သိထားသင့်သည့် First Aid များ(Part 9)

 

Recovery position

Recovery position ဆိုသည်မှာ (လိုအပ်တဲ့ ရှေးဦးပြုစုနည်းများ ဖြင့် ပြုစုပြီးနောက်) အသက်ပုံမှန်ရှူနေပြီး သတိလစ်နေတဲ့ လူနာကို ဆရာ၀န်၊ ဆေးရုံကား မလာခင် ထိုသူရဲ့ အသက်ရှူလမ်းကြောင်း ပွင့်နေရန်နဲ့ ပါးစပ်ထဲတွင် အန်ဖတ် (သို့) တခြား အရည် များ ပိတ်ဆို့မနေရန် ထားပေးရမဲ့ အနေအထားဖြစ်ပါတယ်။ ဤ video တွင်ကြည့်နိုင်ပါတယ်။

[embed]https://youtu.be/wISDu07PDCY[/embed]


(အောက်ပါစာသည် video ထဲမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။)

လူနာကို လှဲလိုက်ပြီး ခြေထောက်နှစ်ဖက်လုံးကို စုထားလိုက်ပါ။

ဘေးတစ်ဖက်တွင် ဒူးထောက်လိုက်ပြီး မိမိနဲ့နီးရာဘက်တွင်ရှိသော လူနာ၏ လက်မောင်းကို ခန္ဓာကိုယ်နှင့် ထောင့်မှန်အနေအထား ထားလိုက်ပါ။ လက်က ဦးခေါင်းရှိရာ အပေါ်ဘက် သို့ ဦးတည်နေရမည်။

ကျန်လက်တစ်ဖက်ကို ယူပြီး လက်ဖမိုးကို မိမိဘက်ခြမ်းက နားပေါ်တင်ကာ ထိုအနေအထားကို ကိုင်ထားလျက် နောက်လက်တစ်ဖက်ဖြင့် မိမိနဲ့ဝေးရာဘက်တွင်ရှိသော လူနာရဲ့ ခြေထောက်ကို ဒူးကွေးစေပြီး ထိုနေရာ မှ လူနာကို မိမိဘက်ခြမ်းသို့ လှိမ့်လိုက်ပါ။

မိမိလက်ကို ပြန်ဖယ်ရာတွင် လူနာရဲ့ ခေါင်းကို နေရာ မရွေ့အောင် သတိထားပါ။ လှိမ့်တုန်းက အသုံးပြုခဲ့တဲ့ ခြေထောက်ကို ထောင့်မှန်ပုံထားပေးပါ။

ဦးခေါင်းကို သိပ်မလှုပ်စေဘဲ ပါးစပ်ဖွင့်ပေးလိုက်ပါ။ တစ်ခုခုနဲ့ ခန္ဓာကိုယ်ကို ကာပေးထားပြီး လူနာအခြေအနေကို စောင့်ကြည်နေပေးပါ။

လူနာက ၀မ်းဗိုက်ပေါ်လှဲနေပြီး အသက်ပုံမှန်ရှူနေလျှင် ထိုအနေအထားအတိုင်းထားနိုင်ပြီး ဦးခေါင်းကို တစ်ဖက်လှည့်ပေးရန်သာလိုသည်။

၀မ်းဗိုက်ကလီစာ များ အပြင်ထွက်နေလျှင် ဘယ်လိုလုပ်ပေးရမလဲ?

အရိုက်ခံရလို့ ချော်လဲလို့ ပြေးရင်းလွှားရင်း အရိုးကျိုးခဲ့ရင် ဘယ်လိုလုပ်မလဲ?

လူနာရဲ့အသက်ရှူလမ်းကြောင်းပွင့်အောင် ဘယ်လိုလုပ်ဆောင်ပေးရမလဲ?

အသက်ရှုနှုန်းတိုင်းခြင်းနှင့် သွေးခုန်နှုန်းတိုင်းခြင်း

(zawgyi font)

Recovery position

Recovery position ဆိုသည္မွာ (လိုအပ္တဲ့ ေရွးဦးျပဳစုနည္းမ်ား ျဖင့္ ျပဳစုၿပီးေနာက္) အသက္ပုံမွန္ရႉေနၿပီး သတိလစ္ေနတဲ့ လူနာကို ဆရာ၀န္၊ ေဆး႐ုံကား မလာခင္ ထိုသူရဲ့ အသက္ရႉလမ္းေၾကာင္း ပြင့္ေနရန္နဲ႔ ပါးစပ္ထဲတြင္ အန္ဖတ္ (သို႔) တျခား အရည္ မ်ား ပိတ္ဆို႔မေနရန္ ထားေပးရမဲ့ အေနအထားျဖစ္ပါတယ္။ ဤ video တြင္ၾကည့္နိုင္ပါတယ္။

[embed]https://youtu.be/wISDu07PDCY[/embed]

(ေအာက္ပါစာသည္ video ထဲမွ ေကာက္ႏႈတ္ထားျခင္းျဖစ္သည္။)

လူနာကို လွဲလိုက္ၿပီး ေျခေထာက္ႏွစ္ဖက္လုံးကို စုထားလိုက္ပါ။

ေဘးတစ္ဖက္တြင္ ဒူးေထာက္လိုက္ၿပီး မိမိနဲ႔နီးရာဘက္တြင္ရွိေသာ လူနာ၏ လက္ေမာင္းကို ခႏၶာကိုယ္ႏွင့္ ေထာင့္မွန္အေနအထား ထားလိုက္ပါ။ လက္က ဦးေခါင္းရွိရာ အေပၚဘက္ သို႔ ဦးတည္ေနရမည္။

က်န္လက္တစ္ဖက္ကို ယူၿပီး လက္ဖမိုးကို မိမိဘက္ျခမ္းက နားေပၚတင္ကာ ထိုအေနအထားကို ကိုင္ထားလ်က္ ေနာက္လက္တစ္ဖက္ျဖင့္ မိမိနဲ႔ေဝးရာဘက္တြင္ရွိေသာ လူနာရဲ့ ေျခေထာက္ကို ဒူးေကြးေစၿပီး ထိုေနရာ မွ လူနာကို မိမိဘက္ျခမ္းသို႔ လွိမ့္လိုက္ပါ။

 

မိမိလက္ကို ျပန္ဖယ္ရာတြင္ လူနာရဲ့ ေခါင္းကို ေနရာ မေရြ႕ေအာင္ သတိထားပါ။ လွိမ့္တုန္းက အသုံးျပဳခဲ့တဲ့ ေျခေထာက္ကို ေထာင့္မွန္ပုံထားေပးပါ။

ဦးေခါင္းကို သိပ္မလႈပ္ေစဘဲ ပါးစပ္ဖြင့္ေပးလိုက္ပါ။ တစ္ခုခုနဲ႔ ခႏၶာကိုယ္ကို ကာေပးထားၿပီး လူနာအေျခအေနကို ေစာင့္ၾကည္ေနေပးပါ။

လူနာက ၀မ္းဗိုက္ေပၚလွဲေနၿပီး အသက္ပုံမွန္ရႉေနလၽွင္ ထိုအေနအထားအတိုင္းထားနိုင္ၿပီး ဦးေခါင္းကို တစ္ဖက္လွည့္ေပးရန္သာလိုသည္။

၀မ္းဗိုက္ကလီစာ မ်ား အျပင္ထြက္ေနလၽွင္ ဘယ္လိုလုပ္ေပးရမလဲ?

အရိုက္ခံရလို႔ ေခ်ာ္လဲလို႔ ေျပးရင္းလႊားရင္း အရိုးက်ိဳးခဲ့ရင္ ဘယ္လိုလုပ္မလဲ?

လူနာရဲ့အသက္ရႉလမ္းေၾကာင္းပြင့္ေအာင္ ဘယ္လိုလုပ္ေဆာင္ေပးရမလဲ?

အသက္ရႈႏႈန္းတိုင္းျခင္းႏွင့္ ေသြးခုန္ႏႈန္းတိုင္းျခင္း

 

Comments