ကင်းပင်ဂွင်းတို့၏ အိမ်ပြန်ခရီး

ဂျော်ဂျီယာနိုင်ငံ တောင်ပိုင်းမှ ပင်ဂွင်းဘုရင် (King Penguin) တစ်ကောင်၏ ၅လနီးပါးခန့် အစာရှာပြီးနောက် သားသမီးများထံသို့ အိမ်ပြန်ခရီးသည် ခက်ခဲကြမ်းတမ်းလှသည်။ ပင်ဂွင်းအုပ်စုလိုက် အတူတကွ ပြန်လာကြသော်ငြား တချို့သည် ဝေလငါး (Killer whale) တို့၏ အစာ ဖြစ်ကြရသည်။
လမ်းခရီးတစ်လျှောက် သမုဒ္ဒရာအတွင်း ကူးခတ်ပြီးသော်လည်း ကုန်းမြေအနီးတွင် ကျားသစ်ဖျံ (leopard seal) တို့အုပ်စုက အသင့်စောင့်နေကြပြန်သည်။ ကျားသစ်ဖျံတို့သည် လှုပ်ရှားနေသော ပင်ဂွင်းအုပ်စုကြီး တစ်ခုလုံးမှ နောက်ကျကျန်ကာ ကွဲထွက်နေသော ပင်ဂွင်းတစ်ကောင်တလေကို အမဲလိုက်ရန် ကြံစည်စောင့်ဆိုင်းကြသည်။ နောက်ကျကျန်နေသော ပင်ဂွင်းတစ်ကောင်ကို ကြီးမားသော ကျားသစ်ဖျံကြီးက ကြိုးစားပမ်းစား လိုက်ဖမ်းလေ့ရှိသည်။

ဖျံကြီး၏ ချွန်ထက်ကြီးမားသော သွားများကြားမှ ပင်ဂွင်းသည်လည်း သူ့ဘဝလွတ်မြောက်ရေးအတွက် အရှောင်အတိမ်းပေါင်းများစွာနှင့် ကုန်းပေါ်သို့ ရောက်အောင် ကြိုးစားကူးခတ်ရသည်။ အတန်ကြာ ကူးခတ်ရှောင်တိမ်းပြီးနောက် ထိုပင်ဂွင်းသည် ကုန်းမြေပေါ်တွင် ခြေပစ်လက်ပစ် အနားယူလိုက်နိုင်သည်။ ဖျံသည်လည်း ကုန်းပေါ်သို့ တက်လာသည်ငြား ပင်ဂွင်းသည် မလှုပ်ရှားနိုင်တော့။ ကျားသစ်ဖျံသည်လည်း မောပန်းနေပြီဖြစ်၍ အနားယူပြီးနောက် ပြန်လှည့်ထွက်ကာ သားကောင်ကို စွန့်လွှတ်ခဲ့လေသည်။
ပင်ဂွင်းဘုရင်လေးတစ်ကောင် ကံကောင်းသွားသော်လည်း ထိုကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ သူတို့၏အခက်အခဲ အတားအဆီးများစွာမှ တစ်ခုသာ ဖြစ်သည်။ ထိုအခါ “ကျားသနားမှ နွားချမ်းသာ” နေရာတွင် “ဖျံသနားမှ ပင်ဂွင်းချမ်းသာ” ဖြစ်ပေလိမ့်မည်ဟု ပြေးမြင်ယောင်မိသည်။ အချို့သည် ကျားသစ်ဖျံ၏ အစာဖြစ်ကြရသည်။ ဆက်လက်၍ ကုန်းပေါ်တွင် အိပ်၍အနားယူနေသော ဆင်ဖျံ (elephant seal) အုပ်စုကြီးနှင့် ရင်ဆိုင်တွေ့ရပြန်သည်။

“မ”စိတ်မွှန်နေသော ဆင်ဖျံအထီးနှစ်ကောင်၏ သတ်ပွဲမှ လွတ်မြောက်အောင် မြန်မြန်ဆန်ဆန် လှုပ်ရှားရပြန်သည်။ ဤသို့နှင့် နောက်ဆုံးတွင် သူတို့၏ သားသမီးများရှိရာသို့ ရောက်ခဲ့လေပြီ။ သို့သော် သူတို့သားသမီးများနှင့် တွေ့ပြီဟု ထင်လျှင် မှားပေလိမ့်မည်။ အကောင်ရေ သိန်းချီသော အညိုရောင် ပင်ဂွင်းပေါက်လေးများစွာထဲမှ မိမိ၏ရင်သွေးကို အသံပေး၍ ရှာရပြန်သည်။ မိဘများမှာ လနှင့်ချီ၍ အစာရှာထွက်ကြရာမှ ပြန်လာသော်ငြား အချို့သော ပင်ဂွင်းကလေးများသည် အအေးဒဏ်နှင့် ဆာလောင်မှုဒဏ်များကြားတွင် အသက်ပေးလိုက်ရသဖြင့် မိဘတို့မှာ အစာရှာရကျိုးမနပ် ဖြစ်ကြရသည်။
ပင်ဂွင်းဘုရင်တို့မှာ သူတို့၏ကြီးမားလှသော ပင်ဂွင်းမြို့တော်ကြီးတွင် တစ်ခါတစ်ရံ မိုင်နှင့်ချီကာ လှည့်ပတ်ရှာဖွေရတတ်သည်။ ပင်ဂွင်းကြီးများ၏အသံကို ပြန်လည်ထူးနေသော ပင်ဂွင်းလေးများစွာ၏ အသံများသည် တဆာဆာနှင့်။ ထိုမြောက်များလှသော အသံများကြားမှ ပင်ဂွင်းတို့သည် မိမိတို့ရင်သွေးကို သေချာရှာဖွေရပေဦးမည်။ ပြန်တွေ့ကြလျှင် မိဘများသည် အခက်အခဲများစွာကြားမှ ယင်းတို့အတွက် ဗိုက်ထဲတွင် အပြည့်သိုလှောင်လာရသော အစာကို ပင်ဂွင်းပေါက်စလေးများသည် ဘာမျှမသိဘဲ အားပါးတရစားကြပေဦးမည်။ ထိုအချိန် ပင်ဂွင်းကြီးတို့ ရင်ထဲတွင်မူ ဝမ်းသာပီတိနှင့် ပြောနေပေလိမ့်မည်။

“ ဒီတစ်ခေါက်တော့ အဖေတို့ အမေတို့ အတားအဆီး စွန့်စားခန်းတွေကြားက အန္တရာယ်ကင်းကင်းနဲ့ မင်း ဝဝလင်လင်စားနိုင်ဖို့ မင်းဆီရောက်အောင် ပြန်လာနိုင်ခဲ့ပြီ ကလေးရေ...”

သားသမီးများမှာ အအေးဒဏ်၊ ဆာလောင်မှုဒဏ်နှင့် သားရဲဒဏ်ကို အံမတုနိုင်ခဲ့၍ ပြန်မတွေ့ခဲ့လျှင်လည်း ကံမျှသာပင်....။
A really touching tale and plz note that penguins are pervert too.
ReplyDeletedone
ReplyDeleteDone
ReplyDeletegood.
ReplyDeleteဒီလောက်အများကြီးထဲကနေမှ ကိုယ့်ကလေးကိုမှန်အောင်ရှာနိုင်ဖို့ဆိုတာ တော်တော်လေးမလွယ်မှာပဲ
ReplyDeleteDone
ReplyDelete:(
ReplyDeleteSad
ReplyDeleteDone🥺🐬
ReplyDeleteDone
ReplyDelete“ ဒီတစ်ခေါက်တော့ အဖေတို့ အမေတို့ အတားအဆီး စွန့်စားခန်းတွေကြားက အန္တရာယ်ကင်းကင်းနဲ့ မင်း ဝဝလင်လင်စားနိုင်ဖို့ မင်းဆီရောက်အောင် ပြန်လာနိုင်ခဲ့ပြီ ကလေးရေ...”
ReplyDeleteဟတ်ထိ
သတ္တဝါဟူသမျှ သံယောဇဉ် အပူမီးတွေနှင့်ပါတကား...
🤍
DeleteDone 🍀
ReplyDeleteDone 🍀
Delete💌💌💌
ReplyDeleteThanks Admin
ReplyDeleteDone 🤍
ReplyDeleteရင်နင့်စရာ ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်မိ 🐧🐧👍❤
ReplyDeleteDone
ReplyDeleteဒါလည်းအရင်ကဖတ်ဖူးသလားလို့😁
ငိုနေပြီ
ReplyDelete😭
ReplyDeleteDone 💪
ReplyDeleteWe Must Win ✊
Deleteအော်သူတို့ဘဝလေးတွေလဲခက်ခဲရှာသား
ReplyDeleteအမဲလိုက်သူ နဲ့ သားကောင် သံသရာလည်ပတ်နေတဲ့ အစာကွင်းဆက်ကြီးဆိုတော့ အခက်အခဲကတော့ တစ်နေရာမဟုတ် တစ်နေရာတော့ ကြုံမှာပဲ။ ဘယ်ဘဝမှ မလွယ်နေပါဘူး။
ReplyDelete🐧🐧🐧
ReplyDeleteDone 🐧
ReplyDeletePenguin true story 🐧
ReplyDeleteDone
ReplyDeleteWheel.........dope.🏹🏹🏹
ReplyDelete어머나
ReplyDeleteDone 🌵😶
ReplyDeleteClicked🌸
ReplyDeleteITS SAD😞
ReplyDeleteDone
ReplyDelete