နိုင်ငံတကာမှာ အသုံးများနေပြီဖြစ်ပေမယ့် မြန်မာပြည်မှာ အတွေ့ရနည်းနေသေးတဲ့ Car Features ၆ ခု
တစ်ချို့သော Features တွေဟာဆိုရင် ကျွန်တော်တို့ တွေ့မြင်နေကျ နည်းပညာတွေထက် ခေတ်ရှေ့ကို ပြေးလွန်းနေလို့ အပေါင်းအသင်းတွေ၊ ကလေးတွေ ရှေ့မှာ ကြွယ်ပြရင် သင့်ကို James Bond လို့တောင် ထင်သွားကြမှာပါ။
အဲ့ အလန်းစား Features တွေကတော့-
မြန်မာပြည် ဈေးကွက်ထဲက ကားဟောင်း/သစ် တော်တော်များများမှာ Backup Camera လို့ခေါ်တဲ့ Back Gear ထိုးလိုက်တဲ့အချိန် နောက်ဖက်မြင်ကွင်းကို Infotainment Screen မှာ ပြပေးနိုင်တဲ့ Feature ပါဝင်ကြသလို လူတွေနဲ့လည်း မစိမ်းတော့ပါဘူး။ ကားမှာ ပါမလာခဲ့ရင်တောင် Aftermarket accessory အနေနဲ့ အလွယ်တကူ ဝယ်ယူတပ်ဆင်လို့ ရနေပါပြီ။
အနောက်ဖက်ကို အဆိုပါကင်မရာကနေ သေချာမြင်ရပေမယ့် ဘေးဘက်တွေကို မမြင်ရတဲ့အခါမှာ ကားတံခါးနေရာဝန်းကျင်နဲ့ ပလက်ဖောင်း၊ အခြားသောကားများ၊ ကွန်ကရစ်တုံးများ စသည်တို့နဲ့ ပွတ်မိခြစ်မိ ကြတာတွေ ရှိကြပြန်ပါတယ်။ သတိထားကြည့်မယ်ဆိုရင် လမ်းပေါ်မှာ သွားနေတဲ့ ကားအချို့ရဲ့ ဘေးဘက်ဘော်ဒီ ပေါ်မှာ ခြစ်ရာ၊ ပိန်ရာ တွေ မသိမသာ ရှိနေကြတတ်ပါတယ်။
အဆိုပါ ပြသနာကို ဖြေရှင်းဖို့ ကားထုတ်လုပ်သူတွေဟာ ကားအနောက်ဖက်တင်မက အရှေ့နဲ့ ဘေးဘက်တွေမှာပါ မြင်ကွင်းကျယ် ကင်မရာတွေ ၄ လုံးမှ ၆ လုံးအထိ တပ်ဆင်ပြီး ကားပတ်ပတ်လည်ကို ကားထဲမှကြည့်ရှုလို့ ရအောင် တီထွင်လာကြပါတယ်။ ကင်မရာ တစ်ခုချင်းစီက မြင်ကွင်းတွေကို တစ်ဆက်တည်း ဆက်စပ်ပေးလိုက်တဲ့အခါမှာ Game ထဲမှာ ကားရဲ့ ပတ်ချာလည် မြင်ကွင်းကို ရွှေ့ကြည့်ရသလို၊ လူကိုယ်တိုင် အပြင်ထွက်ပြီး ကြည့်ရသလို မြင်ကွင်းမျိုးကို ကားအတွင်းကနေပဲ အံ့အားသင့်ဖွယ် ကြည့်ရှုလို့ ရသွားမှာပါ။

ကားမောင်းသူဟာ မောင်းနေလျှက်နဲ့ ကားရဲ့ဒိုင်ခွက်ကို အဆက်မပြတ် ကြည့်နေနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ လမ်းနဲ့ ဒိုင်ခွက်တွေရဲ့ မြင်ကွင်းက ဝေးကွာနေပြီး ကျွန်တော်တို့ရဲ့ မျက်လုံးတွေက နှစ်ခုလုံးကို တစ်ပြိုင်နက် Focus မလုပ်နိုင်လို့ဖြစ်ပါတယ်။ အဲ့တာကြောင့် ကားမောင်းသူတွေဟာ လိုအပ်မှပဲ ဒိုင်ခွက်ကို ငုံ့ကြည့်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အဆိုပါနည်းအတိုင်း ဒိုင်ခွက်တွေကို သုံးလာခဲ့ကြပေမယ့် ယခုခေတ်ကားအများစုမှာတော့ ဒိုင်ခွက်မှာဖော်ပြလေ့ရှိတဲ့ Data များထဲက အရေးကြီးတဲ့ Data အချို့ကို ကားလေကာမှန်ပေါ်မှာပဲ ပေါ်အောင် တီထွင်လာကြပါတယ်။
ကားဒက်ရှ် ဘုတ်ပေါ်က Projector လေးကနေ ကားလေကာမှန်ပေါ်ကို ပုံရိပ်တွေထင်အောင် အလင်းတန်းတွေထိုးပေးလိုက်တဲ့ အခါ ကားမောင်းသူဟာ ခေါင်းငုံ့စရာမလိုပဲ ကားမှန်ပေါ်မှာတင် လိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူမြင်တွေ့နိုင်သွားမှာ ဖြစ်ပါတယ်။

BMW ကားတွေဝယ်တဲ့အခါ ပိုက်ဆံအပိုဆောင်းပေးပြီး Display Key ကို ဝယ်လို့ရပါတယ်။ အဆိုပါ Key မှာ ပုံမှန် ကားရီမုသော့ တွေမှာ ပါတဲ့ Lock,Unlock, နောက်ဖုံးဖွင့်ခြင်း စတဲ့ ခလုတ်တွေအပြင် 2 လက်မ screen size ရှိတဲ့ Screen တစ်ခုပါဝင်ပါတယ်။
အဆိုပါ screen က ဖုန်းတစ်လုံးရဲ့ Touch screen လိုပဲ အလုပ်လုပ်ပြီးတော့ ကားရဲ့ အဲကွန်း အဖွင့်၊အပိတ်၊ အတိုး၊ အလျှော့၊ သီချင်း အဖွင့်၊ အပိတ်၊ အသံတိုး၊လျှော့ စတာတွေကနေပြီးတော့ ထိုင်ခုံပုံစံပြောင်းတာတွေအထိ ကားတစ်စီးလုံးကို လိုအပ်သလို ထိန်းချုပ်လို့ရပါတယ်။ ထိုသို့လုပ်ဖို့ကလည်း ကားအနားမှာ ရှိနေစရာမလိုပါဘူး။ ၉၈၅ပေ အတွင်း ကနေဆိုရင် ကြိုက်တဲ့နေရာကနေ ထိန်းချုပ်လို့ ရပါတယ်။
ကော်ဖီဆိုင်ထဲမှာ ကော်ဖီသောက်နေရင်း Aircon ကို ကြိုက်တဲ့ အနေအထားကို ချိန်ညှိကာ၊ ကိုယ်ကြိုက်တဲ့ သီချင်းကို ကြိုတင် ဖွင့်ထားပြီး ဂေါ်လို့ရတာပေါ့။

အဆိုပါသော့မှာ ပါတဲ့ အမိုက်ဆုံး Function တစ်ခုကတော့ ကားကို ရီမုအရုပ်ကားတစ်ခုလို ရှေ့တိုးနောက်ဆုတ် လုပ်လို့ ရတာပါပဲ။ Parking တစ်ခုမှာ ကိုယ့်ဘေးက ကားတွေဟာ ကြားမှာ နေရာလပ် ချန်မထားပဲ ကိုယ့်ကားနားကို ကပ်ပြီး ရပ်သွားခံလို့ တံခါးဖွင့်ဖို့၊ ဝင်ဖို့ ခက်ခဲနေရင် ကားသော့ကနေ တစ်ဆင့် ကားကို ရှေ့တိုးလာအောင် လုပ်ပြီး တံခါးဖွင့်လို့ရတဲ့အနေအထား ရောက်ကာမှ လူတက်မောင်းသွားလို့ရပါတယ်။
ဘယ်လိုလဲ? James Bond ဆန်တယ်မလား?

မြန်မာပြည်မှာ နေပူလွန်းတာကြောင့် ကားဝယ်ပြီးသူတိုင်း မှန်မဲစတေကာ ပြေးကပ်ကြရပါတယ်။ ဒီနည်းပညာကတော့ မှန်မဲစတေကာ ကပ်နေရတဲ့ ဒုက္ခကို လျှေ့ချပေးနိုင်မှာပါ။ မှန်ထဲမှာ အလွှာပေါင်းများစွာ ထည့်သွင်းတည်ဆောက်ထားပြီး တစ်လွှာချင်းစီမှာ ion အမှုန်ငယ်လေးတွေ ပြန့်ကျဲနေမှာပါ။ ဗို့အားအနည်းငယ်သာ ရှိတဲ့ လျှပ်စစ်စီးကြောင်းတစ်ခု မှန်ကို ဖြတ်သန်းစီးဆင်းသွားချိန်မှာတော့ ion လေးတွေက တစ်လွှာတည်းမှာပဲ စုပေါင်းသွားတဲ့ အခါ အလင်းရောင် လွယ်ကူစွာ မဖောက်နိုင်တဲ့ မှန်အမှိန်တစ်ခု အဖြစ်ကို ချက်ချင်းပြောင်းလဲသွားပါတယ်။

ဒီတစ်ခုမှာတော့ ကားတံခါးလက်ကိုင်တွေက Body Panel တွေနဲ့ တစ်သားတည်းဖြစ်နေတဲ့ပုံစံမျိုး ပြုလုပ်ထားတာပါ။ Lock ချထားချိန်မှာ တံခါးလက်ကိုင်ကို ဘယ်လိုမှ ဆွဲလို့ ပြုလို့ မရပါဘူး။ ကားသော့နဲ့ Lock ဖွင့်လိုက်မှသာ လက်ကိုင်တွေဟာ အပြင်ထွက်လာပြီး တံခါးဖွင့်လို့ ရမှာ ဖြစ်ပါတယ်။
ဘယ်လိုလဲ? မိုက်တယ်ဟုတ်?

Auto-Parking နည်းပညာကတော့ ကားရဲ့ကွန်ပျူတာဘောက်စ်ကနေပြီးတော့ ကားပတ်လည်မှာရှိနေတဲ့ Cameras တွေ၊ Sensors တွေ ကနေ အချက်အလက်တွေရယူကာ ကိုယ်ရပ်စေချင်တဲ့ နေရာကို ကားက အလိုအလျောက် ချောချောမွေ့မွေ့ Parking ထိုးပေးသွားမှာ ဖြစ်ပါတယ်။ ကားကြပ်တဲ့ မြို့ပြလမ်းတွေမှာ မကြာခန ကားParking ထိုးရသူတွေ၊ Parking ထိုးရတာကို စိတ်ရှုပ်စရာလို့ မြင်တဲ့သူတွေ အတွက်တော့ အကြိုက်တွေ့စေမယ့် Feature လေးဖြစ်ပါတယ်။

Autopilot ကတော့ Tesla ကုမ္ပဏီသူတို့ရဲ့ နည်းပညာမြင့် လျှပ်စစ်ကားတွေမှာ ထည့်သွင်းထားတဲ့ နည်းစနစ်ရဲ့ နာမည် ဖြစ်ပါတယ်။ အခြား ကုမ္ပဏီတွေကလည်း နာမည်ကိုယ်စီနဲ့ အလားတူနည်းပညာတွေ ရှိကြပါတယ်။ Autopilot ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ကားပတ်ပတ်လည်မှာ ရှိတဲ့ Cameras တွေ၊ Sensors တွေကရတဲ့ အချက်အလက်တွေနဲ့ GPS ကရတဲ့ လမ်းကြောင်းအချက်အလက်တွေကို အခြေခံကာ ကားကွန်ပျူတာဘောက်စ်ကနေ တွက်ချက်မှုတွေ လုပ်ပြီး ကားကို Highway လမ်းတွေပေါ်မှာ အလိုအလျောက် မောင်းနှင်စေတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က မက်ခဲ့ကြတဲ့ အိပ်မက်ဖြစ်တဲ့ အလိုအလျောက်မောင်းတဲ့ ကားကို တွင်တွင်ကျယ်ကျယ် သုံးလို့ရလာနေပြီဖြစ်ပေမယ့် ကားမောင်းသူက ကားနောက်ခန်းထဲမှာ အိပ်နေတာမျိုးတော့ လုပ်လို့ မရသေးပါဘူး။
Autopilot က ရာနှုန်းပြည့် စိတ်ချလို့မရသေးတဲ့အတွက် ကားမောင်းသူက လမ်းကိုဂရုစိုက်ကြည့်ပေးနေရန် လိုအပ်ပြီး အနည်းဆုံးလက်တစ်ဖက်ကိုတော့ စတီယာရင်ပေါ် တင်ထားပေးရမှာဖြစ်ပါတယ်။

အဲ့ အလန်းစား Features တွေကတော့-
၁. 360degree Surround View Camera

၂. Head-up Display (HUD)
ကားမောင်းသူဟာ မောင်းနေလျှက်နဲ့ ကားရဲ့ဒိုင်ခွက်ကို အဆက်မပြတ် ကြည့်နေနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ လမ်းနဲ့ ဒိုင်ခွက်တွေရဲ့ မြင်ကွင်းက ဝေးကွာနေပြီး ကျွန်တော်တို့ရဲ့ မျက်လုံးတွေက နှစ်ခုလုံးကို တစ်ပြိုင်နက် Focus မလုပ်နိုင်လို့ဖြစ်ပါတယ်။ အဲ့တာကြောင့် ကားမောင်းသူတွေဟာ လိုအပ်မှပဲ ဒိုင်ခွက်ကို ငုံ့ကြည့်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အဆိုပါနည်းအတိုင်း ဒိုင်ခွက်တွေကို သုံးလာခဲ့ကြပေမယ့် ယခုခေတ်ကားအများစုမှာတော့ ဒိုင်ခွက်မှာဖော်ပြလေ့ရှိတဲ့ Data များထဲက အရေးကြီးတဲ့ Data အချို့ကို ကားလေကာမှန်ပေါ်မှာပဲ ပေါ်အောင် တီထွင်လာကြပါတယ်။
ကားဒက်ရှ် ဘုတ်ပေါ်က Projector လေးကနေ ကားလေကာမှန်ပေါ်ကို ပုံရိပ်တွေထင်အောင် အလင်းတန်းတွေထိုးပေးလိုက်တဲ့ အခါ ကားမောင်းသူဟာ ခေါင်းငုံ့စရာမလိုပဲ ကားမှန်ပေါ်မှာတင် လိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူမြင်တွေ့နိုင်သွားမှာ ဖြစ်ပါတယ်။
၃. Display Key-Fob
BMW ကားတွေဝယ်တဲ့အခါ ပိုက်ဆံအပိုဆောင်းပေးပြီး Display Key ကို ဝယ်လို့ရပါတယ်။ အဆိုပါ Key မှာ ပုံမှန် ကားရီမုသော့ တွေမှာ ပါတဲ့ Lock,Unlock, နောက်ဖုံးဖွင့်ခြင်း စတဲ့ ခလုတ်တွေအပြင် 2 လက်မ screen size ရှိတဲ့ Screen တစ်ခုပါဝင်ပါတယ်။
အဆိုပါ screen က ဖုန်းတစ်လုံးရဲ့ Touch screen လိုပဲ အလုပ်လုပ်ပြီးတော့ ကားရဲ့ အဲကွန်း အဖွင့်၊အပိတ်၊ အတိုး၊ အလျှော့၊ သီချင်း အဖွင့်၊ အပိတ်၊ အသံတိုး၊လျှော့ စတာတွေကနေပြီးတော့ ထိုင်ခုံပုံစံပြောင်းတာတွေအထိ ကားတစ်စီးလုံးကို လိုအပ်သလို ထိန်းချုပ်လို့ရပါတယ်။ ထိုသို့လုပ်ဖို့ကလည်း ကားအနားမှာ ရှိနေစရာမလိုပါဘူး။ ၉၈၅ပေ အတွင်း ကနေဆိုရင် ကြိုက်တဲ့နေရာကနေ ထိန်းချုပ်လို့ ရပါတယ်။
ကော်ဖီဆိုင်ထဲမှာ ကော်ဖီသောက်နေရင်း Aircon ကို ကြိုက်တဲ့ အနေအထားကို ချိန်ညှိကာ၊ ကိုယ်ကြိုက်တဲ့ သီချင်းကို ကြိုတင် ဖွင့်ထားပြီး ဂေါ်လို့ရတာပေါ့။
အဆိုပါသော့မှာ ပါတဲ့ အမိုက်ဆုံး Function တစ်ခုကတော့ ကားကို ရီမုအရုပ်ကားတစ်ခုလို ရှေ့တိုးနောက်ဆုတ် လုပ်လို့ ရတာပါပဲ။ Parking တစ်ခုမှာ ကိုယ့်ဘေးက ကားတွေဟာ ကြားမှာ နေရာလပ် ချန်မထားပဲ ကိုယ့်ကားနားကို ကပ်ပြီး ရပ်သွားခံလို့ တံခါးဖွင့်ဖို့၊ ဝင်ဖို့ ခက်ခဲနေရင် ကားသော့ကနေ တစ်ဆင့် ကားကို ရှေ့တိုးလာအောင် လုပ်ပြီး တံခါးဖွင့်လို့ရတဲ့အနေအထား ရောက်ကာမှ လူတက်မောင်းသွားလို့ရပါတယ်။
ဘယ်လိုလဲ? James Bond ဆန်တယ်မလား?
၄. Electrochromic Glass
မြန်မာပြည်မှာ နေပူလွန်းတာကြောင့် ကားဝယ်ပြီးသူတိုင်း မှန်မဲစတေကာ ပြေးကပ်ကြရပါတယ်။ ဒီနည်းပညာကတော့ မှန်မဲစတေကာ ကပ်နေရတဲ့ ဒုက္ခကို လျှေ့ချပေးနိုင်မှာပါ။ မှန်ထဲမှာ အလွှာပေါင်းများစွာ ထည့်သွင်းတည်ဆောက်ထားပြီး တစ်လွှာချင်းစီမှာ ion အမှုန်ငယ်လေးတွေ ပြန့်ကျဲနေမှာပါ။ ဗို့အားအနည်းငယ်သာ ရှိတဲ့ လျှပ်စစ်စီးကြောင်းတစ်ခု မှန်ကို ဖြတ်သန်းစီးဆင်းသွားချိန်မှာတော့ ion လေးတွေက တစ်လွှာတည်းမှာပဲ စုပေါင်းသွားတဲ့ အခါ အလင်းရောင် လွယ်ကူစွာ မဖောက်နိုင်တဲ့ မှန်အမှိန်တစ်ခု အဖြစ်ကို ချက်ချင်းပြောင်းလဲသွားပါတယ်။
၅. Pop-out Handles
ဒီတစ်ခုမှာတော့ ကားတံခါးလက်ကိုင်တွေက Body Panel တွေနဲ့ တစ်သားတည်းဖြစ်နေတဲ့ပုံစံမျိုး ပြုလုပ်ထားတာပါ။ Lock ချထားချိန်မှာ တံခါးလက်ကိုင်ကို ဘယ်လိုမှ ဆွဲလို့ ပြုလို့ မရပါဘူး။ ကားသော့နဲ့ Lock ဖွင့်လိုက်မှသာ လက်ကိုင်တွေဟာ အပြင်ထွက်လာပြီး တံခါးဖွင့်လို့ ရမှာ ဖြစ်ပါတယ်။
ဘယ်လိုလဲ? မိုက်တယ်ဟုတ်?
၆. Auto-Parking / Autopilot
Auto-Parking နည်းပညာကတော့ ကားရဲ့ကွန်ပျူတာဘောက်စ်ကနေပြီးတော့ ကားပတ်လည်မှာရှိနေတဲ့ Cameras တွေ၊ Sensors တွေ ကနေ အချက်အလက်တွေရယူကာ ကိုယ်ရပ်စေချင်တဲ့ နေရာကို ကားက အလိုအလျောက် ချောချောမွေ့မွေ့ Parking ထိုးပေးသွားမှာ ဖြစ်ပါတယ်။ ကားကြပ်တဲ့ မြို့ပြလမ်းတွေမှာ မကြာခန ကားParking ထိုးရသူတွေ၊ Parking ထိုးရတာကို စိတ်ရှုပ်စရာလို့ မြင်တဲ့သူတွေ အတွက်တော့ အကြိုက်တွေ့စေမယ့် Feature လေးဖြစ်ပါတယ်။
Autopilot ကတော့ Tesla ကုမ္ပဏီသူတို့ရဲ့ နည်းပညာမြင့် လျှပ်စစ်ကားတွေမှာ ထည့်သွင်းထားတဲ့ နည်းစနစ်ရဲ့ နာမည် ဖြစ်ပါတယ်။ အခြား ကုမ္ပဏီတွေကလည်း နာမည်ကိုယ်စီနဲ့ အလားတူနည်းပညာတွေ ရှိကြပါတယ်။ Autopilot ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ကားပတ်ပတ်လည်မှာ ရှိတဲ့ Cameras တွေ၊ Sensors တွေကရတဲ့ အချက်အလက်တွေနဲ့ GPS ကရတဲ့ လမ်းကြောင်းအချက်အလက်တွေကို အခြေခံကာ ကားကွန်ပျူတာဘောက်စ်ကနေ တွက်ချက်မှုတွေ လုပ်ပြီး ကားကို Highway လမ်းတွေပေါ်မှာ အလိုအလျောက် မောင်းနှင်စေတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က မက်ခဲ့ကြတဲ့ အိပ်မက်ဖြစ်တဲ့ အလိုအလျောက်မောင်းတဲ့ ကားကို တွင်တွင်ကျယ်ကျယ် သုံးလို့ရလာနေပြီဖြစ်ပေမယ့် ကားမောင်းသူက ကားနောက်ခန်းထဲမှာ အိပ်နေတာမျိုးတော့ လုပ်လို့ မရသေးပါဘူး။
Autopilot က ရာနှုန်းပြည့် စိတ်ချလို့မရသေးတဲ့အတွက် ကားမောင်းသူက လမ်းကိုဂရုစိုက်ကြည့်ပေးနေရန် လိုအပ်ပြီး အနည်းဆုံးလက်တစ်ဖက်ကိုတော့ စတီယာရင်ပေါ် တင်ထားပေးရမှာဖြစ်ပါတယ်။
ဗဟုသုတ ရပါတယ်တကယ့်ကို ဂျိမ်းစ်ဘွန်းပါပဲ
ReplyDeletegood.
ReplyDeleteWow အရမ်းမိုက်တယ်
ReplyDeleteThank For Sharing
ReplyDeleteOk
ReplyDeleteမိုက်
ReplyDeleteDone 🤍
ReplyDeleteSo Good
ReplyDeleteကြိုက်တယ်
ReplyDeleteThanks you
ReplyDeleteWow!!!
ReplyDeletes yan mike
ReplyDeleteS lan Gyi
ReplyDeleteစွနိးမိုက်
ReplyDeleteမိုက်👍
ReplyDeleteကားတော့ မ၀ယ်နိုင်သေးဘူး။
ReplyDeleteနည်းပညာတွေကတော့ မိုက်တယ်။
Done
ReplyDeleteကားမောင်းသင်ရအုံးမယ်🐬🐬
ReplyDelete