NFT အကြောင်းတစ်စေ့တစ်စောင်း
ဒီရက်ပိုင်း Cryptocurrency တွေ၊ Blockchain တွေအပေါ် လူတွေ စိတ်ဝင်စားမှုမြင့်တက်လာပါတယ်။ အဲ့ထဲမှာမှ NFT ဆိုတာလည်း နိုင်ငံတကာမှာ ကျယ်ကျယ်လောင်လောင်ဖြစ်လာပါတယ်။ Digital Art တစ်ခုကို ဒေါ်လာ ၆၅သန်း နဲ့ ရောင်းချရတာတွေ၊ NBA highlight တစ်ခုကို ဒေါ်လာ ၂သိန်း နဲ့ရောင်းထွက်တာတွေကြောင့် NFT ဟာလည်း လူတွေ စိတ်ဝင်စားမှုရလာခဲ့ပါတယ်။
NFT ဆိုတာဘာလဲ။
NFT ရဲ့ အရှည်ကောက်ကတော့ Non-fungible token ပါ။ Non-Fungible ဆိုတာကတော့ အလွယ်ပြောရင် အစားထိုးလို့မရတာ( Non-replaceable) ဖြစ်ပါတယ်။ ဉပမာပေးရရင်- ဆိုင်ကသွားဝယ်တဲ့ ဘောလုံးဖိနပ်တစ်ရံဟာ Fungible ဖြစ်ပါတယ်။ ဘယ်ဆိုင်မှာသွားဝယ်ဝယ် ဒီဖိနပ်ကိုဝယ်လို့ရပါတယ်။ သင်နဲ့ ဆင်တူစီးနေကြတဲ့ လူတွေဟာလည်း ကမ္ဘာပေါ်မှာအများကြီးဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ Cristiano Ronaldo ရဲ့ Champions League final ပွဲမှာ ကန်ခဲ့တဲ့ ဖိနပ်ကို ဝယ်မယ်ဆိုရင်တော့ Non-Fungible ဖြစ်သွားပါပြီ။ ကမ္ဘာပေါ်မှ ဘယ်ဖိနပ်နဲ့မှ ပြန်အစားထိုးလို့မရတာဖြစ်ပါတယ်။
အဲ့လိုမျိုးပဲ Digital Art တွေ၊ Gifs တွေ၊ NBA highlight moment တွေကိုလည်း Non-fungible token တွေအဖြစ်ရောင်းတာဖြစ်ပါတယ်။
[caption id="" align="alignnone" width="1199"]
အဲ့မှာပြောစရာရှိတာက ဒီGifs တွေ Highlightတွေက Youtube ပေါ်မှာလည်း Free ကြည့်လို့ရနေတာပဲ ဘာလို့ဈေးကြီးပေးပြီး ဝယ်မှာလည်းလို့ မေးစရာရှိပါတယ်။ အဲ့အတွက် ဉပမာကတော့ မိုနာလီဇာပုံဟာ လမ်းဘေးနံရံမှာရော၊ ခြေသုတ်ခုံမှာရော၊ ၂၀၀၀ တန် ဗီနိုင်းမှာလည်း တွေ့နေရတာပါပဲ။ ဒါပေမယ့် မူရင်းပန်းချီကားကိုတော့ ဈေးကြီးပေးပြီး ဝယ်ချင် ကြည့်ချင်နေကြတုန်းပါပဲ။
[caption id="" align="aligncenter" width="1700"]
နောက်တစ်မျိုးကတော့ လူတွေရဲ့ art တစ်ခုကို မူပိုင်လိုချင်တဲ့ psychology ပဲဖြစ်ပါတယ်။ ပုံမှန်ဆို Digital Art တွေဟာ ပုံမှန် ပန်းချီကားတွေလို မူရင်းရောင်းရငွေဘာညာမရှိပါဘူး။ NFT ကတော့ Digital artist တွေအတွက် ဒီပြသနာကိုဖြေရှင်းပေးလိုက်သလိုပါပဲ။ ပိုက်ဆံတွေ အများကြီးရှိပြီး သုံးစရာနေရာစဉ်းစားနေတဲ့သူတွေအတွက် NFT ဟာ ပိုက်ဆံဖြုန်းလို့ကောင်းတဲ့ နေရာလည်းဖြစ်လာပါတယ်။
NFT ဘယ်လိုအလုပ်လုပ်လဲ?
Cryptocurrency တွေလိုပါပဲ NFT ဟာလည်း public transaction တွေနဲ့ Token တွေကို blockchainပေါ် မှာ သိမ်းထားပါတယ်။ လွယ်လွယ်ပြောရရင်တော့ သင်က Digital Art တစ်ခုကို NFT ထဲမှာ ဝယ်လိုက်ပြီဆိုရင် အဲ့ Digital Art ဟာ Token တစ်ခုဖြစ်သွားပြီး သူ့ရဲ့ Server မှာ မှတ်ထားလိုက်တာဖြစ်ပါတယ်။ အခြား Crypto-Currrency တွေနဲ့မတူတာကတော့ သူ့ Token တစ်ခုနဲ့တစ်ခုဟာ တန်ဖိုးတွေတူမနေတာဖြစ်ပါတယ်။ Bitcoin တွေဟာ တစ်ခုနဲ့တစ်ခု တူနေပေမယ့် NFT ကတော့ တစ်ခြား ဘယ်NFT တစ်ခုနဲ့မှ မတူညီပါဘူး။ ဉပမာ NBA highlight တစ်ခုဟာ digtal art တစ်ခုနဲ့ မတူပါဘူး။
[caption id="" align="aligncenter" width="1000"]![Blockchain Explained: The Complete Guide [2018 Update - Part 1]](https://www.trentonsystems.com/hubfs/How%20Blockchain%20Works.png)
ဘာတွေမကောင်းဘူးလဲ။
သူ့ရဲ့ Server ဟာ Blockchain ဖြစ်တာကြောင့် Public Transaction တွေအများကြီးနဲ့ သိမ်းရပါတယ်။ အဲ့တော့ လျှပ်စစ်ဓာတ်အားတွေ အများကြီး အသုံးပြုပြီး Transaction တွေကို သိမ်းဆည်းထားရတာဖြစ်ပါတယ်။ ဒါဟာသဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာကြောင့် တကယ်မရှိတဲ့ ပိုင်ဆိုင်မှုတွေကနေ ပြင်ပကမ္ဘာပေါ်ကို သက်ရောက်မှုရှိနေတယ်လို့ပြောလို့ရပါတယ်။
ပြီးတော့ သင့်ရဲ့ ဒေါ်လာ သန်းချီပေးထားရတဲ့ ပိုင်ဆိုင်မှုဟာ ပန်းချီကားတွေ ပစ္စည်းတွေလို အိမ်မှာ သိမ်းထားလို့ရတာမဟုတ်ပါဘူး။ ခိုးယူလို့တော့ မလွယ်ပေမယ့် Server ကြီးသာပျောက်သွားရင် သင့်ပိုင်ဆိုင်မှုဟာလည်း Auto ပလုံသွားမှာဖြစ်ပါတယ်။
[caption id="" align="aligncenter" width="1279"]အခုချိန်မှာ ဂိမ်းထဲက Skin တွေ Avatar တွေ၊ Designer Sneaker တွေ၊ သီချင်းတွေကိုလည်း NFT အဖြစ်သုံးလာကြပါတယ်။ Twitter account တွေတောင် ပါပါသေးတယ်။ Twitter ရဲ့ ပူးတွဲတည်ထောင်သူ tweet ဟာ NFT အဖြစ် ဒေါ်ဟာ 2.9 သန်း နဲ့ရောင်းထွက်ခဲ့ပါသေးတယ်။ NFT အတွက်ငွေပေးချေရာမှာတော့ cryptocurrency တွေသုံးပြီး ပေးချေကြတာများပါတယ်။
Comments
Post a Comment