Lagaan Movie Review ( Part 1)
ကန္တာရထဲက ရူးသွပ်မှုတစ်ခု (သို့မဟုတ်) Lagaan
=======================================
အပိုင်း (၁)
၂၀၀၀ ခုနစ် ဝန်းကျင်လောက်တုန်းက အိန္ဒိယရဲ့ ဟင်ဒီရုပ်ရှင်လောက (ဘောလိဝုဒ်) မှာ ထုတ်လုပ်သူတွေ၊ ထုတ်လုပ်ရေးတွေကြားမှာ အချင်းချင်းလက်တို့ပြီး သတိပေးလေ့ရှိတဲ့ သတိထားစရာအချက်တွေ ရှိခဲ့ပါတယ်။ ခွက်ခွက်လန်အောင် ရှုံးတတ်လို့ပါ။
၂။ ရာဇဝင်တွေ ခေတ်တွေကို အခြေခံတဲ့ Period Film တွေ မရိုက်ပါနဲ့။
၃။ ပရိသတ်အားပေးမှုရပြီးသား မင်းသားတစ်ယောက်ကို သူ့ပရိသတ်ကြိုက်တဲ့ပုံစံကနေ မသွေဖီ ခိုင်းပါနဲ့။ ဥပမာ ဆံပင်ပုံစံပြောင်းတာ၊ အဝတ်အစားပုံစံပြောင်းတာ စသဖြင့်။ (အထူးသဖြင့်တော့ ရိုးရာဝတ်စုံဝတ်ပြီး ဆင်းရဲသားပုံစံ စုတ်စုတ်ပြတ်ပြတ် လုပ်ခိုင်းတာမျိုး...)
၄။ ဒေသဆိုင်ရာ ရိုးရာဘာသာစကားတွေကို ရုပ်ရှင်ရဲ့ အဓိကဘာသာစကားအဖြစ် မသုံးပါနဲ့။
(ဟင်ဒီ မဟုတ်တဲ့ အခြားဘာသာစကားကိုသုံးရင် အရှုံးပေါ်လေ့ရှိတာ...)
၅။ အားကစားကို အခြေခံတဲ့ Sports Film မရိုက်ပါနဲ့။ အထူးသဖြင့် အိန္ဒိယတွေရဲ့ အသည်းစွဲ ခရစ်ကတ်အကြောင်းကို သွားမထိပါနဲ့။
အဲဒီလိုအချိန်ကာလအတွင်းမှာပဲ အထက်ပါအချက် (၅) ချက် မှာ (၄) ချက်နဲ့ ငြိစွန်းနေတဲ့ ရုပ်ရှင်တစ်ကားပေါ်ထွက်ခဲ့ပြီး အနုပညာအရရော ဝင်ငွေအရပါ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ အော်စကာ ဆန်ခါတင်ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ ၄င်း ရုပ်ရှင် ရဲ့အမည်ကတော့ Lagaan ဖြစ်ပါတယ်။

Writer / Director တစ်ယောက်ဖြစ်တဲ့ Ashutosh Gowariker ဟာ သူ့ရဲ့ တတိယရုပ်ရှင်ဇာတ်ကားဖြစ်လာမယ့် Lagaan ကို စတင်ရေးသားချိန်မှာ မထင်မှတ်ဘဲ ထုတ်လုပ်သူတွေ သဘောမကျတဲ့ပုံစံ ရုပ်ရှင်တစ်ကားကို စိတ်ကူးမိလျက်သား ဖြစ်နေခဲ့ပါတယ်။
၁၈၉၀ ခုနစ် ဝန်းကျင်ကို အခြေခံထားတဲ့ဇာတ်မှာ ဒေသခံ ဆင်းရဲသား လယ်သမား တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အဓိကဇာတ်ကောင်ဟာ ရိုးရာဘာသာစကားကိုပြောပြီး ဇာတ်ရဲ့ အထွဋ်အထိပ်မှာ ခရစ်ကတ်ကစားပွဲတစ်ခုကို ကစားကြရတဲ့ဇာတ်ကားပါ။
ဒါရိုက်တာရဲ့ စိတ်ကူးကို ထုတ်လုပ်ရေးတော်တော်များများက ငြင်းပယ်ပြီးတဲ့အခါ သူနဲ့ခင်မင်ရင်းစွဲရှိတဲ့မင်းသား Aamir Khan ကို ဇာတ်လမ်းအကျဉ်းလေး ပြကြည့်ခဲ့ပါတယ်။ Aamir ဟာ ဒီဇာတ်လမ်းကို ပထမဆုံးအကြိမ်ဖတ်အပြီး အားနာနာနဲ့ပဲ ငြင်းပယ်ခဲ့ပါတယ်။ သူရဲ့မှတ်ချက်က ရိုးရှင်းပါတယ်။ လွန်တစ်ခဲ့ နှစ် ၁၀၀ ကျော်မှာ ဒေသခံတွေနဲ့ ဗြိတိသျှတွေ ခရစ်ကတ်ကစားတယ်။ အခွန်ကိစ္စတွေလည်းပါတယ်။ အရာရာဟာ ဖန်တီးဖို့ သိပ်ခက်ခဲလွန်းနေတယ်။ ရှုပ်ထွေးတယ်။ မလုပ်ပါနဲ့တော့။ ဘယ်သူ့ကိုမှလည်း မပြပါနဲ့။ တခြား ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးလေးတစ်ခုပဲ လုပ်စမ်းပါတဲ့။
![]() |
| Aamir Khan |
Aamir ရဲ့ No ဆိုတဲ့ စကားကို ကြားအပြီးမှာ ဒါရိုက်တာဟာ ဒီဇာတ်လမ်းအကျဉ်းကို ဇာတ်ညွှန်းအပြည့်အစုံဖြစ်တဲ့အထိ ရေးပါတော့တယ်။ နောက်ထပ်လေးလအကြာမှာ ဇာတ်ညွှန်းရဲ့ ပထမဆုံး Version ကို ဖတ်ပြဖို့ Aamir ကို ဒါရိုက်တာဖြစ်သူ Ashutosh က ထပ်မံချိန်းဆိုပါတယ်။ Aamir က အရင်တစ်ခါပြောတဲ့ ဗြိတိသျှတွေ၊ ခရစ်ကတ်တွေကားဆိုရင်တော့ မပြောပါနဲ့လို့ တစ်ခါတည်းအကြောင်းပြန်ပါတယ်။ Ashutosh က Aamir ဆီက အချိန် ၄ နာရီ တောင်းပါတယ်။ မင်းဒီတစ်ခါ No ဆိုရင် ငါနောက်ထပ်ဘယ်တော့မှ မပြောတော့ဘူးတဲ့။
ဒီလိုနဲ့ ဇာတ်ညွှန်းအပြည့်အစုံ တစ်ခုလုံးကို နားထောင်အပြီးမှာတော့ အမိရ်တစ်ယောက် ဒီကားကို မင်းသားအနေနဲ့ရိုက်ဖို့အတွက် ထာဝရ Yes လို့ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ပြဿနာက ဒီကားကို ငွေအရင်းအနှီးထုတ်ရိုက်မယ့်သူ မရှိတာပါပဲ။ အမိရ်ဟာ တစ်ချိန်လုံး ဒီဇာတ်အကြောင်းကို တွေးနေမိခဲ့ပါတယ်။ မလွယ်မှန်းသိတယ်။ ပုံမှန်ဘောလိဝုဒ်ရုပ်ရှင်တစ်ကား မဟုတ်တာလည်းသိတယ်။အကုန်အကျအရမ်းများမယ်ဆိုတာလည်းသိပ်ကို သေချာလွန်းလှပါတယ်။
| ဒါရိုက်တာ အရွှတ်တို့ရှ် နဲ့ အမိရ်ခန်း |
ဒီလိုနဲ့ အမိရ်ဟာ ဒါရိုက်တာ အရွှတ်တို့ရှ် ကို ဒီဇာတ်ညွှန်းဖတ်ပြပေးဖို့ နောက်တစ်ကြိမ်ထပ်မံ ချိန်းဆိုခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ သူ့အပြင် သူ့ဇနီး၊ သူ့သူငယ်ချင်းအချို့ နဲ့ သူ့မိဘတွေကိုပါ အတူတူနားထောင်ဖို့ အမိရ် စီစဉ်ခဲ့ပါတယ်။ ဇာတ်ညွှန်းဖတ်အပြီးမှာ အားလုံးရဲ့အဖြေက အမိရ် မင်းလုပ်ကိုလုပ်သင့်တဲ့ ရုပ်ရှင်ပါတဲ့။ အမိရ်ခန်းလည်း သူ့သူငယ်ချင်း အာရွှတ်ကို ငါမင်းကို Yes လို့ ပြောခဲ့တယ်နော်။ ဒီတစ်ခါလည်း Yes ပါပဲတဲ့။ ဒါပေမယ့် မင်းသား Aamir Khan အနေနဲ့တင်မကဘဲ ထုတ်လုပ်သူအဖြစ်ပါ Aamir Khan Productions အနေနဲ့ ပထမဆုံး ငွေအရင်းအနှီး ထုတ်ရိုက်ဖို့ Yes လို့ပြောတာပါတဲ့။
ဒီဇာတ်ကို နည်းနည်းလေးမှ မချုံ့ပါနဲ့။ မင်းစိတ်ထဲကအတိုင်း ပိတ်ကားပေါ်ကို ရောက်လာဖို့သာ ဖန်တီးပါလို့ ကတိပေးခဲ့ပါတယ်။ အမိရ်ခန်းဟာ Lagaan ကို ကိုယ်တိုင်ထုတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ Location ရှာ၊ ဇာတ်ညွှန်း Develop ၊ Setting and Props နဲ့ သရုပ်ဆောင်ပိုင်း စတဲ့ကြိုတင်ပြင်မှုတွေအတွက် Preproduction ကာလအဖြစ် အချိန်တစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။
Lagaan ဇာတ်ကားရဲ့ အဓိက Location ဖြစ်တဲ့ ချန်ပါနေး ဆိုတဲ့ ရွာကလေးကို ဂူဂျာရတ်ပြည်နယ်မှာရှိတဲ့ ဗဟုဂ်ျ ဆိုတဲ့ ကန္တာရသဖွယ် ပူပြင်းခြောက်သွေ့တဲ့မြို့လေး အနီးက ကွင်းပြင်ခေါင်ခေါင်ထဲမှာ ၁၈၉၀ ရိုးရာပုံစံ ရိုးရာနည်းပညာတွေအတိုင်း ကောက်ရိုး၊ ရွှံနဲ့ နောက်ချေးတို့ကို အသုံးပြုပြီး တစ်ရွာလုံး တည်ဆောက်ခဲ့ပါတယ်။
![]() |
| ချန်ပါနေးရွာတည်ဆောက်ရေး |
![]() |
| Lagaanite |
စီစဉ်ပေးထားတဲ့ ဘက်စ်ကားတွေနဲ့ နေ့စဉ်အကြိုအပို့ လုပ်ပေးပြီး ထုတ်ပြန်ထားတဲ့ Call Sheet တွေ Schedule တွေ အတိုင်းကို အမိရ်အပါအဝင် အဖွဲ့သားအားလုံး လိုက်နာရပါတယ်။ တစ်ရက်မှာ အမိရ် အိပ်ရာထနောက်ကျမိလို့ ကားထွက်ချိန် အနည်းငယ်နောက်ကျတဲ့အတွက် အဖွဲ့သားအားလုံးကို တောင်းပန်ခဲ့ပါတယ်။ Lagaan ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက အမိရ်ခန်းကလွဲလို့ ခေါင်းဆောင်မင်းသမီးနှစ်ယောက် နဲ့ အဓိကဗွီလိမ်သရုပ်ဆောင်အပါအဝင် သရုပ်ဆောင်အားလုံးဟာ ဇာတ်ကောင်ကိုမူတည်ပြီး ရွေးချယ်ခဲ့တဲ့ မျက်နှာသစ် သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ Lagaan ကို ၂၀၀၀ ခုနစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရုပ်ရှင်ရိုက်ကူးရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ သာမာန်အခက်အခဲတွေအပြင် ကြီးမားလှတဲ့ Project ဖြစ်တဲ့အတွက် မထင်မှတ်တဲ့ အခက်အခဲတွေလည်း အများကြီး ကြုံတွေ့ခဲ့ရပါတယ်။'
Part 2 ဖတ်ရန်_ https://bit.ly/3CT3Ana




Interesting.
ReplyDeleteစိတ်ဝင်စားဖို့ ကောင်းပါတယ်
ReplyDeleteဆောင်းပါးကောင်းလေးတွေ တင်ပေးတဲ့အတွက် ကျေးဇူးပါ
💌💌💌
ReplyDeleteDone 🍀
ReplyDeleteGood movie
ReplyDeleteDone💪
ကြည့်ပြီးပါပြီ
ReplyDeleteMyanmar Movie လောကကိုလည်း Bollywood Movie Industry လို ကြိုးစားစေချင်တယ် အောင်မြင်စေချင်တယ်
အရမ်းများစိတ်ကူးယဉ်မိသွားလား... :3
Done 🤍
ReplyDeleteမိုက်တယ်ဟ🐬🐬
ReplyDelete🌻
ReplyDelete