Hair loss or hair shedding(ဆံပင်ကျွတ်ခြင်းအကြောင်း)


 

Hair loss or hair shedding

ကျွန်တော်တို့ဟာ ခေါင်းအုံးတွေ၊ ခေါင်းဘီးတွေနှင့် ကြမ်းပြင်တွေမှာ ဆံပင်တွေ ကျွတ်ကျန်နေတတ်တာကို  သတိထားမိလေ့ ရှိကြပါတယ်။ တစ်ခါတစ်လေ ခေါင်းဖြီးလို့ ခေါင်းလျှော်လို့တောင် မဟုတ်ဘဲ လက်နဲ့ သပ်လိုက်ရုံလေးကို ဆံပင်ဆယ်ချောင်းလောက် လက်မှာ ပါလာတာတွေကိုလည်း ကြုံဖူးတဲ့လူတွေ ရှိမှာပါ။ အထူးသဖြင့် ဆံပင်ရှည်ထားလေ့ရှိတဲ့ တချို့အမျိုးသမီးများတွက်တော့ ဆံပင်ကျွတ်တာဟာ နေ့စဥ်ဘဝမှာ ခြောက်လှန့်မှုတစ်ခုအနေနဲ့တောင် တည်ရှိနေပါတယ်။

HAIR SHEDDING vs HAIR LOSS | INNOAESTHETICS | Skin Expert laboratory

ဆံပင်ကျွတ်တဲ့နေရာမှာ hair sheddingနှင့် hair lossဆိုပြီး နှစ်မျိုး ရှိပါတယ်။ Hair sheddingဆိုတာ လူတစ်ယောက်တွက် ရိုးရိုးဆံပင်ကျွတ်ခြင်း တစ်မျိုးပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင်အပင် ၅၀မှ ၁၀၀ကြား ကျွတ်လေ့ရှိပြီး ဒါဟာ ပုံမှန် ဖြစ်ပါတယ်။ ဒီထက်ပိုကျွတ်စေတဲ့ အကြောင်းရင်းတချို့ ရှိပါတယ်။

  • -ပေါင် ၂၀နှင့် အထက် ကျခြင်း
  • -ကလေးမွေးခြင်း
  • -စိတ်ဖိစီးမှုများခြင်း
  • -အဖျားကြီးခြင်း
  • -ခွဲစိတ်မှုပြုလုပ်ရခြင်း
  • -သန္ဓေတားဆေးသောက်နေတာကို ရပ်လိုက်ခြင်း

စတာတွေကြောင့် ဆံပင်တွေဟာ ပိုကျွတ်နိုင်ပါတယ်။ Hair sheddingဖြစ်တာဟာ လူတွေတွက် ပုံမှန်ဖြစ်ပြီး အချိန် ခေတ္တယာယီသာ ကြာမြင့်ပါတယ်။ ခန္ဓာကိုယ်ဟာ အထက်ပါအခြေနေတွေကို လိုက်လျောညီထွေဖြစ်သွားရင်တော့ ဆံပင်အများကြီး ကျွတ်တာဟာ ရပ်တန့်သွားပါလိမ့်မယ်။ ထို့နောက် ခြောက်လမှ ကိုးလအတွင်း ဆံပင်ဟာ ပြန်ဖွံ့ဖြိုးလာပါလိမ့်မယ်။

Hair lossကတော့ hair sheddingထက် ပိုမို ပြင်းထန်ပါတယ်။ Hair lossဟာ ဆံပင်အကွက်လိုက် ကျွတ်တာမျိုး ဖြစ်ပြီး စိုးရိမ်ရပါတယ်။ Hair sheddingဖြစ်ရင် ဆံပင်ပြန်ပေါက်ပြီးတော့ hair lossဖြစ်ရင်တော့ ဆံပင်ပြန်မပေါက်ပါဘူး။

Hair today, gone tomorrow no more: Japan researchers find stem cells for hair regeneration | The Japan Times

Hair loss ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ၄င်းတို့မှာ

  • -မျိုးရိုးလိုက်ခြင်း
  • -ခုခံအားစနစ် အလွန်အကျွံ တုံ့ပြန်ခြင်း
  • -ဆေးများသောက်ရခြင်း
  • -ဓာတုကုထုံးများ ခံယူရခြင်း
  • -ဆံပင်တွက် ပြင်းထန်သော ထုတ်ကုန်များ သုံးခြင်း
  • -ဆံပင်ကို မကြာခဏ အပူပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Hair lossဖြစ်ရင် အရေပြားဆရာဝန်နှင့် ပြပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လိုအပ်ပါက ဆရာဝန်က ဆေးသောက်ခိုင်းပါလိမ့်မယ်။ Hair lossဟာ ဖြစ်စေတဲ့အကြောင်းရင်းကို ရပ်တန့်နိုင်မှသာ ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ Hair lossဖြစ်တဲ့လူတွေဟာ ဆံပင်စိုက်တဲ့ ခွဲစိတ်ကုသနည်းကိုလည်း သုံးတတ်ကြပါတယ်။ ထို့ပြင် FDAက ထောက်ခံထားတဲ့ laser therapy နဲ့လည်း မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တဲ့ hair lossကို ကုသနိုင်ပါတယ်။ 

ဆံပင်တွေ မကျွတ်အောင် ဘာလုပ်ကြမလဲ။

-အစာအာဟာရ ညီမျှအောင် စားသုံးခြင်း

အာဟာရဓာတ်စုံလင်အောင် အသီးအရွက်၊ အသား၊ အစေ့အဆံနှင့် ပင်လယ်စာတို့ကို စားသုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ သက်သာလာနိုင်ပါတယ်။

-ဆံပင်ကို တင်းကြပ်စေတဲ့ စတိုင်လ်မျိုး မလုပ်ခြင်း

ဆံပင်ကို တင်းတင်းကြပ်ကြပ်ကြီး စီးတာ၊ ထုံးတာမျိုး မလုပ်ဘဲ ပြေပြေလေး ကျစ်ဆံမြီးကျစ်တာပဲ ဖြစ်ဖြစ်၊ ပြေပြေလေး စီးထားတာပဲဖြစ်ဖြစ်၊ ဆံပင်ကို ဒီတိုင်း ချထားတာပဲဖြစ်ဖြစ် လုပ်ရင်တော့ ဆံပင်ကျွတ်တာ သက်သာနိုင်ပါတယ်။

-အိပ်ရေးဝဝအိပ်ခြင်း

တစ်နေ့ကို အနည်းဆုံး ခုနစ်နာရီမှ ရှစ်နာရီထိ အိပ်စက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက ဆံပင်ကို ကောင်းစွာ ဖွံ့ဖြိုးစေတဲ့ ဟော်မုန်းကို ကောင်းကောင်းလည်ပတ်စေတဲ့အပြင် ဆံပင်ကို ဆီအများကြီး ထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

-ဖြည့်စွက်စာ သောက်သုံးခြင်း

အစာကြေးများပြီး အာဟာရချို့တဲ့တဲ့လူတွေတွက် multivitaminတွေကို သောက်သုံးပြီး ဆံပင်သန်အောင်နှင့် ဆံပင်ဆဲလ်လေးတွေ ကျန်းမာလာအောင် ပြုလုပ်နိုင်ပါတယ်။

-သင့်လျော်သော ထုတ်ကုန် အသုံးပြုခြင်း

Shampoo၊ mask၊ cream စတာတွေကို အသုံးပြုမယ်ဆိုရင် အရည်အသွေးကောင်းမွန်ပြီး မိမိနှင့် တည့်တာမျိုး ရွေးခြယ်သင့်ပါတယ်။ လိုအပ်ပါကလည်း ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

(zawgyi font)

Hair loss or hair shedding

ကၽြန္ေတာ္တို႔ဟာ ေခါင္းအုံးေတြ၊ ေခါင္းဘီးေတြႏွင့္ ၾကမ္းျပင္ေတြမွာ ဆံပင္ေတြ ကၽြတ္က်န္ေနတတ္တာကို  သတိထားမိေလ့ ရွိၾကပါတယ္။ တစ္ခါတစ္ေလ ေခါင္းၿဖီးလို႔ ေခါင္းေလၽွာ္လို႔ေတာင္ မဟုတ္ဘဲ လက္နဲ႔ သပ္လိုက္႐ုံေလးကို ဆံပင္ဆယ္ေခ်ာင္းေလာက္ လက္မွာ ပါလာတာေတြကိုလည္း ၾကဳံဖူးတဲ့လူေတြ ရွိမွာပါ။ အထူးသျဖင့္ ဆံပင္ရွည္ထားေလ့ရွိတဲ့ တခ်ိဳ႕အမ်ိဳးသမီးမ်ားတြက္ေတာ့ ဆံပင္ကၽြတ္တာဟာ ေန႔စဥ္ဘဝမွာ ေျခာက္လွန႔္မႈတစ္ခုအေနနဲ႔ေတာင္ တည္ရွိေနပါတယ္။

HAIR SHEDDING vs HAIR LOSS | INNOAESTHETICS | Skin Expert laboratory

ဆံပင္ကၽြတ္တဲ့ေနရာမွာ hair sheddingႏွင့္ hair lossဆိုၿပီး ႏွစ္မ်ိဳး ရွိပါတယ္။ Hair sheddingဆိုတာ လူတစ္ေယာက္တြက္ ရိုးရိုးဆံပင္ကၽြတ္ျခင္း တစ္မ်ိဳးပါ။ လူတစ္ေယာက္ဟာ တစ္ေန႔ကို ဆံပင္အပင္ ၅၀မွ ၁၀၀ၾကား ကၽြတ္ေလ့ရွိၿပီး ဒါဟာ ပုံမွန္ ျဖစ္ပါတယ္။ ဒီထက္ပိုကၽြတ္ေစတဲ့ အေၾကာင္းရင္းတခ်ိဳ႕ ရွိပါတယ္။

  • -ေပါင္ ၂၀ႏွင့္ အထက္ က်ျခင္း
  • -ကေလးေမြးျခင္း
  • -စိတ္ဖိစီးမႈမ်ားျခင္း
  • -အဖ်ားႀကီးျခင္း
  • -ခြဲစိတ္မႈျပဳလုပ္ရျခင္း

-သေႏၶတားေဆးေသာက္ေနတာကို ရပ္လိုက္ျခင္း စတာေတြေၾကာင့္ ဆံပင္ေတြဟာ ပိုကၽြတ္နိုင္ပါတယ္။ Hair sheddingျဖစ္တာဟာ လူေတြတြက္ ပုံမွန္ျဖစ္ၿပီး အခ်ိန္ ေခတၱယာယီသာ ၾကာျမင့္ပါတယ္။ ခႏၶာကိုယ္ဟာ အထက္ပါအေျခေနေတြကို လိုက္ေလ်ာညီေထြျဖစ္သြားရင္ေတာ့ ဆံပင္အမ်ားႀကီး ကၽြတ္တာဟာ ရပ္တန႔္သြားပါလိမ့္မယ္။ ထို႔ေနာက္ ေျခာက္လမွ ကိုးလအတြင္း ဆံပင္ဟာ ျပန္ဖြံ့ၿဖိဳးလာပါလိမ့္မယ္။

Hair today, gone tomorrow no more: Japan researchers find stem cells for hair regeneration | The Japan Times

Hair lossကေတာ့ hair sheddingထက္ ပိုမို ျပင္းထန္ပါတယ္။ Hair lossဟာ ဆံပင္အကြက္လိုက္ ကၽြတ္တာမ်ိဳး ျဖစ္ၿပီး စိုးရိမ္ရပါတယ္။ Hair sheddingျဖစ္ရင္ ဆံပင္ျပန္ေပါက္ၿပီးေတာ့ hair lossျဖစ္ရင္ေတာ့ ဆံပင္ျပန္မေပါက္ပါဘူး။ Hair lossျဖစ္ေစတဲ့ အေၾကာင္းရင္းေတြ ရွိပါတယ္။ ၄င္းတို႔မွာ

  • -မ်ိဳးရိုးလိုက္ျခင္း
  • -ခုခံအားစနစ္ အလြန္အကၽြံ တုံ႔ျပန္ျခင္း
  • -ေဆးမ်ားေသာက္ရျခင္း
  • -ဓာတုကုထုံးမ်ား ခံယူရျခင္း
  • -ဆံပင္တြက္ ျပင္းထန္ေသာ ထုတ္ကုန္မ်ား သုံးျခင္း
  • -ဆံပင္ကို မၾကာခဏ အပူေပးျခင္း စတာေတြပဲ ျဖစ္ပါတယ္။

Hair lossျဖစ္ရင္ အေရျပားဆရာဝန္ႏွင့္ ျပၿပီး တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။လိုအပ္ပါက ဆရာဝန္က ေဆးေသာက္ခိုင္းပါလိမ့္မယ္။ Hair lossဟာ ျဖစ္ေစတဲ့အေၾကာင္းရင္းကို ရပ္တန႔္နိုင္မွသာ ဆံပင္ျပန္ေပါက္နိုင္ပါတယ္။ Hair lossျဖစ္တဲ့လူေတြဟာ ဆံပင္စိုက္တဲ့ ခြဲစိတ္ကုသနည္းကိုလည္း သုံးတတ္ၾကပါတယ္။ ထို႔ျပင္ FDAက ေထာက္ခံထားတဲ့ laser therapy နဲ႔လည္း မ်ိဳးရိုးလိုက္ျခင္းေၾကာင့္ ျဖစ္တဲ့ hair lossကို ကုသနိုင္ပါတယ္။

ဆံပင္ေတြ မကၽြတ္ေအာင္ ဘာလုပ္ၾကမလဲ။

-အစာအာဟာရ ညီမၽွေအာင္ စားသုံးျခင္း

အာဟာရဓာတ္စုံလင္ေအာင္ အသီးအရြက္၊ အသား၊ အေစ့အဆံႏွင့္ ပင္လယ္စာတို႔ကို စားသုံးေပးမယ္ဆိုရင္ ဆံပင္ကၽြတ္တာ သက္သာလာနိုင္ပါတယ္။

-ဆံပင္ကို တင္းၾကပ္ေစတဲ့ စတိုင္လ္မ်ိဳး မလုပ္ျခင္း

ဆံပင္ကို တင္းတင္းၾကပ္ၾကပ္ႀကီး စီးတာ၊ ထုံးတာမ်ိဳး မလုပ္ဘဲ ေျပေျပေလး က်စ္ဆံၿမီးက်စ္တာပဲ ျဖစ္ျဖစ္၊ ေျပေျပေလး စီးထားတာပဲျဖစ္ျဖစ္၊ ဆံပင္ကို ဒီတိုင္း ခ်ထားတာပဲျဖစ္ျဖစ္ လုပ္ရင္ေတာ့ ဆံပင္ကၽြတ္တာ သက္သာနိုင္ပါတယ္။

-အိပ္ေရးဝဝအိပ္ျခင္း

တစ္ေန႔ကို အနည္းဆုံး ခုနစ္နာရီမွ ရွစ္နာရီထိ အိပ္စက္ေပးမယ္ဆိုရင္ ခႏၶာကိုယ္ထဲက ဆံပင္ကို ေကာင္းစြာ ဖြံ့ၿဖိဳးေစတဲ့ ေဟာ္မုန္းကို ေကာင္းေကာင္းလည္ပတ္ေစတဲ့အျပင္ ဆံပင္ကို ဆီအမ်ားႀကီး ထြက္ျခင္းမွလည္း ကာကြယ္ေပးနိုင္ပါတယ္။

-ျဖည့္စြက္စာ ေသာက္သုံးျခင္း

အစာေၾကးမ်ားၿပီး အာဟာရခ်ိဳ႕တဲ့တဲ့လူေတြတြက္ multivitaminေတြကို ေသာက္သုံးၿပီး ဆံပင္သန္ေအာင္ႏွင့္ ဆံပင္ဆဲလ္ေလးေတြ က်န္းမာလာေအာင္ ျပဳလုပ္နိုင္ပါတယ္။

-သင့္ေလ်ာ္ေသာ ထုတ္ကုန္ အသုံးျပဳျခင္း

Shampoo၊ mask၊ cream စတာေတြကို အသုံးျပဳမယ္ဆိုရင္ အရည္အေသြးေကာင္းမြန္ၿပီး မိမိႏွင့္ တည့္တာမ်ိဳး ေရြးျခယ္သင့္ပါတယ္။ လိုအပ္ပါကလည္း ဆရာဝန္ႏွင့္ တိုင္ပင္သင့္ပါတယ္။

Comments


  1. Have knowledge to share, thankful.

    ReplyDelete
  2. Hair lossနဲ့ Hair sheddingကို ကွဲကွဲပြားပြား သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။ ကတုံးကေပဲ ညှပ်လိုက်တော့မယ်။ အဲ့တာဆို ဆံပင်ကျွတ်တာလည်း မြင်ရတော့မှာ မဟုတ်ဘူး အေးရော...😄

    ReplyDelete
  3. I have soft and thin layer hairs. I noted useful facts. Thanks a lot.

    ReplyDelete
  4. Thanks for letting us know about Hair loss or hair shedding 😸

    ReplyDelete

Post a Comment