Goli and Miya (အပိုင်း ၇)


အခန်း ၁ ဖတ်ရန်- https://bit.ly/3k4mEpU
အခန်း ၂ ဖတ်ရန်- https://bit.ly/3meK1jo
အခန်း ၃ ဖတ်ရန်_ https://bit.ly/3z0lPVx
အခန်း ၄ ဖတ်ရန်- https://bit.ly/389xFRi
အခန်း ၅ ဖတ်ရန်_ https://bit.ly/3DpCYdW
အခန်း ၆ ဖတ်ရန်- https://bit.ly/3zz6Yla

(unicode)

 


အခန်း(၇)

“ဟေ့...ဟေ့..ငါ့ကိုလည်းစောင့်ကြပါဦးဟ။”

မြက်ခင်းပြင်စိမ်းပေါ်မှ ဖြတ်ပြေးဆော့ကစားနေကြသည့် ထိုနတ်သူငယ်လေးသုံးဦး၏ ရယ်မောနေသံများမှာ အထီးကျန်ခြောက်ကပ်နေသော လွင်ပြင်ကျယ်ကြီးကို ပိုမိုစိမ်းလန်းစိုပြေသွားစေသည့်နှယ် ထင်ရလေသည်။

“ဂျီတနဲ့ ဖိုဘေ။မြန်မြန်လာ ဒီမှာ မြင်ရတော့မယ်။”
ရှေ့မှ ရောက်နှင့်နေသူ ဂျုဒီက အလောတကြီးခေါ်လျက် ရှိနေလေသောကြောင့် နောက်မှလိုက်နေရသော ဂျီတနှင့် ဖိုဘေကား အရှိန်ကို မတရားတင်ကာ ပြေးလာခဲ့ကြရသည်။နောက်ဆုံး ဂျုဒီထံရောက်ကြလေသောအခါမှ ပစ်လှဲလိုက်ကာ အမောဖြေကြရလေသည်။

“အား...ဟားဟားဟား မောလိုက်တာ ဒီထက်ပြေးရင် တကယ်ကို သေတော့မယ့်အတိုင်းပဲ။”
ဖိုဘေက အသက်ကို မနည်းလုရှု့ရင်း ပြောလေ၏ သူထိုကဲ့သို့ သေတော့မည်ဟူသော စကားမျိုး ပြောလေသည့်အခါတိုင်း ဂျီတက ကြားဖြတ်ကာ

“ဟ...မင်းကလည်း နတ်တွေက သေမှမသေတာ သေတယ်ဆိုတာ ဇာတ်နိမ့် သေမျိုးလူတွေမှပဲဖြစ်တာပါဟ။ဟို...ဟို..ငါတို့နတ်တွေရဲ့ သစွာဆိုပြီး အစီအမံတွေရွှတ်ဆိုတဲ့ အတန်းမှာဆို မသေမျိုးနတ်တို့၏ ဂုဏ်သိက္ခာကို စောင့်စည်း၍ ဆိုတဲ့စာသားတောင်ပါသေးသားပဲ။”
ဖိုဘေကမူ ထိုကဲ့သို့ဂျီတကပြောတိုင်း ခေါင်းကိုခါကာ

“ဂျီတရာ နတ်တွေလည်း သေတတ်တာပေါ့ဟ ဒါကြောင့် God of Deathဆိုတာရှိနေတာပေါ့ဟ။”
ဂျီတက
“God of Death ဘာကြီးလဲဟ။”

ဖိုဘေက
“လူတွေခေါ်တဲ့ စကားကနေကြားလာတာလေ သေမင်းကိုခေါ်တာပေါ့။Godဆိုတာကတော့ ငါ့တို့လို နတ်တွေကို ရည်ညွှန်းတာပဲ သူတို့ကိုးကွယ်ဆည်းကပ်တဲ့သူကို Godဆိုပြီး ရည်ညွှန်းကြတာပဲ။Deathဆိုတာကတော့ လူတွေရဲ့ သေခြင်း၊နတ်တွေရဲ့ နတ်သက်ကြွေခြင်းကို ရည်ညွှန်းတဲ့စကားပေါ့။”

ဂျုဒီက
“အံမယ် လူတွေရဲ့ ဘာသာစကားကို နင်ကသိတယ်ပေါ့။”

ဂျီတကမူ နှာခေါင်းရှုံ့လျက်
“အဲ့ဇာတ်နိမ့်တွေပြောတဲ့ စကားကို တတ်တော့ဘာသုံးစားရမှာလဲကွ၊နတ်တွေရဲ့ တန်ခိုးစွမ်းအင်တွေ အစီအမံတွေကို တတ်ကျွမ်းရင် တော်ပြီပေါ့။”

ဖိုဘေက
“မင်းပဲပြောတော့ ကမ္ဘာစောင့်နတ်မင်းကြီးဖြစ်ချင်တယ်ဆို၊ကိုယ်စောင့်ရှောက်ရမယ့် ဂြိုလ်ပေါ်က သက်ရှိတွေနဲ့ ရင်းရင်းနှီးနှီးဆက်သွယ်နိုင်မယ်ဆိုရင် မကောင်းဘူးလားကွ။”

ဂျုဒီက စိတ်မရှည်စွာဖြင့်
“ကဲလေ...တော်တော်စကားများတယ် နင်တို့နှစ်ယောက်။ဟိုမှာ စတောင်စတော့မယ်။

ထို့နောက် မီးရှုးမီးပန်းများ ကောင်းကင်အထက် ပျံတက်သွားပြီး ပေါက်ကွဲထွက်သွားသော မြင်ကွင်းကို သူတို့သုံးယောက်စလုံး တအံ့တဩဖြင့်ကြည့်နေခဲ့ကြရလေသည်။

အပြန်တွင် ဖိုဘေက ဂျုဒီနှင့် ဂျီတကို
“နတ်တွေကလေ လူတွေလို ဘာလို့ မီးရှုးမီးပန်းတွေ ပစ်ဖေါက်ခွင့်မရှိတာလဲသိလား။”

ထိုနှစ်ယောက်ကလည်း
“အေး ဘာဖြစ်လို့လဲ။ပြောစမ်းပါ။”

ဖိုဘေက မျက်နှာကို ခပ်ပြုံးပြုံးထားကာ
“လူတွေဖန်တီးတဲ့ မီးရှုးမီးပန်းက နတ်တွေရဲ့ ဗိမာန်ကို မရောက်နိုင်ပေမယ့် နတ်တွေရဲ့ တန်ခိုးနဲ့ ဖန်တီးတဲ့ မီးရှူးမီးပန်းကျ အရမ်း အားပြင်းလွန်းတော့ ကောင်းကင်မှာနေတဲ့ နတ်တွေ နဲ့ သူတို့ဗိမာန်တွေကို သွားသွားထိလို့လေ။”

ပြောရင်း သူတို့နတ်သူငယ်လေး သုံးယောက်မှာ ရယ်မောလျက် ပြန်လာခဲ့ကြလေသည်။
“မနက်ဖြန်ဆို ငါတို့တွေ ကျောင်းတော်ကြီးကို ပြန်သွားရဦးမှာ သိတယ်မလား။”

“အေး...ဟုတ်တယ်။နေမထွက်ခင်လောက် ထွက်လာခဲ့ကြလေ။ကျောင်းမသွားခင် မြစ်ရေပေါ်မှာ ဖြတ်ပြေးတိုင်းဆော့မယ်လေ။”

“အံမယ် ဖိုဘေ ငါဒါတော့ နင့်ကိုအားကိုးမယ်နော်။နင်က မြစ်ရေကိုတော့ အကျွမ်းဆုံးပဲ။”
ဤသို့ဖြင့် နတ်သူငယ်လေးတို့မှာ ၎င်းတို့နေရာ ဗိမာန်အသီးသီးသို့ ပြန်ခဲ့ကြလေ၏။

နောက်တစ်နေ့၌ ၎င်းတို့ ညကတိုင်ပင်ခဲ့သည့်အတိုင်း နေမထွက်ခင်လေးမှာပဲ အသီးသီး ဗိမာန်ကနေ ခိုးထွက်လာကြကာ မြစ်ရေစပ်၌ထိုင်စောင့်နေကြ၏၊ဂျီတနှင့် ဖိုဘေကားရောက်နှင့်နေကြပြီ။ဂျုဒီကား မရောက်လာသေးပေ။

“ဂျီတရေ နေတောင်ထွက်တော့မယ်။ဂျုဒီက ဘာလို့ရောက်မလာသေးတာလဲဟ။”
ဖိုဘေက အနည်းငယ်စိတ်ပူစပြုနေလေပြီ။

“ဗိမာန်ကနေ ခိုးထွက်တာမိများသွားတာလား။”
ဂျီတလည်း ချွေးတွေပင်ပြန်ချင်သလိုလိုဖြစ်လာရင်း ပြော၏။

“သွားပြီး စုံစမ်းကြည့်လို့လည်းမရ ခိုးထွက်လာတာဆိုတော့။ဘာလုပ်ကြရင်ကောင်းမလဲ။”

“အနားတဝိုက် နည်းနည်းပတ်ရှာကြည့်ရအောင်။”
ဤသို့ဖြင့် မြစ်အနားတဝိုက် ပတ်ကြည့်ကြရာ တော်တော်ကြာလေသောအခါမှ
“ဂျီတရေ လာကြည့်ဦး။”

ဖိုဘေ၏ အော်ခေါ်လိုက်သံကြောင့် ဂျီတလည်း စိုးရိမ်တကြီး ရောက်လာကာ
“ဘာတွေ့လို့လဲ။ဘာလဲ။”

ဖိုဘေက သူကောက်ရထားသောအရာကိုထုတ်ပြ၏။ထိုအရာမှာ ဂျုဒီ၏ အစောင့်အရှောက် လည်ဆွဲလေးဖြစ်၏။အစွမ်းမရှိသေးသော နတ်သူငယ်လေးများကို သရဲ၊ဘီလူး၊မိစ္ဆာနတ်ဆိုးများ မတိုက်ခိုက်နိုင်အောင် ဆွဲပေးသော လည်ဆွဲလေးဖြစ်၏။

ဖိုဘေက
“ဒီလည်ဆွဲ ဒီမှာကျနေပုံကိုကြည့်ရင် ဂျုဒီ နတ်ဆိုးတစ်ကောင်ကောင် ဖမ်းဆီးတာခံလိုက်ရတာဖြစ်နိုင်တယ်။ပြီးတော့ နတ်ဆိုးက အစွမ်းတော်တော်ထက်တဲ့ အဓိပ္ပာယ်ပဲ။အစွမ်းသိပ်ထက်မှသာ ဒီလည်ဆွဲကို ရင်ဆိုင်နိုင်မှာ။”

ဂျီတက ကြောက်လန့်သွားလေသည်။
“အဲ့လိုတာဆို...ဘာ...ဘာလုပ်ကြမလဲ။”

ဖိုဘေက တည်ငြိမ်စွာဖြင့်သာ
“ဂျုဒီက အသက်ငယ်သေးတော့ အစီအမံတွေ တန်ခိုးတွေ မသင်ကြားရသေးတဲ့အတွက် ခုခံနိုင်မှာမဟုတ်ဘူး။ငါတို့ကယ်မှဖြစ်မယ်။”

ဂျီတက အံ့ဩစွာဖြင့်

“ဖိုဘေ...။မင်းရုးသွားပြီလား။ငါတို့က နတ်သူငယ်လေးတွေပဲရှိသေးတာ နတ်ဆိုးတွေကို ဘယ်လိုလုပ်တိုက်နိုင်မှာလဲဟ။”

ဖိုဘေက
“ငါတို့ကို တန်ခိုးစွမ်းအင်သုံးတတ်အောင်သင်ပေးတဲ့ ကျောင်းတော်ကြီးက ဆရာကိုမှတ်မိလား။”

ဂျီတက တုန်ယင်လျက်
“အေ။အဖိုးကြီးလေ။စကားက နည်းနည်းထစ်တတ်သေးတယ်။”

ဖိုဘေက တည်ငြိမ်ပြတ်သားစွာ ကြည့်လိုက်ရင်း
“သူပြောခဲ့တာကိုမှတ်မိလား။တန်ခိုးစွမ်းအင်တွေကို အသုံးချတတ်ဖို့ဆိုရင် ဘာကအရေးကြီးဆုံးလဲ။ယုံကြည်မှုပဲ ဂျီတ။”

“မင်းကော ငါကောက ကျောင်းတော်မှာ အတော်ဆုံး တန်ခိုးသုံးတတ်သူတွေပဲလေ။ငါတို့ ဂျုဒီကို ကယ်နိုင်မှာပါ။ပြီးတော့ကွာ….ငါ...ငါတို့တွေ ဂျုဒီကို ထားခဲ့လိုလည်း မဖြစ်ဘူးလေကွာ။”

အဆုံး၌ သူတို့နတ်သူငယ်လေးနှစ်ယောက်လည်း ဂျုဒီ့ကို ကယ်ရန်ဆုံးဖြတ်ကာ ထိုဖမ်းသွားသော နတ်ဆိုးကို ခြေရာခံလိုက်ကြလေတော့သည်။

တောအတွင်း၏ အတော်နက်နက်နဲနဲထဲရောက်လာလေသောအခါတွင် နေရောင်မှာ သစ်ပင်သစ်ခက်တို့၏ထူပြောမှုကြောင့် တိုးမဝင်ပဲရှိနေရာ နှစ်ဆယ့်လေးနာရီလုံးမှောင်မိုက်နေသော တောနက်ထဲသို့ရောက်လာလေသည်။

နတ်သူငယ်လေးများဖြစ်ကြသော ဂျီတနှင့်ဖိုဘေတို့၏ ကိုယ်ရောင်ကိုယ်ဝါမှာ ထိုတောနက်ထဲမှ သရဲတစ္ဆေများနှင့် မိစ္ဆာနတ်ဆိုးများကို သတိထားမိစေပြီး ဖမ်းစားချင်စရာဖြစ်နေလေရာ ဘေးပတ်ပတ်လည်တွင် မျက်လုံးနီများဖြင့် အမှောင်ထုထဲမှ ချောင်းကြည့်နေကြသူများ ဝိုင်းလာကြလေတော့သည်။

ဖိုဘေက လက်တွင်မီးတောက်တစ်ခုကို ဖန်ဆင်းကာ
“ဒီထဲမှာ နတ်သူငယ်လေး ဂျုဒီကို ဖမ်းသွားတဲ့ နတ်ဆိုးကို သိတဲ့သူရှိလား။ပြောပြရင် အသက်ချမ်းသာပေးမယ်။မဟုတ်ရင် တစ်တောလုံးကို မီးမြိုက်ပစ်မှာ။”

ထိုမျက်လုံးနီဖြင့် ချောင်းကြည့်နေသော အမှောင်ထဲမှ သရဲများမှာ အချင်းချင်းတီးတိုးပြောနေကြဟန် တီးတိုးစကားသံများထွက်ပေါ်လာလေသည်။

“ဒီနတ်သူငယ်တွေက ဘာလဲကွ။ငါတို့နေရာအထိ ရောက်လာပြီး ခြိမ်းခြောက်နေကြတာလားဟ။”

“နတ်သူငယ်တွေဆိုတော့ ဖမ်းစားလိုက်ရရင် မကောင်းဘူးလား။ကျုပ်တို့ နယ်မြေထဲတောင်ရောက်လာတဲ့ နတ်သူငယ်တွေပဲကို။”

“ဟေ့ကောင် ဟုတ်မှလည်းလုပ်ကွ။သူ့လက်ထဲကမီးတောက် နေလုံးကြီးကျနေတာပဲ တောက်လောင်နေတာများ တကယ်ရှို့လောက်မယ့်ပုံပဲ။”

“အောင်မာ မင်းက နေကိုမြင်ဖူးတာကျနေတာပဲ။မင်းက တစ္ဆေလေကွာ နေထိရင်သေမှာကြီးကို။”

“တစ္ဆေမဖြစ်ခင် လူဘဝကတော့ နေမြင်ဖူးပါတယ်ဟ။”

ဖိုဘေက
“နောက်ဆုံးတစ်ကြိမ်ထပ်မေးမယ်။နတ်သူငယ်လေးဂျုဒီကို ဖမ်းသွားတဲ့ နတ်ဆိုးကိုသိတဲ့သူရှိလား။ရှိရင် ပြောပြကြစမ်း။မပြောရင် တစ်တောလုံး မီးမြိုက်ပစ်လိုက်မှာ။”

သရဲများက ထပ်မံတီးတိုးပြောကြပြန်လေသည်။
“သူပြောတာ ဟို နတ်တွေကို ဖမ်းစားတဲ့ နတ်ဆိုးကောင်ကိုပြောတာဖြစ်မယ်။ပြောပြလိုက်ကြတာကောင်းမယ်။”

“အေးကောင်းတယ်။ဘာပဲဖြစ်ဖြစ် ဟိုက ဖမ်းပြီးသတ်စားရင် သူတို့ပဲသေကြမှာဆိုတော့ ငါတို့လည်း ဇယားမရှုပ်ဘူး။”

သရဲတစ်​ကောင်က
“ဟေ့နတ်သူငယ်လေးတွေ မင်းတို့ပြောတဲ့သူက ဒီတောရဲ့ အနောက်ဘက် ငရဲနဲ့ မြေကြီးစပ်ကြားဒေသမှာနေတယ်လို့တော့ ကြားဖူးတယ်။အဲ့မှရှိချင်ရှိမှာပေါ့။”

ဖိုဘေက မီးတောက်ကို မငြိမ်းသက်သေးပဲ
“မဟုတ်တာပြောရင်တော့ ဒီကိုပြန်လာပြီး မီးမြိုက်ပစ်လိုက်မယ်ရှင်းလား။”

သရဲတစ်ကောင်က ထပြောလေသည်မှာ
“စိတ်မပူပါနဲ့ကွာ။ဟိုရောက်ရင် မင်းဒီကိုပြန်လာနိုင်လောက်တဲ့အထိ အသက်ရှင်နိုင်ချင်မှရှင်မှာပါကွာ။ဟီးဟီးဟီးဟီးဟီးဟီး…..။

သရဲများ၏ခြောက်ခြားဖွယ်ရာ ရယ်မောသံများမှာ နောက်တွင်ကျန်ခဲ့လေသည်။

တောမှပြန်ထွက်လာချိန်တွင် အရုဏ်တက်ချိန်ရောက်နှင့်နေပြီ။ဖိုဘေက
“ဂျီတ။ငါတို့ ဒီတိုင်းသွားရင် ရောက်မှာမဟုတ်ဘူး။ရွေ့ပြောင်းအစွမ်းသုံးရအောင်။”

ကျောင်းတော်တွင် သင်ဖူးသည့်ရွေ့ပြောင်းအစွမ်းဖြင့် အနောက်ဘက်အရပ် ငရဲနှင့် မြေကြီးစပ်ကြား မိစ္ဆာများနေကြသော ဒေသထဲရောက်သွားကြလေတော့သည်။ဤတစ်ခါတွင်မူ ကိုယ်ရောင်ကိုယ်ဝါကိုဖျောက်ကာ မည်သူမှမမြင်နိုင်အောင် ဖျောက်ထားကြရင်း ရှာဖွေကြ၏။

မိစ္ဆာများနေကြသည့် နေရာဒေသဖြစ်သည့်နည်းတူ ခြောက်ကပ်ပြီး ရှင်းလင်းနေသော လွင်ပြင်ကြီးများသာ ရှိနေတတ်နေလေသည်။တော်တော်ကြာအောင်လျှောက်သွားသောအခါ စုတ်ပြတ်ပြတ် နေရာတစ်ခုကိုသွားတွေ့ရလေရာ ဖိုဘေက
“ဒီနေရာမှာ ဂျုဒီရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိတယ်။ဒီမှာရှိတယ်ဆိုတာ သေချာတယ်။ဝင်ရှာရအောင်။”

အထဲဝင်သောအခါဝယ် ပထမဦးဆုံးမြင်ရသည်မှာ ရှင်းလင်းနေသော အခန်းတစ်ခုပင် ဘာမှမမြင်ရချေ။ဖိုဘေက တစ်လှမ်းချင်းလှမ်းရင်း လက်မှ မီးတောက်များကို ဖန်ဆင်းထားလိုက်ကာ ဂျီတက လက်မကို ကိုက်လိုက်ကာ သွေးထွက်အောင်လုပ်လိုက်ပြီးနောက် သွေးဖြင့်သာဖန်ဆင်း၍ရသော သံကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသောဓါးမြှောင်ကို ထုတ်လိုက်လေသည်၊

ထို့နောက် ၎င်းတို့ရှေ့မှ အရိပ်တစ်ခုထွက်လာကာ တစ်ဖြည်းဖြည်းဖြင့် ခန္တာကိုယ်ပုံပန်းသွင်ပြင်ပေါ်လာကာ
“မိစ္တာနတ်မယ် လိုဘယ်ရဲ့ တစ်ကိုယ်တော်စံ နန်းတော်ကြီးကနေ ကြိုဆိုပါတယ် နတ်သူငယ်လေးတို့။ဟင်းဟင်းဟင်းဟင်း...မင်းတို့ကြည့်ရဝာာ အရသာတော်တော်ရှိမယ့်ပုံပဲ။”

ဂျီတက ဒေါသတကြီးဖြင့်
“ဂျုဒီကို ပြန်လွှတ်ပေး မိစ္တာမကြီး...။”
ဟုအော်ဟစ်ရင်း သံကြိုးဖြင့် လွှဲရင်းဓါးမြှောင်ကို ပစ်လွှတ်လိုက်လေသည်။

လိုဘယ်က ခေါင်းကကို ဇက်ချိုးလိုက်သလို ရှောင်လိုက်ရင်း
“အိုးဟိုးဟိုးဟိုး...မင်းတို့က နတ်သူငယ်လေးတွေပေမယ့် အစွမ်းရှိကြတာပဲ။စိတ်တော့မကောင်းပါဘူးကွယ်။နှမြောဖို့ကောင်းလို့လေ။”
ထိုသို့ပြောပြီးနောက် လက်ဖျောက်တီးလိုက်ရာ ဂျီတလည်း ပါးစပ်မှ သွေးများအန်ထွက်လာကာ ပစ်လဲကျသွားလေတော့သည်။

“ဂျီတ….။”
ဖိုဘေ၏အော်ဟစ်သံ လိုဘယ်၏ ရယ်မောနေသံများမှာ ထိုနေရာကြီးတစ်ခုလုံးကို ဟိန်းသွားသည့်အလား အောင့်မေ့ရပါလေတော့သည်။

(zawgyi)


အခန္း(၇) “ေဟ့...ေဟ့..ငါ့ကိုလည္းေစာင့္ၾကပါဦးဟ။” ျမက္ခင္းျပင္စိမ္းေပၚမွ ျဖတ္ေျပးေဆာ့ကစားေနၾကသည့္ ထိုနတ္သူငယ္ေလးသုံးဦး၏ ရယ္ေမာေနသံမ်ားမွာ အထီးက်န္ေျခာက္ကပ္ေနေသာ လြင္ျပင္က်ယ္ႀကီးကို ပိုမိုစိမ္းလန္းစိုေျပသြားေစသည့္ႏွယ္ ထင္ရေလသည္။ “ဂ်ီတနဲ႔ ဖိုေဘ။ျမန္ျမန္လာ ဒီမွာ ျမင္ရေတာ့မယ္။” ေရွ႕မွ ေရာက္ႏွင့္ေနသူ ဂ်ဳဒီက အေလာတႀကီးေခၚလ်က္ ရွိေနေလေသာေၾကာင့္ ေနာက္မွလိုက္ေနရေသာ ဂ်ီတႏွင့္ ဖိုေဘကား အရွိန္ကို မတရားတင္ကာ ေျပးလာခဲ့ၾကရသည္။ေနာက္ဆုံး ဂ်ဳဒီထံေရာက္ၾကေလေသာအခါမွ ပစ္လွဲလိုက္ကာ အေမာေျဖၾကရေလသည္။ “အား...ဟားဟားဟား ေမာလိုက္တာ ဒီထက္ေျပးရင္ တကယ္ကို ေသေတာ့မယ့္အတိုင္းပဲ။” ဖိုေဘက အသက္ကို မနည္းလုရႈ႔ရင္း ေျပာေလ၏ သူထိုကဲ့သို႔ ေသေတာ့မည္ဟူေသာ စကားမ်ိဳး ေျပာေလသည့္အခါတိုင္း ဂ်ီတက ၾကားျဖတ္ကာ “ဟ...မင္းကလည္း နတ္ေတြက ေသမွမေသတာ ေသတယ္ဆိုတာ ဇာတ္နိမ့္ ေသမ်ိဳးလူေတြမွပဲျဖစ္တာပါဟ။ဟို...ဟို..ငါတို႔နတ္ေတြရဲ့ သစြာဆိုၿပီး အစီအမံေတြရႊတ္ဆိုတဲ့ အတန္းမွာဆို မေသမ်ိဳးနတ္တို႔၏ ဂုဏ္သိကၡာကို ေစာင့္စည္း၍ ဆိုတဲ့စာသားေတာင္ပါေသးသားပဲ။” ဖိုေဘကမူ ထိုကဲ့သို႔ဂ်ီတကေျပာတိုင္း ေခါင္းကိုခါကာ “ဂ်ီတရာ နတ္ေတြလည္း ေသတတ္တာေပါ့ဟ ဒါေၾကာင့္ God of Deathဆိုတာရွိေနတာေပါ့ဟ။” ဂ်ီတက “God of Death ဘာႀကီးလဲဟ။” ဖိုေဘက “လူေတြေခၚတဲ့ စကားကေနၾကားလာတာေလ ေသမင္းကိုေခၚတာေပါ့။Godဆိုတာကေတာ့ ငါ့တို႔လို နတ္ေတြကို ရည္ညႊန္းတာပဲ သူတို႔ကိုးကြယ္ဆည္းကပ္တဲ့သူကို Godဆိုၿပီး ရည္ညႊန္းၾကတာပဲ။Deathဆိုတာကေတာ့ လူေတြရဲ့ ေသျခင္း၊နတ္ေတြရဲ့ နတ္သက္ေႂကြျခင္းကို ရည္ညႊန္းတဲ့စကားေပါ့။” ဂ်ဳဒီက “အံမယ္ လူေတြရဲ့ ဘာသာစကားကို နင္ကသိတယ္ေပါ့။” ဂ်ီတကမူ ႏွာေခါင္းရႈံ႔လ်က္ “အဲ့ဇာတ္နိမ့္ေတြေျပာတဲ့ စကားကို တတ္ေတာ့ဘာသုံးစားရမွာလဲကြ၊နတ္ေတြရဲ့ တန္ခိုးစြမ္းအင္ေတြ အစီအမံေတြကို တတ္ကၽြမ္းရင္ ေတာ္ၿပီေပါ့။” ဖိုေဘက “မင္းပဲေျပာေတာ့ ကမၻာေစာင့္နတ္မင္းႀကီးျဖစ္ခ်င္တယ္ဆို၊ကိုယ္ေစာင့္ေရွာက္ရမယ့္ ၿဂိဳလ္ေပၚက သက္ရွိေတြနဲ႔ ရင္းရင္းႏွီးႏွီးဆက္သြယ္နိုင္မယ္ဆိုရင္ မေကာင္းဘူးလားကြ။” ဂ်ဳဒီက စိတ္မရွည္စြာျဖင့္ “ကဲေလ...ေတာ္ေတာ္စကားမ်ားတယ္ နင္တို႔ႏွစ္ေယာက္။ဟိုမွာ စေတာင္စေတာ့မယ္။ ထို႔ေနာက္ မီးရႈးမီးပန္းမ်ား ေကာင္းကင္အထက္ ပ်ံတက္သြားၿပီး ေပါက္ကြဲထြက္သြားေသာ ျမင္ကြင္းကို သူတို႔သုံးေယာက္စလုံး တအံ့တဩျဖင့္ၾကည့္ေနခဲ့ၾကရေလသည္။ အျပန္တြင္ ဖိုေဘက ဂ်ဳဒီႏွင့္ ဂ်ီတကို “နတ္ေတြကေလ လူေတြလို ဘာလို႔ မီးရႈးမီးပန္းေတြ ပစ္ေဖါက္ခြင့္မရွိတာလဲသိလား။” ထိုႏွစ္ေယာက္ကလည္း “ေအး ဘာျဖစ္လို႔လဲ။ေျပာစမ္းပါ။” ဖိုေဘက မ်က္ႏွာကို ခပ္ျပဳံးျပဳံးထားကာ “လူေတြဖန္တီးတဲ့ မီးရႈးမီးပန္းက နတ္ေတြရဲ့ ဗိမာန္ကို မေရာက္နိုင္ေပမယ့္ နတ္ေတြရဲ့ တန္ခိုးနဲ႔ ဖန္တီးတဲ့ မီးရႉးမီးပန္းက် အရမ္း အားျပင္းလြန္းေတာ့ ေကာင္းကင္မွာေနတဲ့ နတ္ေတြ နဲ႔ သူတို႔ဗိမာန္ေတြကို သြားသြားထိလို႔ေလ။” ေျပာရင္း သူတို႔နတ္သူငယ္ေလး သုံးေယာက္မွာ ရယ္ေမာလ်က္ ျပန္လာခဲ့ၾကေလသည္။ “မနက္ျဖန္ဆို ငါတို႔ေတြ ေက်ာင္းေတာ္ႀကီးကို ျပန္သြားရဦးမွာ သိတယ္မလား။” “ေအး...ဟုတ္တယ္။ေနမထြက္ခင္ေလာက္ ထြက္လာခဲ့ၾကေလ။ေက်ာင္းမသြားခင္ ျမစ္ေရေပၚမွာ ျဖတ္ေျပးတိုင္းေဆာ့မယ္ေလ။” “အံမယ္ ဖိုေဘ ငါဒါေတာ့ နင့္ကိုအားကိုးမယ္ေနာ္။နင္က ျမစ္ေရကိုေတာ့ အကၽြမ္းဆုံးပဲ။” ဤသို႔ျဖင့္ နတ္သူငယ္ေလးတို႔မွာ ၎တို႔ေနရာ ဗိမာန္အသီးသီးသို႔ ျပန္ခဲ့ၾကေလ၏။ ေနာက္တစ္ေန႔၌ ၎တို႔ ညကတိုင္ပင္ခဲ့သည့္အတိုင္း ေနမထြက္ခင္ေလးမွာပဲ အသီးသီး ဗိမာန္ကေန ခိုးထြက္လာၾကကာ ျမစ္ေရစပ္၌ထိုင္ေစာင့္ေနၾက၏၊ဂ်ီတႏွင့္ ဖိုေဘကားေရာက္ႏွင့္ေနၾကၿပီ။ဂ်ဳဒီကား မေရာက္လာေသးေပ။ “ဂ်ီတေရ ေနေတာင္ထြက္ေတာ့မယ္။ဂ်ဳဒီက ဘာလို႔ေရာက္မလာေသးတာလဲဟ။” ဖိုေဘက အနည္းငယ္စိတ္ပူစျပဳေနေလၿပီ။ “ဗိမာန္ကေန ခိုးထြက္တာမိမ်ားသြားတာလား။” ဂ်ီတလည္း ေခၽြးေတြပင္ျပန္ခ်င္သလိုလိုျဖစ္လာရင္း ေျပာ၏။ “သြားၿပီး စုံစမ္းၾကည့္လို႔လည္းမရ ခိုးထြက္လာတာဆိုေတာ့။ဘာလုပ္ၾကရင္ေကာင္းမလဲ။” “အနားတဝိုက္ နည္းနည္းပတ္ရွာၾကည့္ရေအာင္။” ဤသို႔ျဖင့္ ျမစ္အနားတဝိုက္ ပတ္ၾကည့္ၾကရာ ေတာ္ေတာ္ၾကာေလေသာအခါမွ “ဂ်ီတေရ လာၾကည့္ဦး။” ဖိုေဘ၏ ေအာ္ေခၚလိုက္သံေၾကာင့္ ဂ်ီတလည္း စိုးရိမ္တႀကီး ေရာက္လာကာ “ဘာေတြ႕လို႔လဲ။ဘာလဲ။” ဖိုေဘက သူေကာက္ရထားေသာအရာကိုထုတ္ျပ၏။ထိုအရာမွာ ဂ်ဳဒီ၏ အေစာင့္အေရွာက္ လည္ဆြဲေလးျဖစ္၏။အစြမ္းမရွိေသးေသာ နတ္သူငယ္ေလးမ်ားကို သရဲ၊ဘီလူး၊မိစၧာနတ္ဆိုးမ်ား မတိုက္ခိုက္နိုင္ေအာင္ ဆြဲေပးေသာ လည္ဆြဲေလးျဖစ္၏။ ဖိုေဘက “ဒီလည္ဆြဲ ဒီမွာက်ေနပုံကိုၾကည့္ရင္ ဂ်ဳဒီ နတ္ဆိုးတစ္ေကာင္ေကာင္ ဖမ္းဆီးတာခံလိုက္ရတာျဖစ္နိုင္တယ္။ၿပီးေတာ့ နတ္ဆိုးက အစြမ္းေတာ္ေတာ္ထက္တဲ့ အဓိပၸာယ္ပဲ။အစြမ္းသိပ္ထက္မွသာ ဒီလည္ဆြဲကို ရင္ဆိုင္နိုင္မွာ။” ဂ်ီတက ေၾကာက္လန႔္သြားေလသည္။ “အဲ့လိုတာဆို...ဘာ...ဘာလုပ္ၾကမလဲ။” ဖိုေဘက တည္ၿငိမ္စြာျဖင့္သာ “ဂ်ဳဒီက အသက္ငယ္ေသးေတာ့ အစီအမံေတြ တန္ခိုးေတြ မသင္ၾကားရေသးတဲ့အတြက္ ခုခံနိုင္မွာမဟုတ္ဘူး။ငါတို႔ကယ္မွျဖစ္မယ္။” ဂ်ီတက အံ့ဩစြာျဖင့္ “ဖိုေဘ...။မင္း႐ုးသြားၿပီလား။ငါတို႔က နတ္သူငယ္ေလးေတြပဲရွိေသးတာ နတ္ဆိုးေတြကို ဘယ္လိုလုပ္တိုက္နိုင္မွာလဲဟ။” ဖိုေဘက “ငါတို႔ကို တန္ခိုးစြမ္းအင္သုံးတတ္ေအာင္သင္ေပးတဲ့ ေက်ာင္းေတာ္ႀကီးက ဆရာကိုမွတ္မိလား။” ဂ်ီတက တုန္ယင္လ်က္ “ေအ။အဖိုးႀကီးေလ။စကားက နည္းနည္းထစ္တတ္ေသးတယ္။” ဖိုေဘက တည္ၿငိမ္ျပတ္သားစြာ ၾကည့္လိုက္ရင္း “သူေျပာခဲ့တာကိုမွတ္မိလား။တန္ခိုးစြမ္းအင္ေတြကို အသုံးခ်တတ္ဖို႔ဆိုရင္ ဘာကအေရးႀကီးဆုံးလဲ။ယုံၾကည္မႈပဲ ဂ်ီတ။” “မင္းေကာ ငါေကာက ေက်ာင္းေတာ္မွာ အေတာ္ဆုံး တန္ခိုးသုံးတတ္သူေတြပဲေလ။ငါတို႔ ဂ်ဳဒီကို ကယ္နိုင္မွာပါ။ၿပီးေတာ့ကြာ….ငါ...ငါတို႔ေတြ ဂ်ဳဒီကို ထားခဲ့လိုလည္း မျဖစ္ဘူးေလကြာ။” အဆုံး၌ သူတို႔နတ္သူငယ္ေလးႏွစ္ေယာက္လည္း ဂ်ဳဒီ့ကို ကယ္ရန္ဆုံးျဖတ္ကာ ထိုဖမ္းသြားေသာ နတ္ဆိုးကို ေျခရာခံလိုက္ၾကေလေတာ့သည္။ ေတာအတြင္း၏ အေတာ္နက္နက္နဲနဲထဲေရာက္လာေလေသာအခါတြင္ ေနေရာင္မွာ သစ္ပင္သစ္ခက္တို႔၏ထူေျပာမႈေၾကာင့္ တိုးမဝင္ပဲရွိေနရာ ႏွစ္ဆယ့္ေလးနာရီလုံးေမွာင္မိုက္ေနေသာ ေတာနက္ထဲသို႔ေရာက္လာေလသည္။ နတ္သူငယ္ေလးမ်ားျဖစ္ၾကေသာ ဂ်ီတႏွင့္ဖိုေဘတို႔၏ ကိုယ္ေရာင္ကိုယ္ဝါမွာ ထိုေတာနက္ထဲမွ သရဲတေစၧမ်ားႏွင့္ မိစၧာနတ္ဆိုးမ်ားကို သတိထားမိေစၿပီး ဖမ္းစားခ်င္စရာျဖစ္ေနေလရာ ေဘးပတ္ပတ္လည္တြင္ မ်က္လုံးနီမ်ားျဖင့္ အေမွာင္ထုထဲမွ ေခ်ာင္းၾကည့္ေနၾကသူမ်ား ဝိုင္းလာၾကေလေတာ့သည္။ ဖိုေဘက လက္တြင္မီးေတာက္တစ္ခုကို ဖန္ဆင္းကာ “ဒီထဲမွာ နတ္သူငယ္ေလး ဂ်ဳဒီကို ဖမ္းသြားတဲ့ နတ္ဆိုးကို သိတဲ့သူရွိလား။ေျပာျပရင္ အသက္ခ်မ္းသာေပးမယ္။မဟုတ္ရင္ တစ္ေတာလုံးကို မီးၿမိဳက္ပစ္မွာ။” ထိုမ်က္လုံးနီျဖင့္ ေခ်ာင္းၾကည့္ေနေသာ အေမွာင္ထဲမွ သရဲမ်ားမွာ အခ်င္းခ်င္းတီးတိုးေျပာေနၾကဟန္ တီးတိုးစကားသံမ်ားထြက္ေပၚလာေလသည္။ “ဒီနတ္သူငယ္ေတြက ဘာလဲကြ။ငါတို႔ေနရာအထိ ေရာက္လာၿပီး ၿခိမ္းေျခာက္ေနၾကတာလားဟ။” “နတ္သူငယ္ေတြဆိုေတာ့ ဖမ္းစားလိုက္ရရင္ မေကာင္းဘူးလား။က်ဳပ္တို႔ နယ္ေျမထဲေတာင္ေရာက္လာတဲ့ နတ္သူငယ္ေတြပဲကို။” “ေဟ့ေကာင္ ဟုတ္မွလည္းလုပ္ကြ။သူ႔လက္ထဲကမီးေတာက္ ေနလုံးႀကီးက်ေနတာပဲ ေတာက္ေလာင္ေနတာမ်ား တကယ္ရွို႔ေလာက္မယ့္ပုံပဲ။” “ေအာင္မာ မင္းက ေနကိုျမင္ဖူးတာက်ေနတာပဲ။မင္းက တေစၧေလကြာ ေနထိရင္ေသမွာႀကီးကို။” “တေစၧမျဖစ္ခင္ လူဘဝကေတာ့ ေနျမင္ဖူးပါတယ္ဟ။” ဖိုေဘက “ေနာက္ဆုံးတစ္ႀကိမ္ထပ္ေမးမယ္။နတ္သူငယ္ေလးဂ်ဳဒီကို ဖမ္းသြားတဲ့ နတ္ဆိုးကိုသိတဲ့သူရွိလား။ရွိရင္ ေျပာျပၾကစမ္း။မေျပာရင္ တစ္ေတာလုံး မီးၿမိဳက္ပစ္လိုက္မွာ။” သရဲမ်ားက ထပ္မံတီးတိုးေျပာၾကျပန္ေလသည္။ “သူေျပာတာ ဟို နတ္ေတြကို ဖမ္းစားတဲ့ နတ္ဆိုးေကာင္ကိုေျပာတာျဖစ္မယ္။ေျပာျပလိုက္ၾကတာေကာင္းမယ္။” “ေအးေကာင္းတယ္။ဘာပဲျဖစ္ျဖစ္ ဟိုက ဖမ္းၿပီးသတ္စားရင္ သူတို႔ပဲေသၾကမွာဆိုေတာ့ ငါတို႔လည္း ဇယားမရႈပ္ဘူး။” သရဲတစ္​ေကာင္က “ေဟ့နတ္သူငယ္ေလးေတြ မင္းတို႔ေျပာတဲ့သူက ဒီေတာရဲ့ အေနာက္ဘက္ ငရဲနဲ႔ ေျမႀကီးစပ္ၾကားေဒသမွာေနတယ္လို႔ေတာ့ ၾကားဖူးတယ္။အဲ့မွရွိခ်င္ရွိမွာေပါ့။” ဖိုေဘက မီးေတာက္ကို မၿငိမ္းသက္ေသးပဲ “မဟုတ္တာေျပာရင္ေတာ့ ဒီကိုျပန္လာၿပီး မီးၿမိဳက္ပစ္လိုက္မယ္ရွင္းလား။” သရဲတစ္ေကာင္က ထေျပာေလသည္မွာ “စိတ္မပူပါနဲ႔ကြာ။ဟိုေရာက္ရင္ မင္းဒီကိုျပန္လာနိုင္ေလာက္တဲ့အထိ အသက္ရွင္နိုင္ခ်င္မွရွင္မွာပါကြာ။ဟီးဟီးဟီးဟီးဟီးဟီး…..။ သရဲမ်ား၏ေျခာက္ျခားဖြယ္ရာ ရယ္ေမာသံမ်ားမွာ ေနာက္တြင္က်န္ခဲ့ေလသည္။ ေတာမွျပန္ထြက္လာခ်ိန္တြင္ အ႐ုဏ္တက္ခ်ိန္ေရာက္ႏွင့္ေနၿပီ။ဖိုေဘက “ဂ်ီတ။ငါတို႔ ဒီတိုင္းသြားရင္ ေရာက္မွာမဟုတ္ဘူး။ေရြ႕ေျပာင္းအစြမ္းသုံးရေအာင္။” ေက်ာင္းေတာ္တြင္ သင္ဖူးသည့္ေရြ႕ေျပာင္းအစြမ္းျဖင့္ အေနာက္ဘက္အရပ္ ငရဲႏွင့္ ေျမႀကီးစပ္ၾကား မိစၧာမ်ားေနၾကေသာ ေဒသထဲေရာက္သြားၾကေလေတာ့သည္။ဤတစ္ခါတြင္မူ ကိုယ္ေရာင္ကိုယ္ဝါကိုေဖ်ာက္ကာ မည္သူမွမျမင္နိုင္ေအာင္ ေဖ်ာက္ထားၾကရင္း ရွာေဖြၾက၏။ မိစၧာမ်ားေနၾကသည့္ ေနရာေဒသျဖစ္သည့္နည္းတူ ေျခာက္ကပ္ၿပီး ရွင္းလင္းေနေသာ လြင္ျပင္ႀကီးမ်ားသာ ရွိေနတတ္ေနေလသည္။ေတာ္ေတာ္ၾကာေအာင္ေလၽွာက္သြားေသာအခါ စုတ္ျပတ္ျပတ္ ေနရာတစ္ခုကိုသြားေတြ႕ရေလရာ ဖိုေဘက “ဒီေနရာမွာ ဂ်ဳဒီရဲ့ ကိုယ္ေရာင္ကိုယ္ဝါကို ခံစားမိတယ္။ဒီမွာရွိတယ္ဆိုတာ ေသခ်ာတယ္။ဝင္ရွာရေအာင္။” အထဲဝင္ေသာအခါဝယ္ ပထမဦးဆုံးျမင္ရသည္မွာ ရွင္းလင္းေနေသာ အခန္းတစ္ခုပင္ ဘာမွမျမင္ရေခ်။ဖိုေဘက တစ္လွမ္းခ်င္းလွမ္းရင္း လက္မွ မီးေတာက္မ်ားကို ဖန္ဆင္းထားလိုက္ကာ ဂ်ီတက လက္မကို ကိုက္လိုက္ကာ ေသြးထြက္ေအာင္လုပ္လိုက္ၿပီးေနာက္ ေသြးျဖင့္သာဖန္ဆင္း၍ရေသာ သံႀကိဳးတစ္ေခ်ာင္းျဖင့္ ခ်ိတ္ဆက္ထားေသာဓါးေျမႇာင္ကို ထုတ္လိုက္ေလသည္၊ ထို႔ေနာက္ ၎တို႔ေရွ႕မွ အရိပ္တစ္ခုထြက္လာကာ တစ္ျဖည္းျဖည္းျဖင့္ ခႏၲာကိုယ္ပုံပန္းသြင္ျပင္ေပၚလာကာ “မိစၲာနတ္မယ္ လိုဘယ္ရဲ့ တစ္ကိုယ္ေတာ္စံ နန္းေတာ္ႀကီးကေန ႀကိဳဆိုပါတယ္ နတ္သူငယ္ေလးတို႔။ဟင္းဟင္းဟင္းဟင္း...မင္းတို႔ၾကည့္ရဝာာ အရသာေတာ္ေတာ္ရွိမယ့္ပုံပဲ။” ဂ်ီတက ေဒါသတႀကီးျဖင့္ “ဂ်ဳဒီကို ျပန္လႊတ္ေပး မိစၲာမႀကီး...။” ဟုေအာ္ဟစ္ရင္း သံႀကိဳးျဖင့္ လႊဲရင္းဓါးေျမႇာင္ကို ပစ္လႊတ္လိုက္ေလသည္။ လိုဘယ္က ေခါင္းကကို ဇက္ခ်ိဳးလိုက္သလို ေရွာင္လိုက္ရင္း “အိုးဟိုးဟိုးဟိုး...မင္းတို႔က နတ္သူငယ္ေလးေတြေပမယ့္ အစြမ္းရွိၾကတာပဲ။စိတ္ေတာ့မေကာင္းပါဘူးကြယ္။ႏွေျမာဖို႔ေကာင္းလို႔ေလ။” ထိုသို႔ေျပာၿပီးေနာက္ လက္ေဖ်ာက္တီးလိုက္ရာ ဂ်ီတလည္း ပါးစပ္မွ ေသြးမ်ားအန္ထြက္လာကာ ပစ္လဲက်သြားေလေတာ့သည္။ “ဂ်ီတ….။” ဖိုေဘ၏ေအာ္ဟစ္သံ လိုဘယ္၏ ရယ္ေမာေနသံမ်ားမွာ ထိုေနရာႀကီးတစ္ခုလုံးကို ဟိန္းသြားသည့္အလား ေအာင့္ေမ့ရပါေလေတာ့သည္။

Comments

Post a Comment