Dehydration
Unicode
Dehydrationခေါ် ရေဓာတ်ချို့တဲ့ခြင်း
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်က ရှိသင့်သလောက်မရှိတဲ့အခါမှာ Dehydration ဖြစ်ပေါ်တတ်ပါတယ်။ ရေဓာတ်လုံလောက်စွာ မရှိတဲ့ခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေဟာ အလုပ်ကောင်းစွာ မလုပ်နိုင်ကြတော့ပါဘူး။ ထို့ကြောင့် ရေဓာတ်ချို့တဲ့ခြင်းဟာ ကျွန်တော်တို့ ထင်ထားတာထက် အန္တရာယ် ရှိပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်က ရေဓာတ်ဘယ်လောက်အတိုင်းအတာ လိုအပ်နေသလဲပေါ် မူတည်ပြီး ရေဓာတ်အနည်းငယ် ချို့တဲ့ခြင်း၊ ရေဓာတ်အလယ်အလတ် ချို့တဲ့ခြင်းနှင့် ရေဓာတ်အများအပြား ချို့တဲ့ခြင်းဆိုပြီး အဆင့် သုံးဆင့် ကွဲပြားသွားကြပါတယ်။
ကျွန်တော်တို့ခန္ဓာကိုယ်ထဲက ရေဓာတ်တွေဟာ နေ့စဥ်ဘဝမှာ ချွေးထွက်ခြင်း၊ အသက်ရှူခြင်း၊ ဆီးသွားခြင်းနှင့် ဝမ်းသွားခြင်းတို့မှ ဆုံးရှုံးကြတာဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒီလို ဆုံးရှုံးသွားသော ရေတွေကို အရည်များသောက်ခြင်းနှင့် ရေဓာတ်ပါဝင်သော အစားအစာများ စားသုံးခြင်းဖြင့် ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ သို့သော် ရေကို ပုံမှန်သောက်သုံးဖို့ မေ့လျော့တာများရင်တော့ dehydrationဖြစ်ပေါ်တတ်ပါတယ်။
ရေဓာတ်ချို့တဲ့စေသော အကြောင်းရင်းများ
ရေဓာတ်ကို ပုံမှန်ထက် ဆုံးရှုံးစေနိုင်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ဥပမာ- ဖျားနာခြင်း၊ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ဆီးအများကြီး သွားခြင်း စတာတွေပဲဖြစ်ပါတယ်။
Dehydration (ရေဓာတ်ချို့တဲ့ခြင်း) အမျိုးအစား(၃)မျိုး
1.Hypotonic (electrolytesဆုံးရှုံးခြင်း)
2.Hypertonic (ရေဆုံးရှုံးခြင်း)
3.Isotonic (electrolytesရော ရေပါဆုံးရှုံးခြင်း)တို့ပဲ ဖြစ်ပါတယ်။
ရေဓာတ်ချို့တဲ့တဲ့လက္ခဏာများ
ရေဓာတ်အနည်းငယ်ချို့တဲ့ခြင်းတွက် လက္ခဏာများကတော့ မျက်နှာ နီမြန်းလာခြင်း၊ ရေဆာလာခြင်း၊ အရေပြား ခြောက်သွေ့လာခြင်း၊ ဆီးလုံးဝ သို့မဟုတ် အနည်းငယ်သာ သွားခြင်း၊ အားအင် နည်းလာခြင်း၊ ကြွက်တက်ခြင်း၊ နှုတ်ခမ်းနှင့် လျှာများ ခြောက်သွေ့ခြင်း၊ စိတ်ဆတ်ခြင်း၊ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် (ကလေးငယ်များတွင်) ငိုလျှင် မျက်ရည်မထွက်ခြင်း သို့မဟုတ် အနည်းငယ်သာ ထွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ရေဓာတ်အလယ်အလတ်ချို့တဲ့ခြင်းတွက် လက္ခဏာများကတော့ သွေးပေါင်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆီးဝါရင့်ရင့်သွားခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ဝမ်းဗိုက် ဖောင်းပွလာခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ အသားရေ လျော့တွဲလာခြင်း၊ အသက်ရှူမြန်ဆန်လာခြင်း၊ သွေးခုန်နှုန်း မြန်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ရေဓာတ် အများအပြား ချို့တဲ့ခြင်းတွက် လက္ခဏာများကတော့ အသိစိတ်မကပ်တော့ခြင်း၊ နှလုံးခုန်နှုန်း မြန်လာခြင်း၊ သွေးပေါင်ကျခြင်း၊ လက်ဖျား ခြေဖျားပြာလာခြင်း၊ စိတ်ရှုပ်လာခြင်း၊ လက်နှင့်ခြေများ အေးစက်လာခြင်း၊ ဆီးမသွားနိုင်ခြင်း၊ သွေးလန့်ခြင်း စတာတွေပဲဖြစ်ပါတယ်။ ရေဓာတ်အများအပြား ချို့တဲ့နေမယ်ဆိုရင် ရေဓာတ်မြန်မြန် ပြန်မဖြည့်ပေးနိုင်ပါက သေဆုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။
ရေဓာတ်ချို့တဲ့လျှင် ဘယ်လိုပြန်ဖြည့်မလဲ။
ရေဓာတ်ချို့တဲ့လျှင် ရေများများသောက်ခြင်းဖြင့် ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။ သို့သော် ဝမ်းပျက်ခြင်း သို့မဟုတ် အော့အန်ခြင်းတို့ အပြင်းအထန် ဖြစ်နေရင်တော့ IV tubeသွင်းပေးဖို့ လိုအပ်ပါတယ်။ စားသောက်နိုင်သေးတဲ့လူများကတော့ ရေများများသောက်ခြင်း၊ ဓာတ်စားရည်သောက်ခြင်း နှင့် ရေဓာတ်ပါဝင်သော အစားအစာများ စားသုံးခြင်းဖြင့် ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။ ရေဓာတ်ချို့တဲ့နေလျှင် အရက်၊ ဆိုဒါနှင့် အချိုကဲသော အရည်များကို ရှောင်ကြဥ်သင့်ပါတယ်။
ရေဓာတ်ချို့တဲ့ခြင်းကို မကုသလျှင် ဘာတွေ ဖြစ်နိုင်သလဲ။
ရေဓာတ်ချို့တဲ့ခြင်းကို မကုသလျှင် အသက်ကို ခြိမ်းခြောက်စေနိုင်တဲ့ အပူရှပ်ခြင်း၊အပူကန်ခြင်း၊ ဝက်ရူးပြန်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း၊ သွေးလည်ပတ်မှု လျော့နည်းခြင်းနှင့် ကိုမာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေမှာ ရေဓာတ်ချို့တဲ့နိုင်သလဲ။
အားကစားသမားများ၊ မွေးကင်းစကလေးငယ်နှင့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နေပူထဲ အလုပ်လုပ်ကြသူများ၊ နာတာရှည်ရောဂါရှိသူများ စသူတို့မှာ ရေဓာတ်ချို့တဲ့နိုင်ခြေ ပိုများပါတယ်။
ရေဓာတ်မချို့တဲ့အောင် ဘယ်လိုကာကွယ်မလဲ။
ရေဓာတ်မချို့တဲ့အောင် ဖျားခြင်း၊ ဝမ်းပျက်ခြင်းနှင့် အော့အန်ခြင်းတို့ဖြစ်လျှင် အရည်များများ သောက်ပေးခြင်း၊ အားကစားမလုပ်ခင် ဓာတ်ဆားရည် သို့မဟုတ် ရေ သောက်ပေးခြင်း၊ နေ့စဥ် လိုအပ်သော ရေပမာဏ သောက်သုံးခြင်း၊ ရာသီဥတုပူတဲ့ချိန်မှာ အေးမြတဲ့အဝတ်အစား ရွေးဝတ်ခြင်း စသည်တို့ဖြင့် ကာကွယ်နိုင်ပါတယ်။
ရေဓာတ်ချို့တဲ့ခြင်းကို ဘယ်လို စစ်ဆေးမလဲ။
ရေဓာတ်ချို့တဲ့ခြင်းကို သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းနှင့် ဆီးအရောင်ကို စစ်ဆေးခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။
ကျွန်တော်တို့ ဖတ်ရင်းလှူရဲ့ တတိယအကြိမ် လှူဒါန်းမှုမှာ ပါဝင်လိုပါက
Kpay/wave - 09-967978845
အသေးစိတ်ဖတ်ရန်_ ဒီကိုနှိပ်ပါ။
Zawgyi
Kpay/wave - 09-967978845
Comments
Post a Comment