How to do a proper handshake.




ဒီတစ်ခေါက်တင်ပြသွားမယ့် အကြောင်းအရာကတော့ လက်ဆွဲနှုတ်ဆက်ခြင်း(hand shake)အကြောင်းပဲဖြစ်ပါတယ်။

"လက်ဆွဲနှုတ်ဆက်တာလေးများ ဘယ်လောက်ခက်လို့လဲ လူတိုင်းလုပ်တတ်ပါတယ်"လို့ စာဖတ်သူတို့အနေနဲ့ထင်ကောင်းထင်ပါလိမ့်မယ်။ အမှန်တော့ ထင်သလောက် မရိုးရှင်းပါဘူး။

ကောင်းမွန်တဲ့ hand shake တစ်ခုကိုသာ ပြုလုပ်နိုင်မယ်ဆိုရင် သင့်အနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေမှာဖြစ်သလို ကိုယ်လက်ဆွဲနှုတ်ဆက်တဲ့သူအနေနဲ့လည်း ကိုယ့်အပေါ်ယုံကြည်မှုတိုးစေမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့နေရာမှာ အဆင်ပြေချော့မွေ့မှု တိုးစေနိုင်မှာဖြစ်ပါတယ်။

First impressionကောင်းတစ်ခုရဖို့အတွက် ကျွန်တော်တို့မှာ ဒုတိယအခွင့်အရေးဆိုတာ မရှိပါဘူး။ ဒါကြောင့် လူတစ်ယောက်နဲ့တစ်ယောက် စတွေ့တဲ့အခါ ကောင်းမွန်တဲ့ first impression ရရှိနိုင်ဖို့ နဲ့ ပြီးပြည့်စုံတဲ့ hand shakeတစ်ခု ပိုင်ဆိုင်နိုင်ဖို့ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တစ်ချို့ကို တင်ပြပေးလိုက်ပါတယ်။

(၁)ပြုံးပါ။

Two young men dressed professionally, giving a handshake, blog post 6 tips to master the perfect handshake

တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးအကြိမ် စတွေ့တဲ့အခါ ဦးစွာလုပ်သင့်တဲ့အရာကတော့ ပြုံးပြခြင်းဖြစ်ပါတယ်။ တည်တည်ကြည်ကြည်နဲ့ နွေးထွေးစွာပြုံးပြလိုက်မယ်ဆိုရင် တစ်ဖက်လူကို သက်တောင့်သက်သာဖြစ်မှုနဲ့ ပေါ့ပါးတဲ့ ခံစားမှုမျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပြီး ပြောဆိုဆက်ဆံတဲ့နေရာမှာ ရင်းနှီးမှုရစေနိုင်မှာဖြစ်ပါတယ်။ပြီးတဲ့အခါမှာတော့ "မင်္ဂလာပါ"လို့ နှုတ်ဆက်သင့်ပါတယ်။

(၂)ကိုယ့်ကိုကိုယ်မိတ်ဆက်ခြင်း။

လက်ဆွဲနှုတ်ဆက်နေရင်းနဲ့ ဒါမှမဟုတ် လက်ဆွဲမနှုတ်ဆက်ခင်မှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့လိုပါတယ်။တစ်ဖက်လူက ပြန်ပြီးမိတ်ဆက်လာတဲ့အခါမှာလဲ သေချာနားထောင်ဖို့နဲ့ နာမည်ကိုလဲသေသေချာချာမှတ်ထားဖို့လို့ပါတယ်။
ရေရှည် ပြောဆိုဆက်ဆံဖို့လိုတဲ့အခါ တစ်ဖက်လူရဲ့နာမည်ကိုမှတ်မိခြင်းကလဲ အရေးကြီးပါတယ်။

(၃)မတ်တပ်ရပ်ပြီး နှုတ်ဆက်ပါ။


တကယ်လို သင့်အနေနဲ့ ထိုင်နေခဲ့မယ်ဆိုရင် လက်ဆွဲနှုတ်ဆက်တဲ့အခါ ထပြီး နှုတ်ဆက်သင့်ပါတယ်။မတ်တပ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်ခြင်းအားဖြင့် သင်ဟာ တစ်ဖက်လူအပေါ် လေးစားမှုရှိကြောင်းပြသတာဖြစ်ပါတယ်။လက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုပေးတဲ့အခါမှာလဲ တစ်ဖက်လူ အဆင်ပြေလောက်တဲ့ အနေအထားမျိုးပေးဖို့လိုပါတယ်။ ကိုယ်က အရပ်ရှည်လို့ဆိုပြီး လက်ကိုမြင့်မြင့်ထားဖို့မသင့်ပါဘူး။

(၄)မျက်လုံးကိုကြည့်ပါ။

U.S. President Barack Obama shakes hands with Cuban President Raul Castro during the official memorial service for former South African President Nelson Mandela at FNB Stadium in Johannesburg, South Africa.

လက်ဆွဲနှုတ်ဆက်တဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိကြောင်း ဖော်ပြပြီး တစ်ဖက်လူရဲ့ ယုံကြည်မှုကိုတိုးစေချင်ရင်တော့ မျက်လုံးကိုကြည့်ပြီး နှုတ်ဆက်သင့်ပါတယ်။တကယ်လို့ သင့်အနေနဲ့ မျက်လုံးကို တည့်တည့်ကြည့်ဖို့မရဲဘူးဆိုရင် မျက်ခမ်းစပ်နားကို ကြည့်နိုင်ပါတယ်။ဒါက တစ်ဖက်လူရဲ့ အမြင်မှာမျက်လုံးကို ကြည့်သလိုပဲဖြစ်စေပါတယ်။

(၅)သင့်တော်တဲ့အားနဲ့လက်ဆွဲနှုတ်ဆက်ပါ။

အရမ်း အားထည့်ပြီး တစ်ဖက်လူရဲ့လက်ကို အတင်းညှစ်တာမျိုးမလုပ်သင့်ပါဘူး။ဒါဟာတစ်ဖက်လူကို အထက်စီးကနေဆက်‌ဆံသလိုမျိုးသဘောဆောင်ပါတယ်။ဥပမာအနေနဲ့ဆိုရင် တံခါးရဲ့လက်ကိုင်ကို ကိုင်သလိုအားအနေအထားမျိုးနဲ့ပဲနှုတ်ဆက်သင့်တယ်လို့ဆိုပါတယ်။လက်ဆွဲနှုတ်ဆက်မယ့်လက်မှာ ချွေးစေးပြန်နေတာမျိုး ရေစိုနေတာမျိုးဖြစ်နေခဲ့ရင် တစ်ဖက်လူကိုတော်တော်လေးကသိကအောက်ဖြစ်စေတာမလို့ လက်ဆွဲမနှုတ်ဆက်ခင် အရင်ဆုံးသန့်စင်ထားသင့်ပါတယ်။သင့်တင့်တဲ့အားနဲ့ လက်ဆွဲနှုတ်ဆက်မယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်ရှိပြီး စိတ်အားထက်သန်တဲ့လူတစ်ယောက်အဖြစ်မြင်စေမှာပါ။

ဒီအချက်လေးတွေကို ကိုယ့်သူငယ်ချင်း၊ မိသားစုဝင်တွေရဲ့ အကူအညီနဲ့လေ့ကျင့်နိုင်ပြီးတော့ ပြီးတဲ့အခါfeedbackတောင်းပါ။ ဒီလိုဆိုရင်တော့ လူတစ်ယောက်နဲ့တစ်ယောက်စတွေ့တဲ့အခါ ကောင်းမွန်တဲ့first impressionနဲ့  ပြည့်စုံတဲ့ hand shakeပုံစံတစ်ခုကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဗျ။

Comments

Post a Comment