စောင့်ဆိုင်းရခြင်းနှင့်ပတ်သက်သောအကြောင်းအရာတစ်ချို့
ကျနော်တို့တစ်ခါတစ်လေကျရင် စောင့်နေရတာဟာ ဘာလို့အရမ်းကြာနေရတာလဲ။ တစ်ခါတစ်လေကျလို့ရှိရင်လည်း ဘာလို့အချိန်ဟာမကုန်ချင်သေးဘဲနဲ့ ကုန်သွားရတာလဲ။ဘယ်လိုအခြေအနေနဲ့ ဘယ်အချိန်တွေမှာ ဖြစ်တတ်လဲဆိုတာအနည်းငယ် ပြောပြသွားပေးမှာဖြစ်ပါတယ်။
လူတိုင်းကတော့ စောင့်ဆိုင်းရတဲ့အလုပ်ကို မကောင်းဘူးလို့ မြင်ကြပါတယ်။စောင့်ရမယ့် စောင့်သင့်တဲ့အချိန်ထက်ပိုကြာမယ်ဆိုရင် စိတ်ရှုပ်လာတာ ဒေါသထွက်လာတာတွေပါဖြစ်တတ်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေကုန်ဆုံးနေတယ်လို့ ခံစားလာရမယ်။ ဒီတင်မကတစ်ဖက်လူကကိုယ့်အချိန်ကိုတန်ဖိုးမထားဘူးလို့ပါထင်လာပါလိမ့်မယ်။တကယ်တမ်းမှာကြာချိန်က အတူတူဖြစ်ပေမယ့် ပိုကြာတယ်ခံစားနေရတတ်ပါတယ်။အဲတာတွေကဘာဖြစ်လို့လဲဆိုတော့
၁) တစ်ခုခုလုပ်စရာရှိနေတဲ့အချိန်နဲ့ ဘာမှမလုပ်ဘဲစောင့်နေရတဲ့အခါမှာ ဘာမှမလုပ်ဘဲစောင့်နေရရင်ပိုကြာတယ်လို့ ခံစားရတတ်ပါတယ်။
ဒါကြောင့်လည်း စောင့်ရတတ်တဲ့နေရာတွေမှာဆိုရင် လုပ်စရာတစ်ခုခု ဖတ်စရာတစ်ခုခု ပေးထားတတ်တာပဲဖြစ်ပါတယ်။ ဥပမာ သွားဆေးခန်းတို့ ဘူတာရုံတို့လို စောင့်ရကြာတဲ့နေရာတွေမှာဆို ဂျာနယ် မဂ္ဂဇင်းတို့လို ဖတ်စရာတွေ ဖျော်ဖြေပေးဖို့တီဗွီတွေထားရှိတတ်တာပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ဘယ်သူမှဒီတိုင်းစောင့်မနေကြတော့ပါဘူး။မိုဘိုင်း ဖုန်းတွေသုံးနေကြတာတော့နေရာအနှံ့တွေ့ရမှာပါ။ဒါ့အပြင် ဆေးရုံဆေးခန်းတွေမှာဆိုလည်း formတွေဖြည့်ခိုင်းထားတာတို့ medical practiceအရင်လုပ်ခိုင်းထားတာတို့ဟာ ဒီလိုသဘောမျိုးပါပဲ။

၂) စိုးရိမ်သောကစိတ်ရှိနေတဲ့အချိန်ဟာ ပုံမှန်အချိန်တွေထက်ပိုကြာတယ်ခံစားရတတ်ပါတယ်။
စိုးရိမ်စိတ်တွေက ကျနော်တို့ကို အချိန်သွားနေတာပိုကြာတယ်... စောင့်ရတာပိုကြာတယ်လို့ ခံစားရစေပါတယ်။ဒါကိုလျော့ချစေဖို့အတွက် တစ်ချို့နေရာတွေမှာ relaxဖြစ်စေတဲ့ furnitureတွေ ၊စိတ်ငြိမ်စေတဲ့အရောင်တွေ(ဖျော့တဲ့ အပြာ၊အစိမ်း၊ ပန်းရောင်တွေသုံးထားတာတွေ့ရတတ်ပါတယ်။) ၊
Soothing musicတွေ ကိုတစ်ချို့နေရာတွေမှာ တွေ့ရနိုင်ပါတယ်။
၃) မသေချာတဲ့အရာကိုစောင့်နေရတာဟာ သေချာတဲ့အရာကိုစောင့်နေရတာထက်ပိုကြာတယ်လို့ခံစားရတတ်စေပါတယ်၊
ဘယ်အချိန်လောက်စောင့်ရမယ် ဘယ်တော့မှကိုယ့်အလှည့်ကျမလဲမသိဘဲစောင့်နေရတာမျိုးလူတိုင်းကြုံဖူးကြမှာပါ။ ဒီလိုအချိန်တွေမှာဆို ပုံမှန်ထက်ပိုကြာတယ်ခံစားရပါတယ်။ ဒါကြောင့်လည်း ဒီတိုင်းစောင့်ခိုင်းထားမယ့်အစား တိုကင်တွေပေးထားတာမျိုး လုပ်ထားတာတွေ့ရမှာပါ။ ကိုယ့်အလှည့်ကျဖို့ ဘယ်လောက်လိုသေးလဲ သိရတော့ အဆင်ပြေပါတယ်။ ကျနော်တို့ file တွေ download လုပ်တဲ့အခါမှာလည်းဘယ်လောက် completed ဖြစ်သွားပြီလဲ ဘယ်လောက်ကျန်သေးလဲသိရသလိုမျိုးပေါ့။ Crush ဆီက reply စောင့်နေရတာလိုမျိုးပေါ့။
၄) သေချာရှင်းပြထားပြီးစောင့်ရတာမျိုးက သေချာမရှင်းပြထားဘဲစောင့်ရတာမျိုးထက် ပိုအဆင်ပြေပါတယ်။
စောင့်ရတဲ့သူတွေက ဘယ်လောက်စောင့်ရမှန်းမသိ ဘာကြောင့်စောင့်နေရမှန်းမသိဖြစ်ရရင် ပိုစိတ်ဆိုးနိုင်ပါတယ်။
ဒါကြောင့် airplane delayတွေမှာဆိုရင် ဘယ်လောက်ကြာသွားနိုင်ပါကြောင်း ဘာကြောင့်ကြာနေရပါကြောင်းကြေညာပေးလေ့ရှိတာတွေ့ရမှာပါ။
၅) မျှမျှတတစောင့်ရတဲ့အခါမှာအဆင်ပြေပေမယ့် တခြားလူကိုဦးစားပေးသလိုဖြစ်တဲ့အခါမှာ ပိုဒေါသထွက်တတ်ပါတယ်။
စားသောက်ဆိုင်တွေမှာ ကိုယ့်နောက်ကလူကိုအရင်ချပေးတာမျိုး တန်းစီနေရတဲ့processတွေမှာ ပိုင်ရာဆိုင်ရာနဲ့ကျော်သွားတာမျိုးတွေဟာ ပိုကြာတယ်ခံစားရစေရုံမက ဒေါသပါ အကြီးအကျယ်ထွက်စေနိုင်ပါတယ်။ ဒါကြောင့် တာဝန်ခံတွေက ညီညီမျှမျှဖြစ်အောင် အထူးသတိပြုကြရမှာပါ။
၆) တစ်ယောက်တည်းစောင့်နေရတာထက် အဖွဲ့လိုက်စောင့်ရတဲ့အခါအချိန်ကုန်တာပိုမြန်တတ်ပါတယ်။
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တခြားသူတွေနဲ့ စကားပြောပြီး စောင့်နေရတာဟာ အချိန်ကုန်တာပိုမြန်တယ်လို့ခံစားရစေပါတယ်။ ငါတစ်ယောက်တည်းစောင့်နေရတာမဟုတ်ဘူး ဆိုတဲ့ခံစားချက်က အတော်လေး စိတ်သက်သာရာရစေပါတယ်။ ဒါကြောင့်လည်းတစ်ခါတစ်လေမှာ စောင့်ရတဲ့သူတွေကိုအဖွဲ့လိုက်လေး စကားပြောလို့ရအောင်ပြင်ဆင်ပေးထားတတ်ပါတယ်။
၇) အလုပ်တစ်ခုကို ပထမဆုံးလုပ်ရတဲ့အခါမှာ အချိန်ကိုအကြာကြီးလိုခံစားရတတ်ပါတယ်။
ကျနော်တို့ ပန်းခြံတစ်ခုကို လမ်းလျှောက်ထွက်တဲ့အခါမှာ သွားတုန်းကကြာပြီး ပြန်ရင် မြန်နေတယ်လို့ခံစားရတာမျိုး ခရီးသွားရင်အသွားကြာပြီး အပြန်မြန်တယ်ဆိုတဲ့ခံစားချက်တွေဟာ လူတိုင်းနဲ့မကင်းပါဘူး။ဒါပေမယ့် အကွာအဝေးဟာအတူတူပဲဖြစ်ပြီး အသွားအပြန်အချိန်တွေမှတ်ထားတတ်မယ်ဆိုရင် ခံစားမိတာမှားနေတယ်ဆိုတာကိုသိရမှာပဲဖြစ်ပါတယ်။
အချိန်ဟာ ပုံမှန်အတိုင်းပဲရွေ့လျားနေတာပဲဖြစ်ပါတယ်။ ကျနော်တို့က ဒါကို စောင့်ဆိုင်းအမြဲစောင့်ကြည့်နေပြီး အမြန်ကုန်စေချင်နေတာဆိုရင် အချိန်သွားတာကနှေးနေတယ်လို့ခံစားရမှာပါ။ ဥပမာ ဆေးရုံတက်ရတဲ့နေ့ရက်တွေမှာဆို ကျနော်တို့ဟာ အများအားဖြင့် မျက်နှာကျက်ကိုကြည့်လိုက် နံရံကိုကြည့်လိုက် နာရီကိုကြည့်လိုက်နဲ့ ပျင်းစရာကောင်းပြီး မိမိရဲ့ဦးနှောက်ကို လှုံ့ဆော်မှုသိပ်မရှိတဲ့ အခိုက်အတန့်တွေမှာ အချိန်ကုန်တာဟာ နှေးနေတတ်ပါတယ်။ ဦးနှောက်က ပျော်ရွှင်နေတဲ့အချိန်တွေမှာneutransmitter dopamineတွေပိုactiveဖြစ်တတ်ပါတယ်။ အဲတာက နဂိုထက်အချိန်ကုန်နေတာကို နှေးတယ်လို့ခံစားရစေပါတယ်။ ဒီအရာအပေါ်မှာအာရုံစိုက်တာများသွားရင် အချိန်ကို လုံးဝအာရုံမစိုက်မိရင်လည်း ဒီလိုဖြစ်တတ်ပါတယ်။ ပုံမှန်အချိန်တွေမှာတော့ dopamineတွေဟာ ပိုနည်းနည်းသာထွက်လေ့ရှိတာကြောင့် အခုလိုမခံစားရတာမျိုးဖြစ်ပါတယ်။ သင်ဟာအချိန်သွားတာကိုမြန်စေချင်နေတဲ့အချိန်မှာတော့ ဒေါသထွက်စရာကောင်းလောက်အောင်နှေးနေမှာပဲဖြစ်ပါတယ်။

Comments
Post a Comment