Differences between Web Design and Web Development

 Unicode

လေ့လာစလူတွေ အမေးများတဲ့ မေးခွန်းထဲမှာ ဒါလည်း မကြာမကြာ တွေ့ရတဲ့ မေးခွန်းတစ်ခုပါ။

"အတူတူပဲလား"
"ဘာတွေကွာတာလဲ"
"ဘာတွေလေ့လာရတာလဲ" - စသဖြင့် မေးကြပါတယ်။

 

၁.) အတူတူပဲလား

မတူပါဘူး။

 

၂.) ဘာတွေကွာလဲ

အခြေခံအားဖြင့် Web Designer ဟာ Website တွေ ဖန်တီးတဲ့အခါ ဒီဇိုင်းရေးဆွဲမှု အပိုင်းကို တာဝန်ယူရသူ ဖြစ်ပါတယ်။ အရောင်တွေ ရွေးမယ်၊ ဖွန့်တွေရွေးမယ်၊ လိုအပ်တဲ့ Graphic တွေဖန်တီးမယ်၊ Logo တွေ ဆွဲမယ်၊ Layout တွေ ချမယ်၊ စသဖြင့် လိုအပ်တဲ့ "အသွင်အပြင်ဒီဇိုင်း" ရေးဆွဲမှုကို တာဝန်ယူ ဆောင်ရွက်ကြသူတွေ ဖြစ်ပါတယ်။

တစ်ချို့ Web Designer တွေက Code လုံးဝမရေးတတ်ပဲ၊ တစ်ချို့ Web Designer တွေကတော့ Code လည်း အတိုင်းအတာတစ်ခုထိ ရေးတတ်ကြပါတယ်။ ဒီဇိုင်းချည်း ဆွဲတာ မဟုတ်ပဲ၊ ဆွဲထားတဲ့ ဒီဇိုင်းကို နမူနာ Website တစ်ခု ဖြစ်သွားအောင် ကိုယ်တိုင် Code ရေးပြီး ဖန်တီးနိုင်ကြပါတယ်။ Prototype လုပ်တယ်လို့ ခေါ်ကြပါတယ်။

အသုံးအနှုံးအမှန်ကို သုံးရမယ်ဆိုရင် Front-end တို့ Back-end တို့လို အသုံးအနှုံးတွေကို သုံးပြီးပြောရမှာပါ။ ဒါပေမယ့် ဒီအသုံးအနှုံးတွေကြောင့် ပိုပြီး မျက်စိလည်သွားမှာစိုးလို့ Web Designer ဆိုတာ Website တစ်ခုရဲ့ "ဒီဇိုင်းရေးဆွဲမှုပိုင်းကိုသာ တာဝန်ယူသူ" လို့ အလွယ်မှတ်နိုင်ပါတယ်။

Web Developer ဆိုတာကတော့ Website တစ်ခုရယ်လို့ အသုံးပြုလို့ရတဲ့ အဆင့်ထိရောက်အောင် သက်ဆိုင်ရာ နည်းပညာနဲ့ Programming Language တွေကိုသုံးပြီး ရေးသားဖန်တီးကြသူတွေပါ။ Web Designer ရေးဆွဲပေးထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုပြီး လိုအပ်တဲ့ Code ရေးသားခြင်းနဲ့၊ စမ်းသပ်ခြင်း၊ စွမ်းဆောင်ရည် ကောင်းအောင် စီမံခြင်း၊ လုံခြုံမှုရှိအောင် စီမံခြင်း၊ လွှင့်တင်ခြင်း စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ကြသူတွေပါ။

တစ်ချို့ Web Developer တွေက ဒီဇိုင်းလည်း ဆွဲတတ်ကြပါတယ်။ ဒါပေမယ့် တစ်ကယ့် Web Designer တွေလောက်တော့ သူတို့ဒီဇိုင်းတွေက ကောင်းမွန် သပ်ရပ်မှာ မဟုတ်ပါဘူး။ လက်တွေ့မှာ Web Project တစ်ခု အောင်မြင်ဖို့ Web Designer တွေနဲ့ Web Developer တွေ ပူးပေါင်းဆောင်ရွက်ကြရတဲ့သဘောပါ။

ဒါပေမယ့် တစ်ချို့လုပ်ငန်းတွေ ကိုယ်တိုင်က ဒီ Role နှစ်ခုကို အတူတူလို့ ထင်နေကြပါတယ်။ ဥပမာ - အလုပ်ခေါ်တော့ "Web Designer" လို့ခေါ်ပြီး တစ်ကယ်လုပ်ရမှာက Website တစ်ခုကို အစအဆုံး ရေးသား တာဝန်ယူရမှာ ဖြစ်နေတာမျိုးပါ။ ဒါက.. အလုပ်ခေါ်တဲ့ လုပ်ငန်းကိုယ်တိုင်က ကွဲကွဲပြားပြား မသိလို့ဖြစ်နေတာပါ။

 

၃.) ဘာတွေလေ့လာရတာလဲ

 

▪️Web Designer အဖြစ် အသက်မွေးလိုသူဟာ

- Photoshop, Illustrator စတဲ့ Design Tools တွေကို လေ့လာရပါတယ်။

- Color, Layout, Image စတဲ့ ဒီဇိုင်း Concept တွေကို လေ့လာရပါတယ်။

- User Experience (UX) ဆိုင်ရာ ဗဟုသုတတွေကို လေ့လာရပါတယ်။

- HTML/CSS ကို ကျွမ်းကျင်အောင် လေ့လာရပြီး JavaScript ကို အတိုင်းအတာတစ်ခုထိ တတ်ကျွမ်းအောင် လေ့လာရပါတယ်။

- ခေတ်ပေါ် Design Framework တွေကို လေ့လာရပါတယ်။ ဥပမာ - Bootstrap, Material UI

 

▪️Web Developer အဖြစ် အသက်မွေးလိုသူကတော့

- ကွန်ပျူတာ Programming ကို စနစ်တကျ လေ့လာရပါတယ်။

- HTML/CSS နဲ့ JavaScript အပါအဝင် Web Standard နည်းပညာတွေကို ကျွမ်းကျင်အောင် လေ့လာရပါတယ်။

- Server-side နည်းပညာတွေကို လေ့လာရပါတယ်။ ဥပမာ - PHP, NodeJS။

- Software Architecture ပိုင်းဆိုင်ရာ ဗဟုသုတတွေကို လေ့လာရပါတယ်။ ဥပမာ - OOP, MVC, API။

- Web Application Framework တွေကို Front-end, Back-end စုံအောင်လေ့လာရပါတယ်။ ဥပမာ - Laravel, React, Express

 

၄.) နိဂုံးချုပ်

Web Design နဲ့ Web Development ဟာ အတူလက်တွဲအလုပ် လုပ်ရပေမယ့် လက်တွေ့မှာ ကွဲပြားခြားနားတဲ့ Profession တွေပါ။ ဒီဘာသာရပ် နှစ်ခုလုံးကို ပူးတွဲလေ့လာမယ်ဆိုရင် ဖြစ်နိုင်ပေမယ့်၊ ပိုကောင်းတာကတော့၊ မိမိအားသန်ရာ တစ်ခုကို ရွေးချယ်ပြီး ဇောက်ချလေ့လာတာ ပိုကောင်းပါတယ်။

ဒီဇိုင်းရေးဆွဲမှုပိုင်း အားသန်သူက Web Design ကို ရွေးသင့်ပြီး ကုဒ်ရေးသားမှုပိုင်း အားသန်သူက Web Development ကို ရွေးရမှာပဲ ဖြစ်ပါတယ်။

 

Credit: Saya Ei Maung

 

 

 

Zawgyi

 

ေလ့လာစလူေတြ အေမးမ်ားတဲ့ ေမးခြန္းထဲမွာ ဒါလည္း မၾကာမၾကာ ေတြ႕ရတဲ့ ေမးခြန္းတစ္ခုပါ။

"အတူတူပဲလား"
"ဘာေတြကြာတာလဲ"

"ဘာေတြေလ့လာရတာလဲ" - စသျဖင့္ ေမးၾကပါတယ္။

 

၁.) အတူတူပဲလား

မတူပါဘူး။

 

၂.) ဘာေတြကြာလဲ

အေျခခံအားျဖင့္ Web Designer ဟာ Website ေတြ ဖန္တီးတဲ့အခါ ဒီဇိုင္းေရးဆြဲမႈ အပိုင္းကို တာဝန္ယူရသူ ျဖစ္ပါတယ္။ အေရာင္ေတြ ေ႐ြးမယ္၊ ဖြန႔္ေတြေ႐ြးမယ္၊ လိုအပ္တဲ့ Graphic ေတြဖန္တီးမယ္၊ Logo ေတြ ဆြဲမယ္၊ Layout ေတြ ခ်မယ္၊ စသျဖင့္ လိုအပ္တဲ့ "အသြင္အျပင္ဒီဇိုင္း" ေရးဆြဲမႈကို တာဝန္ယူ ေဆာင္႐ြက္ၾကသူေတြ ျဖစ္ပါတယ္။

တစ္ခ်ိဳ႕ Web Designer ေတြက Code လုံးဝမေရးတတ္ပဲ၊ တစ္ခ်ိဳ႕ Web Designer ေတြကေတာ့ Code လည္း အတိုင္းအတာတစ္ခုထိ ေရးတတ္ၾကပါတယ္။ ဒီဇိုင္းခ်ည္း ဆြဲတာ မဟုတ္ပဲ၊ ဆြဲထားတဲ့ ဒီဇိုင္းကို နမူနာ Website တစ္ခု ျဖစ္သြားေအာင္ ကိုယ္တိုင္ Code ေရးၿပီး ဖန္တီးနိုင္ၾကပါတယ္။ Prototype လုပ္တယ္လို႔ ေခၚၾကပါတယ္။

အသုံးအႏႈံးအမွန္ကို သုံးရမယ္ဆိုရင္ Front-end တို႔ Back-end တို႔လို အသုံးအႏႈံးေတြကို သုံးၿပီးေျပာရမွာပါ။ ဒါေပမယ့္ ဒီအသုံးအႏႈံးေတြေၾကာင့္ ပိုၿပီး မ်က္စိလည္သြားမွာစိုးလို႔ Web Designer ဆိုတာ Website တစ္ခုရဲ႕ "ဒီဇိုင္းေရးဆြဲမႈပိုင္းကိုသာ တာဝန္ယူသူ" လို႔ အလြယ္မွတ္နိုင္ပါတယ္။

Web Developer ဆိုတာကေတာ့ Website တစ္ခုရယ္လို႔ အသုံးျပဳလို႔ရတဲ့ အဆင့္ထိေရာက္ေအာင္ သက္ဆိုင္ရာ နည္းပညာနဲ႕ Programming Language ေတြကိုသုံးၿပီး ေရးသားဖန္တီးၾကသူေတြပါ။ Web Designer ေရးဆြဲေပးထားတဲ့ ဒီဇိုင္းေတြကို အသုံးျပဳၿပီး လိုအပ္တဲ့ Code ေရးသားျခင္းနဲ႕၊ စမ္းသပ္ျခင္း၊ စြမ္းေဆာင္ရည္ ေကာင္းေအာင္ စီမံျခင္း၊ လုံၿခဳံမႈရွိေအာင္ စီမံျခင္း၊ လႊင့္တင္ျခင္း စတဲ့လုပ္ငန္းေတြကို ေဆာင္႐ြက္ၾကသူေတြပါ။

တစ္ခ်ိဳ႕ Web Developer ေတြက ဒီဇိုင္းလည္း ဆြဲတတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ကယ့္ Web Designer ေတြေလာက္ေတာ့ သူတို႔ဒီဇိုင္းေတြက ေကာင္းမြန္ သပ္ရပ္မွာ မဟုတ္ပါဘူး။ လက္ေတြ႕မွာ Web Project တစ္ခု ေအာင္ျမင္ဖို႔ Web Designer ေတြနဲ႕ Web Developer ေတြ ပူးေပါင္းေဆာင္႐ြက္ၾကရတဲ့သေဘာပါ။

ဒါေပမယ့္ တစ္ခ်ိဳ႕လုပ္ငန္းေတြ ကိုယ္တိုင္က ဒီ Role ႏွစ္ခုကို အတူတူလို႔ ထင္ေနၾကပါတယ္။ ဥပမာ - အလုပ္ေခၚေတာ့ "Web Designer" လို႔ေခၚၿပီး တစ္ကယ္လုပ္ရမွာက Website တစ္ခုကို အစအဆုံး ေရးသား တာဝန္ယူရမွာ ျဖစ္ေနတာမ်ိဳးပါ။ ဒါက.. အလုပ္ေခၚတဲ့ လုပ္ငန္းကိုယ္တိုင္က ကြဲကြဲျပားျပား မသိလို႔ျဖစ္ေနတာပါ။

 

၃.) ဘာေတြေလ့လာရတာလဲ

 

Web Designer အျဖစ္ အသက္ေမြးလိုသူဟာ

- Photoshop, Illustrator စတဲ့ Design Tools ေတြကို ေလ့လာရပါတယ္။

- Color, Layout, Image စတဲ့ ဒီဇိုင္း Concept ေတြကို ေလ့လာရပါတယ္။

- User Experience (UX) ဆိုင္ရာ ဗဟုသုတေတြကို ေလ့လာရပါတယ္။

- HTML/CSS ကို ကြၽမ္းက်င္ေအာင္ ေလ့လာရၿပီး JavaScript ကို အတိုင္းအတာတစ္ခုထိ တတ္ကြၽမ္းေအာင္ ေလ့လာရပါတယ္။

- ေခတ္ေပၚ Design Framework ေတြကို ေလ့လာရပါတယ္။ ဥပမာ - Bootstrap, Material UI

 

Web Developer အျဖစ္ အသက္ေမြးလိုသူကေတာ့

- ကြန္ပ်ဴတာ Programming ကို စနစ္တက် ေလ့လာရပါတယ္။

- HTML/CSS နဲ႕ JavaScript အပါအဝင္ Web Standard နည္းပညာေတြကို ကြၽမ္းက်င္ေအာင္ ေလ့လာရပါတယ္။

- Server-side နည္းပညာေတြကို ေလ့လာရပါတယ္။ ဥပမာ - PHP, NodeJS။

- Software Architecture ပိုင္းဆိုင္ရာ ဗဟုသုတေတြကို ေလ့လာရပါတယ္။ ဥပမာ - OOP, MVC, API။

- Web Application Framework ေတြကို Front-end, Back-end စုံေအာင္ေလ့လာရပါတယ္။ ဥပမာ - Laravel, React, Express

 

၄.) နိဂုံးခ်ဳပ္

Web Design နဲ႕ Web Development ဟာ အတူလက္တြဲအလုပ္ လုပ္ရေပမယ့္ လက္ေတြ႕မွာ ကြဲျပားျခားနားတဲ့ Profession ေတြပါ။ ဒီဘာသာရပ္ ႏွစ္ခုလုံးကို ပူးတြဲေလ့လာမယ္ဆိုရင္ ျဖစ္နိုင္ေပမယ့္၊ ပိုေကာင္းတာကေတာ့၊ မိမိအားသန္ရာ တစ္ခုကို ေ႐ြးခ်ယ္ၿပီး ေဇာက္ခ်ေလ့လာတာ ပိုေကာင္းပါတယ္။

ဒီဇိုင္းေရးဆြဲမႈပိုင္း အားသန္သူက Web Design ကို ေ႐ြးသင့္ၿပီး ကုဒ္ေရးသားမႈပိုင္း အားသန္သူက Web Development ကို ေ႐ြးရမွာပဲ ျဖစ္ပါတယ္။

 

Credit: Saya Ei Maung

Comments