How to know whether a girl likes you or not.

     



ကိုယ့်ဘော်ဒါတွေသိကြတဲ့အတိုင်း ကမ္ဘာပေါ်မှာနားလည်ရအခက်ဆုံးကမိန်းမတွေပါပဲ :3  

သူတိုက သူတိုရဲ့ခံစားချက်တွေကိုလည်းရှင်းရှင်းလင်းလင်းဖွင့်မပြောတဲ့အပြင် အဲ့လိုမပြောလိုကိုယ်ကမသိပြန်ရင်လည်း မသိရကောင်းလားဆိုပြီးမကျေမချမ်းတွေဖြစ်ကြပါသေးတယ်။ ဒီတော့ကိုယ့်ညီကိုတွေအနေနဲ့ ကောင်မလေးတစ်ယောက်ကိုသဘောကျတယ်၊ အတည်တွဲဖိုလည်းရည်ရွယ်ထားတယ်၊ အခုအခြေအနေအရတော့ သူနဲ့ကိုယ်က သူငယ်ချင်းမက ရည်းစားမကျအခြေအနေနဲ့ Friend Zone သွင်းခံထားနေရပြီဆိုရင် ကိုယ့်ဖက်ကရှေ့တစ်လှမ်းတိုးဖိုပြင်ဆင်ရပါတော့မယ်။ ဒီလိုပြင်ဆင်တဲ့အခါ ကိုယ်ဖွင့်ပြောလိုက်လို သူကလက်ခံနိုင်ခြေရှိ၊မရှိ ဆန်းစစ်တတ်ဖိုက အရေးကြီးဆုံးပါပဲ။ အဲ့တော့ကောင်မလေးတွေရဲ့ ဘယ်လိုအပြုအမူတွေက ကိုယ့်အတွက်မီးစိမ်းပြတာလဲဆိုတာသိရဖိုပြောပြပေးသွားပါမယ်။


၁။ ကိုယ့်အနားမှာရှိနေတဲ့အချိန်၊ ကိုယ်နဲ့စကားပြောနေတဲ့အချိန် သူမရဲ့ Body Posture တွေကိုသတိထားပြီးကြည့်ပါ။ မတ်တပ်ရပ်နေတာပဲဖြစ်ဖြစ်၊ ထိုင်နေတာပဲဖြစ်ဖြစ် သူမရဲ့ခြေထောက်တွေကို ကိုယ်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ထားမယ်ဆိုရင် ဒါဟာ Green Light ပါပဲ။ စကားပြောတဲ့အချိန် ခန္ဓာကိုယ်ကကိုယ့်ဖက်ကိုကိုင်းညွှတ်နေမယ်ဆိုရင်လည်း သူမကကိုယ်နဲ့စကားပြောရတာပျော်တယ်၊ သက်တောင့်သက်သာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ 




ဒီလိုပုံစံတွေနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ Close Body Posture တွေ…ဥပမာ- လက်ပိုက်ထားတာတို၊ ခြေထောက်ချိတ်ပြီးထိုင်တာတိုလို ကိုယ်နဲ့သူနဲ့ကြားမှာ Barrier တစ်ခုခုဖန်တီးနေတယ်ဆိုရင်တော့ သိပ်အခြေအနေမဟန်ပါဘူး၊ ကိုယ့်ကိုစိတ်မဝင်စားဘူးဆိုတဲ့ Red Light ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလို Close Body Posture တွေဟာ ကိုယ့်ကိုမနှစ်မြိုလိုမဟုတ်ပဲ သူမရဲ့ Feelings တွေကိုဖော်ပြဖိုရှက်နေသေးလိုတစ်နည်းနည်းနဲ့ဖုံးကွယ်ဖိုကြိုးစားနေတယ်ဆိုတဲ့သဘောလည်းဖြစ်နိုင်ပါတယ်။ ဆိုတော့ သိတဲ့အတိုင်း အမျိုးသမီးတွေကိုကဆန်းကြယ်ပါတယ်။ တကယ်မကြိုက်လိုလား၊ ရှက်နေတာလားဆိုတာသိဖိုတော့ ကိုယ့်ဖက်ကသူနဲ့ပိုရင်းနှီးဖိုအားထုတ်ကြည့်ပါ။ အချိန်ယူပါ။





၂။ Eye Contact လုပ်ပါ။ စိတ်ရဲ့တံခါးပေါက်ကမျက်လုံးပါပဲ။ ဒီတော့ Eye contact လုပ်ပြီး စနည်းနာတတ်ဖိုလိုပါတယ်။ Eye Contact လိုပြောတဲ့အခါမှာလည်း တစ်ချိန်လုံးသူမကိုစိုက်ကြည့်နေတာမျိုးမဟုတ်ပဲ စကားပြောရင်းနဲ့ဖြစ်ဖြစ်၊ မုန့်တူတူစားရင်းနဲ့ဖြစ်ဖြစ် လျှပ်တပြတ်သူမကိုကြည့်ကြည့်ပါ။ ကြည့်လိုက်တဲ့အချိန် သူမကလည်းကိုယ့်ကိုကြည့်နေမယ်၊ အကြည့်ချင်းဆုံရင်တွေခုန်ပြီး ရှိးတိုးရှန်းတန်းတွေဖြစ်သွားမယ်ဆိုရင် ဒါအိုကေပါတယ်။ နောက်ထပ် Eye contact လုပ်သင့်တာက အကြောင်းအရာတစ်ခုခုအလေးအနက်ပြောပြနေတဲ့အချိန်ပါ။ အဲ့လိုအချိန်မှာ သူမကကိုယ်စကားပြောတာနားထောင်နေရင်းနဲ့ ကိုယ့်မျက်လုံးကိုပဲဖြစ်ဖြစ်၊ နှုတ်ခမ်းကိုပဲဖြစ်ဖြစ်ကြည့်နေမယ်ဆိုရင် အဆင်ပြေတဲ့ Sign လိုပြောလိုရပါတယ်။ 





၃။ Accidental Touches 

ကိုယ်နဲ့စကားပြောနေတဲ့အချိန် ကောင်မလေးဘက်ကကိုယ့်ကိုထိတွေ့တာမျိုးရှိလားဆန်းစစ်ပါ။ ဥပမာ-Jokes တွေပြောပြီးရယ်နေတဲ့အချိန် ကိုယ့်လက်မောင်းကိုလက်သီးနဲ့ဖြည်းဖြည်းထိုးတာတို၊ ကိုယ့်ဘေးကဖြတ်သွားတဲ့အခါ ပုခုံးကိုပုတ်သွားတာတို၊ အင်္ကျီပေါ်မှာဖြစ်ဖြစ်၊ ဆံပင်မှာဖြစ်ဖြစ် တစ်ခုခုကပ်နေရင် ဖယ်ပေးတတ်တာတို…စတဲ့အပြုအမူလေးတွေဟာ ကောင်မလေးတွေကသူတိုသဘောကျတဲ့ကောင်လေးအပေါ်ပဲပြုမူတတ်တာလေးတွေဖြစ်ပါတယ်။ ဒါပေမယ့်ဒီအချက်ကိုဆန်းစစ်နိုင်ဖိုတော့ ကိုယ်နဲ့သူနဲ့က ရင်းနှီးမှုအတိုင်းအတာတစ်ခုတော့အရင်ဆုံးရှိထားဖိုလိုပါမယ်။ မိန်းကလေးတွေအနေနဲ့ ကိုယ်နဲ့သိတာ၊ခင်တာမကြာသေးတဲ့ယောက်ျားတစ်ယောက်ကိုတော့ သူတိုကစပြီးတွေ့ထိဖိုရှက်ကြတာသဘာဝမိုလိုပါ။



၄။ Mirroring 

ကိုယ်နဲ့အတူရှိနေတဲ့အချိန် ကိုယ့်အပြုအမူတွေကို လိုက်လုပ်သလား၊ မလုပ်လားကြည့်ပါ။ လူတစ်ယောက်က ကိုယ်သဘောကျတဲ့လူရဲ့အမူအကျင့်လေးတွေဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိပဲလုပ်လိုက်တတ်ကြပါတယ်။ ဥပမာ- ကိုယ်ကဆံပင်တွေသပ်တင်ပြီး သိပ်မကြာခင်မှာပဲ သူမလည်းကိုယ့်လိုလိုက်လုပ်တာမျိုး၊ ကိုယ်ခြေထောက်ချိတ်ပြီးထိုင်ရင် လိုက်ထိုင်တာမျိုး၊ ကိုယ်ပြောနေကျ ဗန်းစကားတစ်ခုခု (ဒါမှမဟုတ်) ပြက်လုံးတစ်ခုခုကို သူမလည်းလိုက်သုံးတတ်တာမျိုးတွေရှိနေပြီဆိုရင် ကိုယ့်အပေါ်မှာစိတ်ဝင်စားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။




၅။သူမရဲ့ဆံပင်တွေကိုအမျိုးမျိုးကစားနေတတ်သလားကြည့်ပါ။ ကောင်မလေးတွေက သူတိုရဲ့ဆံနွယ်တွေကို သူတိုသဘောကျတဲ့ကောင်လေးတွေကိုဆွဲဆောင်ဖိုအသုံးချတတ်ကြပါတယ်။ ကိုယ်နဲ့ရှိနေတဲ့အချိန် ဆံပင်ကိုခဏခဏသပ်တင်တာတို၊  အပေါ်ကိုမြှင့်ပြီးစည်းလိုက်၊ပြန်ဖြည်ချလိုက်လုပ်တာတို၊ ဆံပင်ကိုနားနောက်မကြာခဏပိုတာတိုလုပ်တတ်တယ်ဆိုရင် ကောင်မလေးကလည်းကိုယ့်အပေါ်သဘောကျနေတယ်လိုယူဆလိုရနိုင်ပါတယ်။ 




၆။Compliments 

မိန်းကလေးတွေကသူတိုသဘောကျတဲ့သူအပေါ်ဆိုရင် ကြံဖန်ပြီးချီးမွမ်းတတ်ကြပါတယ်။ ကိုယ် crush နေတဲ့ကောင်မလေးကလည်း ကိုယ့်ကိုအသေးအဖွဲလေးတွေကအစ မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် ချီးကျူးစကားလေးတွေပြောပေးတတ်တယ်ဆိုရင်တော့ ဂုဏ်ယူလိုက်ပါမိတ်ဆွေ။ ရှေ့ဆက်တိုးဖို အလားအလာကောင်းတွေရှိနေပါပြီ။ 


၇။သူမရဲ့သူငယ်ချင်းတွေနဲ့ရင်းနှီးမှုရအောင်ကြိုးစားပါ။ မိန်းကလေးတွေက သူတိုရဲ့ BFFတွေနဲ့ဆို crush အကြောင်းကစလို အိမ်ကကြောင်လေးဝမ်းချုပ်နေတာအထိအကုန်စုံစိနေအောင်ပြောတတ်ပါတယ်။ ဒီတော့မိတ်ဆွေကိုသာ ကောင်မလေးကစိတ်ဝင်စားနေတာမှန်တယ်ဆိုရင် ဒီအကြောင်းကိုသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေလည်းသိမှာအသေအချာပါပဲ။ ကောင်မလေးဆီသွားတဲ့အချိန် သူ့သူငယ်ချင်းတွေက ပြုံးစိစိဖြစ်နေတာတို၊ သူတိုသူငယ်ချင်းကို တိုးတိုးပြောပြီး စ,တာတို၊ ကိုယ်ရောက်သွားမှ သူတိုချင်းပြောလက်စ စကားတွေတိတ်သွားတာတိုကြုံဖူးတယ်ဆိုရင် ကောင်မလေးဘက်ကလည်း သင့်ကိုသဘောကျတဲ့အကြောင်း သူ့ Best Friends တွေကိုပြောပြထားတာဖြစ်ဖိုများပါတယ်။



၈။ Communication 

ကောင်မလေးကို ကိုယ်ကပဲစပြီး စကားသွားသွားပြောနေတာမျိုးမဟုတ်ပဲ သူကရောကိုယ့်ကိုအရင်စကားလာပြောလားဆန်းစစ်ကြည့်ပါ။ မိန်းကလေးတော်တော်များများက သူတိုသဘောကျတဲ့ကောင်လေးတွေနဲ့အမြဲ in touch ဖြစ်အောင်ကြိုးစားလေ့ရှိပါတယ်။ စကားပြောစရာအကြောင်းရင်းထွေထွေထူးထူးမရှိဘူးဆိုရင်တောင် ကိစ္စတစ်ခုခုအကြောင်းပြပြီး(ဥပမာ- သူနားမလည်တဲ့စာတွေလာရှင်းပြခိုင်းတာတို၊ သိပ်ပြီးကြီးကြီးမားမားမဟုတ်တဲ့ပြဿနာတွေလာတိုင်ပင်တတ်တာတို၊ကိုယ့်ကိုအကူညီတောင်းဖိုစကားစတတ်တာတို)communicate လုပ်တတ်ပါတယ်။ သတိတစ်ချက်ထားရမှာက ဒီလိုအကူညီလာတောင်းတိုင်း၊ စကားလာစပြောတိုင်း သူကကိုယ့်ကိုကြွေနေတယ်လိုမဆိုလိုနိုင်ပါဘူး။ ကိုယ်နဲ့သူနဲ့အဆက်အသွယ်သိပ်မလုပ်ဖြစ်တဲ့အချိန်တော်တော်များများမှာ ကိုယ်ကစမလုပ်ပဲ သူ့ဘက်ကအကြောင်းတစ်ခုခုရှာပြီး စကားစလာပြောတဲ့ဖြစ်စဉ်တွေ repeat ဖြစ်လာပြီဆိုရင်တော့ ကိုယ့်အတွက် မီးစိမ်းတစ်မျိုးလိုယူဆလိုရပါတယ်။ 



၉။ Style 

သာမန်နေ့တွေမှာသူမဝတ်နေကျပုံစံလေးတွေ၊ ပြင်ဆင်နေကျ look လေးတွေနဲ့ သင်နဲ့တွေ့ဖိုချိန်းထားတဲ့နေ့မှာ ဝတ်တတ်တဲ့ပုံစံလေးတွေဘယ်လိုကွာခြားလဲသတိထားကြည့်ပါ။ သင်နဲ့တွေ့မယ့်အချိန်တွေမှာ သာမန်ထက်ပိုပြီးမိန်းမဆန်တဲ့ပုံစံမျိုးလေးဝတ်လာတာတို၊ ပိုပြီးအရောင်တောက်တဲ့နှုတ်ခမ်းနီဆိုးလာတာတို၊ ဆံပင်ကိုထူးထူးခြားခြားပြင်ဆင်လာတာတိုလုပ်တတ်တယ်ဆိုရင်တော့ ဖွင့်ပြောလိုက်လည်း ငြင်းခံရနိုင်ခြေနည်းပါတယ်။ 


ဒါလေးတွေကတော့ ရောင်းရင်းတိုအနေနဲ့ ဖွင့်မပြောခင် ကောင်မလေးဘက်က ကိုယ့်ကိုမီးစိမ်းပြ၊မပြ ဆန်းစစ်ကြည့်နိုင်ဖိုအချက်လေးထဲက အသုံးဝင်နိုင်မယ့်တချိုပဲဖြစ်ပါတယ်။ အပေါ်မှာပြောပြခဲ့တဲ့အချက်တွေနဲ့ တိုက်ကြည့်လို တစ်ဝက်လောက်ကိုက်ညီတယ်ဆိုရင်ပဲ သတ္တိမွေးပြီးဖွင့်သာပြောလိုက်ပါ။ ပြန်မကြိုက်ပဲငြင်းလွှတ်ရင်တော့ admin တိုဆီမှာ လာငိုလိုရပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေ။

Comments

  1. rsရတော့မယ်ထင်တယ်🤕

    ReplyDelete
  2. မီးစိမ်းပြစရာ ကောင်လေးမရှိ

    ReplyDelete
  3. သတိရတယ်​ ​မွှေးရယ်

    ReplyDelete
  4. Crush လေးန​ဲ့ အဆင်ပြေတော့မယ်ကွ ဟားဟားဟား

    ReplyDelete
  5. အားရွိသြားပီ admin ေရ့
    တခ်က္မွကို မကိုက္ညီတာ 😓

    ReplyDelete
  6. အပေါ်ကအချက်တော်တော်များများနဲ့ ကိုက်တယ် သူမကိုလည်း ကျနော်သိပ်ချစ်တယ် but ဘာအကြောင်းပြချက် မှ မရှိဘဲ သူမက စဖြတ်သွားတယ်ဗျာ
    clickလုပ်ရင်းငိုရပြန်ပြီ''(

    ReplyDelete
  7. ဪတော်တော်တူတာပဲ

    ReplyDelete
  8. ပြန်မကြိုက်ပါဘူး ငိုပြီ

    ReplyDelete

Post a Comment