FIFA WORLD CUP 2022 အတွက် Stadium များ
FIFA WORLD CUP 2022 ကို 21 st November 2022 ကနေ 18th December 2022 အထိ Qatar နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
အသင်းပေါင်း 32 သင်း၊ ပွဲပေါင်း 65 ပွဲကို မြို့ကြီး 5 မြို့မှာရှိတဲ့ ကွင်းကြီး 8 ကွင်းမှာ ကျင်းပပေးသွားမှာပါ။
အောက်ကပုံတွေကတော့ ပွဲစဥ်တွေအကုန်လုံးအတွက် ဘောလုံးကွင်းတွေ ဖြစ်ပါတယ်ခင်ဗျာ။
Lusail Iconic Stadium
![]()
Doha မြို့ရဲ့ မြောက်ဘက် 23 km အကွာမှာရှိတဲ့ Lusail Iconic Stadium ဟာ 2022 FIFA World Cup ရဲ့ ဖွင့်ပွဲနဲ့ ဗိုလ်လုပွဲကျင်းပမယ့် ကွင်းဖြစ်ပါတယ်။ ပရိတ်သတ်ပေါင်း 86,250 အထိဝင်ဆန့်မယ့် ကွင်းလည်းဖြစ်ပါတယ်။
![]() |
xxxxxxxxxxxxxxxxxxxxxx
Al Bayt Stadium

2015 ခုနှစ်မှာကတည်းက Al Khor မှာ စတင်တည်ဆောက်ခဲ့တဲ့ Al Bayt Stadium ဟာ ပရိတ်သတ်ပေါင်း 62,000 ထိဆန့်တဲ့ ကွင်းဖြစ်ပါတယ်။ ကန္တာရတွေထဲက ရိုးရာ"တဲအိမ်"ပုံစံဆောက်လုပ်ထားတာဖြစ်ပြီး အဝေးကလာတဲ့သူကို နွေးထွေးစွာကြိုဆိုနေမယ့် တဲတစ်လုံးပုံစံဖြစ်ပါတယ်။ ဒေါ်လာ ၄ဘီလီယံကျော် အကုန်အကျခံပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။
xxxxxxxxxxxxxxxxxx
Al Rayyan Stadium
2003 ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ Ahmed bin Ali Stadium (သို့) Al Rayyan Stadium ကတော့ Doha မြို့နဲ့ ကီလိုမီတာအနည်းငယ်သာ ကွာဝေးပါတယ်။ ပရိတ်သတ် 44,740 ဆန့်ကွင်းကြီးဟာလည်း 2022 FIFA ကမ္ဘာ့ဖလားအတွက် ကွင်းကြီးတစ်ကွင်းဖြစ်ပါတယ်။ ဆောက်လုပ်ခဲ့တဲ့ ပစ္စည်းတွေရဲ့ ၉၀% လောက်ကို Reused သို့မဟုတ် recycled ထားတာတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

xxxxxxxxxxxxxxx
Al Wakrah Stadium
![]()
Al Wakrah မြို့တောင်ခြမ်းမှာရှိတဲ့ ကွင်းကြီးကတော့ ပရိတ်သတ် 40,000 ဆန့်ပါတယ်။ ဆိပ်ကမ်းမှာတွေ့နေကြ ငါးဖမ်းလှေတွေကို ကြည့်ပြီး design ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ပြီးချိန်မှာတော့ အဆောက်အဉီးပုံစံဟာ မအင်္ဂါနဲ့ တူတယ်ဆိုပြီး ခိုင်းနှိုင်းပြောဆိုတာတွေလည်း ခံခဲ့ရတာဖြစ်ပါတယ်။

xxxxxxxxxxxxxxxx
Education City Stadium

Qatar Foundation Stadium လို့ လူသိများတဲ့ ဒီ Stadium ကြီးကတော့ Doha မြို့စွန်မှာရှိပြီး 2022 FIFA World Cup ရဲ့ quater-final ပွဲတွေကျင်းပဖို့ လျာထားတဲ့ကွင်းဖြစ်ပါတယ်။ ပရိတ်သတ် 46,500 ထိ ဆန့်ပါတယ်။ ကာတာရဲ့ နာမည်ကြီး တက္ကသိုလ်တွေကြားမှာတည်ရှိတာလည်းဖြစ်ပါတယ်။ အတွင်းပိုင်းက လေဝင်လေထွက်စနစ်တွေ၊ ရေသွင်းစနစ်တွေ၊ အန္တရယ်ကင်းတဲ့ အတွင်းပိုင်းအပြင်အဆင်တွေကြောင့် sustainability မှာ 5 star ရရှိထားတဲ့ ကွင်းတစ်ကွင်းလဲဖြစ်ပါတယ်။

xxxxxxxxxxxxxx
Khalifa International Stadium

1976 ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ ဒီအားကစားကွင်းကြီးဟာ ဘောလုံးအားကစားတင်သာမကပဲ တခြားအားကစားတွေကိုပါ လက်ခံကျင်းပခဲ့တဲ့ ကွင်းကြီးပါ။ ပရိတ်သတ် 40,000 ဆန့် ဒီကွင်းကြီးထဲမှာ Gulf Cup, Asian Games နဲ့ AFC Asian Cup စတာတွေကိုလည်း ကျင်းပခဲ့ပြီးပါပြီ။

xxxxxxxxxxxxxxxx
Ras Abu Aboud Stadium

ပရိတ်သတ် 40,000 ထိဆန့်တဲ့ Ras Abu Aboud Stadium ကြီးဟာ Doha မြို့အနီးမှာ တည်ရှိပါတယ်။ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒိုဟာကိုကိုယ်စားပြုတဲ့ အနေနဲ့ ကုန်တင်ကွန်တင်နာကြီး 974လုံးကို အသုံးပြုပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ရောင်စုံ ကွန်တင်နာတွေနဲ့ လှပနေတဲ့ ဘောလုံးကွင်းကြီးကိုတွေ့ရမှာဖြစ်ပါတယ်။

xxxxxxxxxxxxxxxxxx
Al Thumama Stadium

Doha မြို့ရဲ့ မိုးမျှော်အဆောက်အအုံတွေရဲ့ တောင်ဘက် 12 km အကွာမှာတည်ရှိပါတယ်။ ပရိတ်သတ် 40,000 ထိဆန့်မှာလည်း ဖြစ်ပါတယ်။ အရှေ့အလည်ပိုင်းက အာရပ် အမျိုးသားတွေ ဆောင်းလေ့ရှိတဲ့ ရိုးရားဉီးထုတ်ပုံစံ တည််ဆောက်ထားတာဖြစ်ပါတယ်။၏
Fun fact- ကာတာရဲ့ အပူချိန်ဟာ အလွန်မြင့်တာကြောင့် ကစားသမားတွေနဲ့ ပရိတ်သတ်တွေကို 18-24'C ကြားမှာ သက်တောင့်သက်သာရှိနေအောင်လို့ ကွင်းအတွင်း လေအေးပေးစက်တွေထားသွားမှာလဲဖြစ်ပါတယ်။




good.
ReplyDeleteGood
ReplyDelete