Iceland နိုင်ငံအကြောင်းတစ်စေ့တစ်စောင်း

 


ပေါ်ပေါက်လာပုံ

Iceland ဟာ ဘူမိဗေဒအရဆို သက်တန်းအလွန်နုသေးတဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။  လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀ ကမှ အတ္တလန္တတိတ်အလယ် ကုန်းရိုး( မြောက်အမေရိကနဲ့ ယူရိုအာရှကုန်းမြေနှစ်ခုကြားထိစပ်တဲ့ နေရာမှာ မီးတောင်တွေပေါက်ကွဲမှုကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လူသားတွေနောက်ဆုံးအချေချခဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 11,000 ကမှ နော်ဝေက Viking တွေက တွေ့ရှိပြီး အခြေချခဲ့တာဖြစ်ပါတယ်။

Trolls in Iceland

ရာသီဉတု

ကမ္ဘာ့အပေါ်ခြမ်းမှာရှိပြီး မြောက်ဝင်ရိုးစွန်းက လေအေးတွေတိုက်ခတ်တာကြောင့် ရာသီဉတုကအလွန်အေးပါတယ်။ ကျွန်းရဲ့ ၁၁% လောက်ကို ရေခဲမြစ်တွေက လွှမ်းမိုးထားတာဖြစ်ပါတယ်။

Iceland - KPMG Global

ဒါပေမယ့် မီးတောင်တွေလည်းပေါများလှတာကြောင့် တစ်နှစ်ပတ်လုံးရေပူစမ်းတွေရှိပါတယ်။ အဲ့တာကြောင့် ဘယ်လောက်အေးတဲ့အချိန်ဖြစ်ဖြစ် အပြင်မှာရေကူးအနားယူနိုင်ပါတယ်။ ရေပူစမ်းတစ်ခုဖြစ်တဲ့ Blue Lagoon ဟာကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုလဲဖြစ်ပါတယ်။

Iceland's Blue Lagoon Is Man-Made
Blue Lagoon

Eco-Friendly country

နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၉၉% လောက်က ရေအားလျှပ်စစ်နဲ့ Geothermal(မြေအောင်းအပူဓာတ်) ကနေထုတ်လုပ်တာကြောင့် ကမ္ဘာ့ eco-friendly အဖြစ်ဆုံးနိုင်ငံတစ်ခုအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်

ecofriendly အိမ်ပုံစံများ

Northern Lights

How to See the Northern Lights in Iceland - Tourist Journey

Tourist attraction တွေထဲကတစ်ခုဖြစ်တဲ့ လှပတဲ့ Northern Lights တွေကို စက်တင်ဘာနဲ့ မတ်လအကြားမှာ မြင်ရလေ့ရှိပါတယ်။ ဒီအလင်းတန်းတွေဟာ ဆိုလာအလင်းမှုန်တွေနဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ လေထုထဲမှာတွေ့ကြရာကထွက်ပေါ်လာတာဖြစ်ပါတယ်။

လူ၁၀ ယောက်ထဲက တစ်ယောက်ကအမြဲစာအုပ်ထုတ်တဲ့ တိုင်းပြည်

Icelandic Authors and Books You Need to Read | Iceland Travel

ဟုတ်ပါတယ်။ စာပေကိုအထူးအလေးအထားပြီး ဖတ်တဲ့အပြင် လူ၁၀ ယောက်ထဲကတစ်ယောက်လောက်ကတော့ တစ်သက်တာမှာ အနည်းဆုံးစာအုပ်တစ်အုပ်ထုတ်လေ့ရှိပါတယ်။ ဖတ်ကြည့်ချင်ရင်တော့ နိုဗယ်ဆုရစာရေးဆရာကြီး Hallór Kilijan Laxness ရဲ့ ဝတ္ထုတွေစမ်းဖတ်ကြည့်လို့ရပါတယ်။

စစ်တပ်မရှိတဲ့နိုင်ငံ

Iceland ဟာ စစ်တပ်မရှိတဲ့ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ လေတပ်ရော၊ ရေတပ်ရော မရှိပဲ ICRU ဆိုတဲ့ လူ၂၀၀ လောက်ပါဝင်တဲ့ ရဲတပ်ဖွဲ့လောက်သာရှိပါတယ်။ ပုံမှန်အချိန်ဆို လက်နက်တွေ၊ uniform တွေတောင်ဝတ်ထားကြလေ့မရှိပါဘူး။

ဟိုသီချင်းထဲကလို စစ်တပ်မရှိရင်လုံခြုံမလားလို့ မေးရင်တော့ ကမ္ဘာ့အကောင်းဆုံးနေချင်စရာတစ်ခုဆိုတဲ့ ဂုဏ်ပုဒ်ကိုပဲ လက်ညိုးထိုးပြလိုက်ပါ။ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးအပြည့်အဝရှိတဲ့အပြင်၊ လဘ်စားမှုမရှိ၊ လိင်အဆင့်အတန်းခွဲခြားမှုတွေ အနည်းပါးဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။

To Solve Problems Before They Happen, You Need to Unite the Right People - Dan Heath - Behavioral Scientist

Fun facts များ

Iceland မှာရေသန့်ဝယ်သောက်တဲ့သူမရှိပါဘူး။ စီးဆင်းနေသမျှရေတွေသာ စစ်ပြီးသားလိုပဲ သန့်စင်ပါတယ်။

Icelandic Drinking Water | Lava Car Rental

Iceland မှာ ခြင်တွေ၊ ယင်တွေမရှိသလို အဆိပ်ရှိပိုးကောင်တွေ မြွေတွေမရှိပါဘူး။

Iceland ရဲ့ အထင်ရှားဆုံးပြတိုက်ထဲက တစ်ခုကတော့ Penis Museum(အမျိုးသားလိင်အင်္ဂါပြတိုက် ဖြစ်ပါတယ်။)


File:Icelandic Phallological Museum, Reykjavík.JPG - Wikimedia Commons
Penis Museum

Iceland မြင်းတွေဟာ တစ်ခြားမျိုးစိတ်တွေနဲ့ ကွာခြားပြီး ပုပုလေးတွေဖြစ်ပါတယ်။

Iceland's Laufskálarétt horse party is a wild and windswept ride | CNN Travel


ဇွန်လနဲ့ ဂျူလိုင်လမှာ ၂၄ နာရီလုံး နေထွက်နေလေ့ရှိပါတယ်။ ခုနေသွားလည်ရင်တော့ midnight sun ကို ကြည့်ရင်း လင်းလင်းကြီးထဲ အိပ်ရမှာဖြစ်ပါတယ်။

Why Iceland is the Perfect Place for Midnight Sun Photogr...
Midnight Sun

နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို တောင်တန်းတွေဖုံးလွှမ်းနေပြီး ရေတံခွန်တွေအမြောက်အမြားရှိတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

Top 10 Beautiful Waterfalls in Iceland | Guide to Iceland

ဖတ်ရင်းလှူမှာ ကလစ်အားတွေကျနေလို့ သူငယ်ချင်းတွေကိုလည်း link လေးတွေပို့ပြီးဖတ်ခိုင်းတာဖြစ်ဖြစ်၊ share တာဖြစ်ဖြစ်လုပ်ရင် ကူညီပေးကြပါဉီးခင်ဗျာ။

Comments

  1. လှလိုက်တာကွာ 😍😍

    ReplyDelete
  2. Done
    လှလိုက်တဲ့နေရာလေး 😍

    ReplyDelete
  3. သွားချင်တယ် မင်မင်ရေးကာမှအဲ့လောက်သိ​ော့တယ်😁

    ReplyDelete
  4. One of my travel list 🌱🏔️

    ReplyDelete
  5. အခွင့်ရှိရင်ရောက်ဖူးချင်ပါသေးတယ်

    ReplyDelete

Post a Comment