Color Psychology နဲ့ Marketing


Color Psychology ဆိုတာ ... အရောင်တွေက လူတွေရဲ့ အမြင်​၊ အပြုအမူ၊ စိတ်ခံ​စားချက်၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလွှမ်းမိုးနေလဲ ဆိုတာ လေ့လာတာပါ။ 

ကျွန်တော်တို့တွေ ကိုကာကိုလာလို့ ကြားလိုက်တာနဲ့ အနီရောင်ကို ပြေးမြင်ကြပါတယ်။ အဲ့လိုပဲ မက်ဒေါ်နယ်ဆို အနီရောင်နဲ့ အဝါရောင်M သင်္ကေတ၊ ဆရာခို ဆိုလည်း အနီရောင်ဖျော့ဖျော့နဲ့ အဝါရောင်ကို ပြေးမြင်ကြပါတယ်။
Coca-Cola Logo    McDonald's Logo 2018

ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုအရောင်တွေ သုံးသင့်လဲ၊ မသင့်လဲက ကိုယ်ဘယ်လို ပစ္စည်းမျိုးရောင်းတာလဲနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ 

ဥပမာ - ကိုယ်က အားအင်ကုန်ခမ်း စိတ်မရွှင်လန်းတာတွေ ပျောက်စေမယ့်  Energy Drink လိုမျိုး ရောင်းတာဆိုရင် လူတွေရဲ့စိတ်ကို အေးပြီးငြိမ်သွားစေတဲ့ အရောင်ဖျော့လေးတွေအစား Warm Colorsတွေဖြစ်တဲ့ အနီရောင်၊ လိမ္မော်ရောင် တို့ကို သုံးသင့်ပါတယ်။

ကိုယ်က ညဘက်အိပ်ခါနီးနားထောင်ဖို့ Audio Bookလိုမျိုး Appကို ထုတ်တာဆိုရင်တော့ မျက်လုံးပြူးစေမယ့် Warm Colorsတွေ သွားသုံးရင် အဆင်မပြေတော့ပါဘူး။ အဲ့အစား စိတ်သက်တောင့်သက်သာဖြစ်သွား​စေ၊ စိတ်ငြိမ်စေတဲ့ Cool Colorsတွေဖြစ်တဲ့ အပြာရောင်တို့၊ အစိမ်းရောင်တို့ကို သုံးသင့်ပါတယ်။

Color Psychology on Branding and Apps

ကိုယ့်Brandအပေါ် လူတွေက ဘယ်လိုမြင်မလဲ၊ အရောင်တွေက,နေ ကိုယ့်ကို မှတ်မိနေလား ဆိုတာတွေက ကိုယ်သုံးတဲ့ အရောင်တွေပေါ် အများကြီး မူတည်ပါတယ်။ 

အရောင်တွေရဲ့ အရေးပါမှုကြီး နောက်တစ်ခုကတော့ ... အရောင်တွေကို သုံးပြီး ကိုယ့် Brand Personalityကို ပိုပြီး မြင်သာအောင်လုပ်နိုင်တာပါ။

အဲ့လို အရောင်တွေက ကိုယ့် Brandအတွက် အရေးကြီးပေမယ့် ကိုယ့်Brand အတွက် အကောင်းဆုံး အရောင်ကို ရွေးနိုင်ဖို့ အတိကျအသေချာဆုံး ပုံသေနည်းကတော့ မရှိပါဘူး။

အရောင်ရွေးဖို့ကိစ္စမှာ အပေါ်ကပြောခဲ့သလို ကိုယ့်ဘာရောင်းတာလဲက စလို့ ကိုယ့်လုပ်ငန်းကသာ လူတစ်ယောက်ဆိုရင် ဝယ်သူတွေက ဘယ်လိုလူမျိုးလို့ မြင်စေချင်၊ မှတ်မိနေစေချင်တာလဲ ဆိုတဲ့ Brand Personlityတွေနဲ့ရော၊ ကျန်တဲ့ ကိုယ်လုပ်ငန်းနဲ့ဆိုင်တဲ့ အရာတွေအများကြီးကို ထည့်စဥ်းစားပြီးမှ ကိုယ်ဘယ်အရောင်တွေ သုံးမလဲ ရွေးရတာမျိုးပါ။

Brand Valueအမြင့်ဆုံး Brandအခုတစ်ရာရဲ့ Logo အရောင်သုံးတာတွေကို လေ့လာတဲ့အခါ အပြာရောင်က 33% နဲ့ အသုံးအများဆုံး အရောင်ဖြစ်ပြီး၊ သူ့နောက်က အနီရောင်လိုက်ပါတယ်။ အနီရောင်နောက်က အနက်ဖြစ်ပြီး၊ သူ့နောက်မှာ အဝါလိုက်ပါတယ်။ 

Color Trends

အဲ့ ထိပ်ဆုံး Brand 100ထဲက 95ခုက အရောင်တစ်ရောင်၊ နှစ်ရောင်ကိုပဲ အဓိကထားသုံးကြတာဖြစ်ပြီး ရိုးရှင်းမှုနဲ့ Consistency(တသတ်မှတ်တည်းဖြစ်မှု) ကို သေချာထိန်းတယ်လို့ ပြောလို့ရပါတယ်။

အခု ... အရောင်တစ်ရောင်ချင်းစီအတွက် Branding,Marketingတို့နဲ့ ဆိုင်တဲ့ အချက်တွေရယ်၊ အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေဆီ သွားရအောင်။ 

အပြာရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန်- https://ouo.io/ML5rKs
အနီရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3z8eJyq
အစိမ်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://ouo.io/8looR8
အမည်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://ouo.io/17palX
အဝါရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yi6dLR




Comments

Post a Comment