Bikini ရဲ့ နောက်ကွယ်ကသမိုင်းကြောင်း
(unicode)
Bikini ဆိုတဲ့ 2piece swim suit ရဲ့ နောက်ကွယ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်းရှိပါတယ်။
ဘီကီနီရဲ့ အရင်းအမြစ်ဆီကို သွားရင် အမေရိကန်ရဲ့ အနုမြူ( Nuclear) စမ်းသပ်မှုဆီအရင်သွားရပါလိမ့်မယ်။ (Click bait မဟုတ်ပါဘူး တကယ်ဆိုင်လို့ပါ:3)
US အနေနဲ့ ပထမဆုံးအနုမြူဗုံးကို New Mexico ရဲ့ သဲကန္တာရအလယ်မှာ ပထမဆုံးစမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်ချိန်မှာ ထင်ထားတာထက်ကြီးမားလွန်းတာကြောင့် ပြင်းအားနဲ့ ရေဒီယို သတ္တိကြွနှုန်းကို သေချာ မတိုင်းတာနိုင်ခဲ့ကြပါဘူး။
[caption id="" align="alignnone" width="1136"]နောက် ဟိုရိုရှီုးမားနဲ့ နာကာဆာကီတို့ကို ကြဲပြီးချိန်မှာတော့ ပြင်းအားနဲ့ လူသေစေနိုင်မှုအားကိုသေချာသဘောပေါက်ပြီး အမေရိကန်နဲ့ ဝေးရာမှာပဲ အနုမြူဗုံးတွေ စမ်းသပ်ဖို့စဉ်းစားကြပါတယ်။
အဲ့လိုနဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ စမ်းသပ်ဖို့နေရာရှာကြရင်း ၁၅ မိုင်လောက်အကျယ်ရှိ ရေငန်အိုင်ကို ပတ်ပတ်လည်ဝိုင်းထားတဲ့ ၂၅ မိုင်လောက်ရှိတဲ့ လက်စွပ်ပုံသန္တာကျွန်းစုလေးတစ်ကျွန်းကို တွေ့သွားကြပါတယ်။ အဲ့ကျွန်းစုနာမည်ကတော့ Bikini Atoll( ဘီကနီ သန္တာကျွန်းစု) ပဲဖြစ်ပါတယ်။
![]()
ဒီကျွန်းစုဟာ ဟာဝိုင်အီနဲ့ ဖိလစ်ပိုင်နိုင်ငံအကြားမှာရှိပြီး ဂျပန်ဆီကနေ ၁၉၄၄ ဆီကနေ အမေရိကန်တို့ သိမ်းယူခဲ့တာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဘီကနီကျွန်းစုမှာ အနုမြူစမ်းသပ်ဖို့ အခြေစိုက်စခန်းဆောက်ချင်ပေမယ့် ပြသနာက ဘီကနီကျွန်းမှာနေထိုင်နေကြတဲ့ ကျွန်းသူကျွန်းသားတွေရှိနေတာဖြစ်ပါတယ်။
၁၈၀၀ ပြည့်နှစ်တွေလို ကျွန်းပေါ်တက်ပြီးသိမ်းချင်သလို သိမ်းလို့ရတဲ့ခေတ်မဟုတ်တာကြောင့် အမေရိကန်တို့ အကျပ်ရိုက်ခဲ့ရပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး လူသားတွေကောင်းကျိုးအတွက် စမ်းသပ်မှုတွေပြုလုပ်ပြီးရင် ပြန်လာခွင့်ရမယ်ဘာညာဆိုပြီး ကျွန်းသားတွေကိုရွှေ့ပြောင်းစေခဲ့ပါတယ်။

1945 ကနေ 1960 အထိ ကျွန်းစုတစ်ဝိုက်မှာ နျူကလီးယားဗုံး အလုံးပေါင်း ၂၀ ကျော် စမ်းသပ်ခဲ့ပါတယ်။ ကိုယ့်ဟာကိုယ်စမ်းသပ်ရုံတင်မဟုတ်ပါဘူး။ ပြိုင်ဘက် ဆိုဗီယက်ယူနီယံကိုပါ သူတို့စမ်းသပ်အောင်မြင်ကြောင်း ပြချင်တာကြောင့် ပေါက်ကွဲမှုတွေကို ရုပ်သံလွှင့်မှုတွေပါပြုလုပ်ပါတယ်။
1956 ခုနှစ်မှာ စမ်းသပ်ခဲ့တဲ့ အနုမြူဗုံးဟာ ပြင်းအား ၁၅မဂ္ဂါတန်(15 megaton) လောက်ရှိပြီး ဟီရိုရှီးမားကိုကြဲချခဲ့တဲ့ဗုံးထက် အစ ၁၀၀၀ လောက်ပိုပြင်းပါတယ်။ ပေါက်ကွဲမှုကထွက်လာတဲ့ မီးတောက်ဟာ အချင်း ၄ မိုင်လောက်ထိပြန့်နှံ့သွားပြီး ထွက်လာတဲ့ အလင်းဟာ နေအလုံး ၅၀၀ စာလောက်ရှိပါတယ်။ ဒေသခံတွေဟာလည်း ရေဒီယိုသတ္တိကြွတွေကြောင့် ကိုယ့်နေရပ်ကို မပြန်နိုင်ခဲ့ကြပါဘူး။
အဲ့လိုစမ်းသပ်မှုတွေရယ် အမေရိကန်ရဲ့ ရုပ်သံလွှင့် ကြွားလုံးတွေရယ်ကြောင့် Bomb, Atomic, Bikini Atoll စတဲ့ ကစားလုံးတွေဟာ အဲ့ခေတ်ကာလမှာ လူအသုံးများဆုံးစကားလုံးတွေဖြစ်လာပါတယ်။
အဲ့အချိန် ဘီကနီကျွန်းစုမှာ ပထမဆုံး စမ်းသပ်မှုအပြီး ၁၉၄၆ခုနှစ် မှာ ပြင်သစ် ဒီဇိုင်နာ Louis Réard က ခေတ်စားနေတဲ့ ဘီကနီ(Bikini) ဆိုတဲ့ နာမည်ကိုယူပြီး Two-piece ရေကူးဝတ်စုံကိုမိတ်ဆက်လိုက်ပါတယ်။ စစ်အေးကာလအစဖြစ်တာကြောင့် အပန်းဖြေရာမှာ ဝတ်ဖို့ ဝတ်စုံတွေ အပြိုင်အဆိုင် ထုတ်နေကြတဲ့အချိန်လဲဖြစ်ပါတယ်။ (အဲ့အချိန်ဟာ မြန်မာနိုင်ငံမှာလည်း စစ်ပွဲမရှိတဲ့ကာလတစ်ခုဖြစ်ပါတယ်။) အဲ့အချိန်ကကမ္ဘာ့အသေးငယ်ဆုံးရေကူးဝတ်စုံလည်းဖြစ်ပါတယ်။

ဒါပေမယ့် အဲ့အချိန်မှာ အနောက်နိုင်ငံတွေမှာလည်း အခုလောက် ပွင့်လင်းမှုမရှိသေးတာကြောင့် ဘီကနီကြေငြာဖို့ မော်ဒယ်တောင်ရှာမရတာကြောင့် အဖော်အချွတ်မယ်တစ်ယောက်နဲ့ ကြေငြာခဲ့ရပါတယ်။ စပိန်နဲ့ အီတလီကတစ်ချို့ ကမ်းခြေတွေမှာ ဘီကနီနဲ့ ရေမကူးရလို့တောင် ကန့်သတ်ခဲ့တာရှိပါတယ်။
1960 နောက်ပိုင်းမှသာ ပွင့်လင်းလာခဲ့ပြီး US ကမ်းခြေမှာ လူငယ်တိုင်းနီးပါး ဘီကနီနဲ့ ရေကူးကြတာကို တွေ့လာရတာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဘီကနီဈေးကွက်ဟာ ဒေါ်လာ ဘီလီယံချီတဲ့ ဈေးကွက်တစ်ခုဖြစ်နေပြီလဲဖြစ်ပါတယ်။
ညိုထွန်း
(zawgyi)
Bikini ဆိုတဲ့ 2piece swim suit ရဲ့ ေနာက္ကြယ္မွာစိတ္ဝင္စားဖို႔ေကာင္းတဲ့ သမိုင္းေၾကာင္းရွိပါတယ္။
ဘီကီနီရဲ့ အရင္းအျမစ္ဆီကို သြားရင္ အေမရိကန္ရဲ့ အႏုျမဴ( Nuclear) စမ္းသပ္မႈဆီအရင္သြားရပါလိမ့္မယ္။ (Click bait မဟုတ္ပါဘူး တကယ္ဆိုင္လို႔ပါ:3)
US အေနနဲ႔ ပထမဆုံးအႏုျမဴဗုံးကို New Mexico ရဲ့ သဲကႏၲာရအလယ္မွာ ပထမဆုံးစမ္းသပ္ခဲ့ပါတယ္။ စမ္းသပ္ခ်ိန္မွာ ထင္ထားတာထက္ႀကီးမားလြန္းတာေၾကာင့္ ျပင္းအားနဲ႔ ေရဒီယို သတၱိႂကြႏႈန္းကို ေသခ်ာ မတိုင္းတာနိုင္ခဲ့ၾကပါဘူး။
[caption id="" align="alignnone" width="1136"]ေနာက္ ဟိုရိုရွီုးမားနဲ႔ နာကာဆာကီတို႔ကို ၾကဲၿပီးခ်ိန္မွာေတာ့ ျပင္းအားနဲ႔ လူေသေစနိုင္မႈအားကိုေသခ်ာသေဘာေပါက္ၿပီး အေမရိကန္နဲ႔ ေဝးရာမွာပဲ အႏုျမဴဗုံးေတြ စမ္းသပ္ဖို႔စဥ္းစားၾကပါတယ္။
အဲ့လိုနဲ႔ ပစိဖိတ္သမုဒၵရာထဲမွာ စမ္းသပ္ဖို႔ေနရာရွာၾကရင္း ၁၅ မိုင္ေလာက္အက်ယ္ရွိ ေရငန္အိုင္ကို ပတ္ပတ္လည္ဝိုင္းထားတဲ့ ၂၅ မိုင္ေလာက္ရွိတဲ့ လက္စြပ္ပုံသႏၲာကၽြန္းစုေလးတစ္ကၽြန္းကို ေတြ႕သြားၾကပါတယ္။ အဲ့ကၽြန္းစုနာမည္ကေတာ့ Bikini Atoll( ဘီကနီ သႏၲာကၽြန္းစု) ပဲျဖစ္ပါတယ္။
![]()
ဒီကၽြန္းစုဟာ ဟာဝိုင္အီနဲ႔ ဖိလစ္ပိုင္နိုင္ငံအၾကားမွာရွိၿပီး ဂ်ပန္ဆီကေန ၁၉၄၄ ဆီကေန အေမရိကန္တို႔ သိမ္းယူခဲ့တာျဖစ္ပါတယ္။ အေမရိကန္အေနနဲ႔ ဘီကနီကၽြန္းစုမွာ အႏုျမဴစမ္းသပ္ဖို႔ အေျခစိုက္စခန္းေဆာက္ခ်င္ေပမယ့္ ျပသနာက ဘီကနီကၽြန္းမွာေနထိုင္ေနၾကတဲ့ ကၽြန္းသူကၽြန္းသားေတြရွိေနတာျဖစ္ပါတယ္။
၁၈၀၀ ျပည့္ႏွစ္ေတြလို ကၽြန္းေပၚတက္ၿပီးသိမ္းခ်င္သလို သိမ္းလို႔ရတဲ့ေခတ္မဟုတ္တာေၾကာင့္ အေမရိကန္တို႔ အက်ပ္ရိုက္ခဲ့ရပါတယ္။ ဘာသာေရးကို ခုတုံးလုပ္ၿပီး လူသားေတြေကာင္းက်ိဳးအတြက္ စမ္းသပ္မႈေတြျပဳလုပ္ၿပီးရင္ ျပန္လာခြင့္ရမယ္ဘာညာဆိုၿပီး ကၽြန္းသားေတြကိုေရႊ႕ေျပာင္းေစခဲ့ပါတယ္။

1945 ကေန 1960 အထိ ကၽြန္းစုတစ္ဝိုက္မွာ န်ဴကလီးယားဗုံး အလုံးေပါင္း ၂၀ ေက်ာ္ စမ္းသပ္ခဲ့ပါတယ္။ ကိုယ့္ဟာကိုယ္စမ္းသပ္႐ုံတင္မဟုတ္ပါဘူး။ ၿပိဳင္ဘက္ ဆိုဗီယက္ယူနီယံကိုပါ သူတို႔စမ္းသပ္ေအာင္ျမင္ေၾကာင္း ျပခ်င္တာေၾကာင့္ ေပါက္ကြဲမႈေတြကို ႐ုပ္သံလႊင့္မႈေတြပါျပဳလုပ္ပါတယ္။
1956 ခုႏွစ္မွာ စမ္းသပ္ခဲ့တဲ့ အႏုျမဴဗုံးဟာ ျပင္းအား ၁၅မဂၢါတန္(15 megaton) ေလာက္ရွိၿပီး ဟီရိုရွီးမားကိုၾကဲခ်ခဲ့တဲ့ဗုံးထက္ အစ ၁၀၀၀ ေလာက္ပိုျပင္းပါတယ္။ ေပါက္ကြဲမႈကထြက္လာတဲ့ မီးေတာက္ဟာ အခ်င္း ၄ မိုင္ေလာက္ထိျပန႔္ႏွံ့သြားၿပီး ထြက္လာတဲ့ အလင္းဟာ ေနအလုံး ၅၀၀ စာေလာက္ရွိပါတယ္။ ေဒသခံေတြဟာလည္း ေရဒီယိုသတၱိႂကြေတြေၾကာင့္ ကိုယ့္ေနရပ္ကို မျပန္နိုင္ခဲ့ၾကပါဘူး။

အဲ့လိုစမ္းသပ္မႈေတြရယ္ အေမရိကန္ရဲ့ ႐ုပ္သံလႊင့္ ႂကြားလုံးေတြရယ္ေၾကာင့္ Bomb, Atomic, Bikini Atoll စတဲ့ ကစားလုံးေတြဟာ အဲ့ေခတ္ကာလမွာ လူအသုံးမ်ားဆုံးစကားလုံးေတြျဖစ္လာပါတယ္။
အဲ့အခ်ိန္ ဘီကနီကၽြန္းစုမွာ ပထမဆုံး စမ္းသပ္မႈအၿပီး ၁၉၄၆ခုႏွစ္ မွာ ျပင္သစ္ ဒီဇိုင္နာ Louis Réard က ေခတ္စားေနတဲ့ ဘီကနီ(Bikini) ဆိုတဲ့ နာမည္ကိုယူၿပီး Two-piece ေရကူးဝတ္စုံကိုမိတ္ဆက္လိုက္ပါတယ္။ စစ္ေအးကာလအစျဖစ္တာေၾကာင့္ အပန္းေျဖရာမွာ ဝတ္ဖို႔ ဝတ္စုံေတြ အၿပိဳင္အဆိုင္ ထုတ္ေနၾကတဲ့အခ်ိန္လဲျဖစ္ပါတယ္။ (အဲ့အခ်ိန္ဟာ ျမန္မာနိုင္ငံမွာလည္း စစ္ပြဲမရွိတဲ့ကာလတစ္ခုျဖစ္ပါတယ္။) အဲ့အခ်ိန္ကကမၻာ့အေသးငယ္ဆုံးေရကူးဝတ္စုံလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အဲ့အခ်ိန္မွာ အေနာက္နိုင္ငံေတြမွာလည္း အခုေလာက္ ပြင့္လင္းမႈမရွိေသးတာေၾကာင့္ ဘီကနီေၾကျငာဖို႔ ေမာ္ဒယ္ေတာင္ရွာမရတာေၾကာင့္ အေဖာ္အခၽြတ္မယ္တစ္ေယာက္နဲ႔ ေၾကျငာခဲ့ရပါတယ္။ စပိန္နဲ႔ အီတလီကတစ္ခ်ိဳ႕ ကမ္းေျခေတြမွာ ဘီကနီနဲ႔ ေရမကူးရလို႔ေတာင္ ကန႔္သတ္ခဲ့တာရွိပါတယ္။
1960 ေနာက္ပိုင္းမွသာ ပြင့္လင္းလာခဲ့ၿပီး US ကမ္းေျခမွာ လူငယ္တိုင္းနီးပါး ဘီကနီနဲ႔ ေရကူးၾကတာကို ေတြ႕လာရတာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ ဘီကနီေဈးကြက္ဟာ ေဒၚလာ ဘီလီယံခ်ီတဲ့ ေဈးကြက္တစ္ခုျဖစ္ေနၿပီလဲျဖစ္ပါတယ္။
ညိဳထြန္း

Comments
Post a Comment