Goli and Miya (အပိုင်း ၆)



 အခန်း ၁ ဖတ်ရန်- https://bit.ly/3k4mEpU
အခန်း ၂ ဖတ်ရန်- https://bit.ly/3meK1jo
အခန်း ၃ ဖတ်ရန်_ https://bit.ly/3z0lPVx
အခန်း ၄ ဖတ်ရန်- https://bit.ly/389xFRi
အခန်း ၅ ဖတ်ရန်_ https://bit.ly/3DpCYdW

(unicode)

 အခန်း(၆)


“ဒီပန်းလေးတွေကို ဘာကြောင့်ခိုမိဝာလို့ နာမည်ပေးထားလည်းသိလား။”

“ငါ့ရဲ့ အဖွားလနတ်သမီးကြီးက ဒီလပေါ်မှာ အထီးကျန်လျက်ရှိနေတုန်းက အခုဒီမှာရှိနေတဲ့ မှန်ဘီလူးကြီးကို မွေးနေ့လက်ဆောင်အဖြစ်ရလိုက်တဲ့ အချိန်မှာ သူမပျော်ရွှင်စွာပဲ အခြားဂြိုလ်ပေါ်က အရာတွေကို စိတ်ဝင်တစားနဲ့ လိုက်ကြည့်တော့တာပေါ့။

အခြားဂြိုလ်ပေါ်ထက် ကမ္ဘာဂြိုလ်ပေါ်ကို သူမအကြည့်မိဆုံးပေါ့။

ကမ္ဘာက အရမ်းလှတဲ့ ကြည့်စရာတွေ အပြည့်ရှိနေတာကိုး။ဒီလိုနဲ့ ကမ္ဘာဂြိုလ်ပေါ်ကိုကြည့်နေတုန်းမှာ အရမ်းလှတဲ့ ပန်းဥယျာဉ်တစ်ခုကို သွားတွေ့တယ်။အရမ်းလှတဲ့ ပန်းတွေအပြည့်ပွင့်နေကြတဲ့ ပန်းဥယျာဉ်ကြီးဖြစ်လေတော့ အဖွားက ကမ္ဘာကိုဆင်းပြီး ပန်းဥယျာဉ်ကြီးဆီ တစ်ခါလောက်သွားလည်ချင်စိတ်တွေပြင်းပြနေတာပေါ့။

သို့ပေမယ့် လနတ်သမီးလေးတွေတိုင်းက သူတို့ရဲ့ လပေါ်ကနေ အပြင်ထွက်ခွင့်ရဖို့အတွက် အခွင့်အရေးက တစ်ကြိမ်ထဲသာရှိတယ်။

အဲ့အခွင့်အရေးက သူတို့ လက်ထပ်တော့မှာသာ ရတာပေါ့၊နတ်တစ်ပါးပါးနဲ့ လက်ထပ်တော့မယ် ဆိုလို့ရှိရင် လက်မထပ်ခင်နေ့မှာ သူတို့သွားလိုတဲ့ နေရာတိုင်းကို အခြွေအရံ အစောင့်အကြပ်တွေနဲ့ သွားလို့ရကြတယ်။

အဖွားက လက်ထပ်ရခါနီးမှာ အဲ့ပန်းဥယျာဉ်ကို သွားလည်ဖြစ်တယ်။အခြွေအရံတွေကို ပန်းဥယျာဉ်ရဲ့ ဝင်ပေါက်မှာစောင့်နေစေပြီးသူမတစ်ယောက်ထဲ ပန်းဥယျာဉ်ကို ပတ်ကြည့်နေတော့တာပေါ့၊အဲ့လိုနဲ့တစ်နေရာရောက်တော့ ဒီမီးခိုးရောင်ရင့်ရင့် ပန်းခက်တွေပေါ်မှာ ထိပ်ကိုဖူးနေတဲ့ အဖြူရောင် ပန်းဖူးကြီးကိုတွေ့ရပါရောလား။

သူမ အဲ့ပန်းတွေကို စိတ်ဝင်တစားနဲ့ကြည့်နေတုန်းမှာ ဒီပန်းဥယျာဉ်ရဲ့ ဥယျာဉ်မှူးကြီးရောက်လာခဲ့တယ်။ဥယျာဉ်မှူးကြီးရောက်လာချိန်မှာ ဒီပန်းဖူးကြီးက အရောင်တွေ ပြောင်းလာတယ်။ပန်းရဲ့ တစ်ဝက်က အနီရောင် တစ်ဝက်က အပြာရောင်။နောက်တော့ အနီနဲ့ အပြာနဲ့ရောနှောပြီး ခရမ်းရောင် ပန်းတောက်တောက်လေးတွေဖြစ်သွားပါလေရော။ပန်းဖူးကြီးက ပွင့်လာတဲ့အခါမှာ အရမ်းလှတဲ့ ပန်းပွင့်ပုံပေါ်လာခဲ့တယ်။

အဖွားက ဒီပန်းတွေ အစောက ညို့မှိုင်းမှိုင်းနဲ့ ဖြစ်နေရာကနေ အခုဘာလို့ပြန်ပွင့်လာတာလဲတဲ့ မေးတာပေါ့၊ပန်းဥယျာဉ်မှူးကြီးက ပြန်ပြောတယ်။

“ဒီပန်းတွေက သူတို့ကိုပြုစုပျိုးထောင်သူ အချစ်စစ်နဲ့ ဆုံတွေ့ပြီဆိုတဲ့အခါမှသာ ပွင့်တတ်တဲ့ပန်းတွေဖြစ်ကြပါတယ်။”

အဖွားအရမ်း အံ့ဩသွားတယ်။သူက ပန်းဥယျာဉ်မှုးဖြစ်တဲ့ နတ်သားလေးကိုလည်း သူချစ်မိသွားခဲ့တယ်

သို့ပေမယ် အဖွားက အခြားနတ်တစ်ပါးနဲ့ လက်ထပ်တော့မှာ ဖြစ်ကြောင်းပြောပြတယ်။ပန်းဥယျာဉ်မှုးကြီးကတော့ မျက်နှာတောင် မပျက်ပဲ ပြန်ပြောခဲ့တယ်။

“ဒီပန်းတွေကို သဘောကျရင် ယူသွားပါ။”

ပြီးတဲ့နောက်မှာ နောက်လှည့်ထွက်သွားခဲ့တယ်။အဖွားက ဒီပန်းတွေရဲ့ နာမည်ကိုမေးပေမယ့် ပြန်ဖြေသံမကြားရတော့ဘူး။နောက်ရက်တွေမှာ ပန်းဥယျာဉ်မှူးကို ပန်းဥယျာဉ်မှာ သွားရှာစေခဲ့ပေမယ့် ပန်းဥယျာဉ်မှူးက လုံးဝမရောက်လာခဲ့တော့ဘူး။

နှစ်ပေါင်းရာနဲ့ချီကြာသွားတယ်။အဖွားက သူပန်းဥယျာဉ်းထဲမှာ ဒီပန်းတွေကို စိုက်ထားခဲ့တယ်။ပန်းတွေက ပွင့်မလာတော့ဘူး။အဖွားက နတ်သက်မကြွေခင်မှာ ပန်းဥယျာဉ်မှူးရဲ့ နာမည်ကို သိခွင့်ရခဲ့တယ်။ပန်းဥယျာဉ်မှူးရဲ့ နာမည်က ခိုမိတတဲ့လေ။

ဒါကြောင့် အဖွားက ပန်းတွေကို ခိုမိတပန်းလိူ့ နာမည်ပေးခဲ့တယ်။

ဘေးပတ်ဝန်းကျင်ကား ထုံးစံအတိုင်း တိတ်ဆိတ်နေစဲ။မီရာနှင့် ဂိုလီကား ဘေးချင်းကပ်ရပ်ထိုင်ကာ ရှားပါးလှသော အခိုက်အတန့်လေးကို ခံစားလျက် ကမ္ဘာစောင့်နတ်မင်းကြီးကား ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း ထိုချစ်သူနှစ်ဦးကို အစောင့်လုပ်ပေးနေရရှာ၏။

ဂိုလီက မီရာတောင်းဆိုသည့် အတိုင်း တယောတီးပြလေရာ မီရာကား ထိုတယောသံကို နားထောင်ရင်း မျက်ရည်များကျလာလေ၏။သူ၏စီးဆင်းသွားလေသမျှ မျက်ရည်မှာ အနားရှိပန်းပွင့်လေးများထံ ကျသွားကာ ထိုပန်းလေးများလည်း ကြွေကျသွားကုန်ကြလေသည်။

ဂိုလီ၏ တယောသံသည် ဂိုလီ၏ နာကျင်မှူနှင့် လွမ်ဆွေးခဲ့ရမှုများကို ဖော်ပြလျက်ရှိနေလေရာ နားထောင်မိသူတို့၏ ရင်ကို ထိခိုက်မိစေလေသည်။

တီးခတ်သံ၏အဆုံး၌ မီရာသည် ဂိုလီအား နှစ်သိမ့်သော ပွေ့ဖက်ခြင်းဖြင့် ပွေ့ဖက်လိုက်လေသည်။ထို့နောက်တွင် နှစ်ရာချီကြာသည့်တိုင်အောင် ထပ်မံပွင့်လာခြင်းမရှိတော့သည့် ခိုမိတပန်များမှာ ခရမ်းရောင် တောက်ပနေသော ပန်းပွင့်လေးများအဖြစ် ပန်းဥယျာဉ်တစ်ခုလုံးအပြည့် ပွင့်သွားလေတော့သည်။

ကမ္ဘာစောင့်နတ်မင်းလည်း ထိုပန်းပွင့်များကို တအံ့တဩကြည့်ရင်း အပြန်အလှန်ပွေ့ဖက်လျက် နှစ်ရာနှင့်ချီ လွမ်းမောခဲ့ရသော ချစ်သူနှစ်ဦးအားကြည့်ရင်း ကြည်နူးနေရပါလေတော့သည်။

“ငါနှစ်သက်ခဲ့တဲ့ တယောသမားရော တိတ်တခိုးချစ်မြတ်နိုးခဲ့ရတဲ့ ဂိုလီကော ဖြစ်နေပေးခဲ့တာ အရမ်းဝမ်းသာပါတယ်ဟာ။”

မီရာပျိုးထောင်ခဲ့သော ခိုမိတပန်းများကား မီရာ၏အချစ်ကို သက်သေထူပြလျက်ရှိနေလေတော့သည်။ထို့နောက် ကမ္ဘာဂြိုလ်စောင့် နတ်မင်းက ၎င်းတို့ထံသွားပြီး
“ဂိုလီ။လနတ်သမီးရဲ့ မွေးနေ့အခမ်းအနားက စတော့မယ်။ တစ်ယောက်ယောက် ဒီကိုလာလို့ ငါတို့သုံးယောက်အတူတူရှိနေတာကို တွေ့သွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်။ငါတို့ သွားသင့်ပြီ။

ဤသို့ဖြင့် ဂိုလီကို အစီအမံဖြင့် ကိုယ်ရောင်ကိုယ်ဝါများ ဖျောက်ထားလိုက်ပြီး ပွဲကျင်းပနေရာ ခန်းမထံသို့ ပြန်သွားခဲ့လေတော့သည်။

ခန်းမထဲ၌ အခြားနတ်မင်းကြီးများရောက်နှင့်နေကြပြီဖြစ်သည်။ကမ္ဘာဂြိုလ်စောင့်နတ်မင်းကား မည်သူနှင့်မှ ရောရောနှောနှော နေလိမ့်မရှိသည့်နည်းတူ မည်သူကမှ သူပျောက်နေခြင်းကို သတိမိပုံမရဟု ထင်ရလေသည်။

ထို့နောက် ခန်းမထဲသို့ နတ်သူငယ်လေးများဝင်လာကြသည်။ကြယ်ပွင့် နတ်သမီးလေးများဖြစ်သည့်နည်းတူ အလွန်လှပချောမောကြသည်။ထို့နောက် လနတ်သမီးလေး ကြွရောက်လာသည့်အကြောင်း အားလုံးကြားအောင်ကြေညာလေတော့သည်။

ထို့နောက် လနတ်သမီးလေးမှာ သပ်ရပ်လှပစွာပြင်ဆင်ထားပြီး ထွက်လာသည်ဖြစ်၍ ခန်းမထဲရှိ နတ်မင်းအပေါင်းမှာ မျက်စိပင်မလွှဲနိုင်လောက်အောင် ငေးမောကြည့်ရှု့ကုန်ကြ​ရလေတော့သည်။

လနတ်သမီးလေးက ခန်းမ၏ အစွန်၌ သူမအတွက် ခင်းကျင်းထားသော နေရာဆီသို့သွားရင်း ကမ္ဘာစောင့်နတ်ကို လှမ်းကြည့်မိလေသည်။ကမ္ဘာစောင့်နတ်မင်းအနာ၌ ရှိနေသော ဂိုလီကား မီရာ့၏မျက်လုံးထဲမှ တစ်ခုခုကိုဆိုလိုနေသော အဓိပ္ပာယ်ကို မြင်မိလေသည်။

တစ်ခဏအကြာတွင် ဂြိုလ်စောင့်နတ်မင်းကြီးအသီးသီးက လနတ်သမီးလေးအား အရိုအသေပေးနှုတ်ဆက်ကြရင်း လက်ဆောင်များပေးအပ်ကြလေသည်။အခြားနတ်များအလှည့်တွင် အလိုက်အထိုက်သာ ပြောဆိုသည့်ပုံပေါ်သော်လည်း ကမ္ဘာဂြိုလ်စောင့်နတ်မင်းအလှည့်တွင်ကား အနည်းငယ် ကြည်နူးနေသည့် ပုံပေါ်သည်ဟု အားလုံးက ကောက်ချက်ချကြလေသည်။အကြောင်းမှာ ဂိုလီကာ မီရာအတွက် ပြင်ဆင်ခဲ့သော ရွှေငါးရုပ်လေးကို ကမ္ဘာဂြိုလ်စောင့်နတ်က သူ၏လက်ဆောင်အဖြစ် အများရှေ့တွင် ပေးအပ်သည်ဖြစ်ရာ ဂိုလီ၏လက်ဆောင်ဆိုသည်ကို မီရာက သဘောပေါက်လေသဖြင့် ပြုံးရွှင်စွာပင် လက်ခံရှာ၏။စေတန်ဘုရင်ကတော့ ထိုကမ္ဘာဂြိုလ်စောင့်နတ်မင်းအပေါ် ကြည်နူးပြနေသည့် ပုံကို ကြည့်ရင်း အံတကြိတ်ကြိတ် ဖြစ်နေလေသည်။၎င်းအလှည့်ရောက်သောအခါတွင် စေတန်ဘုရင်က

“အားလုံးပဲ လနတ်သမီးလေးကို ကျွန်တော်ပေးလိုတဲ့လက်ဆောင်ကတော့ အခြားမဟုတ်ပါဘူးဗျ။ကျွန်တော့်ရဲ့ ရင်ထဲအနှစ်နှစ်အလလ သိမ်းဆည်းလျှို့ဝှက်ထားခဲ့ရသော ချစ်ခြင်းမေတ္တာများကိုသာ ပေးအပ်လိုပါသည်။”

အားလုံး တအံ့တဩ ကြည့်ကုန်ကြသည်။အချင်းချင်း တီးတိုးပြောကုန်ကြသည်။”စေတန်ဘုရင်က ချစ်ခွင့်ပန်နေပြီဟ။လနတ်သမီးက လက်ခဲမှာများလား။”

ဂိုလီတစ်ယောက် ဒေါသဖြစ်နေမည်ဆိုသည်မှာ မှန်းဆကြည့်စရာပင် မလိုပါပေ၊ကမ္ဘာဂြိုလ်စောင့်နတ်မင်းကမူ
“ဂိုလီ။မီရာ၏ အဖွားကနေ အစဉ်အဆက် မည်သူကမှ ၎င်းတို့၏ ချစ်သူနှင့် ပေါင်းဖက်နိုင်ခြင်းမရှိခဲ့ပါ။

အဆက်ဆက်သော အရှင်နေမင်းများက ၎င်း၏အာဏာစက်ယန္တရား တည်မြဲဖို့အတွက် သူတို့၏သမီးတော် လနတ်သမီးများကို နတ်မင်းများဖြင့် ထိမ်းမြားပေးခဲ့သည်သာဖြစ်သည်။

ယခု စေတန်ဘုရင်ဖြင့် ထိမ်းမြားပေးရန် ကြံစည်ထားခြင်းကြောင့် စေတန်ဘုရင်က ယခုလိုပြောနိုင်ခြင်းသာဖြစ်သည်။အဓိပ္ပာယ်မှာ ယခုအချိန်တွင် အရှင်နေမင်းသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာတုန်းကလို စေတန်ဘုရင်ဘက်ကို ထပ်မံ လိုက်ပြန်ဦးမည်။အသင် ယခုအချိန်တွင် ရုးရုးမိုက်မိုက်လုပ်ပြန်ချေက သင်၏အဖိုးနှင် အဖေတို့လို သင်လည်း အဆုံးသတ်သွားလိမ့်မည်။ထို့ကြောင့် သင်ဒေါသကို ထိန်းတော်မူပါ ဂိုလီ။”

ဂိုလီက ခေါငိးကိုတွင်တွင်ခါကာ
“ဒါပေမယ့် မီရာက ကျွန်တော့်ကိုချစ်ကြောင်းပြခဲ့တယ်မဟုတ်လား။စေတန်ဘုရင်ကို သူငြင်းမှာပါ ဟုတ်တယ်မလား။”

ကမ္ဘာစောင့်နတ်မင်းက
“ဂိုလီ မီရာ၏ အဖွားလည်း ပန်းဥယျာဉ်မှူးဖြစ်သော နတ်သား ခိုမိတကို ချစ်မြတ်နိုးခဲ့ပါသည်။သို့သော် သူလည်းပဲ အခြားသောနတ်မင်းဖြင့်သာ လက်ဆက်ခဲ့ရသည်ဖြစ်သည်။လနတ်သမီးတို့၏ ကံကြမ္မာမှာ ဤအတိုင်းသာဖြစ်ပြီး ပြောင်းလဲ၍ မရသည်ကို သင်လက်ခံမှဖြစ်ပေမည် ဂိုလီ။”

တစ်ခဏအကြာတွင် ကမ္ဘာစောင့်နတ်မင်း၏စကားမှန်ကြောင်းကို မီရာက စေတန်ဘုရင်၏မေတ္တာကို လက်ခံကြောင်းဖြေကြားခြင်းဖြင့် ဝမ်းနည်းနာကျင်ဖွယ်ကောင်းစွာ သက်သေပြသွားလေတော့သည်။

ဂိုလီ ဒူးထောက်ချလိုက်ကာ ငိုကြွေးလေသည်၊အစီအမံကြောင့်သာ မည်သူမှမမြင်ခြင်းဖြစ်လေရာ ဂိုလီကား နှလုံးအတွင်းမှ တဆစ်ဆစ်နာကျင်၍နေပြီဖြစ်လေသည်။

ထို့နောက် ပြန်ထလာကာ
“ကမ္ဘာစောင့်နတ်မင်းကြီး။”

“ခင်ဗျားကို ဒီကိစ္စထဲ ဆွဲခေါ်လိုက်သလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး။ဒါပေမယ့် ကျွန်တော် သေလူဖြစ်တော့မယ့် နည်းတူ အဖိုးတို့ အဖေတို့လို အလကားတော့ သေမသွားချင်ဘူးဗျာ။”

ထိုသို့ပြောပြီးနောက် ဂိုလီလည်း မီရာနှင့် စေတန်ဘုရင်ကြား ခုန်ဝင်လိုက်လေသည်။ကမ္ဘာဂြိုလ်စောင့်နတ်မင်းကား တားဖို့ကြိုးစားသော်လည်း ကိုက်တစ်ရာအကျော်သို့ ရောက်သွားသော ဂိုလီ၏အစီအမံမှာပျောက်သွားပြီး ကိုယ်ရောင်ကိုယ်ဝါများ ပေါ်လာလေတော့သည်။

စေတန်ဘုရင်က ကြောင်လျက်ရှိနေစဉ် ဂိုလီက မီရာဘက်လှည့်ကာ
“မီရာ ငါစိတ်မကောင်းပါဘူး။ဒီလိုလုပ်ရတာ။”
ဟုပြောရင်း လက်ဝါးတွင် စက်ဝိုင်းပုံတစ်ခုဖော်လိုက်ကာ မီရာ၏နှလုံးသားထံသို့ ဖိသွင်းလိုက်လေသည်။စေတန်ဘုရင်က ဒေါသတကြီးဖြင့်

“ဘယ်က နတ်လည်းကွ။ဟင်...။ဪ... မင်းပါလားကွ ကမ္ဘာပေါ်က မြစ်စောင့်နတ်ဆိုးကောင်။မင်းကို အကျဉ်းချထားတာမလား။ရာရာစစ ဒီကိုရောက်လာရဲတယ်ပေါ့။ကမ္ဘာဂြိုလ်စောင့်နတ်မင်း။ခင်ဗျားလက်ချက်လည်း မကင်းဘူးမလား။ဒီနတ်ဆိုးက သူ့ဘာသူတော့ရောက်မလာနိုင်ဘူးလေ။”

ဂိုလီက
“စိတ်တော့မရှိနဲ့ ဒီကိစ္စမှာ သူလုံးဝမပါပေဘူး။ကျုပ်ဘာသာ အစီအမံနဲ့ သူမသိအောင်ခိုးလာခဲ့တာပဲ။”

ကမ္ဘာဂြိုလ်စောင့်နတ်မင်းလည်း စိတ်ထဲမှသာ ဘာလို့များအဲ့လိုလုပ်ခဲရသလဲဟု တွေးနေမိလေတော့သည်၊


ထိုအတိတ်ကာလကိုကြည့်နေသော ဂိုလိကမူ ကမ္ဘာဂြိုလ်စောင့်နတ်မင်းအား ကြည့်နေရင်း
“ခင်ဗျားလုပ်ပေးခဲ့သမျှတွေကို ကျေးဇူးပြန်မဆပ်နိုင်ခဲ့ပေမယ့်လည်း ဒီလောက်တော့ လုပ်ပေးခဲ့သင့်ပါတယ်၊”
ဟုပြောရင်း ပြုံးနေခဲ့မိလေသည်။

‘မင်း လနတ်သမီးလေးကို ဘာလုပ်လိုက်တာလဲ။၊ကျိန်စာတိုက်လိုက်တာလား။နတ်ဆိုးကောင် မင်းကျိန်စာတိုက်လိုက်တာလား၊
စေတန်ဘုရင်လည်း ဒေါသတကြီး အော်ဟစ်နေလေတော့သည်။

“ကျိန်စာတွေဆိုတာ နတ်ဆိုးတွေနဲ့သာ သက်ဆိုင်တာမဟုတ်လား။ကျုပ်က အရှင်နေမင်းကိုယ်တိုင် နတ်ဆိုးအမည်ကိုပယ်ဖျက်ထားပြီးသားလေ။တကယ် နတ်ဆိုးဆိုတာ ဘယ်သူလဲ ခင်ဗျားအသိဆုံးပဲလေ။”

ဂိုလီတစ်ယောက် ဘေးဘက်သို့ လွှင့်ထွက်သွားလေသည်။စေတန်ဘုရင်က ဖျတ်ကနဲ ကန်ချလိုက်သောကြောင့်ဖြစ်လေသည်။ထို့နောက် စေတန်ဘုရင်က
“မင်း...မင်းက ဘာသိလို့လဲကွ။နတ်ဆိုးကောင်ရ။”

“ကျုပ်အဖိုးရဲ့ အခင်ဆုံးသူငယ်ချင်း နတ်သူငယ်လေးဖြစ်ခဲ့တဲ့ သူက ကျုပ်အဖိုးနဲ့ သူ့မျိုးဆက်တွေကို နတ်ဆိုးတွေ အဖြစ် ကျိန်ဆဲနေတာကိုသာ သိရင် တော်တော်စိတ်မကောင်းဖြစ်မှာပဲ။”

စေတန်ဘုရင်က ထိုအခါ တစ်ချက် အံဩမိသွားလေသည်။ထို့နောက် ဒေါသပိုထွက်လာကာ
“ဟုတ်တယ်၊ငါကျိန်ဆဲတယ်ကွာ၊မင်းအဖိုးကော မင်းတို့အမျိုးအဆွေအားလုံး သေသင့်တယ်။အကျိန်ဆဲခံသင့်တယ်။နတ်ဆိုးအဖြစ် သတ်မှတ်ခံထိုက်တယ်။”

ပြောရင်း အနားကပ်လသော စေတန်ဘုရင်ကိုကြည့်ရင်း သွေးစက်လက်ဖြစ်သော ဂိုလီက ပြန်ထလာကာ ကျယ်လောင်စွာရယ်မောလိုက်လေသည်။ခန်းမထဲရှိသော အခြားနတ်များကား ကြောက်လန့်နေကြလေပြီ။

“ဒါဆို အရှင်နေမင်းကို ကျုပ်အဖိုးက တကယ်တိုက်ခိုက်ဖို့ကြံစည်ခဲ့တယ်ဆိုတာ ခင်ဗျားရဲ့ နတ်မင်းသိက္ခာကို သက်သေထားပြီး သစွာဆိုရဲလား။”

ဤတစ်ခါတွင်မူ စေတန်ဘုရင် တကယ်လန့်ဖျတ်သွားလေသည်။

ဂိုလီက စေတန်ဘုရင်ကို စေ့စေ့ကြည့်လိုက်ကာ

“အခု ဘယ်သူက နတ်ဆိုးလဲဆိုတာ ခင်ဗျားပြန်ဖြေစမ်းပါဦး။”

ခန်းမထဲရှိကြသောသူများကား ဤမြစ်စောင့်နတ်ဘာတွေပြောနေသည်ကို နားလည်ပုံမရပေ။အတိအကျ နားလည်သူရှိလျှင် ထိုသူမှာ ဂိုလီ၊စေတန်ဘုရင်နှင့် ကမ္ဘာဂြိုလ်စောင့်နတ်မင်းတို့သာဖြစ်ပေလိမ့်မည်။



(*zawgyi)

အခန္း(၆) “ဒီပန္းေလးေတြကို ဘာေၾကာင့္ခိုမိဝာလို႔ နာမည္ေပးထားလည္းသိလား။” “ငါ့ရဲ့ အဖြားလနတ္သမီးႀကီးက ဒီလေပၚမွာ အထီးက်န္လ်က္ရွိေနတုန္းက အခုဒီမွာရွိေနတဲ့ မွန္ဘီလူးႀကီးကို ေမြးေန႔လက္ေဆာင္အျဖစ္ရလိုက္တဲ့ အခ်ိန္မွာ သူမေပ်ာ္ရႊင္စြာပဲ အျခားၿဂိဳလ္ေပၚက အရာေတြကို စိတ္ဝင္တစားနဲ႔ လိုက္ၾကည့္ေတာ့တာေပါ့။ အျခားၿဂိဳလ္ေပၚထက္ ကမၻာၿဂိဳလ္ေပၚကို သူမအၾကည့္မိဆုံးေပါ့။ ကမၻာက အရမ္းလွတဲ့ ၾကည့္စရာေတြ အျပည့္ရွိေနတာကိုး။ဒီလိုနဲ႔ ကမၻာၿဂိဳလ္ေပၚကိုၾကည့္ေနတုန္းမွာ အရမ္းလွတဲ့ ပန္းဥယ်ာဥ္တစ္ခုကို သြားေတြ႕တယ္။အရမ္းလွတဲ့ ပန္းေတြအျပည့္ပြင့္ေနၾကတဲ့ ပန္းဥယ်ာဥ္ႀကီးျဖစ္ေလေတာ့ အဖြားက ကမၻာကိုဆင္းၿပီး ပန္းဥယ်ာဥ္ႀကီးဆီ တစ္ခါေလာက္သြားလည္ခ်င္စိတ္ေတြျပင္းျပေနတာေပါ့။ သို႔ေပမယ့္ လနတ္သမီးေလးေတြတိုင္းက သူတို႔ရဲ့ လေပၚကေန အျပင္ထြက္ခြင့္ရဖို႔အတြက္ အခြင့္အေရးက တစ္ႀကိမ္ထဲသာရွိတယ္။ အဲ့အခြင့္အေရးက သူတို႔ လက္ထပ္ေတာ့မွာသာ ရတာေပါ့၊နတ္တစ္ပါးပါးနဲ႔ လက္ထပ္ေတာ့မယ္ ဆိုလို႔ရွိရင္ လက္မထပ္ခင္ေန႔မွာ သူတို႔သြားလိုတဲ့ ေနရာတိုင္းကို အေႁခြအရံ အေစာင့္အၾကပ္ေတြနဲ႔ သြားလို႔ရၾကတယ္။ အဖြားက လက္ထပ္ရခါနီးမွာ အဲ့ပန္းဥယ်ာဥ္ကို သြားလည္ျဖစ္တယ္။အေႁခြအရံေတြကို ပန္းဥယ်ာဥ္ရဲ့ ဝင္ေပါက္မွာေစာင့္ေနေစၿပီးသူမတစ္ေယာက္ထဲ ပန္းဥယ်ာဥ္ကို ပတ္ၾကည့္ေနေတာ့တာေပါ့၊အဲ့လိုနဲ႔တစ္ေနရာေရာက္ေတာ့ ဒီမီးခိုးေရာင္ရင့္ရင့္ ပန္းခက္ေတြေပၚမွာ ထိပ္ကိုဖူးေနတဲ့ အျဖဴေရာင္ ပန္းဖူးႀကီးကိုေတြ႕ရပါေရာလား။ သူမ အဲ့ပန္းေတြကို စိတ္ဝင္တစားနဲ႔ၾကည့္ေနတုန္းမွာ ဒီပန္းဥယ်ာဥ္ရဲ့ ဥယ်ာဥ္မႉးႀကီးေရာက္လာခဲ့တယ္။ဥယ်ာဥ္မႉးႀကီးေရာက္လာခ်ိန္မွာ ဒီပန္းဖူးႀကီးက အေရာင္ေတြ ေျပာင္းလာတယ္။ပန္းရဲ့ တစ္ဝက္က အနီေရာင္ တစ္ဝက္က အျပာေရာင္။ေနာက္ေတာ့ အနီနဲ႔ အျပာနဲ႔ေရာေႏွာၿပီး ခရမ္းေရာင္ ပန္းေတာက္ေတာက္ေလးေတြျဖစ္သြားပါေလေရာ။ပန္းဖူးႀကီးက ပြင့္လာတဲ့အခါမွာ အရမ္းလွတဲ့ ပန္းပြင့္ပုံေပၚလာခဲ့တယ္။ အဖြားက ဒီပန္းေတြ အေစာက ညိဳ႕မွိုင္းမွိုင္းနဲ႔ ျဖစ္ေနရာကေန အခုဘာလို႔ျပန္ပြင့္လာတာလဲတဲ့ ေမးတာေပါ့၊ပန္းဥယ်ာဥ္မႉးႀကီးက ျပန္ေျပာတယ္။ “ဒီပန္းေတြက သူတို႔ကိုျပဳစုပ်ိဳးေထာင္သူ အခ်စ္စစ္နဲ႔ ဆုံေတြ႕ၿပီဆိုတဲ့အခါမွသာ ပြင့္တတ္တဲ့ပန္းေတြျဖစ္ၾကပါတယ္။” အဖြားအရမ္း အံ့ဩသြားတယ္။သူက ပန္းဥယ်ာဥ္မႈးျဖစ္တဲ့ နတ္သားေလးကိုလည္း သူခ်စ္မိသြားခဲ့တယ္။ သို႔ေပမယ္ အဖြားက အျခားနတ္တစ္ပါးနဲ႔ လက္ထပ္ေတာ့မွာ ျဖစ္ေၾကာင္းေျပာျပတယ္။ပန္းဥယ်ာဥ္မႈးႀကီးကေတာ့ မ်က္ႏွာေတာင္ မပ်က္ပဲ ျပန္ေျပာခဲ့တယ္။ “ဒီပန္းေတြကို သေဘာက်ရင္ ယူသြားပါ။” ၿပီးတဲ့ေနာက္မွာ ေနာက္လွည့္ထြက္သြားခဲ့တယ္။အဖြားက ဒီပန္းေတြရဲ့ နာမည္ကိုေမးေပမယ့္ ျပန္ေျဖသံမၾကားရေတာ့ဘူး။ေနာက္ရက္ေတြမွာ ပန္းဥယ်ာဥ္မႉးကို ပန္းဥယ်ာဥ္မွာ သြားရွာေစခဲ့ေပမယ့္ ပန္းဥယ်ာဥ္မႉးက လုံးဝမေရာက္လာခဲ့ေတာ့ဘူး။ ႏွစ္ေပါင္းရာနဲ႔ခ်ီၾကာသြားတယ္။အဖြားက သူပန္းဥယ်ာဥ္းထဲမွာ ဒီပန္းေတြကို စိုက္ထားခဲ့တယ္။ပန္းေတြက ပြင့္မလာေတာ့ဘူး။အဖြားက နတ္သက္မေႂကြခင္မွာ ပန္းဥယ်ာဥ္မႉးရဲ့ နာမည္ကို သိခြင့္ရခဲ့တယ္။ပန္းဥယ်ာဥ္မႉးရဲ့ နာမည္က ခိုမိတတဲ့ေလ။ ဒါေၾကာင့္ အဖြားက ပန္းေတြကို ခိုမိတပန္းလိူ႔ နာမည္ေပးခဲ့တယ္။ ေဘးပတ္ဝန္းက်င္ကား ထုံးစံအတိုင္း တိတ္ဆိတ္ေနစဲ။မီရာႏွင့္ ဂိုလီကား ေဘးခ်င္းကပ္ရပ္ထိုင္ကာ ရွားပါးလွေသာ အခိုက္အတန႔္ေလးကို ခံစားလ်က္ ကမၻာေစာင့္နတ္မင္းႀကီးကား ေဘးပတ္ဝန္းက်င္ကို ၾကည့္ရင္း ထိုခ်စ္သူႏွစ္ဦးကို အေစာင့္လုပ္ေပးေနရရွာ၏။ ဂိုလီက မီရာေတာင္းဆိုသည့္ အတိုင္း တေယာတီးျပေလရာ မီရာကား ထိုတေယာသံကို နားေထာင္ရင္း မ်က္ရည္မ်ားက်လာေလ၏။သူ၏စီးဆင္းသြားေလသမၽွ မ်က္ရည္မွာ အနားရွိပန္းပြင့္ေလးမ်ားထံ က်သြားကာ ထိုပန္းေလးမ်ားလည္း ေႂကြက်သြားကုန္ၾကေလသည္။ ဂိုလီ၏ တေယာသံသည္ ဂိုလီ၏ နာက်င္မႉႏွင့္ လြမ္ေဆြးခဲ့ရမႈမ်ားကို ေဖာ္ျပလ်က္ရွိေနေလရာ နားေထာင္မိသူတို႔၏ ရင္ကို ထိခိုက္မိေစေလသည္။ တီးခတ္သံ၏အဆုံး၌ မီရာသည္ ဂိုလီအား ႏွစ္သိမ့္ေသာ ေပြ႕ဖက္ျခင္းျဖင့္ ေပြ႕ဖက္လိုက္ေလသည္။ထို႔ေနာက္တြင္ ႏွစ္ရာခ်ီၾကာသည့္တိုင္ေအာင္ ထပ္မံပြင့္လာျခင္းမရွိေတာ့သည့္ ခိုမိတပန္မ်ားမွာ ခရမ္းေရာင္ ေတာက္ပေနေသာ ပန္းပြင့္ေလးမ်ားအျဖစ္ ပန္းဥယ်ာဥ္တစ္ခုလုံးအျပည့္ ပြင့္သြားေလေတာ့သည္။ ကမၻာေစာင့္နတ္မင္းလည္း ထိုပန္းပြင့္မ်ားကို တအံ့တဩၾကည့္ရင္း အျပန္အလွန္ေပြ႕ဖက္လ်က္ ႏွစ္ရာႏွင့္ခ်ီ လြမ္းေမာခဲ့ရေသာ ခ်စ္သူႏွစ္ဦးအားၾကည့္ရင္း ၾကည္ႏူးေနရပါေလေတာ့သည္။ “ငါႏွစ္သက္ခဲ့တဲ့ တေယာသမားေရာ တိတ္တခိုးခ်စ္ျမတ္နိုးခဲ့ရတဲ့ ဂိုလီေကာ ျဖစ္ေနေပးခဲ့တာ အရမ္းဝမ္းသာပါတယ္ဟာ။” မီရာပ်ိဳးေထာင္ခဲ့ေသာ ခိုမိတပန္းမ်ားကား မီရာ၏အခ်စ္ကို သက္ေသထူျပလ်က္ရွိေနေလေတာ့သည္။ထို႔ေနာက္ ကမၻာၿဂိဳလ္ေစာင့္ နတ္မင္းက ၎တို႔ထံသြားၿပီး “ဂိုလီ။လနတ္သမီးရဲ့ ေမြးေန႔အခမ္းအနားက စေတာ့မယ္။ တစ္ေယာက္ေယာက္ ဒီကိုလာလို႔ ငါတို႔သုံးေယာက္အတူတူရွိေနတာကို ေတြ႕သြားရင္ ဒုကၡေရာက္ကုန္လိမ့္မယ္။ငါတို႔ သြားသင့္ၿပီ။ ဤသို႔ျဖင့္ ဂိုလီကို အစီအမံျဖင့္ ကိုယ္ေရာင္ကိုယ္ဝါမ်ား ေဖ်ာက္ထားလိုက္ၿပီး ပြဲက်င္းပေနရာ ခန္းမထံသို႔ ျပန္သြားခဲ့ေလေတာ့သည္။ ခန္းမထဲ၌ အျခားနတ္မင္းႀကီးမ်ားေရာက္ႏွင့္ေနၾကၿပီျဖစ္သည္။ကမၻာၿဂိဳလ္ေစာင့္နတ္မင္းကား မည္သူႏွင့္မွ ေရာေရာေႏွာေႏွာ ေနလိမ့္မရွိသည့္နည္းတူ မည္သူကမွ သူေပ်ာက္ေနျခင္းကို သတိမိပုံမရဟု ထင္ရေလသည္။ ထို႔ေနာက္ ခန္းမထဲသို႔ နတ္သူငယ္ေလးမ်ားဝင္လာၾကသည္။ၾကယ္ပြင့္ နတ္သမီးေလးမ်ားျဖစ္သည့္နည္းတူ အလြန္လွပေခ်ာေမာၾကသည္။ထို႔ေနာက္ လနတ္သမီးေလး ႂကြေရာက္လာသည့္အေၾကာင္း အားလုံးၾကားေအာင္ေၾကညာေလေတာ့သည္။ ထို႔ေနာက္ လနတ္သမီးေလးမွာ သပ္ရပ္လွပစြာျပင္ဆင္ထားၿပီး ထြက္လာသည္ျဖစ္၍ ခန္းမထဲရွိ နတ္မင္းအေပါင္းမွာ မ်က္စိပင္မလႊဲနိုင္ေလာက္ေအာင္ ေငးေမာၾကည့္ရႈ႔ကုန္ၾက​ရေလေတာ့သည္။ လနတ္သမီးေလးက ခန္းမ၏ အစြန္၌ သူမအတြက္ ခင္းက်င္းထားေသာ ေနရာဆီသို႔သြားရင္း ကမၻာေစာင့္နတ္ကို လွမ္းၾကည့္မိေလသည္။ကမၻာေစာင့္နတ္မင္းအနာ၌ ရွိေနေသာ ဂိုလီကား မီရာ့၏မ်က္လုံးထဲမွ တစ္ခုခုကိုဆိုလိုေနေသာ အဓိပၸာယ္ကို ျမင္မိေလသည္။ တစ္ခဏအၾကာတြင္ ၿဂိဳလ္ေစာင့္နတ္မင္းႀကီးအသီးသီးက လနတ္သမီးေလးအား အရိုအေသေပးႏႈတ္ဆက္ၾကရင္း လက္ေဆာင္မ်ားေပးအပ္ၾကေလသည္။အျခားနတ္မ်ားအလွည့္တြင္ အလိုက္အထိုက္သာ ေျပာဆိုသည့္ပုံေပၚေသာ္လည္း ကမၻာၿဂိဳလ္ေစာင့္နတ္မင္းအလွည့္တြင္ကား အနည္းငယ္ ၾကည္ႏူးေနသည့္ ပုံေပၚသည္ဟု အားလုံးက ေကာက္ခ်က္ခ်ၾကေလသည္။အေၾကာင္းမွာ ဂိုလီကာ မီရာအတြက္ ျပင္ဆင္ခဲ့ေသာ ေရႊငါး႐ုပ္ေလးကို ကမၻာၿဂိဳလ္ေစာင့္နတ္က သူ၏လက္ေဆာင္အျဖစ္ အမ်ားေရွ႕တြင္ ေပးအပ္သည္ျဖစ္ရာ ဂိုလီ၏လက္ေဆာင္ဆိုသည္ကို မီရာက သေဘာေပါက္ေလသျဖင့္ ျပဳံးရႊင္စြာပင္ လက္ခံရွာ၏။ေစတန္ဘုရင္ကေတာ့ ထိုကမၻာၿဂိဳလ္ေစာင့္နတ္မင္းအေပၚ ၾကည္ႏူးျပေနသည့္ ပုံကို ၾကည့္ရင္း အံတႀကိတ္ႀကိတ္ ျဖစ္ေနေလသည္။၎အလွည့္ေရာက္ေသာအခါတြင္ ေစတန္ဘုရင္က “အားလုံးပဲ လနတ္သမီးေလးကို ကၽြန္ေတာ္ေပးလိုတဲ့လက္ေဆာင္ကေတာ့ အျခားမဟုတ္ပါဘူးဗ်။ကၽြန္ေတာ့္ရဲ့ ရင္ထဲအႏွစ္ႏွစ္အလလ သိမ္းဆည္းလၽွို႔ဝွက္ထားခဲ့ရေသာ ခ်စ္ျခင္းေမတၱာမ်ားကိုသာ ေပးအပ္လိုပါသည္။” အားလုံး တအံ့တဩ ၾကည့္ကုန္ၾကသည္။အခ်င္းခ်င္း တီးတိုးေျပာကုန္ၾကသည္။”ေစတန္ဘုရင္က ခ်စ္ခြင့္ပန္ေနၿပီဟ။လနတ္သမီးက လက္ခဲမွာမ်ားလား။” ဂိုလီတစ္ေယာက္ ေဒါသျဖစ္ေနမည္ဆိုသည္မွာ မွန္းဆၾကည့္စရာပင္ မလိုပါေပ၊ကမၻာၿဂိဳလ္ေစာင့္နတ္မင္းကမူ “ဂိုလီ။မီရာ၏ အဖြားကေန အစဥ္အဆက္ မည္သူကမွ ၎တို႔၏ ခ်စ္သူႏွင့္ ေပါင္းဖက္နိုင္ျခင္းမရွိခဲ့ပါ။ အဆက္ဆက္ေသာ အရွင္ေနမင္းမ်ားက ၎၏အာဏာစက္ယႏၲရား တည္ျမဲဖို႔အတြက္ သူတို႔၏သမီးေတာ္ လနတ္သမီးမ်ားကို နတ္မင္းမ်ားျဖင့္ ထိမ္းျမားေပးခဲ့သည္သာျဖစ္သည္။ ယခု ေစတန္ဘုရင္ျဖင့္ ထိမ္းျမားေပးရန္ ႀကံစည္ထားျခင္းေၾကာင့္ ေစတန္ဘုရင္က ယခုလိုေျပာနိုင္ျခင္းသာျဖစ္သည္။အဓိပၸာယ္မွာ ယခုအခ်ိန္တြင္ အရွင္ေနမင္းသည္ လြန္ခဲ့ေသာ ႏွစ္ရာေပါင္းမ်ားစြာတုန္းကလို ေစတန္ဘုရင္ဘက္ကို ထပ္မံ လိုက္ျပန္ဦးမည္။အသင္ ယခုအခ်ိန္တြင္ ႐ုး႐ုးမိုက္မိုက္လုပ္ျပန္ေခ်က သင္၏အဖိုးႏွင္ အေဖတို႔လို သင္လည္း အဆုံးသတ္သြားလိမ့္မည္။ထို႔ေၾကာင့္ သင္ေဒါသကို ထိန္းေတာ္မူပါ ဂိုလီ။” ဂိုလီက ေခါငိးကိုတြင္တြင္ခါကာ “ဒါေပမယ့္ မီရာက ကၽြန္ေတာ့္ကိုခ်စ္ေၾကာင္းျပခဲ့တယ္မဟုတ္လား။ေစတန္ဘုရင္ကို သူျငင္းမွာပါ ဟုတ္တယ္မလား။” ကမၻာေစာင့္နတ္မင္းက “ဂိုလီ မီရာ၏ အဖြားလည္း ပန္းဥယ်ာဥ္မႉးျဖစ္ေသာ နတ္သား ခိုမိတကို ခ်စ္ျမတ္နိုးခဲ့ပါသည္။သို႔ေသာ္ သူလည္းပဲ အျခားေသာနတ္မင္းျဖင့္သာ လက္ဆက္ခဲ့ရသည္ျဖစ္သည္။လနတ္သမီးတို႔၏ ကံၾကမၼာမွာ ဤအတိုင္းသာျဖစ္ၿပီး ေျပာင္းလဲ၍ မရသည္ကို သင္လက္ခံမွျဖစ္ေပမည္ ဂိုလီ။” တစ္ခဏအၾကာတြင္ ကမၻာေစာင့္နတ္မင္း၏စကားမွန္ေၾကာင္းကို မီရာက ေစတန္ဘုရင္၏ေမတၱာကို လက္ခံေၾကာင္းေျဖၾကားျခင္းျဖင့္ ဝမ္းနည္းနာက်င္ဖြယ္ေကာင္းစြာ သက္ေသျပသြားေလေတာ့သည္။ ဂိုလီ ဒူးေထာက္ခ်လိုက္ကာ ငိုေႂကြးေလသည္၊အစီအမံေၾကာင့္သာ မည္သူမွမျမင္ျခင္းျဖစ္ေလရာ ဂိုလီကား ႏွလုံးအတြင္းမွ တဆစ္ဆစ္နာက်င္၍ေနၿပီျဖစ္ေလသည္။ ထို႔ေနာက္ ျပန္ထလာကာ “ကမၻာေစာင့္နတ္မင္းႀကီး။” “ခင္ဗ်ားကို ဒီကိစၥထဲ ဆြဲေခၚလိုက္သလိုျဖစ္သြားတာ စိတ္မေကာင္းပါဘူး။ဒါေပမယ့္ ကၽြန္ေတာ္ ေသလူျဖစ္ေတာ့မယ့္ နည္းတူ အဖိုးတို႔ အေဖတို႔လို အလကားေတာ့ ေသမသြားခ်င္ဘူးဗ်ာ။” ထိုသို႔ေျပာၿပီးေနာက္ ဂိုလီလည္း မီရာႏွင့္ ေစတန္ဘုရင္ၾကား ခုန္ဝင္လိုက္ေလသည္။ကမၻာၿဂိဳလ္ေစာင့္နတ္မင္းကား တားဖို႔ႀကိဳးစားေသာ္လည္း ကိုက္တစ္ရာအေက်ာ္သို႔ ေရာက္သြားေသာ ဂိုလီ၏အစီအမံမွာေပ်ာက္သြားၿပီး ကိုယ္ေရာင္ကိုယ္ဝါမ်ား ေပၚလာေလေတာ့သည္။ ေစတန္ဘုရင္က ေၾကာင္လ်က္ရွိေနစဥ္ ဂိုလီက မီရာဘက္လွည့္ကာ “မီရာ ငါစိတ္မေကာင္းပါဘူး။ဒီလိုလုပ္ရတာ။” ဟုေျပာရင္း လက္ဝါးတြင္ စက္ဝိုင္းပုံတစ္ခုေဖာ္လိုက္ကာ မီရာ၏ႏွလုံးသားထံသို႔ ဖိသြင္းလိုက္ေလသည္။ေစတန္ဘုရင္က ေဒါသတႀကီးျဖင့္ “ဘယ္က နတ္လည္းကြ။ဟင္...။ဪ... မင္းပါလားကြ ကမၻာေပၚက ျမစ္ေစာင့္နတ္ဆိုးေကာင္။မင္းကို အက်ဥ္းခ်ထားတာမလား။ရာရာစစ ဒီကိုေရာက္လာရဲတယ္ေပါ့။ကမၻာၿဂိဳလ္ေစာင့္နတ္မင္း။ခင္ဗ်ားလက္ခ်က္လည္း မကင္းဘူးမလား။ဒီနတ္ဆိုးက သူ႔ဘာသူေတာ့ေရာက္မလာနိုင္ဘူးေလ။” ဂိုလီက “စိတ္ေတာ့မရွိနဲ႔ ဒီကိစၥမွာ သူလုံးဝမပါေပဘူး။က်ဳပ္ဘာသာ အစီအမံနဲ႔ သူမသိေအာင္ခိုးလာခဲ့တာပဲ။” ကမၻာၿဂိဳလ္ေစာင့္နတ္မင္းလည္း စိတ္ထဲမွသာ ဘာလို႔မ်ားအဲ့လိုလုပ္ခဲရသလဲဟု ေတြးေနမိေလေတာ့သည္၊ ထိုအတိတ္ကာလကိုၾကည့္ေနေသာ ဂိုလိကမူ ကမၻာၿဂိဳလ္ေစာင့္နတ္မင္းအား ၾကည့္ေနရင္း “ခင္ဗ်ားလုပ္ေပးခဲ့သမၽွေတြကို ေက်းဇူးျပန္မဆပ္နိုင္ခဲ့ေပမယ့္လည္း ဒီေလာက္ေတာ့ လုပ္ေပးခဲ့သင့္ပါတယ္၊” ဟုေျပာရင္း ျပဳံးေနခဲ့မိေလသည္။ ‘မင္း လနတ္သမီးေလးကို ဘာလုပ္လိုက္တာလဲ။၊က်ိန္စာတိုက္လိုက္တာလား။နတ္ဆိုးေကာင္ မင္းက်ိန္စာတိုက္လိုက္တာလား၊ ေစတန္ဘုရင္လည္း ေဒါသတႀကီး ေအာ္ဟစ္ေနေလေတာ့သည္။ “က်ိန္စာေတြဆိုတာ နတ္ဆိုးေတြနဲ႔သာ သက္ဆိုင္တာမဟုတ္လား။က်ဳပ္က အရွင္ေနမင္းကိုယ္တိုင္ နတ္ဆိုးအမည္ကိုပယ္ဖ်က္ထားၿပီးသားေလ။တကယ္ နတ္ဆိုးဆိုတာ ဘယ္သူလဲ ခင္ဗ်ားအသိဆုံးပဲေလ။” ဂိုလီတစ္ေယာက္ ေဘးဘက္သို႔ လႊင့္ထြက္သြားေလသည္။ေစတန္ဘုရင္က ဖ်တ္ကနဲ ကန္ခ်လိုက္ေသာေၾကာင့္ျဖစ္ေလသည္။ထို႔ေနာက္ ေစတန္ဘုရင္က “မင္း...မင္းက ဘာသိလို႔လဲကြ။နတ္ဆိုးေကာင္ရ။” “က်ဳပ္အဖိုးရဲ့ အခင္ဆုံးသူငယ္ခ်င္း နတ္သူငယ္ေလးျဖစ္ခဲ့တဲ့ သူက က်ဳပ္အဖိုးနဲ႔ သူ႔မ်ိဳးဆက္ေတြကို နတ္ဆိုးေတြ အျဖစ္ က်ိန္ဆဲေနတာကိုသာ သိရင္ ေတာ္ေတာ္စိတ္မေကာင္းျဖစ္မွာပဲ။” ေစတန္ဘုရင္က ထိုအခါ တစ္ခ်က္ အံဩမိသြားေလသည္။ထို႔ေနာက္ ေဒါသပိုထြက္လာကာ “ဟုတ္တယ္၊ငါက်ိန္ဆဲတယ္ကြာ၊မင္းအဖိုးေကာ မင္းတို႔အမ်ိဳးအေဆြအားလုံး ေသသင့္တယ္။အက်ိန္ဆဲခံသင့္တယ္။နတ္ဆိုးအျဖစ္ သတ္မွတ္ခံထိုက္တယ္။” ေျပာရင္း အနားကပ္လေသာ ေစတန္ဘုရင္ကိုၾကည့္ရင္း ေသြးစက္လက္ျဖစ္ေသာ ဂိုလီက ျပန္ထလာကာ က်ယ္ေလာင္စြာရယ္ေမာလိုက္ေလသည္။ခန္းမထဲရွိေသာ အျခားနတ္မ်ားကား ေၾကာက္လန႔္ေနၾကေလၿပီ။ “ဒါဆို အရွင္ေနမင္းကို က်ဳပ္အဖိုးက တကယ္တိုက္ခိုက္ဖို႔ႀကံစည္ခဲ့တယ္ဆိုတာ ခင္ဗ်ားရဲ့ နတ္မင္းသိကၡာကို သက္ေသထားၿပီး သစြာဆိုရဲလား။” ဤတစ္ခါတြင္မူ ေစတန္ဘုရင္ တကယ္လန႔္ဖ်တ္သြားေလသည္။ ဂိုလီက ေစတန္ဘုရင္ကို ေစ့ေစ့ၾကည့္လိုက္ကာ “အခု ဘယ္သူက နတ္ဆိုးလဲဆိုတာ ခင္ဗ်ားျပန္ေျဖစမ္းပါဦး။” ခန္းမထဲရွိၾကေသာသူမ်ားကား ဤျမစ္ေစာင့္နတ္ဘာေတြေျပာေနသည္ကို နားလည္ပုံမရေပ။အတိအက် နားလည္သူရွိလၽွင္ ထိုသူမွာ ဂိုလီ၊ေစတန္ဘုရင္ႏွင့္ ကမၻာၿဂိဳလ္ေစာင့္နတ္မင္းတို႔သာျဖစ္ေပလိမ့္မည္။



Comments

Post a Comment