Dyslexia အကြောင်း
Dyslexiaအကြောင်း
Dyslexiaဆိုတာ စာသင်ယူချိန်၌ စာဖတ်ခြင်း၊ စာရေးခြင်းနှင့် စာလုံးပေါင်းခြင်းတို့မှာ အခက်အခဲရှိခြင်းမျိုးပဲ ဖြစ်ပါတယ်။
Dyslexiaကို UKမှာဆိုရင် လူဆယ်ယောက်မှာ တစ်ယောက်နှုန်း တွေ့ရတတ်ပြီး ပြင်းထန်မှုအတိုင်းအတာသာ ကွဲပြားသွားပါတယ်။
Dyslexiaဟာ တစ်သက်လုံးကြုံတွေ့နေရမယ့် ပြဿနာတစ်ရပ်ဖြစ်ပြီး နေ့စဥ်ဘဝမှာလည်း စိန်ခေါ်မှုများကို တွေ့ရနိုင်ပါတယ်။ သို့သော် ထိုပြဿနာရပ်များကို အောင်မြင်အောင် ရင်ဆိုင်စေနိုင်တဲ့ ထောက်ပံ့မှု နည်းလမ်းများစွာလည်း ရှိပါတယ်။
Dyslexiaဖြစ်စေတဲ့ တိကျသေချာသော အကြောင်းရင်းကိုတော့ မသိကြသေးပါဘူး။ အောက်ပါအချက်အလက်များကတော့ Dyslexiaဖြစ်စေနိုင်တဲ့ အကြောင်းရင်းများပဲ ဖြစ်ပါတယ်။
-မိသားစုထဲမှာ Dyslexiaဖြစ်ဖူးတဲ့ရာဇဝင်ရှိခြင်း၊
-လမပြည့်ခင် မွေးဖွားခြင်း သို့မဟုတ် မွေးဖွားချိန်တွင် ပေါင်မပြည့်ခြင်း၊
-ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို နီကိုတင်း၊ မူးယစ်ဆေးဝါး၊ အရက်နှင့်ပိုးဝင်သွားခြင်းတို့ထဲကမှ တစ်ခုခုနှင့် ထိတွေ့မိခြင်း၊
-စာဖတ်ခြင်းကို ပြုလုပ်ပေးနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းများ ကွဲပြားမှုရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။
တချို့သော ကလေးတွေမှာ ကျောင်းမတက်ခင်တည်းက Dyslexiaဖြစ်တာကို သိရှိနိုင်ပါတယ်။ လက္ခဏာများကတော့
-တခြားသော ကလေးများနှင့် ယှဥ်လျှင် စကားပြောနောက်ကျခြင်း၊
-စကားအရှည်ကြီးကို ကောင်းကောင်းမပြောနိုင်ခြင်း၊
-စကားလုံးများကို ရောထွေးပြောဆိုခြင်း(ဥပမာ- Teddy bearကို Beddy tearဟု ပြောခြင်း)၊
-ကာရံပါသော ကလေးကဗျာများကို နားမလည်ခြင်း သို့မဟုတ် သီဆိုရမနှစ်သက်ခြင်း၊
-အက္ခရာများသင်တဲ့ခါ အခက်အခဲရှိခြင်း သို့မဟုတ် စိတ်ဝင်စားမှု နည်းပါးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကျောင်းနေအရွယ်ရောက်လာတဲ့ချိန် (အသက်၅နှစ်မှ ၁၂နှစ်ထိ)မှာ Dyslexiaရဲ့ လက္ခဏာများဟာ ပိုမိုပေါ်လွင်လာပါတယ်။ ထိုလက္ခဏာများကတော့
-နာမည်များနှင့် အက္ခရာများ၏ အသံများကို သင်ကြားရာတွင် အခက်အခဲရှိခြင်း၊
-စာလုံးများကို တလွဲရေးခြင်း၊ တလွဲပေါင်းခြင်း (ဥပမာ- dကို bလို့ ရေးခြင်း၊ 9ကို 6လို့ ရေးခြင်း)
-စာကြောင်း၏ စာလုံးအစီအစဥ်တွေကို ရောထွေးခြင်း၊
-စာကို နှေးနှေးလေးသာ ဖတ်နိုင်ခြင်း၊
-ကျယ်လောင်စွာ ဖတ်ခိုင်းလျှင် အမှားများစွာ ပါခြင်း၊
-စာလုံးများ၊ အက္ခရာများကို ရွေ့လျားနေတယ်လို့ မြင်ခြင်း၊
-မေးခွန်းများကို နှုတ်ဖြင့် ကောင်းကောင်းဖြေဆိုနိုင်ပေမယ့် အဖြေများကို ချရေးရမည်ဆိုလျှင် ခက်ခဲခြင်း၊
-နေ့နံအစဥ်လိုက် သို့မဟုတ် အက္ခရာအစဥ်လိုက်မျိုးတို့ကို သင်ယူရာတွင် ခက်ခဲခြင်း
-စာရေးလျှင် အလွန် နှေးခြင်း
-လက်ရေး ဖတ်မရခြင်း
-စာများကို ကူးယူရာတွင် အခက်အခဲရှိခြင်းစတာတွေပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်များမှာ တွေ့ရှိရတတ်သော Dyslexia၏ လက္ခဏာများမှာ
-အစီအစဥ်များချရာတွင် ခက်ခဲခြင်း၊
-အက်ဆေးများ၊ စာများနှင့် အစီရင်ခံစာများ ရေးရာတွင် အခက်အခဲ ရှိခြင်း၊
-စာမေးပွဲများတွက် စာများ ပြန်နွှေးလျှင် ခက်ခဲခြင်း၊
-စာဖတ်ဖို့နှင့် စာရေးဖို့ကို တတ်နိုင်သလောက် ရှောင်ကြဥ်ခြင်း၊
-မှတ်စုများရေးတဲ့အခါနှင့် စာများကူးယူတဲ့အခါ ခက်ခဲခြင်း၊
-စာလုံးပေါင်း သတ်ပုံ အားနည်းခြင်း၊
-Pin သို့မဟုတ် ဖုန်းနံပါတ်တို့ကို မှတ်မိရန် ခက်ခဲခြင်း၊
-Deadlineအမှီ အလုပ်ပြီးအောင် လုပ်နိုင်ဖို့ခက်ခဲခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Dyslexia၏ နောက်ဆက်တွဲပြဿနာများ
-သင်ယူရာတွင် အခက်အခဲ ရှိခြင်း
စာဖတ်ခြင်းနှင့် စာရေးခြင်းက ဘာသာရပ် သို့မဟုတ် ဘာသာစကားတို့ကို သင်ယူတဲ့အခါ အခြေခံစွမ်းရည်များ ဖြစ်သောကြောင့် စာသင်ခန်းထဲမှာ ရွယ်တူများနှင့် စာသင်ကြားတဲ့အခါ Dyslexiaဖြစ်သူများဟာ အခက်အခဲများစွာ ရှိနိုင်ပါတယ်။
-လူမှုရေးပြဿနာများ
Dyslexiaဟာ မိမိကိုယ်ကို တန်ဖိုးထားမှု(self-esteem)ကို လျော့နည်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာပြဿနာများ၊ ကြောက်ရွံ့မှု၊ ရန်လိုမှု၊ သူငယ်ချင်း၊ မိဘနှင့် ဆရာသမားများထံမှ အပယ်ခံရခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် Dyslexiaရှိသူများဟာ လူမှုရေးပြဿနာများကို ကြုံတွေ့ရနိုင်ပါတယ်။
-ADHD(attention-deficit hyperactivity disorder)ဖြစ်စေနိုင်ခြင်း
ADHDနှင့် Dyslexiaဟာ အပြန်အလှန် ဆက်နွယ်နေပါတယ်။ ADHDဖြစ်သူများဟာ Dyslexiaဖြစ်နှုန်း များသလို Dyslexiaဖြစ်နေသူများဟာလည်း ADHDဖြစ်လာနိုင်ပါတယ်။
Dyslexiaတွက် သီးသန့်စစ်ဆေးလို့ရတဲ့ testမျိုးတော့ တစ်ခုမှ မရှိသေးပါဘူး။ အကယ်၍ မိမိရဲ့ကလေးအတွက် စိုးရိမ်တယ်ဆိုရင်တော့
-အနီးမှုန်၊ အဝေးမှုန် သို့မဟုတ် မျက်လုံးစွေစောင်းခြင်းပြဿနာများအတွက် မျက်လုံးဆရာဝန်နှင့် ပြသခြင်း၊
-အကြားအာရုံပြဿနာများတွက် နားဆရာဝန်နှင့်ပြသခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ မျက်လုံးနှင့် နားက ပုံမှန်ဖြစ်နေပြီး စာရေး၊ စာဖတ်ရာမှာ အခက်အခဲရှိနေသေးရင်တော့ Dyslexiaဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
Dyslexiaဖြစ်နေတဲ့ကလေးများကို အခြေအနေကောင်းမွန်လာအောင် ပြုလုပ်လို့ရပါတယ်။ မိဘများဟာ မိမိရဲ့ကလေးမှာ Dyslexiaလက္ခဏာများကို စောစောတွေ့ရှိလေ အခြေအနေကောင်းမွန်လာအောင် ပိုမိုပြုလုပ်နိုင်လေ ဖြစ်ပါတယ်။ သို့သော် နောက်ကျမှ သိလည်း Dyslexiaကို ကောင်းမွန်လာအောင် ကုသဖို့ မနောက်ကျပါဘူး။ Dyslexiaဖြစ်နေတဲ့ကလေးများကို အထူးပြုဆရာ သို့မဟုတ် ဆရာမနှင့် တစ်ဦးချင်း သင်ခိုင်းသင့်ပါတယ်။ ထိုသို့ ပြုလုပ်ပါက Dyslexiaဖြစ်နေတဲ့ကလေးဟာ စာသင်ချိန်ပိုမိုရရှိပြီး ဂရုစိုက်ခံရသောကြောင့် စာဖတ်ခြင်းနှင့် စာရေးခြင်းတို့မှာ သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ ထို့ပြင် မိဘများအနေနှင့် မိမိကလေးများကို စာဖတ်ပြခြင်း၊ သူတို့ စိတ်ဝင်စားမယ့် စာအုပ်လေးများဝယ်ပေးခြင်း၊ ကလေးများကို ကိုယ်တိုင်ဖတ်စေခြင်းတို့ဖြင့် စာဖတ်တဲ့စွမ်းရည်ကို တိုးတက်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြီးတဲ့ကလေးများတွက်တော့ စာအုပ်များထက် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုသင့်ပါတယ်။ စာလုံးပေါင်းများကို စစ်ဆေးပေးပြီး အမှန်ပြင်ပေးခြင်း၊ အသံထွက်များကို စစ်ဆေးနိုင်ခြင်း၊ အသံမှတစ်ဆင့် စာရိုက်နိုင်ခြင်းစတဲ့ နည်းပညာဆိုင်ရာ နည်းလမ်းများဟာ Dyslexiaဖြစ်နေတဲ့ လူငယ်များကို ကူညီပေးနိုင်ပါတယ်။
good Article .
ReplyDeleteDone
ReplyDeleteThank you for the great content ❤️
ReplyDeleteWe will win iIi
great content
ReplyDeleteကျေးဇူး
ReplyDeleteGrade-5 ကလေးတစ်ယောက် စာမဖတ်နိုင် စာလုံးပေါင်းမမှတ်မိနိုင်တာ ဘာဖြစ်လိုလဲ ဆိုတဲ့ပြဿနာ ခုမှသိတယ်
ဒါပေမဲ့ တွက်စာတော့ တတ်လွယ်တယ်
ကျေးဇူးပါ
2nd reading.
ReplyDeleteDone
ReplyDelete💌💌💌
ReplyDeleteThanks for knowledge 👍❤
ReplyDeleteThank
ReplyDeleteတွေ့ဖူးတယ်
ReplyDeleteDone 💪
ReplyDeleteGood article
ReplyDeleteDone 🍀
ReplyDeleteကိုယ်ကလေးရလာခဲ့ရင်သေချာဂရုစိုက်ရမယ်🐬🐬
ReplyDeleteDone 🤍
ReplyDeleteGreat article
ReplyDeleteThanks for sharing
ReplyDeleteWhat an article
ReplyDelete