Lagaan Movie Review (Part 3)
ကန္တာရထဲက ရူးသွပ်မှုတစ်ခု (သို့မဟုတ်) Lagaan
=======================================
အပိုင်း (၃) (နောက်ဆုံးပိုင်း)
Lagaan ဟာ အကြောင်းအမျိုးမျိုးကြောင့် Production Schedule အချိန်ဇယားရဲ့ အနောက်ကို (၂)လ နောက်ကျနေခဲ့ပါပြီ။ ဒါပေမယ့် အမိရ်ကတော့ နောက်ပြန်ဆုတ်ဖို့ အစီအစဉ်မရှိတော့ပါဘူး။ ဒီအချိန်မှာ Lagaan အဖွဲ့သားတွေဟာ ရုပ်ရှင်တစ်ကားကို ရိုက်ကူးတယ်ဆိုတာထက်ပိုတဲ့ အတွေ့အကြုံတွေစိတ်ခံစားမှုတွေကို ရင်ဆိုင်နေကြရပါပြီ။ တစ်ရက်မှာ ရှူတင်အဖွဲ့သားတွေကို ဘာမှမပြောဘဲ ရိုက်ကွင်းပေါ်အရောက်မှာ အမိရ်က ကြိုတင်စီစဉ်ထားတဲ့ ရေပိုက်တွေ ရေပန်းတွေကိုဖွင့်ချလိုက်ပြီး လူတိုင်းကို ရေတွေနဲ့လိုက်ပက်ပါတော့တယ်။ အိန္ဒိယတွေရဲ့ Holy Festival ပါ။ အလုပ်ထဲနစ်မြုပ်နေတဲ့ သူ့အဖွဲ့သားတွေအတွက် အမိရ်က စိတ်ဓာတ်မြှင့်တင်ရေးလုပ်လိုက်ပါတယ်။ အင်အားမမျှတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရသလို ဖိအားတွေများနေကြတဲ့ အဖွဲ့သားတွေဟာ အံ့သြလွန်းမက အံ့သြပြီး Happy Holy လို့ အော်ပြီးရေလိုက်လောင်း အရောင်မှုန့်တွေဖြန်းနေတဲ့ အမိရ်ကြောင့် ချက်ချင်းကို ပွဲတော်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီး အမှတ်တရနေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။ တစ်နေကုန်ရှူတင်နားပြီး ရေကစားကြ ရွှံ့တွေလူးကြနဲ့ ညရောက်တဲ့အထိ Lagaanite မှာ အထူးညစာစားပွဲတွေကို အမိရ် စီစဉ်ခဲ့ပါတယ်။ ခေါင်းဆောင်ကောင်းရဲ့ စိတ်ဓာတ်ခွန်အားဟာ နောက်လိုက်နောက်ပါအဖွဲ့သားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အားဆေးပါပဲ။ နောက်ရက်တွေမှာ Lagaan အဖွဲ့သားတွေဟာ ကျန်ရှိနေသေးတဲ့ Production Schedule ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
ဗြိတိသျှသရုပ်ဆောင် ကောင်လေးတစ်ယောက်နဲ့ Production Team ထဲက ကောင်မလေးတစ်ယောက် ဖူးစာဆုံပြီး ဆက်တင်အဖြစ်တည်ဆောက်ထားတဲ့ ချန်ပါနေးရွာက ဘုရားကျောင်းလေးမှာပဲ ဒေသရိုးရာအတိုင်း မင်္ဂလာဆောင်ခဲ့ကြပါတယ်။ အမိရ် နဲ့ သူ့ဇနီးတို့က ဗြိတိန်ကောင်လေးရဲ့ လူကြီးမိဘနေရာကနေ စီစဉ်ပေးခဲ့ကြပါတယ်။ တချို့ ရိုက်ကူးရေးအဖွဲ့သားတွေ အိမ်ကထွက်လာချိန်မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့တဲ့ အမျိုးသမီးတွေဟာ Lagaan ရိုက်ကူးနေချိန်မှာပဲ မီးဖွားခဲ့ကြတာတွေရှိပါတယ်။ ဒါပေမယ့် သူတို့မပြန်ခဲ့ကြဘဲ တိုက်ပွဲဝင်နေတဲ့စစ်သည်တော်တွေရဲ့ စိတ်ဓါတ်မျိုးနဲ့ ရိုက်ကွင်းမှာပဲ ဆက်ရှိခဲ့ကြပါတယ်။ အစရှိသဖြင့် ဒီခြောက်လတာဟာ အမှတ်တရတွေအပြည့်နဲ့မို့ ရိုက်ကူးရေးပြီးလို့ အသီးသီး အိမ်ပြန်ရချိန်မှာ ဝမ်းသာစိတ်ရော ဝမ်းနည်းစိတ်တွေပါ ပြည့်နှက်နေခဲ့ကြပါတယ်။
ဗဟုဂ်ျဟာ မြို့အသေးလေးဖြစ်တဲ့အတွက် Lagaan နဲ့ ကင်းတဲ့သူ မရှိသလောက်ရှားပါတယ်။ တနည်းတဖုံတော့ ဒီရိုက်ကူးရေးနဲ့ ပတ်သတ်ခဲ့ကြတဲ့သူတွေချည်းပါပဲ။ ဒီသတင်းကိုကြားတဲ့ အမိရ်တို့အဖွဲ့တွေဟာ Post Production ကို လုံးဝရပ်နားလိုက်ပြီး Lagaan အဖွဲ့သားမှန်သမျှ စုနိုင်သမျှ လူပြန်စုပြီး သွားရောက်ကူညီတာတွေ လှူဒါန်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ Lagaan အဖွဲ့သားတွေ နေထိုင်ခဲ့တဲ့ Lagaanite အဆောက်အဦးဟာလည်း အလုံးစုံပျက်စီးသွားခဲ့ပြီးနောက် ဖြိုချဖျက်ဆီးပစ်လိုက်ရပါတယ်။

အမိရ်ဟာ ကတိတစ်ခုကိုပေးခဲ့ပါတယ်။ Lagaan ရုပ်ရှင်ကို တစ်ကမ္ဘာလုံးထက်စောပြီး ဗဟုဂ်ျမှာ Special Screening အရင်ဆုံးပြသဖို့ အဖွဲ့သားတွေနဲ့ မြို့ခံတွေ အားလုံးအတူတူကြည့်ကြဖို့ပါပဲ။ ဒီလိုနဲ့ နောက်ထပ် (၆)လအကြာ ၂၀၀၁ ခုနစ် ဂျူလိုင်လထဲမှာ Lagaan ကို တစ်ကမ္ဘာလုံး Release မလုပ်ခင် Lagaanist တွေအားလုံး ဗဟုဂ်ျကို သွားခဲ့ကြပါတယ်။ Special Screening အထူးပြသပွဲ အနေနဲ့ပါ။ ဒေသခံတွေအားလုံးက ပျော်ရွှင်စွာနဲ့ကြိုဆိုခဲ့ကြပေမယ့် ပိတ်ကားပေါ်မှာပေါ်နေတဲ့ တချို့သော ဒေသခံတွေကတော့ ငလျင်ကြောင့် ဆုံးပါးခဲ့ပြီဆိုတာကို ဝမ်းနည်းစွာနဲ့ပဲ သိခဲ့ရပါတယ်။
ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ အလှည့်အပြောင်းဖြစ်လာမယ့် Lagaan ကို အားလုံးက တစိုက်မတ်မတ်နဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။ ပထမဆုံးနေ့ ပထမဆုံးပွဲမှာပဲ ဗြိတိသျှကိုအနိုင်ရသွားတဲ့အခန်းပြအပြီးမှာ ပရိသတ်တွေဟာ အိန္ဒိယနိုင်ငံရဲ့ ခရစ်ကတ်အသင်း ရုပ်ရှင်ထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာ အနိုင်ရသလို မြို့ကိုပတ်ပြီး အောင်ပွဲခံခဲ့ကြတာကြောင့် Lagaan ဟာ တစ်လစာလောက် ရုံအားလုံးအတွက် ကြိုတင်လက်မှတ်တွေ ကုန်သွားခဲ့ပါတယ်။
ရင်းနှီးငွေ အိန္ဒိယရူပီး သန်း ၂၅၀ (အမေရိကန်ဒေါ်လာ ၅ သန်းကျော်) ရှိခဲ့တဲ့ Lagaan ဟာ ဝင်ငွေ အိန္ဒိယရူပီး သန်း ၇၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၁၅ သန်း နီးပါး) ပြန်လည်ရရှိခဲ့ပါတယ်။ အိန္ဒိယအပြင် နိုင်ငံတကာမှာပါ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ မော်ရိုကို၊ ဆွစ်ဇာလန် စတဲ့ နိုင်ငံတွေမှာလည်း ဝင်ငွေကောင်းခဲ့ပါတယ်။
Lagaan ရဲ့ နောက်ခံတေးဂီတတွေ နဲ့ သီချင်းတွေကို အော်စကာဆုရှင် A.R. Rhaman က Music Director အဖြစ် တာဝန်ယူခဲ့ပါတယ်။ (၃) နာရီ မိနစ် (၄၀) ရှည်ကြာတဲ့ Lagaan ရုပ်ရှင်အပြင်
Lagaan ရဲ့ ဖြစ်ပေါ်လာပုံ နဲ့ ရိုက်ကွင်းအမှတ်တရတွေကို စုစည်းပြီး Madness in the Desert ဆိုတဲ့ နာမည်နဲ့ (၂) နာရီခွဲစာကြာတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားကိုပါ ၂၀၀၄ ခုနစ်မှာ Aamir Khan Productions ကနေ ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။
အနုပညာအနေနဲ့လည်း Lagaan ဟာ ရုပ်ရှင်ဆုပေါင်း (၅၀) နီးပါးရရှိခဲ့ပြီး (၇၀) နီးပါး ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ အမိရ်ခန်းဟာလည်း အိန္ဒိယ ရဲ့ ထိပ်တန်းမင်းသားစာရင်းမှာရှိနေတဲ့ ရှရွတ်ခန်း၊ ဆယ်လမန်ခန်း၊ အာမိရ်ခန်းဆိုတဲ့ ခန်း (၃) ခန်းမှာ နံပါတ် (၁) စောင့်ကြည့်ရမယ့် ခန်း (၁) ခန်း ဖြစ်လာခဲ့တာ ယနေ့အထိပါပဲ။ အရွှတ်တို့ရှ် ဟာလည်း ဘောလိဝုဒ် ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပြီး ဒါရိုက်တာအဖြစ်ရော ပရိုဂျူဆာအဖြစ်ပါ ရုပ်ရှင်ကားကောင်းတွေအများကြီး ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဒါတွေအားလုံးဟာ စိတ်အားထက်သန်မှု နဲ့ ယုံကြည်မှုတွေအပေါ်မှာ ကြိုးစားအားထုတ်မှုကို စိုက်ထုတ်ရင်းနှီးခဲ့တဲ့ ရလဒ်တွေပါပဲ။ ရုပ်ရှင်ဟာ ငွေအရင်းအနှီး တစ်ခုတည်း ရင်းပြီး ငွေအမြတ်တစ်ခုတည်း ပြန်ရတဲ့ စီးပွားရေးသက်သက် လုပ်ငန်းတစ်ခုမဟုတ်ပါဘူး။ ရုပ်ရှင်ဟာ အရှေ့မှာ ပေါ်ထွန်းခဲ့သမျှ အနုပညာအားလုံးကို ပေါင်းစည်း စုစည်းထားတဲ့ နောက်ဆုံးအနုပညာဖြစ်တယ်လို့ တင်စားကြပါတယ်။ အနုပညာထဲမှာမှ စားသုံးသူပမာဏများပြားတဲ့ အနုပညာအမျိုးအစားဖြစ်တဲ့အတွက် စီးပွားရေးအမြင်ဆိုတာပါ အနောက်က ကပ်ပါလာခဲ့တာဖြစ်ပါတယ်။
အနုပညာဆိုတာ တကယ်တော့ အနုစိတ်တဲ့ပညာပါ။ ဘယ်အနုပညာမဆို အနုစိတ်နိုင်သမျှ
စိတ်လေလေ အသေးစိတ်ခြယ်မှုန်းလေလေ ပိုပြီးအရသာရှိလေလေပါပဲ။ Lagaan ဟာ ဒါတွေအားလုံးကို သက်သေပြနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားအဖြစ် ကြိုက်နှစ်သက်လွန်းတဲ့အပြင် ပိတ်ကားနောက်ကွယ်က အကြောင်းအရာတွေ၊ ဖြတ်သန်းခဲ့ရတဲ့ခရီးကြမ်းတွေ အတွေ့အကြုံတွေကပါ စိတ်ဝင်စားစရာ၊ အားကျအတုယူစရာ ဖြစ်တဲ့အတွက် ဒီစာကိုရေးဖြစ်ခဲ့ပါတယ်။
မြန်မာ့နွေဦးသူရဲကောင်း အနုပညာရှင်များ အားလုံးလည်း ဘေးရန်ကင်းကွာပြီး အမြန်ဆုံးအေးချမ်းစွာနဲ့ ချစ်သောအနုပညာများကို ပြန်လည်ခံစားဖန်တီး နိုင်ကြပါစေ။
Photo Credit: Aamir Khan Productions














ခုလိုဗဟုသုတရစရာတွေကို မျှဝေပေးလို့ကျေးဇူးပါဗျ 💪
ReplyDeleteGood movie
DeleteDone 💪
ကျေးဇူးပါဗျ
ReplyDelete❤️
ReplyDeletevery motivated.
ReplyDeleteVerry nice
Deleteအရမ်းကောင်းတဲ့စာ
ReplyDeleteစိတ်ခွန်အားလည်း ဖြစ်စေပါတယ်။
ReplyDeleteဘေးမှာထိုင်ပြီး စကားလာပြောနေသလိုပဲ ဘာသာပြန်ကလည်း
ချောမွေ့ သွက်လက်လှပါတယ်။
အရေးတော်ပုံ အောင်ရမည်။
Thankyou!
ReplyDeleteမိုက်နေရောပဲ
ReplyDeleteဖတ်ရတာ အရသာရှိလိုက်တာ ကျေးဇူးတင်ပါတယ် နောက်လည်း ဒါမျိုးလေးတွေ အဆင်ပြေရင်တင်ပေးပါဦး 😍
ReplyDeleteဖတ်လို့ကောင်း ဗဟုသုတလဲရ အတုယူစရာ လေးတွေလဲပါ
ReplyDeleteဆောင်းပါးကောင်းလေးတွေ ရွေးတတ်တာကိုလဲ ကျေးဇူးတင်ပါတယ်
Good 3
ReplyDeleteWow... Bravo 👏
ReplyDeleteThanks for sharing👍❤ I really like him & his character👍👍
ReplyDeleteလေးစားပါတယ် အိုက်ဒေါကြီး အမိရ် သူကားတွေအားလုံးကြည့်ဖူးတယ်။
ReplyDeletemovieရဲ့နောက်ကွယ်က အကြောင်းလေးတွေသိရလို့ကျေးဇူးပါ
💌💌💌
ReplyDeleteDone 🤍
ReplyDeleteဖတ်လို့ကောင်းလိုက်တာ🥺🐬
ReplyDeleteDone
ReplyDeleteဖတ်ရင်းနဲ့ခေါင်းကြီးတောင်ကြီးလာတယ်
ReplyDeleteGreat😁
good
ReplyDelete