Itachi အသုံးပြုခဲ့တဲ့လက်နက်နဲ့ Jutsu များအကြောင်း
Itachi ဆိုတယ့် Character ဖြစ်လာအောင် Kishimoto က Japanese Mythology ထဲက များစွာမှီငြမ်းပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အခုပြောပြပေးမယ့် အကြောင်းအရာတွေက Itachi အသုံးပြုခဲ့တယ့် လက်နက်တွေနဲ့ Jutsu တွေပဲ ဖြစ်ပါတယ်။
Izanami & Izanagi (In Anime)
Izanami & Izanagi (In Japanese Myth)
အဓိပ္ပာယ် ပြန်ရရင် He who invites နဲ့ She who invites ဖြစ်ပြီး နှစ်ယောက်လုံးက မောင်နှမ တွေပါ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲထွက်မူ အပြီး ထွက်ပေါ်လာတယ့် 8 ယောက်မြောက်သော မောင်နှမ နတ်ဘုရား အတွဲ ဖြစ်ပါတယ်။ သူတို့က ကမ္ဘာမြေ ကြီးကို ဖြစ်ပေါ်စေခဲ့တယ့် နတ်ဘုရားတွေ ဖြစ်ကြပါတယ်။
Amaterasu (In Anime)
Series တစ်လျှောက် အကြိမ် အများဆုံး အသုံး ပြုခဲ့တယ့် Jutsu တစ်ခုဖြစ်ပြီး Naruto Kid ကနေ ယခု Boruto ထိ မြင်တွေ့နေရတယ့် Jutsu တစ်ခု ဖြစ်ပါတယ်။ အနက်ရောင် မီးတောက်တွေ အဖြစ် တောက်လောင်ပြီး ငြိမ်းသတ်လို့ မရပါဘူး။ တောက်လောင်နေတယ့် အရာ တစ်ခုလုံး ပြာ အဖြစ်ပြောင်းသွားမှသာ မီးတောက်တွေလဲ ငြိမ်းသွားမှာ ဖြစ်ပါတယ်။
Amaterasu (In Japanese Myth)
နတ်ဘုရား Izanagi ဟာ သူ့ကိုယ်သူ သန့်စင်ဖို့ အတွက် ပင်လယ်ထဲမှာ ရေချိုးနေစဉ် သူရဲ့ ခန္ဓာကိုယ်မှ နတ်ဘုရား များစွာ ဖြစ်ပေါ်လာပါတယ်။ Amaterasu ဟာ နေ နတ်ဘုရားမ တစ်ပါး ဖြစ်ပြီးတော့။ Izanagi ရဲ့ ဘယ်ဘက် မျက်လုံးကနေ ဖြစ်ပေါ်လာတာပါ။
Tsukuyomi (In Anime)
Tsukuyomi (In Japanese Myth)
နတ်ဘုရား Izanagi ကြောင့် ဖြစ်ပေါ်လာတယ့် နတ်ဘုရား တစ်ပါး ဖြစ်ပါတယ်။ Tsukuyomi ဟာ လနတ်ဘုရား တစ်ပါး ဖြစ်ပြီးတော့ Izanagi ရဲ့ ညာဘက် မျက်လုံးကနေ ဖြစ်ပေါ် လာခဲ့တာပါ။
Susanoo (In Anime)
Susanoo (In Japanese Myth)
Susanoo ဟာ မုန်တိုင်း နတ်ဘုရား တစ်ပါး ဖြစ်ပြီးတော့ Izanagi နှာခေါင်းကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
Tosuka Blade (In Anime)
Orochimaru ရဲ့ Ultimate Jutsu ဖြစ်တယ့် Dragon Form ကိုပါ အနိုင်ပိုင်းခဲ့တယ့် ဓားဖြစ်ပြီး Itachi ရဲ့ Susanoo မှာ အသုံး ပြုခဲ့တယ့် လက်နက်ဖြစ်ပါတယ်။ Orochimaru ကိုပါ Seal နိုင်တယ့် အထိ powerful ဖြစ်ပါတယ်။
Tosuka no Tsurugi (In Japanese Myth)
လက်တစ်ဆုပ်စာ အနံ့ ရှိသော ဓားလို့ အဓိပ္ပာယ်ရပြီး မုန်တိုင်း နတ်ဘုရား Susanoo ကိုယ်တိုင် ကိုင်ဆောင်ခဲ့တယ့် ဓားဖြစ်ပြီး Orochi လို့ခေါ်တယ့် မြွေကို သုတ်သင်ခဲ့တယ့် ဓားပါ။
(Kishimoto ဟာ Itachi Vs Orochimaru Battle ကို Myth ထဲက အတိုင်း ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။)
Yata Mirror (In Anime)
Sasuke Vs Itachi Battle မှာ Sasuke ရဲ့ Explosive Kunai မှ ကာကွယ်ရန် ဒိုင်းအနေနဲ့ Susanoo မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။
Yata no Kagami (In Japanese Myth)
Japan ဘာသာရေး အယူမှာတော့ Yata Mirror ဟာ Ishikoridome လို့ခေါ်တယ့် နတ်ဘုရား တစ်ပါးမှ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နေနတ်ဘုရားမ Amaterasu ကို ဖြားယောင်းဖို့ အတွက် အသုံး ပြုခဲ့ပါတယ်။
Really great.
ReplyDeleteExcellent content!
TY
ReplyDeletedkne
ReplyDeleteItachi is God😁
ReplyDeleteread.
ReplyDeleteMikey is God
ReplyDeleteNice Mickey typey likey
ReplyDelete