Cryptocurrency အကြောင်း တစေ့တစောင်း
လက်တလော မြန်မာနိုင်ငံမှာလည်း Cryptocurrency တွေကို လူတွေတော်တော်စိတ်ဝင်စားလာကြပါတယ်။ အခြေမခိုင်တော့တဲ့ stock ဈေးကွက်အစား Cryto တွေမှာ မြုတ်နှံဖို့ စဉ်းစားလာကြတာလည်းဖြစ်ပါတယ်။ ကမ္ဘာ့ စီးပွားရေးမှာလည်း အရှိန်နဲ့ထိုးတက်လာနေတဲ့ စျေးကွက်တစ်ခုဖြစ်ပါတယ်။
Cryptocurrency ဆိုတာဘာလဲ

Cryptocurrency ဆိုတာ အလွယ်ပြောရရင် Online ပေါ်က ပိုက်ဆံဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ပိုက်ဆံတွေလို ကိုင်တွယ်လို့မရပဲ internet ပေါ်မှာပဲရှိနေမယ့် ပိုက်ဆံဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က Game City သွားရင် ကစားဖို့ Coin လေးတွေကို ပိုက်ဆံပေးပြီး ဝယ်ရပါတယ်။ Cryptocurrency ဆိုတာလည်းဒီသဘောပါပဲ။ Digital Coin တွေကို အပြင်ကပိုက်ဆံနဲ့ပေးပြီး ဝယ်ရတာဖြစ်ပါတယ်။ ကိုယ်တိုင်လည်းတူးယူလို့ရပါတယ်။
ဘာတွေအားသာသလဲ။
ကျွန်တော်တို့ ခေတ်အစဉ်အဆက်သုံးခဲ့တဲ့ ပိုက်ဆံတွေဟာ အစိုးရတွေရဲ့ လွှမ်းမိုးမှုရှိပါတယ်။ အစိုးရက အသစ်တွေ ရိုက်ထုတ်တာတွေ၊ ရှိပြီးသာ ဖျက်သိမ်းတာတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီ Cryptocurrency တွေမှာတော့ အဲ့လို လွှမ်းမိုး ချုပ်ကိုင်ထားတဲ့သူမရှိတာကြောင့် အဲ့ပြသနာတွေမကြုံရတော့ပါဘူး။ စုစုပေါင်းတူးယူနိုင်မယ့် ပမာဏကိုလည်းသတ်မှတ််ထားတာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ တစ်ကမ္ဘာလုံး ကြိုက်တဲ့နေရာမှာ ကြိုက်သလို အသုံးပြုလို့ရတာဖြစ်ပါတယ်။ ပိုက်ဆံလွှဲချင်တာဘာညာဆိုလည်း ဘဏ်ကိုသွား၊ စာရွက်စာတမ်းတွေလုပ်စရာမလိုပါဘူး။ အချိန်တိုတိုအတွင်းလွှဲလို့ရနိုင်ပါတယ်။ ပြီးတော့ ဘဏ်တွေ ထက်လည်း လွှဲခက အလွန်သက်သာပါတယ်။ မြန်လဲမြန်ဆန်ပါတယ်။
နောက်အားသာချက်တစ်ခုက တစ်နိုင်ငံက တစ်နိုင်ငံသွားရင် ငွေလဲနေစရာတွေ မလိုတော့တာပါ။ ဉပမာ မြန်မာနိုင်ငံက ဝယ်သွားတဲ့ Cryptocurrency ဟာ အမေရိကန်ရောက်ရင်လည်း အဆင်ပြေပြေသုံးနိုင်ပါတယ်။ ခရီးသွားရင်လည်း တစ်နိုင်ငံချင်းအတွက် ပိုက်ဆံလဲနေစရာမလိုတော့ပါဘူး။
Cryptocurrency ဘယ်နှမျိုးရှိသလဲ?
လူသိအများဆုံးကတော့ Bitcoin ဖြစ်ပါတယ်။ လက်ရှိမှာ အရောင်းအဝယ်လုပ်နေကြတဲ့ Cryptocurrency အမျိုးအစားပေါင်းကတေ့ ၁၀,၀၀၀ ကျော်ရှိပြီး လက်ရှိမှာတန်ကြေးပေါင်း $1.3 ထရီလီယံ ကျော်ရှိပါတယ်(အချိန်နဲ့လိုက်ပြီးပြောင်းလဲနေပါတယ်)။ လက်ရှိမှာ အကောင်းဆုံး Cryptocurrency တွေကိုတော့ ပုံမှာပြထားပါတယ်။ Update ကိုကြည့်ချင်ရင် Link မှာကြည့်ပါ။

update prices- https://coinmarketcap.com/
ပထမဆုံး Cryptocurrency ဖြစ်တဲ့ Bitcoin ကိုတော့ 2009 ခုနှစ်မှာ Satoshi Nakamoto က စတင်မိတ်ဆက်ခဲ့ပါတယ်။ ပထမဆုံး Bitcoin သုံးပြီး အရောင်းအဝယ်လုပ်ခဲ့တာက ၂၀၁၀ မှာဖြစ်ပါတယ်။ ပီဇာ ၂ချပ်ကို Bitcoin ၁၀,၀၀၀ နဲ့အရောင်းအဝယ်ပြုလုပ်ခဲ့ပါတယ်။ (အခုဆို အဲ့လူ ရှယ်ထောနေလောက်ပြီ)
အဲ့တော့ Coin တွေကိုဘယ်ကနေရမလဲ?
အပေါ်မှာပြောခဲ့တဲ့ အတိုင်းနည်း ၂ နည်းနဲ့ရပါတယ်။ ပထမတစ်နည်းက ကိုယ်တိုင်တူးတာပါ။ ရွှေတူးသလိုပါပဲ Coin တွေကို internet ပေါ်မှာ တူးကြတာဖြစ်ပါတယ်။ အဓိကတူးတဲ့ သူတွေကတော့ GPU အမြင့်တွေသုံးပြီး Computer အကောင်းဆုံးတွေနဲ့ တူးကြပါတယ်။ များသောအားဖြင့် ခက်ခဲတဲ့ ပုစ္ဆာတွေကို ဖြေရှင်းပေးရင် Reward အဖြစ် coin တွေပြန်ပေးလေ့ရှိပါတယ်လို့ အကြမ်းဖြင်းပြောလို့ရပါတယ်။ ဒါပေမယ့် လျှပ်စစ်ဓာတ်အားအရမ်းစားတာကြောင့် မိုင်းတူးခွင့်မပြုတဲ့ နိုင်ငံတွေရှိပါတယ်။ တစ်ပိုင်တစ်နိုင်ရှာသူများအတွက်တော့ Video လေးကြည့်ပေးရုံ Sign up လုပ်ပေးရုံနဲ့ Coin တွေပြန်ပေးတဲ့ Website တွေလဲရှိပါတယ်။ (scam တွေလည်းအရမ်းများပါတယ်)

bitcoin မိုင်းတွင်းတစ်ခုနောက်တစ်နည်းကတော့ အပြင်က ပိုက်ဆံနဲ့ဝယ်ပြီး ရင်းနှီးမြှုတ်နှံကြတာပါ။ ဈေးကျတဲ့အချိန် ဝယ်ပြီး ဈေးတက်တဲ့အချိန်ပြန်ရောင်းကြပါတယ်။ အဲ့တော့ ဘယ်အချိန် တက်ပြီး ဘယ်အချိန်ကျလဲ မေးစရာရှိလာပါတယ်။ ဉပမာ Bitcoin ပဲထားပါတော့။ လက်ရှိမှာ Bitcoin ကိုနေရာတိုင်းမှာတော့ သုံးလို့မရသေးပါဘူး။ ဒါပေမယ့် Tesla လို Company ကြီးတစ်ခုက Bitcoin နဲ့ ကားဝယ်လက်ခံလိုက်တာမျိုး၊ နိုင်ငံတစ်နိုင်ငံငံက တရားဝင်ငွေကြေးအဖြစ်လက်ခံလိုက်တာမျိုးဆို တန်ဖိုးတက်သွားလေ့ရှိပါတယ်။ လူစိတ်ဝင်စားမှုများသွားတဲ့ Cryptocurrency ကလည်း ဈေးခုန်တက်သွားလေ့ရှိပါတယ်။ ဉပမာ- Dogecoin
မိုင်းတူးတာက သဘာဝပတ်ဝန်းကျင်ထိခိုက်လွန်းတာကြောင့် နိုင်ငံတစ်နိုင်ငံက ban လိုက်တာဖြစ်ဖြစ်(ဉပမာ- တရုတ်) ၊ company တစ်ခုခုက cryptocurrency လက်မခံတော့တာမျိုးဆို စျေးကျတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ သာမန်ငွေကြေးတွေနဲ့ မတူပဲ အတက်အကျ ကြမ်းပါတယ်။
[caption id="" align="alignnone" width="1280"]
မလေးရှားနိုင်ငံမှာ တရားမဝင် Bitcoin Mining စက်များဖျက်ဆီးနေပုံ[/caption]လက်ထဲကိုင်ထားလို့မရတော့ ယုံကြည်လို့ရပါ့မလား။
Cryptocurrency တွေမှာ Blockchain ဆိုတဲ့ နည်းပညာကို အသုံးပြုပါတယ်။ အရှင်းဆုံးပြောရရင် ဘဏ်တွေလို Transaction တွေကို တစ်နေရာထဲမှာ စုထားတာမျိုးမဟုတ်ပဲ လူတိုင်းရဲ့ Transaction(လွှဲစာရင်း) တွေကို လူတိုင်းရဲ့ Accountမှာမြင်ရအောင်သိမ်းထားပါတယ်။
ဉပမာပေးရရင်တော့ A,B,C,D ဆိုတဲ့ လူ ၄ယောက်မှာ တစ်ယောက် ၁၀၀ စီရှိတယ်ထားပါတော့။ A က Bကို 50 ပေးလိုက်တယ်ဆိုပါစို့။ပုံမှန်ကတော့အဲ့လိုစာရင်းတွေကိုမှတ်ထားဖို့ E ဆိုတဲ့ ဘဏ်ကမှတ်ထားလေ့ရှိပါတယ်။ ဒါပေမယ့် blockchain မှာတော့ အဲ့စာရင်းကို တစ်နေရာထဲမှာမစုပဲ 4ယောက်လုံးကိုပေးထားလိုက်ပါတယ်။ Aက B ကို ၅၀ ပေးမယ်ဆိုရင် C နဲ့ D ရဲ့ စာရင်းမှာပါလိုက်ပြောင်းရပါတယ်။ ရှိသမျှစာရင်းတွေကို အားလုံးဆီမှာ ဖြန့်ကျက်ထားလိုက်ပါတယ်။ အဲ့တော့ A က B ကို ငါ ၁၀၀ ပေးလိုက်ပါတယ်လို့ လိမ်ပြောရင် C နဲ့ Dက ထပြောပါလိမ့်မယ်။ အဲ့တော့ စာရင်းလိမ်ချင်ရင် လူတိုင်းရဲ့ စာရင်းတွေကိုလိုက်ပြင်မှ ရမှာဖြစ်တာကြောင့် မဖြစ်နိုင်သလောက်ပါပဲ။

နောက်ဆုံးပေးချင်တဲ့ အကြံဉာဏ်ကတော့ Crytocurrency ကစားတော့မယ်ဆိုရင် ကိုယ်တိုင် အချိန်ယူပြီး သေချာလေ့လာဖို့လိုပါတယ်။ များများမြတ်ချင်ရင် စနစ်တကျလေ့လာပြီး Long-term လုပ်နိုင်ဖို့လည်းလိုအပ်ပါတယ်။ သူများမြတ်တယ်ဆိုတိုင်း လိုက်မလုပ်ပါနဲ့၊ ကိုယ်တိုင်လေ့လာပြီး တတ်ကြွမ်းမှ Crypto လောကထဲ ဝင်ပါလို့ပဲအကြံပေးလိုက်ချင်ပါတယ်။


interesting.
ReplyDelete