတယ္။ ဒါေပမဲ့ Bonsai ပညာရွင္အခ်ိဳ႕ကေတာ့ အပင္ေတြမွာ ႐ုပ္ပိုင္းဆိုင္ရာ ခံစားခ်က္မရွိပဲ သူတို႔ကိုယ္တိုင္ကလဲ အထိန္းခ်ဳပ္ခံလိုက္တာမလို႔ အရမ္းႀကီး ရက္စက္တယ္လို႔ေျပာမပါဘူးတဲ့။

ဒီ Bonsai အပင္ေတြကို လြယ္လြယ္ေလးနဲ႕ေတာ့ ရေအာင္ျပဳလုပ္လို႔ရမွာ မဟုတ္ပါဘူး။ ေျပာတဲ့နည္းလမ္းေလးေတြကလြယ္ေပမဲ့ လုပ္တဲ့အခါမွာေတာ့ ေတာ္ေတာ္ကို ဂ႐ုစိုက္ရၿပီး စိတ္လဲ ေတာ္ေတာ္ရွည္ရပါတယ္။ တစ္ခုခုမွားသြားတာနဲ႕ အပင္က ေသသြားမွာပဲျဖစ္ပါတယ္။ ၿပီးေတာ့ ခ်က္ခ်င္းလဲ Bonsai ျဖစ္မလာတဲ့အတြက္ အခ်ိန္ကို ႏွစ္နဲ႕ ခ်ီၿပီး ေစာင့္ရပါတယ္။ ဒီBonsai အပင္ေတြ ျဖစ္လာဖို႔ စိတ္ရွည္ရတဲ့အျပင္ အေတြ႕အႀကဳံလဲ အမ်ားႀကီးလိုပါတယ္။

အဲ့ေတာ့ ဒီအပင္ေတြက ဘယ္ေလာက္ထိေဈးရလဲဆိုရင္ေတာ့ အမ်ိဳးအစားနဲ႕ အခ်ိန္ကိုလိုက္ၿပီး အစားစားကြာသြားပါတယ္။ အနည္းဆုံး ေဒၚလာ ႏွစ္ဆယ္ကေန စၿပီး ေဒၚလာကို မီလီယံ ခ်ီၿပီး တန္ဖိုးရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီ Bonsai အပင္ေတြျဖစ္လာဖို႔ အခ်ိန္ေတြအမ်ားႀကီးကုန္တဲ့အျပင္ သူတို႔ျဖစ္လာဖို႔ အသုံးျပဳရတဲ့ ပစၥည္းေတြကလည္း ေဈးႀကီးတာေၾကာင့္လဲပါပါတယ္။ တစ္ခ်ိဳ႕ Bonsai အပင္ေတြဆိုရင္ မ်ိဳးဆက္ ႏွစ္ဆက္ သုံးဆက္ လက္ဆင့္ကမ္းလာတဲ့ အပင္ေတြျဖစ္ပါတယ္။

အဲ့ေတာ့ ေဈးႀကီးေပးရတဲ့အပင္ေတြျဖစ္တဲ့ Bonsaiေတြကို အလွစိုက္တဲ့ အခါမွလဲ က်န္တဲ့ အပင္ေတြထက္ေတာ့ အနည္းငယ္ပို ဂ႐ုစိုက္ရပါလိမ့္မယ္။ ဒီအပင္ေတြကို indoor အလွစိုက္ၾကတာမ်ားပါတယ္။ အပူလြန္တဲ့ေနရာေတြမွာလဲထားလို႔မရသလို ေနေရာင္ျခည္ရေနဖို႔လဲလိုပါေသးတယ္။ ပုံမွန္အပင္ေတြလိုပဲ ေရေလာင္းေပးဖို႔လိုအပ္ပါေသးတယ္။ ဒီတိုင္းဂ႐ုမစိုက္ပဲထားမိရင္ေတာ့ ေသသြားမွာပဲျဖစ္ပါတယ္။

ဒီ Bonsai အပင္လုပ္တာဒါမွမဟုတ္ အလွစိုက္တာကို ဝါသနာအျဖစ္ျပဳလုပ္ၾကတဲ့သူေတြရွိၾကပါတယ္။ အပင္နဲ႕ပတ္သတ္တာပဲ ျဖစ္တာမလို႔ de-stress ျဖစ္ေစတဲ့ ဝါသနာပဲျဖစ္တယ္လို႔ေျပာၾကပါတယ္။ သင္ေကာ ဒီ Bonsai အပင္ေတြနဲ႕ ပတ္သတ္ၿပီး ဘယ္လိုထင္ပါသလဲ။

 

Comments