Dark circles

 

Unicode

 

Dark Circles လို့ခေါ်တဲ့ မျက်ကွင်းညိုတွေ ဘာကြောင့်ဖြစ်လဲ?

 

မျက်လုံးအောက်အရေပြားက ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်ထားတဲ့အရေပြားတွေထဲမှာအပါးလွှာဆုံးဖြစ်ပါတယ်။ ဆိုတော့ အရေပြားအောက်က Veins လို့ခေါ်တဲ့သွေးပြန်ကြောတွေဟာ အရေပြားရဲ့အပေါ်ယံမျက်နှာပြင်နဲ့ပိုပြီးနီးကပ်ပါတယ်။ ၄င်းသွေးကြောတွေထဲမှာ စီးဆင်းနေတဲ့သွေးရဲ့အရောင်ကတော့ Deoxygenated Blood (အောက်ဆီဂျင်မပါပဲနှလုံးဆီသို့သွားတဲ့သွေး)တွေဖြစ်တာကြောင့် နီညိုရောင် (သို့မဟုတ်) ခရမ်းရောင်ရှိပါတယ်။ ဒီ့အတွက်ကြောင့် မျက်လုံးအောက်ဖက်နေရာတွေဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပိုပြီးမည်းနက်သယောင်ရှိပါတယ်။

 

အချိန်မှန်အိပ်အချိန်မှန်စားပြီး ပင်ပန်းနွမ်းနယ်မှုတွေမရှိသည့်တိုင်အောင် မျက်လုံးအောက်အရေပြားတွေက သဘာဝအတိုင်းညိုနေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်း(၃)ချက်ရှိပါတယ်။

 

၁။ အသက်အရွယ်ကြီးလာခြင်း

စောစောကပြောခဲ့သလိုပဲ မျက်လုံးအောက်အရေပြားက ခန္ဓာကိုယ်မှာအပါးဆုံးပါ။ အသက်ကြီးလာတဲ့အခါမှာသဘာဝအတိုင်း အရေပြားကပိုပြီးပါးလာတဲ့အပြင် အရေပြားကိုတင်းရင်းစေတဲ့ ပရိုတိန်းတွေဖြစ်တဲ့ Collagen, Elastin စတဲ့ ပရိုတိန်းတွေလည်း လျော့နည်းလာပါတယ်။ ဒီလိုအချိန်မှာ အရေးအကြောင်းတွေဖြစ်လာတာဖြစ်ပြီး မျက်လုံးအောက်က သွေးကြောတွေကလည်း အပေါ်ယံအရေပြားပေါ် ပိုပြီးထင်သာမြင်သာရှိလာတာကြောင့် အသက်ကြီးလာလေလေ မျက်ကွင်းညိုတာ ပိုပြီးသိသာလာလေလေဖြစ်ပါတယ်။

 

၂။ မျိုးရိုးလိုက်ခြင်း

မျက်ကွင်းညိုတဲ့သူတော်တော်များများရဲ့ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အဖြေက မျိုရိုးလိုက်တာပါ။ ကိုယ့်မိဘဘိုးဘွားမောင်နှမသားချင်းထဲမှာ ကလေးဘဝတည်းကမျက်ကွင်းညိုနေတဲ့သူမျိုး (ဒါမှမဟုတ်) ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာနဲ့တစ်နေရာ အသားအရောင်မညီတဲ့ Hyperpigmentation ဖြစ်တဲ့သူမျိုးတို့ ရှိနေမယ်ဆိုရင် ကိုယ့်မှာလည်း မျိုးရိုးကြောင့် သဘာဝအတိုင်းမျက်ကွင်းညိုတတ်ပါတယ်။

 

၃။မိမိ၏လူမျိုး

မျက်ကွင်းညိုညိုတွေဟာ များသောအားဖြင့် Non-white ethnic groups ခေါ် လူဖြူမဟုတ်တဲ့လူမျိုးတွေမှာ သဘာဝအတိုင်းတွေ့ရတတ်ပါတယ်။Africans တွေနဲ့ Asians တွေရဲ့အသားအရေက အညိုရောင်နဲ့ အဝါရောင်ကြားထဲသွားတာမို့ မျက်လုံးအောက်က ခရမ်းရောင်(သို့မဟုတ်)နီညိုရောင်သွေးကြောတွေဟာ အပေါ်ယံအသားအရောင်နဲ့ရောထွေးပြီး ညိုမည်းတဲ့အရိပ်တွေကိုဖြစ်စေတာဖြစ်ပါတယ်။

 

သဘာဝအတိုင်းလည်းမဟုတ်၊ အိပ်ရေးပျက်ပင်ပန်းနွမ်းနယ်ခြင်းကြောင့်လည်းမဟုတ်ဘဲ မျက်ကွင်းညိုစေသည့်အကြောင်းအရင်းများ

 

၁။အလွန်အမင်းအိပ်ခြင်း

လူအများစုသိကြတာက အိပ်ရေးပျက်ရင်မျက်ကွင်းညိုတယ်ပဲသိကြတာပါ။ အရာအားလုံးက အစွန်း၂ဖက်ရှိတယ်ဆိုတဲ့အတိုင်း အိပ်လွန်းရင်လည်း မျက်အိတ်တွေဖောင်းလာပြီး မျက်ကွင်းညိုခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်တစ်ညကို အနည်းဆုံး၇နာရီကနေ အများဆုံး၉နာရီထက်ပိုပြီးမအိပ်စက်သင့်ပါဘူး။

 

၂။ Screen အကြည့်များခြင်း

တီဗွီ၊ကွန်ပျူတာ၊ဖုန်း screen စတာတွေကိုအာရုံစိုက်ကြည့်တဲ့အချိန်များလာရင်လည်း မျက်လုံးအောက်ကသွေးကြောလေးတွေကိုရောင်ရမ်းပျက်စီးစေပြီး မျက်ကွင်းညိုခြင်းဖြစ်တတ်ပါတယ်။

 

၃။Dehydration(ရေဓာတ်ခမ်းခြောက်ခြင်း)

ဟုတ်ပါတယ်။ရေသောက်နည်းခြင်းကြောင့်လည်း မျက်ကွင်းညိုတာကိုဖြစ်စေတတ်ပါတယ်။ ခန္ဓာကိုယ်ကနေ့စဉ်လိုအပ်တဲ့ ရေပမာဏကိုမရရှိတဲ့အခါ မျက်လုံးအောက်အရေပြားတွေဟာ အရောင်ဖျော့တော့ပြီးချိုင့်ဝင်လာတတ်ပါတယ်။ဒါကြောင့် panda eyes လေးတွေမဖြစ်ချင်ဘူးဆိုရင်တော့ ရေများများသောက်ဖို့မမေ့နဲ့နော်။

 

၄။နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုများခြင်း

နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တဲ့အချိန်များလာတာနဲ့အမျှ ခန္ဓာကိုယ်က Melanin လို့ခေါ်တဲ့ ရောင်ခြယ် Pigment တစ်မျိုးကို လိုအပ်တာထက်ပိုပြီးထုတ်လုပ်တာကြောင့် မျက်လုံးအောက်ကပါးလွှာတဲ့အရေပြားလေးတွေကနေစပြီး ညိုမည်းမှုကိုသိသာစွာတွေ့ရမှာဖြစ်ပါတယ်။

 

၅။ အငန်စားလွန်းခြင်း

မနက်အိပ်ရာနိုးနိုးချင်း မျက်လုံးအောက်တဝိုက်မှာညိုမည်းပြီးဖောင်းအစ်အစ်ကြီးဖြစ်နေတာမျိုးကြုံဖူးပါသလား။ ဒါဆိုရင်တော့ နေ့စဉ်စားသုံးနေတဲ့ထဲ အငန်ဓာတ်တွေသိပ်များလွန်းနေတာကိုသတိချပ်ရမှာပဲဖြစ်ပါတယ်။ အငန်စားလွန်းတာကြောင့် မျက်လုံးအောက်အရေပြားမှာ Fluid တွေစုလာပြီး မနက်အိပ်ရာထခါစမှာဖောင်းအစ်ပြီးရောင်သလိုဖြစ်စေပါတယ်။ ဒါဟာ တစ်နေ့လုံးတော့ဖြစ်နေမှာမဟုတ်ပါဘူး။ နေ့လည်ပိုင်းရောက်ရင် တဖြည်းဖြည်းချင်းပုံမှန်ပြန်ဖြစ်သွာမှာပါ။ ဒါပေမယ့် ကိုယ့်မှာဒီလို symptom ပြနေပြီဆိုရင်တော့ အငန်လျှော့စားပြီး ရေကိုပိုများများသောက်ပေးဖို့ ခန္ဓာကိုယ်ကအချက်ပြနေတာဖြစ်ပါတယ်။

 

၆။ သွေးအားနည်းခြင်း

ကိုယ့်ရဲ့နေ့စဉ် Diet ထဲမှာ သံဓာတ်ပါဝင်မှုနည်းနေတာပဲဖြစ်ဖြစ်၊ ကိုယ့်မှာ သွေးအားနည်းရောဂါရှိတာကြောင့်ပဲဖြစ်ဖြစ် မျက်ကွင်းညိုတာကိုခံစားရတတ်ပါတယ်။သွေးအားနည်းတာကြောင့် သွေးကြောတွေက လုံလောက်တဲ့အောက်ဆီဂျင်ပမာဏကို Body Tissues တွေဆီပို့ဆောင်နိုင်စွမ်းမရှိတော့လို့ပဲဖြစ်ပါတယ်။

 

မျက်ကွင်းညိုခြင်းကို လုံးဝပျောက်ကင်းအောင်ကုသလို့ရနိုင်ပါသလား?

မရနိုင်ပါဘူး။ အိပ်ရေးပျက်လို့ ယာယီမျက်ကွင်းညိုတာမျိုးမဟုတ်ပဲ သဘာဝအတ်ိုင်းမျက်ကွင်းညိုတာကို လုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းမရှိသေးပါဘူး။ သဘာဝနည်းလမ်းတွေ၊အလှကုန်ပစ္စည်းတွေသုံးပြီးသက်သာအောင်လုပ်တာ၊ makeup အသုံးပြုပြီးဖုံးအုပ်တာတို့ပဲလုပ်လို့ရပါတယ်။

Vitamin E ကြွယ်ဝတဲ့အစားအစာများစားသုံးခြင်း၊ မျက်လုံးအောက်အသားအရေကို Vitamin E oil နှင့် Almond Oil လိမ်းပေးခြင်းတို့ဖြင့် မျက်ကွင်းညိုခြင်းကိုသက်သာစေပါတယ်။

မျက်လုံးဖောင်းအစ်တာသက်သာစေဖို့အတွက်ကတော့ လုံလောက်တဲ့အိပ်ချ်ိန်ရရှိဖို့လည်းအရေးကြီးတဲ့အပြင် အိပ်စက်တဲ့အခါ မျက်လုံးအောက် Fluid တွေစုခြင်းမှ ကာကွယ်ပေးရန် ခေါင်းအုံး၂လုံးဆင့်၍ ခပ်မြင့်မြင့်အိပ်စက်ပေးသင့်ပါတယ်။

 

 

 

Zawgyi

 

Dark Circles လို႔ေခၚတဲ့ မ်က္ကြင္းညိုေတြ ဘာေၾကာင့္ျဖစ္လဲ?

 

မ်က္လုံးေအာက္အေရျပားက ခႏၶာကိုယ္တစ္ခုလုံးကိုဖုံးအုပ္ထားတဲ့အေရျပားေတြထဲမွာအပါးလႊာဆုံးျဖစ္ပါတယ္။ ဆိုေတာ့ အေရျပားေအာက္က Veins လို႔ေခၚတဲ့ေသြးျပန္ေၾကာေတြဟာ အေရျပားရဲ႕အေပၚယံမ်က္ႏွာျပင္နဲ႕ပိုၿပီးနီးကပ္ပါတယ္။ ၄င္းေသြးေၾကာေတြထဲမွာ စီးဆင္းေနတဲ့ေသြးရဲ႕အေရာင္ကေတာ့ Deoxygenated Blood (ေအာက္ဆီဂ်င္မပါပဲႏွလုံးဆီသို႔သြားတဲ့ေသြး)ေတြျဖစ္တာေၾကာင့္ နီညိုေရာင္ (သို႔မဟုတ္) ခရမ္းေရာင္ရွိပါတယ္။ ဒီ့အတြက္ေၾကာင့္ မ်က္လုံးေအာက္ဖက္ေနရာေတြဟာ တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြထက္ ပိုၿပီးမည္းနက္သေယာင္ရွိပါတယ္။

 

အခ်ိန္မွန္အိပ္အခ်ိန္မွန္စားၿပီး ပင္ပန္းႏြမ္းနယ္မႈေတြမရွိသည့္တိုင္ေအာင္ မ်က္လုံးေအာက္အေရျပားေတြက သဘာဝအတိုင္းညိုေနနိုင္ပါတယ္။ ဒီလိုျဖစ္ရတဲ့အဓိကအေၾကာင္းအရင္း(၃)ခ်က္ရွိပါတယ္။

 

၁။ အသက္အ႐ြယ္ႀကီးလာျခင္း

ေစာေစာကေျပာခဲ့သလိုပဲ မ်က္လုံးေအာက္အေရျပားက ခႏၶာကိုယ္မွာအပါးဆုံးပါ။ အသက္ႀကီးလာတဲ့အခါမွာသဘာဝအတိုင္း အေရျပားကပိုၿပီးပါးလာတဲ့အျပင္ အေရျပားကိုတင္းရင္းေစတဲ့ ပရိုတိန္းေတြျဖစ္တဲ့ Collagen, Elastin စတဲ့ ပရိုတိန္းေတြလည္း ေလ်ာ့နည္းလာပါတယ္။ ဒီလိုအခ်ိန္မွာ အေရးအေၾကာင္းေတြျဖစ္လာတာျဖစ္ၿပီး မ်က္လုံးေအာက္က ေသြးေၾကာေတြကလည္း အေပၚယံအေရျပားေပၚ ပိုၿပီးထင္သာျမင္သာရွိလာတာေၾကာင့္ အသက္ႀကီးလာေလေလ မ်က္ကြင္းညိုတာ ပိုၿပီးသိသာလာေလေလျဖစ္ပါတယ္။

 

၂။ မ်ိဳးရိုးလိုက္ျခင္း

မ်က္ကြင္းညိုတဲ့သူေတာ္ေတာ္မ်ားမ်ားရဲ႕ ဘာေၾကာင့္ျဖစ္ရလဲဆိုတဲ့အေျဖက မ်ိဳရိုးလိုက္တာပါ။ ကိုယ့္မိဘဘိုးဘြားေမာင္ႏွမသားခ်င္းထဲမွာ ကေလးဘဝတည္းကမ်က္ကြင္းညိုေနတဲ့သူမ်ိဳး (ဒါမွမဟုတ္) ခႏၶာကိုယ္အစိတ္အပိုင္းတစ္ေနရာနဲ႕တစ္ေနရာ အသားအေရာင္မညီတဲ့ Hyperpigmentation ျဖစ္တဲ့သူမ်ိဳးတို႔ ရွိေနမယ္ဆိုရင္ ကိုယ့္မွာလည္း မ်ိဳးရိုးေၾကာင့္ သဘာဝအတိုင္းမ်က္ကြင္းညိုတတ္ပါတယ္။

 

၃။မိမိ၏လူမ်ိဳး

မ်က္ကြင္းညိုညိုေတြဟာ မ်ားေသာအားျဖင့္ Non-white ethnic groups ေခၚ လူျဖဴမဟုတ္တဲ့လူမ်ိဳးေတြမွာ သဘာဝအတိုင္းေတြ႕ရတတ္ပါတယ္။Africans ေတြနဲ႕ Asians ေတြရဲ႕အသားအေရက အညိုေရာင္နဲ႕ အဝါေရာင္ၾကားထဲသြားတာမို႔ မ်က္လုံးေအာက္က ခရမ္းေရာင္(သို႔မဟုတ္)နီညိုေရာင္ေသြးေၾကာေတြဟာ အေပၚယံအသားအေရာင္နဲ႕ေရာေထြးၿပီး ညိုမည္းတဲ့အရိပ္ေတြကိုျဖစ္ေစတာျဖစ္ပါတယ္။

 

သဘာဝအတိုင္းလည္းမဟုတ္၊ အိပ္ေရးပ်က္ပင္ပန္းႏြမ္းနယ္ျခင္းေၾကာင့္လည္းမဟုတ္ဘဲ မ်က္ကြင္းညိုေစသည့္အေၾကာင္းအရင္းမ်ား

 

၁။အလြန္အမင္းအိပ္ျခင္း

လူအမ်ားစုသိၾကတာက အိပ္ေရးပ်က္ရင္မ်က္ကြင္းညိုတယ္ပဲသိၾကတာပါ။ အရာအားလုံးက အစြန္း၂ဖက္ရွိတယ္ဆိုတဲ့အတိုင္း အိပ္လြန္းရင္လည္း မ်က္အိတ္ေတြေဖာင္းလာၿပီး မ်က္ကြင္းညိုျခင္းကိုျဖစ္ေပၚေစနိုင္ပါတယ္။ ဒါေၾကာင့္တစ္ညကို အနည္းဆုံး၇နာရီကေန အမ်ားဆုံး၉နာရီထက္ပိုၿပီးမအိပ္စက္သင့္ပါဘူး။

 

၂။ Screen အၾကည့္မ်ားျခင္း

တီဗြီ၊ကြန္ပ်ဴတာ၊ဖုန္း screen စတာေတြကိုအာ႐ုံစိုက္ၾကည့္တဲ့အခ်ိန္မ်ားလာရင္လည္း မ်က္လုံးေအာက္ကေသြးေၾကာေလးေတြကိုေရာင္ရမ္းပ်က္စီးေစၿပီး မ်က္ကြင္းညိုျခင္းျဖစ္တတ္ပါတယ္။

 

၃။Dehydration(ေရဓာတ္ခမ္းေျခာက္ျခင္း)

ဟုတ္ပါတယ္။ေရေသာက္နည္းျခင္းေၾကာင့္လည္း မ်က္ကြင္းညိုတာကိုျဖစ္ေစတတ္ပါတယ္။ ခႏၶာကိုယ္ကေန႕စဥ္လိုအပ္တဲ့ ေရပမာဏကိုမရရွိတဲ့အခါ မ်က္လုံးေအာက္အေရျပားေတြဟာ အေရာင္ေဖ်ာ့ေတာ့ၿပီးခ်ိဳင့္ဝင္လာတတ္ပါတယ္။ဒါေၾကာင့္ panda eyes ေလးေတြမျဖစ္ခ်င္ဘူးဆိုရင္ေတာ့ ေရမ်ားမ်ားေသာက္ဖို႔မေမ့နဲ႕ေနာ္။

 

၄။ေနေရာင္ျခည္နဲ႕တိုက္ရိုက္ထိေတြ႕မႈမ်ားျခင္း

ေနေရာင္ျခည္နဲ႕တိုက္ရိုက္ထိေတြ႕တဲ့အခ်ိန္မ်ားလာတာနဲ႕အမွ် ခႏၶာကိုယ္က Melanin လို႔ေခၚတဲ့ ေရာင္ျခယ္ Pigment တစ္မ်ိဳးကို လိုအပ္တာထက္ပိုၿပီးထုတ္လုပ္တာေၾကာင့္ မ်က္လုံးေအာက္ကပါးလႊာတဲ့အေရျပားေလးေတြကေနစၿပီး ညိုမည္းမႈကိုသိသာစြာေတြ႕ရမွာျဖစ္ပါတယ္။

 

၅။ အငန္စားလြန္းျခင္း

မနက္အိပ္ရာနိုးနိုးခ်င္း မ်က္လုံးေအာက္တဝိုက္မွာညိုမည္းၿပီးေဖာင္းအစ္အစ္ႀကီးျဖစ္ေနတာမ်ိဳးႀကဳံဖူးပါသလား။ ဒါဆိုရင္ေတာ့ ေန႕စဥ္စားသုံးေနတဲ့ထဲ အငန္ဓာတ္ေတြသိပ္မ်ားလြန္းေနတာကိုသတိခ်ပ္ရမွာပဲျဖစ္ပါတယ္။ အငန္စားလြန္းတာေၾကာင့္ မ်က္လုံးေအာက္အေရျပားမွာ Fluid ေတြစုလာၿပီး မနက္အိပ္ရာထခါစမွာေဖာင္းအစ္ၿပီးေရာင္သလိုျဖစ္ေစပါတယ္။ ဒါဟာ တစ္ေန႕လုံးေတာ့ျဖစ္ေနမွာမဟုတ္ပါဘူး။ ေန႕လည္ပိုင္းေရာက္ရင္ တျဖည္းျဖည္းခ်င္းပုံမွန္ျပန္ျဖစ္သြာမွာပါ။ ဒါေပမယ့္ ကိုယ့္မွာဒီလို symptom ျပေနၿပီဆိုရင္ေတာ့ အငန္ေလွ်ာ့စားၿပီး ေရကိုပိုမ်ားမ်ားေသာက္ေပးဖို႔ ခႏၶာကိုယ္ကအခ်က္ျပေနတာျဖစ္ပါတယ္။

 

၆။ ေသြးအားနည္းျခင္း

ကိုယ့္ရဲ႕ေန႕စဥ္ Diet ထဲမွာ သံဓာတ္ပါဝင္မႈနည္းေနတာပဲျဖစ္ျဖစ္၊ ကိုယ့္မွာ ေသြးအားနည္းေရာဂါရွိတာေၾကာင့္ပဲျဖစ္ျဖစ္ မ်က္ကြင္းညိုတာကိုခံစားရတတ္ပါတယ္။ေသြးအားနည္းတာေၾကာင့္ ေသြးေၾကာေတြက လုံေလာက္တဲ့ေအာက္ဆီဂ်င္ပမာဏကို Body Tissues ေတြဆီပို႔ေဆာင္နိုင္စြမ္းမရွိေတာ့လို႔ပဲျဖစ္ပါတယ္။

 

မ်က္ကြင္းညိုျခင္းကို လုံးဝေပ်ာက္ကင္းေအာင္ကုသလို႔ရနိုင္ပါသလား?

မရနိုင္ပါဘူး။ အိပ္ေရးပ်က္လို႔ ယာယီမ်က္ကြင္းညိုတာမ်ိဳးမဟုတ္ပဲ သဘာဝအတ်ိုင်းမျက်ကွင်းညိုတာကို လုံးဝေပ်ာက္ကင္းေအာင္ကုသနိုင္တဲ့နည္းမရွိေသးပါဘူး။ သဘာဝနည္းလမ္းေတြ၊အလွကုန္ပစၥည္းေတြသုံးၿပီးသက္သာေအာင္လုပ္တာ၊ makeup အသုံးျပဳၿပီးဖုံးအုပ္တာတို႔ပဲလုပ္လို႔ရပါတယ္။

Vitamin E ႂကြယ္ဝတဲ့အစားအစာမ်ားစားသုံးျခင္း၊ မ်က္လုံးေအာက္အသားအေရကို Vitamin E oil ႏွင့္ Almond Oil လိမ္းေပးျခင္းတို႔ျဖင့္ မ်က္ကြင္းညိုျခင္းကိုသက္သာေစပါတယ္။

မ်က္လုံးေဖာင္းအစ္တာသက္သာေစဖို႔အတြက္ကေတာ့ လုံလောက်တဲ့အိပ်ချ်ိန်ရရှိဖို့လည်းအရေးကြီးတဲ့အပြင် အိပ္စက္တဲ့အခါ မ်က္လုံးေအာက္ Fluid ေတြစုျခင္းမွ ကာကြယ္ေပးရန္ ေခါင္းအုံး၂လုံးဆင့္၍ ခပ္ျမင့္ျမင့္အိပ္စက္ေပးသင့္ပါတယ္။

Comments