Goli and Miya (အခန်း ၃)
အခန်း ၁ ဖတ်ရန်- https://bit.ly/3k4mEpU
အခန်း ၂ ဖတ်ရန်- https://bit.ly/3meK1jo
အခန်း(၃)
"ဖေဖေ ကျွန်တော့်ကိုစောင့်ဦးလေ။"
ရှေ့မှ အမြဲမြန်ဆန်စွာ သွားလေ့ရှိသည့် သူ၏ဖခင်၏အမြန်နှုန်းကိုမှီရန်မှု ဂိုလီက အရမ်းငယ်သေးသောကြောင့် မလွယ်ချေ။ထိုကဲ့သို့နောက်ကျကျန်ခဲ့ပြီး မလိုက်နိုင်တော့သောအခါများတွင် ဂိုလီ့ကို မိခင်ဖြစ်သူက ချီပိုးပြီး ခေါ်လာရလေ့ရှိ၏။
"မြန်မြန်လာ...သားနဲ့ မိန်းမနဲ့ ဒီမှာ စနေကြပြီကွ။"
ဖခင်လက်ညှိုးထိုးရာကိုကြည့်လိုက်သောအခါ လမင်းကြီးက ကမ္ဘာနှင့် အနီးကပ်ဆုံးအချိန်ကိုရောက်နေသောကြောင့် ဒီရေတက်နေသော အချိန်ဖြစ်လေသည်။ထိုကဲ့သို့ဒီရေတက်နေချိန်များတွင် ဂိုလီလေးသည် လမင်းကြီးကို အနီးကပ်ဆုံးမြင်ရသောကြောင့် အံ့ဩစွာဖြင့် ကြည့်ခဲ့ရသည်ကို အလွန်သဘောကျပေသည်။ထို့အပြင် ဒီရေတက်ချိန်တိုင်းတွင် မြင်ရသော လမင်းကြီး၏ သဘာဝအလှကို ချီးမွှန်းသီကျုးသည့် တေးသီချင်းတစ်ပုဒ်ကို ဂိုလီ၏ဖခင်မှာ တယောဖြင့် တီးခတ်ဖျော်ဖြေလေ့ရှိသည်။ဖခင်၏တီးခတ်ဖျော်ဖြေခြင်းကို ကြည့်ခဲ့ရသည့် ထိုအချိန်များမှာ ဂိုလီ၏ ပျော်စရာကောင်းသော အမှတ်တရများဖြစ်သည်။
"ဖေဖေ။ငါးကြီးကပြောတယ်။ဖေဖေတို့ ကျွန်တော်တို့က မြင့်မြတ်တဲ့ မသေမျိုးတဲ့။ဒါဆို သားတို့က မသေတဲ့သူတွေလား။"
ထိုမေးခွန်းမှာ တစ်ချိန်က ဂိုလီက သူ၏ဖခင်ကို မေးခဲ့ဖူးသော မေးခွန်းလေးဖြစ်၏။ထိုကဲ့သို့မေးသောအခါများတွင် ဖခင်ဖြစ်သူက ပြုံးလျက်
"သား။အဖေပြောပြမယ်။ဒီအတိုင်းအဆမဲ့ စကြာဝဠာကြီးမှာ မရေမတွက်နိုင်တဲ့ သက်ရှိတွေရှိကြတယ်။အဲ့ဒီသက်ရှိတွေထဲမှာ မသေတဲ့သူတွေဆိုတာမရှိဘူးသားရဲ့။"
ဤသို့ပြောရင်း ဖခင်ဖြစ်သူကဂိုလီ၏ လက်ကိုကိုင်လိုက်ကာ
"သား ဒီလူတွေသေတဲ့အခါလုပ်တဲ့ အသုဘအခမ်းအနားတွေကို မြင်ဖူးတယ်မလား။"
ဂိုလီက
"ဟုတ်။မြင်ဖူးတယ် ဖေဖေ။အနားမှာရှိတဲ့ သူတွေက သေသွားတဲ့သူကို တမ်းတရင်းငိုနေကြတယ်..အဲ့ အခမ်းအနားမှာလေ။"
ဖခင်က ခေါင်းငြိမ့်ကာ
"ဟုတ်တယ်သား။ဒီ စကြာဝဠာကြီးမှာရှိကြတဲ့ သက်ရှိတွေက သေတတ်ကြတော့ သေသွားတဲ့အခါမှာ သူတို့ကို ချစ်ခင်ရင်းနှီးကြသူတွေက သူတို့သေဆုံးမှုအတွက် အလွန် ဝမ်းနည်းပူဆွေးကြရတယ်သား။ဒါ ဒီစကြာဝဠာကြီးမှာ နေကြသူတွေရဲ့ ရှောင်လို့မရတဲ့ အမှန်တရားတစ်ခုပဲ။သေခြင်းတရားပေါ့။မြန်မြန်သေတာနဲ့ အကြာကြီးနေမှသေတာပဲ ကွာခြားတယ်သား။"
ဖခင်ကဆက်လက်၍
"သားမှတ်ထားရမှာ အဖေတို့က မသေမျိုးမဟုတ်ဘူး။သက်တမ်းသိပ်ရှည်တဲ့ နတ်မျိုးနွယ်ဖြစ်တာမလို့ ကိုယ့်ကိုယ်ကို မသေဘူးလို့ ထင်နေကြတာပဲရှိတာ။သားလည်းတစ်နေ့ ဒါကိုကြုံရမှာပဲ။အဖေတို့ နတ်တွေက မသေမျိုးလို့ အထင်ရောက်တတ်ကြတော့ သေခြင်းတရားကို ရင်မဆိုင်နိုင်ကြဘူးသား။"
"ဒါပေမယ့် မှတ်ထားပါ။ဘယ်သူပဲဖြစ်ဖြစ်၊ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့တော့သေမှာပဲဖြစ်တာမလို့ သေမယ့်အချိန်အတွက် အားလုံးပြင်ဆင်ထားရမယ်နော်။"
ဤစကားများမှာ ဂိုလီအတွက် သူ၏ဖခင်မှ နောက်ဆုံးမှာကြားသွားသော ဆုံးမစကားများဖြစ်ပေသည်။
"ကလေးနဲ့ မိန်းမကို လွှတ်ပေးလိုက်ပါဗျာ။ကျွန်တော့်သာ ဖမ်းသွားကြပါ။"
ရဲမက်များ(နတ်စစ်သည်တော်များဟုလည်း အခေါ်ရှိသည်။)ဝိုင်းထားခြင်း ခံနေရသော မိဘနှစ်ပါး၏မြင်ကွင်းမှာဂိုလီအတွက် အားကိုးရာမဲ့သွားခြင်းဟူသော ခံစားချက်ကို ပထမဆုံးခံစားဖူးသွားစေသော အရာပင်ဖြစ်လေသည်။"
"ဟီးဟီးဟီး...ဟီးဟီးဟီ...ဟီး....ဟီးဟီး..ဟားဟားဟားဟား..အား...ဟားဟားဟားဟား။တကယ်ကို ကျေနပ်စရာ မြင်ကွင်းပဲကွ။ဟားဟားဟားဟား...။နောက်ဆုံးတော့ နှစ်ပေါင်းများစွာ အလိုရှိလာတဲ့ နတ်ဆိုးကြီးကို မိပြီပေါ့။ဟားဟားဟားဟား...။"
စေတန်ဘုရင်၏ ထိုနေ့က အရုးသဖွယ် မိစ္ဆာသဖွယ်ရယ်မောသံများမှာ ဂိုလီ၏နားထဲတွင် စွဲနေဆဲပင်ရှိသေးသည်၊
"ကျွန်တော့်ကိုပဲဖမ်းပါဗျာ။ကလေးနဲ့ မိန်းမကတော့ သာမန်နတ်တွေပဲကို။နတ်ဆိုးက ကျွန်တော်တစ်ယောက်ထဲပါဗျာ။"
နတ်ဆိုး...။အဖေက နတ်ဆိုးလား။မဖြစ်နိုင်တာ အဖေက ဘယ်သူ့ကိုမှတိုက်ခိုက်သတ်ဖြတ်ဖူးတာမှမဟုတ်တာ။ဂိုလီ့စိတ်ထဲ ဝေခွဲမရ။
"အဖေက နတ်ဆိုးမဟုတ်ပါဘူး။သူဘာမှမလုပ်ဖူးပါဘူး။"
ဂိုလီတစ်ယောက် မျက်ရည်ရွဲလဲဖြင့် စေတန်ဘုရင်အား အသနားခံနေရှာခဲ့လေသည်။
စေတန်ဘုရင်က
"ဟီးဟီးဟီးဟီး...ကောင်လေးကောင်လေး။သနားစရာ နတ်သူငယ်လေးပါလားကွ။မင်းက ကိုယ့်သားကိုယ် ဘာနတ်မျိုးရိုးလည်းဆိုတာတောင် ပြောမထားဘူးလားကွ။ဟမ်။"
ဂိုလီဘာကိုမှ နားမလည်တော့ အဖေ့ကိုကြည့်လိုက်သည် အဖေက ခေါင်းငိုက်စိုက်ချလျက်သာရှိနေခဲ့သည်။
စေတန်ဘုရင်က
"အေး။မင်းမသိရင် ငါပြောပြမယ်။မင်းရဲ့ အဖိုးက ငါတို့ရဲ့ကြီးမြတ်လှစွာသော အရှင်နေမင်းကြီးကို တော်လှန်ပုန်ကန်ခဲ့တဲ့ နတ်ဆိုးဘုရင်ကြီးပဲ။ဒါပေမယ့် အရှင်နေမင်းရဲ့ တန်ခိုးကို မင်းအဖိုးက ဘယ်ပြိုင်နိုင်မလဲကွ၊နောက်ဆုံးတော့ မင်းအဖိုးက ငါရဲ့စေတန်ဂြိုလ်မှာ သေမိန့်ချပြီးသတ်ခံလိုက်ရတယ်လေ။သူ့ရဲ့ သားစဉ်မြေးဆက်အားလုံးက နတ်ဆိုးအနွယ်ဝင်အဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းခံရမယ်လို့ အမိန့်ချခဲ့တယ်။အခုဒါကြောင့် မင်းတို့အားလုံးကို ငါဒီမှာတင် သတ်ပြီးအဆုံးသတ်လိုက်တော့မယ်ကွ။ဟီးဟီးဟီးဟီး...ဟီး...ဟီးဟီးဟားဟားဟားဟား...အား...ဟားဟားဟားဟား...။အရသာရှိလိုက်တာကွ အရသာရှိလိုက်တာ။"
ဂိုလီတစ်ယောက် ဘာမှနားမလည်နိုင်ပဲ ကြောင်လျက်သာ မျက်ပြူးဆန်ပြူးဖြင့် ကြည့်နေမိခဲ့လေတော့သည်။၎င်းရှေ့တင်ပင် ဖခင်ကော၊မိခင်ပါ အသတ်ခံလိုက်ရသည်။ဪ သူလည်း သေတော့မည့်အဖြစ်ကိုး။
အဖေနှင့် အမေတို့မှာ သွေးသံသရဲရဲဖြင့် သေဆုံးသွားကြပြီ ယခုသူ့ကို သတ်ဖြတ်ဖို့လာနေကြပြီ။ဂိုလီကြောက်ကြောက်ဖြင့် နောက်ဆုတ်ပြေးမည်ပြုသည် သို့သော် မရတော့ပေ။နတ်စစ်သည်တော်များမှာ ဝိုင်းထားလျက်ပင်
အရာအားလုံးတစ်ပြိုင်ထဲဖြစ်သွားသည့် ထိုတစ်စက္ကန့် ဂိုလီ့ဘဝ အဆုံးသတ်ပြီလို့ထင်ခဲ့သည့် ထိုတစ်စက္ကန့် အဖေပြောခဲ့သည့် နောက်ဆုံးစကားကိုသာ ကြားယောင်မိနေခဲ့တော့သည်။
"ဘယ်သူပဲဖြစ်ဖြစ်၊ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့တော့သေမှာပဲဖြစ်တာမလို့ သေမယ့်အချိန်အတွက် အားလုံးပြင်ဆင်ထားရမယ်နော်။"
"ရပ်လိုက်ကြစမ်း။"
ဩဇာညောင်းလှပြီး လေးနက်တည်ကြည်လှသည့် ထိုအသံသည် မြစ်စောင့်နတ်သားလေးဂိုလီ တစ်နည်းအားဖြင့် နတ်ဆိုးတစ်ပိုင်း နတ်ကောင်းတစ်ပိုင်းတစ်ယောက်၏ဘဝကို ထာဝစဉ်ပြောင်းလဲသွားစေတော့သည်၊။
“သင်တို့တွေ ကျွန်ုပ်ပိုင်တဲ့ဂြိုလ်ပေါ်လာပြီး သတ်ဖြတ်မှုတွေ လုပ်နေတာ အတင့်ရဲလှပါလား။”
ဂိုလီက ထိုအသံပိုင်ရှင်ကို ကြည့်လိုက်သောအခါ သူ၏မျှော်လင့်ချက်မဲ့နေသော ခံစားချက်များလွှင့်စင်သွားသည့်နှယ် အားကိုးတကြီး ကြည့်နေမိလေတော့သည်။
နတ်သမီးတစ်ပါးဟူသည့်တိုင် အင်မတန်ကျက်သရေရှိ၍ တည်ကြည်လေးနက်ခြင်းတို့ဖြင့် ပြည့်နှက်နေသော ကမ္ဘာဂြိုလ်ကို ပိုင်စားသော နတ်သမီးကြီးဖြစ်လေသည်။
စေတန်ဘုရင်က
“အရှင်မ...အကျွန်ုပ်သည် အရှင်နေမင်း၏အမိန့်နှင့်အညီ နတ်ဆိုးမျိုးနွယ်များကို လက်ရဖမ်းပြီး တွေ့သောနေရာဒေသတွင် ဆိုင်းငံ့ခြင်းအလျှင်းမရှိပဲ သေဒဏ်ပေးခြင်းဖြစ်ပါသည်။ထိုအမိန့်အရ ပူးပေါင်းဆောင်ရွက်ပေးပါ အရှင်မ။”
ယဉ်ကျေးပျုငှာဟန်ဖြင့် ဦးညွှတ်ကာ ပြောနေသောလည်း မျက်နှာပေါ်မှ ကောက်ကျစ်စဉ်းလဲမှုမှာ အထင်းသားကြီး မြင်နေရသည်သာပင်။
“အရှင်နေမင်းက...ဟုတ်လား။ကောင်းပြီလေ။အသင် ဤနေရာတွင် ကျုးလွန်ခဲ့သော ယခုလုပ်ရပ်အတွက် အရှင်နေမင်းထံတွင် လျှောက်တင်ကာ အဆုံးအဖြတ်ကိုခံယူကြမည်ဆိုပါက သင်လုပ်ဝံ့ပါသလော စေတန်ဘုရင်။”
တည်ကြည်သော နတ်သမီးကြီး၏စကားကြောင့် စေတန်ဘုရင်သည် တုန်လှုပ်မည်မှာ အသေချာပင်။သို့သော် စေတန်ဘုရင်က သူ၏မျက်နှာထားကို မိစ္ဆာအသွင်မျိုးဖြင့် မပြောင်းလဲပဲ ဆက်လက်ထားရှိကာ
“အကျွန်ုပ်တို့၏ အမှုတော်ထမ်းရွက်ခြင်းကို တားဝံ့သူ မည်သူမဆို ရှင်းလင်းပစ်ခွင့်ရှိသည်ဟု အရှင်နေမင်းက ပြင်းထန်စွာ ရာဇသံပေးထားပြီးသားပါ အရှင်မ။ခေါင်းရှောင်နေခြင်းသာ အရှင်မအတွက် သင့်တော်ကြောင်း အကြံပြုချင်ပါသည် အရှင်မ။”
သို့သော် နတ်သမီးကြီးမှာမူ ဂိုလီ၏ရှေ့တွင်ရပ်ကာ
“စေတန်ဘုရင်။အသင်သည် လိမ်ညာခြင်း၌ တစ်ဖက်ကမ်းခပ်သူ တစ်ယောက်ဖြစ်သည်ကို ဤစကြာဝဠာတွင် မသိသူမရှိပါ။သို့ဖြစ်၍ အသင့်စကားအား ယုံကြည်ရန် အကျွန်ုပ်၌ အကြောင်းအရင်းမရှိချေ။ကျွန်ုပ်ကို တိုက်မည်ဆိုပါက ချက်ခြင်းပင် တိုက်ပေရော့။သို့သော် ဤနတ်သူငယ်လေးကိုမူ ထိပါးရန် သင်စိုးစဉ်မှ မကြံစည်လေနဲ့။
ဤတွင် စေတန်ဘုရင်က
“အရှင်မ ကျွန်ုပ်ပိုင်ရာ ဂြိုလ်သည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်လေသောကြောင့် အကျွန်ုပ်၏စွမ်းအားသည်လည်း မည်မျှ ကြောက်မက်ဖွယ် ကောင်းနေမည် ဆိုသည်ကို အရှင်မ မသိလေရော့လား။ကောင်းပြီ။ကျွန်တော်မျိုးဘက်ကလည်း နောက်မဆုတ်နိုင်ပေဘူး။”
ထိုသို့ပြောင်းပြီးနောက် အရောင်အဝါတောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ရှိသည့် ကျောက်သားထူကြီးများကို နတ်သမီးကြီး၏ခြေအောက် မြေကြီးမှ ထိုးထွက်လာအောင် ဆွဲထုတ်လိုက်သည်။ အလွန်သွက်ပါလေသည့် နတ်သမီးကြီးကလည်းပဲ အမြင့်သို့ ခုန်လိုက်ကာ လေဓါတ်ကို စွမ်းအဖြစ် ဖမ်းဆုပ်ကာ လေဆင်နှာမောင်းအဖြစ် စေတန်ဘုရင်ထံ ပစ်လွှတ်လိုက်လေသည်။
စေတန်ဘုရင်က မရှောင်ပဲ ဤမျှ လေရှိန်မှာ ၎င်းနေရာ စနေဂြိုလ်ရာသီဥတုနှင့် ယှဉ်လျှင် မပြောပလောက်သည့် ဟန်ကို ပေါ်အောင်ပြလေသည်။ထို့နောက် ကျောက်သားများ၏ထိပ်ကို ချွန်ထက်နေအောင် စီရင်လိုက်ကာ အများအပြားပစ်လွှတ်လိုက်လေသည်။
နတ်သမီးကြီးက မုန်တိုင်းကြီးကို ဖန်ဆင်းကာ လေအရှိန်ဖြင့် ထိုတက်လာသော ကျောက်ချွန်များကို အရှိန်နည်းအောင် တားထားလိုက်ပြီး မိုးကြိုးသွားကို ကိုင်စွဲချလိုက်ပြီး စေတန်ထံသို့ တည့်တည့်ပြေးကာ အနီးကပ်တွင် ထိုးခွင်းချလိုက်ရာ”ဒိုင်း”ဟုသော မိုးကြိုးပစ်သံကဲ့သို့ အသံကြီးမှာ ကမ္ဘာအနှံ့ မြည်ဟည်းကာ မြေပြင်ပင် လှုပ်ခတ်သွားပြီး ငလျင်သဖွယ်ဖြစ်သွားလေသည်။
မုန်တိုင်းကြီး ဖြစ်လာကာ မိုးလည်းသည်းသည်းထန်ထန်ရွှာလာလေသည်။စေတန်ဘုရင်လည်း ရှောင်လိုက်သော်ငြား မိုးကြိုး၏စက်ကွင်းထဲမိကာ ကိုယ်ကို ပြင်းထန်စွာထိခိုက်သွား၏။ထို့နောက် စေတန်ဘုရင်လည်း ဓါးကြီးထုတ်ကာ အခိုးအငွေ့များကြားမှပျောက်နေသော နတ်သမီးကြီးကို မှန်းဆရင်း အတင်းလိုက်ခုတ်လေသည်။
သုံးချက်မြောက်တွင် နတ်သမီးကြီးပေါ်လာကာ သူမ၏လက်ဖြင့် တောင်ပံခတ်သကဲ့သို့ တစ်ချက်ခတ်လိုက်သောအခါ အနားရှိ မြစ်ရေမှ ရေများက လှိုင်းသဖွယ် တက်လာကာ ဓါးချက်ကို တားဆီးလိုက်လေသည်။ဓါးချက်ကာ ရေကြောင့် တုန့်နှေးသွားစဉ်တွင် မီးတောက်များမှာ အနားတွင် ပတ်လည်ဝိုင်းသွား၏။ထို့နောက်မီးတောက်များကြားထဲမှ မီးငှက်နှင့် တူသော ပုံရိပ်မှာ စေတန်ဘုရင်၏ကိုယ်ထဲပြေးဝင်လေတော့သည်။
စေတန်ဘုရင့်ကိုယ်ထဲံဝင်သွားသော ထိုငှက်၏မီးတောက်များမှာ စေတန်ဘုရင်၏ကိုယ်တွင်းအင်္ဂါများကို မီးရှီု့ဖျက်ဆီးနေသည့်နှယ် ပူလောင်နာကျင်မှုများကို သည်းထန်စွာခံစားရလေတော့သည်။
နတ်သမီးကြီးက
“ဘယ်လိုလည်း စေတန်ဘုရင်ကြီး။ဤကမ္ဘာ၌ သင်စိတ်ပင်မကူးဖူးမည့် စွမ်းအင်များ၊ပုံပန်းသွင်ပြင်များ မရေမတွက်နိုင်လောက်အောင် ရှိပေသည်။ထိုမရေမတွက်နိုင်သော စွမ်းအင်များဖြင့် သင့်အား အနိုင်ယူ၍ ရနိုင်သည် ထိုအကြောင်းကို သင်မှတ်ထားပေရော့။”
စေတန်ဘုရင်က
“အိုးဟိုးဟိုးဟိုး...။အရှင်မ အထင်ကြီးဖွယ်ကောင်းလှပါသကား။သို့ပေမယ့် အရှင်မမေ့နေသည်မှာ တစ်ခုရှိလေသည်။”
ပြောရင်းမတ်တပ်ရပ်လိုက်ကာ
“အကျွန်ုပ်သည် ဤကမ္ဘာထက် အဆပေါင်းများစွာ ပူသော၊အေးသော ဂြိုလ်ပေါ်မှ ဘုရင်တစ်ပါးဖြစ်ပေသည်။”
ထို့နောက် အလွန်လျှင်လွန်းလှသော အရှိန်ဖြင့် ပြေးကပ်လာကာ အားကုန်လွှဲခုတ်လေသည်။
နတ်သမီးကြီးကမူ ဟန်ပန်ပင်မပျက်ပဲ နောက်သို့တစ်လှမ်းဆုတ်ကာ ရှောင်လိုက်ပြီးနောက် သူမ၏လက်ဝါးဖြင့် စေတန်ဘုရင်၏ နှလုံးနေရာကို တွန်းထိုးလိုက်လေသည်။
စေတန်ဘုရင်လည်း ပါးစပ်မှ သွေးများပင်အန်ထွက်လာကာ အနောက်သို့ လွှင့်စင်သွားခဲ့ပြန်လေသည်။ထို့နောက် နတ်သမီးကြီးက ဂိုလီလေးကို ပြုံး၍ကြည့်ရင်း
“ဂိုလီလေး။ဒီနတ်ဆိုးကြီးက တော်တော်နဲ့ထလာဦးမှဦမဟုတ်ဘူး။သားဖေဖေရော မေမေရောက ဒီမှာ နတ်သက်ကြွေသွားကြပြီဆိုတော့ သားအန်တီနဲ့လိုက်ခဲ့မလား။”
ဂိုလီလေးလည်း သူရှေ့တွင် မြင်ခဲ့သော မြင်ကွင်းများကြောင့် မှင်သေသေနေလေသည်။တော်တော်ကြာမှသာ
“ဟု....ဟုတ်...အရှင်မ။”
Goli and Miyaကို ဖတ်ရှူ့အားပေးရင်း လှူပေးနေကြတဲ့ သူအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်
ReplyDeleteကျွန်တော်က Goli and Miyaဝတ္ထုရေးတဲ့သူပါ
လတ်တလောမှာ အိမ်တွင်းရေးပြဿနာနဲ့ နာမကျန်းမှုဒဏ်များကြောင့် ဝတ္ထုကို ရှေ့မဆက်နိုင်သေးဖြစ်နေပါတယ်။
ဒါကြောင့်မလို့ နေပြန်ကောင်းချိန်မှာ အဆုံးထိ တစ်ဆက်ထဲAdminတွေဆီရေးသားပို့ပေးသွားမှာဖြစ်ပါတယ်
Sorry to all beloved readers
just take care of yourself!
DeleteTake care, fighting 💪🏼✌🏼
Deleteအမြန်ဆုံးအဆင်ပြေပါစေဗျာ မျှော်နေမယ်နော်
Deleteအမြန်ဆုံး နေပြန်ကောင်းပါစေ
DeleteDone
ReplyDeleteဖတ်လို့ကောင်းလို့ဆက်တိုက်ဖတ်ဖြစ်နေပါတယ် နေကောင်းအောင်လဲနေပါ သေချာအနားယူပီးမှရေးပါနော်
ReplyDeleteကျန်းမာရေး ဂရုစိုက်ပါ
ReplyDeleteFighting
good
ReplyDeleteDone
ReplyDeletegood story.
ReplyDeleteTake care bro.
ReplyDeleteအမြန်ဆုံး အဆင်ပြေပါစေ
ReplyDeleteစောင့်မျှော်လျက်ပါ
2nd.
ReplyDeleteအမြန်ဆုံးအဆင်ပြေကျန်းမာပါစေ စာရေးသူရေ
ReplyDeletegood.
ReplyDeleteWish you for speedy recovery, author. Waiting for your update. 😊
ReplyDeleteDone
ReplyDelete