Inflation (ငွေကြေးဖောင်းပွမှု) အကြောင်း
ငွေကြေးဖောင်းပွမှုဆိုတာဘာလဲ?
ငွေကြေးဖောင်းပွမှုဆိုတာဟာ ကုန်ဈေးနှုန်းနဲ့ တခြားဝန်ဆောင်မှု စားရိတ်တွေ တက်လာခြင်းဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး အခြေအနေကို အဓိကတိုင်းတာတဲ့ အရာတစ်ခုလဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပိုက်ဆံကိုသုံးပြီး ပစ္စည်းတွေဝယ်ရတယ်။ ငွေကြေးဖောင်းပွလာတဲ့ အခါမှာတော့ ပိုက်ဆံတွေဟာ အရင်ကလောက်တန်ဖိုးမရှိတော့တာပါဘူး။ ဉပမာ- ကျွန်တော်တို့ မနှစ်က ပိုက်ဆံ ၂၀၀ ရှိရင် လက်ဖက်ရည်တစ်ခွက်သောက်လို့ရပေမယ့် ဒီနေ့မှာတော့ ၂၀၀ တန်လေးကိုင်ပြီး သွားသောက်လို့မရတော့ပါဘူး။
ငွေကြေးဖောင်းပွမှုကို အချိန်အလိုက် ရာခိုင်နှုန်းများနဲ့ဖော်ပြပါတယ်။ ဉပမာ- ဆီဈေးဟာ တစ်နှစ်ကို ၂% တက်လာတယ်ဆိုရင် ဒီလူဟာ အရင်နှစ်ကထက် ဆီဖိုးကို ၂% ပိုမိုအသုံးပြုနေရတာမျိုးဖြစ်ပါတယ်။
အကယ်၍သာ ငွေကြေးဖောင်းပွမှုနဲ့အတူ လစာငွေမတိုးလာခဲ့ရင် ဝယ်လိုအားနဲ့ လူနေမှု အဆင့်အတန်းက တစ်နေ့တစ်ခြားကျလာမှာဖြစ်ပါတယ်။ အရင်နှစ်က လစာ ၂ သိန်းခွဲနဲ့ စားလို့လောက်ပြီး အဝတ်အစားအသစ်ဘာညာဝယ်နိုင်ပေမယ့် အခုအချိန်မှာတော့ လစာသာမတိုးလာရင် ဘာမှပိုပိုလျှံလျှံဝယ်နိုင်၊ သုံးနိုင်တော့မှာမဟုတ်ပါဘူး။
ဒါပေမယ့် ငွေကြေးဖောင်းပွမှု အနည်းငယ်ဖြစ်ခြင်းဟာ လူတွေကို ပစ္စည်းတွေ ပိုပြီးဝယ်စေပါတယ်။ တန်ဖိုးကျမယ့် ငွေတွေကို ဘယ်သူမှ သေတ္တာထဲသော့ခတ်သိမ်းထားမှာ မဟုတ်ပါဘူး။ ပစ္စည်းဝယ်တာဖြစ်ဖြစ်၊ ရင်းနှီးမြှုတ်နှံမှုဖြစ်ဖြစ် လုပ်ကြမှာပါပဲ။ အဲ့တာကြောင့် ဝယ်လိုအားတက်ပြီး ကုမ္ပဏီတွေအနေနဲ့လည်း လစာတိုးပေးဖို့ပိုပြီးလွယ်ကူစေပါတယ်။ ဒီလို လစာတိုးခြင်းနဲ့ ဝယ်လိုအားတက်ခြင်းက တစ်ပတ်လည်နေပြီး စီးပွားရေးကို တိုးတက်စေတာလဲဖြစ်ပါတယ်။
ဒါကြောင့်မို့ နိုင်ငံအများစုရဲ့ စီးပွားရေးဘဏ်များက တစ်နှစ်ကို ငွေကြေးဖောင်းပွမှု ၂% နဲ့ ၂.၅% ရာခိုင်နှုန်းကြားရှိအောင် ဆောင်ရွက်ကြပါတယ်။
UK မှာဆိုရင်တော့ Bank of England အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၂% ရှိနေအောင်ထိန်းချုပ်ဆောင်ရွက်ပါတယ်။
ငွေကြေးဖောင်းပွမှုကို ဘာနဲ့တိုင်းတာသလဲ?
ငွေကြေးဖောင်းပွမှုကိုတော့ the office for National Statistic (ONS) က အချက် ၃ ချက်တိုင်းတာပါတယ်။
- Consumer Prices Index(CPI)
- Consumer Prices Index including owner-occupiers' housing costs(CPIH)
- Retail Price Index(RPI) တို့နဲ့တိုင်းတာပါတယ်။
အဲ့ထဲမှာ CPI လို့ခေါ်တဲ့ "စားသုံးမှုကုန်ကျစားရိတ်အညွှန်းကိန်း"'ကိုတော့ အများဆုံးအသုံးပြုကြပါတယ်။
CPI ကိုတိုင်းတာရာမှာတော့ စားသုံးသူတွေ ပိုက်ဆံအသုံးပြုတဲ့ ပစ္စည်း ထောင်ပေါင်းများစွာရဲ့ ဈေးနှုန်းတွေကိုကြည့်ပြီးတိုင်းတာပါတယ်။ (ဉပမာ- ရုပ်ရှင်လက်မှတ်တွေ၊ စက်ဘီးဈေးတွေကအစ စပီကာဈေးနှုန်းတွေအထိ ကြည့်ပြီးတိုင်းတာကြပါတယ်)
စားသုံးသူတွေ ပိုက်ဆံအသုံးချမှုများတဲ့ ပစ္စည်းတွေကိုတော့ အဓိကထားတိုင်းတာကျပါတယ်။ ဆီဈေးဟာ တံဆိပ်ခေါင်းဈေးထက် ငွေကြေးဖောင်းပွမှုကို ပိုသက်ရောက်မှုရှိပါတယိ။
ဘာအတွက် အသုံးပြုကြလဲ?
ငွေကြေးဖောင်းပွမှုကို အခြေခံပြီး"ဘဏ်အတိုးနှုန်း" ကို သတ်မှတ်ရပါတယ်။ ဘဏ်စုငွေတွေကို ဘယ်လောက်အတိုးပေးမယ်၊ ချေးငွေကိုလည်း ဘယ်လောက်အတိုးနှုန်းနဲ့ချေးမယ်ဆိုတာကို ငွေကြေးဖောင်းပွမှုနှုန်းနဲ့ သတ်မှတ်ကြပါတယ်။ ငွေကြေးဖောင်းပွတဲ့နှုန်းလောက် အတိုးနှုန်းမရရင် ဘယ်သူမှ ဘဏ်မှာငွေတွေ စုနေမှာမဟုတ်ပါဘူး။ (မြန်မာနိုင်ငံမှာ ဘဏ်တိုးများတာဟာ inflation လဲများလို့ဖြစ်ပါတယ်။)
ငွေကြေးဖောင်းပွမှုဟာ လူတွေရဲ့ ဝင်ငွေပေါ်လည်းတိုက်ရိုက်သက်ရောက်မှုရှိပါတယ်။
နိုင်ငံတော်ထောက်ပံကြေးများနဲ့ ပင်စင်ကြေးများဟာ CPI နဲ့အညီတိုးလေ့ရှိပါတယ်။ ၂၀၁၁ ကနေစပြီး ပင်စင်ငွေဟာ တစ်နှစ်ကို ၂.၅% သို့မဟုတ် နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းအတိုင်း တိုးပေးရမယ်လို့ သတ်မှတ်ထားပါတယ်။
ငွေကြေးဖောင်းပွမှုက ဘယ်သူတွေအတွက်အကျိုးရှိလဲ?
ငွေကြေးဖောင်းပွမှုဟာ ပိုက်ဆံချေးထားတဲ့သူတွေအတွက် အကျိုးရှိပါတယ်။ ဉပမာ- အရစ်ကျ ၅ နှစ်စာချုပ်နဲ့ ငွေပေးချေတဲ့သူဟာ ၅ နှစ်အတွင်းတိုးလာတဲ့ ငွေကြေးဖောင်းပွမှုဟာ သူ့ရဲ့ အတိုးကို လျော့သွားစေတာလဲဖြစ်ပါတယ်။ အဲ့တာကြောင့်လဲ အရစ်ကျတွေဟာ လက်ရင်းငွေချေတွေထက် စျေးပိုများတာဖြစ်ပါတယ်။
အစိုးရအနေနဲ့လဲ သူတို့ရဲ့ အကြွေးတွေ ကို ကြီးမားတဲ့ငွေကြေးဖောင်းပွမှုက လျော့ချပေးစေတဲ့အတွက် အကျိုးရှိစေပါတယ်။
ဒါပေမယ့် ငွေစုတဲ့သူတွေနဲ့ ပင်စင်စားတွေအတွက်တော့ သူတို့ရမယ့်ငွေတွေလျော့နည်းစေပါတယ်။
ကုန်ဈေးနှုန်းများတက်လာတာနဲ့အမျှ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေနဲ့ လုပ်အားခကို တိုးပေးရပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ငွေကြေးဖောင်းပွလာတဲ့အခါမှာတော့ ငွေကြေးမြှုတ်နှံမှုတွေလျော့လာစေပြီး ကုမ္ပဏီများ အထိနာစေပါတယ်။
အလွန်အမင်း ငွေကြေးဖောင်းပွခြင်း( hyperinflation) ဆိုတာဘာလဲ?
ကုန်ဈေးနှုန်းတွေဟာ ထိန်းချုပ်လို့မရတော့ပဲ တရှိန်ထိုးတကိသွားခြင်းကို hyperinflationလို့ခေါ်ပါတယ်။
အစိုးရအနေနဲ့ အသုံးစာရင်းအတွက် ပိုက်ဆံအများအပြားရိုက်နှိပ်တဲ့ အခါဖြစ်ပွားလေ့ရှိပါတယ်။ ပိုက်ဆံတွေများလာလေ၊ ကုန်ဈေးနှုန်းတက်လာလေလေ၊ အစိုးရက ပိုက်ဆံတွေပိုရိုက်လေလေ နဲ့သံသရာလည်တတ်ပြီး ရုန်းထွက်နိုင်ဖို့ခက်ခဲပါတယ်။
အထင်ရှားဆုံးသာဓကကတော့ ပထမကမ္ဘာစစ်အပြီး ဂျာမနီဟာ အကြွေးတွေအများကြီး တင်ကျန်ပါတယ်။ အဲ့တော့ အစိုးရက ပိုက်ဆံတွေ ရိုက်ထုတ်ပြီး အကြွေးတွေဆပ်ဖို့လုပ်ပါတယ်။
ဒါပေမယ့် ငွေကြေးတန်ဖိုးဟာ အဆမတန်ကျဆင်းသွားပြီး ငွေကြေးဖောင်းပွမှုဟာ တစ်လကို ၂၉၅၀၀% အထိရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အစိုးရအနေနဲ့ ငွေကြေးစနစ်တစ်ခုလုံးကို ဖျက်သိမ်းပြီး ငွေစက္ကူအသစ်တစ်မျိုးပြန်ရိုက်ပြီး ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာလဲ ၂၀၀၈ ခုနှစ်က ငွေကြေးဖောင်းပွမှု ၅၀၀,၀၀၀,၀၀၀,၀၀၀% ရောက်ရှိခဲ့ပြီး အစိုးရအနေနဲ့ ဇင်ဘာဘွေဒေါ်လာကို ဖျက်သိမ်းခဲ့ရပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာတော့ ယခုအခါ ငွေကြေးဖောင်းပွမှု ၆၅၀၀% ရှိနေပါတယ်။
မြန်မာနိုင်ငံနဲ့ inflation
မြန်မာနိုင်ငံရဲ့ Inflation ဟာ 2007 မှာအဆိုးဝါးဆုံးဖြစ်တဲ့ 34.44% အထိရောက်ခဲ့တာဖြစ်ပါတယ်။ 2015-2020 ဒီမိုကရေစီအစိုးရသက်တမ်းမှာ Inflation Rate ဟာ 4.62% ကနေ 6.31%ကြားလောက်မှာရှိပြီး ဖွံဖြိုးဆဲနိုင်ငံအတွက် မဆိုးလှတဲ့ နှုန်း့ဆိုနိုင်ပါတယ်။
အခုချိန်မှာတော့ ကုန်ဈေးနှုန်းတွေ၊ ဒေါ်လာဈေးတက်နှုန်းတွေ၊ Digital money တန်ဖိုးကျလာမှုတွေ၊ အလုပ်လက်မဲ့ဖြစ်မှုတွေကြောင့် Inflation rate ကို မြင့်တက်စေမှာ အသေအချာဖြစ်ပေမယ့် တိကျတဲ့ %တော့မသိရသေးပါဘူး။
ညိုထွန်း
(zawgyi)
ေငြေၾကးေဖာင္းပြမႈဆိုတာဘာလဲ?
ေငြေၾကးေဖာင္းပြမႈဆိုတာဟာ ကုန္ေဈးႏႈန္းနဲ႔ တျခားဝန္ေဆာင္မႈ စားရိတ္ေတြ တက္လာျခင္းျဖစ္ပါတယ္။
စီးပြားေရး အေျခအေနကို အဓိကတိုင္းတာတဲ့ အရာတစ္ခုလဲျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဟာ ပိုက္ဆံကိုသုံးၿပီး ပစၥည္းေတြဝယ္ရတယ္။ ေငြေၾကးေဖာင္းပြလာတဲ့ အခါမွာေတာ့ ပိုက္ဆံေတြဟာ အရင္ကေလာက္တန္ဖိုးမရွိေတာ့တာျဖစ္ပါတယ္။
ေငြေၾကးေဖာင္းပြမႈကို အခ်ိန္အလိုက္ ရာခိုင္ႏႈန္းမ်ားနဲ႔ေဖာ္ျပပါတယ္။ ဉပမာ- ဆီေဈးဟာ တစ္ႏွစ္ကို ၂% တက္လာတယ္ဆိုရင္ ဒီလူဟာ အရင္ႏွစ္ကထက္ ဆီဖိုးကို ၂% ပိုမိုအသုံးျပဳေနရတာမ်ိဳးျဖစ္ပါတယ္။
အကယ္၍သာ ေငြေၾကးေဖာင္းပြမႈနဲ႔အတူ လစာေငြမတိုးလာခဲ့ရင္ ဝယ္လိုအားနဲ႔ လူေနမႈ အဆင့္အတန္းက တစ္ေန႔တစ္ျခားက်လာမွာျဖစ္ပါတယ္။
ဒါေပမယ့္ ေငြေၾကးေဖာင္းပြမႈ အနည္းငယ္ျဖစ္ျခင္းဟာ လူေတြကို ပစၥည္းေတြ လိုတာထက္ေစာဝယ္ေစတာေၾကာင့္ ဝယ္လိုအားတက္ၿပီး ကုမၸဏီေတြအေနနဲ႔လည္း လစာတိုးေပးဖို႔ပိုလြယ္ကူေစပါတယ္။ ဒီလို လစာတိုးျခင္းနဲ႔ ဝယ္လိုအားတက္ျခင္းက စီးပြားေရးကို တိုးတက္ေစတာလဲျဖစ္ပါတယ္။
ဒါေၾကာင့္မို႔ နိုင္ငံအမ်ားစုရဲ့ စီးပြားေရးဘဏ္မ်ားက တစ္ႏွစ္ကို ေငြေၾကးေဖာင္းပြမႈ ၂% နဲ႔ ၂.၅% ရာခိုင္ႏႈန္းၾကားရွိေအာင္ ေဆာင္ရြက္ၾကပါတယ္။
UK မွာဆိုရင္ေတာ့ Bank of England အေနနဲ႔ ေငြေၾကးေဖာင္းပြမႈႏႈန္း ၂% ရွိေနေအာင္ထိန္းခ်ဳပ္ေဆာင္ရြက္ပါတယ္။
ေငြေၾကးေဖာင္းပြမႈကို ဘာနဲ႔တိုင္းတာသလဲ?
ေငြေၾကးေဖာင္းပြမႈကိုေတာ့ the office for National Statistic (ONS) က အခ်က္ ၃ ခ်က္တိုင္းတာပါတယ္။
Consumer Prices Index(CPI)
Consumer Prices Index including owner-occupiers' housing costs(CPIH)
Retail Price Index(RPI) တို႔နဲ႔တိုင္းတာပါတယ္။
အဲ့ထဲမွာ CPI လို႔ေခၚတဲ့ "စားသုံးမႈကုန္က်စားရိတ္အညႊန္းကိန္း"'ကိုေတာ့ အမ်ားဆုံးအသုံးျပဳၾကပါတယ္။
CPI ကိုတိုင္းတာရာမွာေတာ့ စားသုံးသူေတြ ပိုက္ဆံအသုံးျပဳတဲ့ ပစၥည္း ေထာင္ေပၚမ်ားစြာရဲ့ ေဈးႏႈန္းေတြကိုၾကည့္ၿပီးတိုင္းတာပါတယ္။ (ဉပမာ- ႐ုပ္ရွင္လက္မွတ္ေတြ၊ စက္ဘီးေဈးေတြကအစ စပီကာေဈးႏႈန္းေတြအထိ ၾကည့္ၿပီးတိုင္းတာၾကပါတယ္)
စားသုံးသူေတြ ပိုက္ဆံအသုံးခ်မႈမ်ားတဲ့ ပစၥည္းေတြကိုေတာ့ အဓိကထားတိုင္းတာက်ပါတယ္။ ဉပမာ ဆီေဈးဟာ တံဆပ္ေခါင္းေဈးထက္ ေငြေၾကးေဖာင္းပြမႈကို ပိုသက္ေရာက္မႈရွိပါတယိ။
ဘာအတြက္ အသုံးျပဳၾကလဲ?
ေငြေၾကးေဖာင္းပြမႈကို အေျခခံၿပီး"ဘဏ္အတိုးႏႈန္း" ကို သတ္မွတ္ရပါတယ္။ ဘဏ္စုေငြေတြကို ဘယ္ေလာက္အတိုးေပးမယ္၊ ေခ်းေငြကိုလည္း ဘယ္ေလာက္အတိုးႏႈန္းနဲ႔ေခ်းမယ္ဆိုတာကို ေငြေၾကးေဖာင္းပြမႈႏႈန္းနဲ႔ သတ္မွတ္ၾကပါတယ္။
ေငြေၾကးေဖာင္းပြမႈဟာ လူေတြရဲ့ ဝင္ေငြေပၚလည္းတိုက္ရိုက္သက္ေရာက္မႈရွိပါတယ္။
နိုင္ငံေတာ္ေထာက္ပံေၾကးမ်ားနဲ႔ ပင္စင္ေၾကးမ်ားဟာ CPI နဲ႔အညီတိုးေလ့ရွိပါတယ္။ ၂၀၁၁ ကေနစၿပီး ပင္စင္ေငြဟာ တစ္ႏွစ္ကို ၂.၅% သို႔မဟုတ္ နိုင္ငံရဲ့ ေငြေၾကးေဖာင္းပြမႈႏႈန္းအတိုင္း တိုးေပးရမယ္လို႔ သတ္မွတ္ထားပါတယ္။
ေငြေၾကးေဖာင္းပြမႈက ဘယ္သူေတြအတြက္အက်ိဳးရွိလဲ?
ေငြေၾကးေဖာင္းပြမႈဟာ ပိုက္ဆံေခ်းထားတဲ့သူေတြအတြက္ အက်ိဳးရွိပါတယ္။ ဉပမာ- အရစ္က် ၅ ႏွစ္စာခ်ဳပ္နဲ႔ ေငြေပးေခ်တဲ့သူဟာ ၅ ႏွစ္အတြင္းတိုးလာတဲ့ ေငြေၾကးေဖာင္းပြမႈဟာ သူ႔ရဲ့ အတိုးကို ေလ်ာ့သြားေစတာလဲျဖစ္ပါတယ္။
အစိုးရအေနနဲ႔လဲ သူတို႔ရဲ့ အေႂကြးေတြ ကို ႀကီးမားတဲ့ေငြေၾကးေဖာင္းပြမႈက ေလ်ာ့ခ်ေပးေစတဲ့အတြက္ အက်ိဳးရွိေစပါတယ္။
ဒါေပမယ့္ ေငြစုတဲ့သူေတြနဲ႔ ပင္စင္စားေတြအတြက္ေတာ့ သူတို႔ရမယ့္ေငြေတြေလ်ာ့နည္းေစပါတယ္။
ကုန္ေဈးႏႈန္းမ်ားတက္လာတာနဲ႔အမၽွ လုပ္ငန္းရွင္ေတြအေနနဲ႔ အလုပ္သမားေတြနဲ႔ လုပ္အားခကို တိုးေပးရပါတယ္။ ဒါေပမယ့္ လိုတာထက္ပိုၿပီး ေငြေၾကးေဖာင္းပြလာတဲ့အခါမွာေတာ့ ေငြေၾကးျမႇုတ္ႏွံမႈေတြေလ်ာ့လာေစၿပီး ကုမၸဏီမ်ား အထိနာေစပါတယ္။
အလြန္အမင္း ေငြေၾကးေဖာင္းပြျခင္း( hyperinflation) ဆိုတာဘာလဲ?
ကုန္ေဈးႏႈန္းေတြဟာ ထိန္းခ်ဳပ္လို႔မရေတာ့ပဲ တရွိန္ထိုးတကိသြားျခင္းကို hyperinflationလို႔ေခၚပါတယ္။
အစိုးရအေနနဲ႔ အသုံးစာရင္းအတြက္ ပိုက္ဆံအမ်ားအျပားရိုက္ႏွိပ္တဲ့ အခါျဖစ္ပြားေလ့ရွိပါတယ္။ ပိုက္ဆံေတြမ်ားလာေလ၊ ကုန္ေဈးႏႈန္းတက္လာေလေလ၊ အစိုးရက ပိုက္ဆံေတြပိုရိုက္ေလေလ နဲ႔သံသရာလည္တတ္ၿပီး ႐ုန္းထြက္နိုင္ဖို႔ခက္ခဲပါတယ္။
အထင္ရွားဆုံးသာဓကကေတာ့ ပထမကမၻာစစ္အၿပီး ဂ်ာမနီဟာ အေႂကြးေတြအမ်ားႀကီး တင္က်န္ပါတယ္။ အဲ့ေတာ့ အစိုးရက ပိုက္ဆံေတြ ရိုက္ထုတ္ၿပီး အေႂကြးေတြဆပ္ဖို႔လုပ္ပါတယ္။
ဒါေပမယ့္ ေငြေၾကးတန္ဖိုးဟာ အဆမတန္က်ဆင္းသြားၿပီး ေငြေၾကးေဖာင္းပြမႈဟာ တစ္လကို ၂၉၅၀၀% အထိေရာက္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အစိုးရအေနနဲ႔ ေငြေၾကးစနစ္တစ္ခုလုံးကို ဖ်က္သိမ္းၿပီး ေငြစကၠဴအသစ္တစ္မ်ိဳးျပန္ရိုက္ၿပီး ျပန္ထိန္းခ်ဳပ္ခဲ့ပါတယ္။
ဇင္ဘာေဘြနိုင္ငံမွာလဲ ၂၀၀၈ ခုႏွစ္က ေငြေၾကးေဖာင္းပြမႈ ၅၀၀,၀၀၀,၀၀၀,၀၀၀% ေရာက္ရွိခဲ့ၿပီး အစိုးရအေနနဲ႔ ဇင္ဘာေဘြေဒၚလာကို ဖ်က္သိမ္းခဲ့ရပါတယ္။
ဗင္နီဇြဲလားနိုင္ငံမွာေတာ့ ယခုအခါ ေငြေၾကးေဖာင္းပြမႈ ၆၅၀၀% ရွိေနပါတယ္။
ျမန္မာနိုင္ငံရဲ့ Inflation
ျမန္မာနိုင္ငံရဲ့ Inflation မွာ 2007 မွာ 34.44$ အထိေရာက္ခဲ့တာျဖစ္ပါတယ္။ 2015-2020 ဒီမိုကေရစီအစိုးရသက္တမ္းမွာ Inflation Rate ဟာ 4.62% ကေန 6.31%ၾကားေလာက္မွာရွိၿပီး ဖြံၿဖိဳးဆဲနိုင္ငံအတြက္ မဆိုးလွတဲ့ ႏႈန္းလိုဆိုနိုင္ပါတယ္။
အခုခ်ိန္ ကုန္ေဈးႏႈန္းေတြ၊ ေဒၚလာေဈးတက္ႏႈန္းေတြ၊ Mobile money တန္ဖိုးက်လာမႈေတြ၊ အလုပ္လက္မဲ့ျဖစ္မႈေတြေၾကာင့္ Inflation rate ကို ျမင့္တက္ေစမွာ အေသအခ်ာျဖစ္ေပမယ့္ တိက်တဲ့ %ေတာ့မသိရေသးပါဘူး။
ညိဳထြန္း
good.
ReplyDelete2nd.
ReplyDeleteဗဟုသုတရစေလို့ ကျေးဇူးပါ
ReplyDeleteThanks
ReplyDeleteThank you for adding Zawgyi ♡
ReplyDeleteThank
ReplyDelete