Green
အစိမ်းရောင်

🌱 သဘာဝတရားရဲ့ အရောင်ဖြစ်တဲ့ အစိမ်းရောင်က ရှင်သန်ခြင်း၊ ကျန်းမာခြင်း၊ ဟန်ချက်ညီပြီး စိတ်အေးချမ်းခြင်း ဆိုတာတွေကို ကိုယ်စားပြုပါတယ်။ အပြာရောင်ပြီးရင် လူကြိုက်အများဆုံမှာ အနီရောင်နဲ့ သူမသာကိုယ်မသာ ဒုတိယနေရာကို ယူထားတာပါ။
🌱 ချမ်းသာခြင်း နဲ့ ပိုက်ဆံကိုလည်း ကိုယ်စားပြုလို့ ဘဏ်တွေမှာလည်း သုံးတတ်ကြပါတယ်။ ကာစီနိုရုံတွေမှာဆိုလည်း စားပွဲအောက်ခံကို အစိမ်းရောင် သုံးကြပါတယ်။
🌱 အစိမ်းရောင်ကို အနီရောင်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Color of Safetyလို့ သိကြပါတယ်။ မီးပွိုင့်မှာဆိုလည်း Goအတွက် အစိမ်းရောင်ကို သုံးထားပါတယ်။ ဂိမ်းတွေမှာဆိုရင်လည်း ကိုယ့်သွေးအရောင်ကို အစိမ်းထားတတ်ပြီး၊ ရန်သူရဲ့သွေးအရောင်ကို အနီရောင်ထားတတ်ကြပါတယ်။
🌱 ညကြည့်မျက်မှန်တွေမှာ အစိမ်းရောင်ကိုသုံးတာက အစိမ်းရောင်ထဲရောက်နေတဲ့ အချိန်မှာ လူတွေရဲ့ မျက်လုံးက ပစ္စည်းတွေကို ပိုပြီးခွဲခွဲခြားခြား မြင်နိုင်လို့ပါ။
🌱 လန်ဒန်ရဲ့ Blackfriarတံတားကို အစိမ်းရောင်ဆေး သုတ်လိုက်တဲ့ အခါ တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေနှုန်း ၃၄ရာခိုင်းနှုန်း လျော့ကျသွားပါတယ်။ ရှေးခေတ် အီဂျစ်လူမျိုးတွေအတွက် အစိမ်းရောင်က ပြန်လည်မွေးဖွားခြင်း၊ အသစ်ဖြစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
🌱 အစိမ်းရောင်ကို eco-friendly ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ သဘာဝပတ်ဝန်းကျင်ကို သေချာဂရုစိုက်ထားပြီး ကုန်ပစ္စည်းကို ထုတ်ထားတာပါဆိုတဲ့ ကြော်ငြာတွေမှာလည်း အစိမ်းရောင်ကို သုံးကြပါတယ်။
🌱 နာမည်ကြီး Starbuckကုမ္ပဏီက အစိမ်းရောင်ကို အများကြီးသုံးတဲ့ နာမည်ကြီး ကုမ္ပဏီပါ။ အလုပ်များလွန်းတဲ့တစ်နေ့တာလုံးရဲ့ နားချိန်တွေမှာ ဝယ်သူတွေကို သူ့ကော်ဖီနဲ့ စိတ်အေးချမ်းမှုရစေဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့ အစိမ်းရောင်ကို သုံးထားတာပါ။
🌱 အစိမ်းရောင်သုံးတဲ့ နာမည်ကြီးလုပ်ငန်းတွေက Shopify, Spotify, Sprite, Grab,
Animal Planet, WhatsApp တို့ပဲဖြစ်ပါတယ်။
🌱 အစိမ်းရောင်က အပြာရောင်လိုပဲ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နောက်ထပ် အရောင်အေးအေးလေးဖြစ်ပါတယ်။ အပြာရောင်လိုပဲ စိတ်ငြိမ်စေပြီး၊ ဖန်တီးမှု စွမ်းအားတိုးစေပါသေးတယ်။ ကွန်ပျူတာ စခရင်ကို အကြာကြီးကြည့်ပြီးအလုပ်လုပ်ရတဲ့ သူတွေအတွက်လည်း မျက်စိအေးစေတဲ့ အရောင်လည်းဖြစ်လို့ လုပ်ငန်းခွင်အတွက် များများ သုံးသင့်တဲ့ အရောင်တွေထဲမှာ ပါပါတယ်။
🌱 အိမ်တွေမှာဆိုရင် အပြာရောင်လိုပဲ အိပ်ခန်းတွေ၊ ဧည့်ခန်းတွေမှာသုံးကြပါတယ်။ အိမ်အဝင်မှာသုံးလို့လည်း ကောင်းပါတယ်တဲ့။
အပြာရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန်- https://ouo.io/ML5rKs
အနီရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3z8eJyq
အမည်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://ouo.io/17palX
အဝါရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yi6dLR
My favorite color 💚
ReplyDeleteDone 🍀
ReplyDeleteဖွတ်စိမ်းကလွဲလို့ ကျန်တဲ့အစိမ်းအကုန်ကြိုက်တယ် ☺️
ReplyDelete🌱🌳🌿🌴
Done
ReplyDeleteDome
ReplyDelete