Lagan Movie Review (Part-2)
ကန္တာရထဲက ရူးသွပ်မှုတစ်ခု (သို့မဟုတ်) Lagaan
=======================================
အပိုင်း (၂)
ဒီလိုနဲ့ Lagaan ကို ၂၀၀၀ ခုနစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရုပ်ရှင်ရိုက်ကူးရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ သာမာန်အခက်အခဲတွေအပြင် ကြီးမားလှတဲ့ Project ဖြစ်တဲ့အတွက် မထင်မှတ်တဲ့ အခက်အခဲတွေလည်း အများကြီး ကြုံတွေ့ခဲ့ရပါတယ်။
ဇာတ်ကားမရိုက်ကူးခင် (၂)လအလိုမှာတော့ ကိုယ့်ကိုကိုယ် Producer ဆိုတာကို အမိရ်မေ့ထားခဲ့ပြီး ဇာတ်ကောင်စရိုက်အတွက် စတင်ပြင်ဆင်ပါတယ်။ အမိရ်ရဲ့ ဇနီးကပဲ Producer တာဝန်တွေကို တွဲဖက်လုပ်ဆောင်ပေးခဲ့ပါတယ်။ ဗြိတိသျှသရုပ်ဆောင်တွေကလွဲလို့ ကျန်တဲ့ အဓိကသရုပ်ဆောင်တွေ အားလုံးနဲ့အတူ ကြိုတင်ပြင်ဆင်မှုပေါင်းများစွာ လုပ်ခဲ့ပါတယ်။ ဇာတ်ကောင်ပေါ်မူတည်ပြီး မြေအိုးလုပ်တဲ့သူက ၁၈၉၀ မြေအိုးလုပ်နည်းကို လက်တွေ့လေ့လာတာ၊ ရိုးရာဗုံတီးတဲ့သူက ဗုံတီးလေ့ကျင့်တာ စတာတွေကို အတူတကွပြင်ဆင်ကြပါတယ်။
အဲဒီအချိန် တစ်ပြိုင်တည်းမှာပဲ ဗြိတိန်မှာ ရှိနေတဲ့ ရွေးချယ်ပြီးသား သရုပ်ဆောင်တွေကိုလည်း British Team ရဲ့ Casting Director က လေ့ကျင့်မှုတွေလုပ်ပေးနေခဲ့ပါတယ်။ ဟင်ဒီဘာသာနဲ့ ပြောရမယ့် Dialogue တွေ အတွက် ပါကစ္စတန်မိန်းကလေးတစ်ဦးကို ငှါးရမ်းပြီး ဟင်ဒီဘာသာစကား Dialogue တွေကို သင်ယူစေခဲ့ပါတယ်။
ရိုက်ကူးရေးမစခင် တစ်ပတ်အလိုမှာ အမိရ်အပါအဝင် ရွာသားအဖြစ်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေအားလုံးဟာ ဆက်တင်အဖြစ်တည်ဆောက်ထားတဲ့ ချန်ပါနေးရွာလေးမှာ သွားရောက်နေထိုင်ခဲ့ကြပါတယ်။ ကိုယ့်ဇာတ်ကောင်အလိုက် နေထိုင်ရမယ့် အိမ်လေးတွေ၊ ကိုင်ရမယ့် အသုံးအဆောင်တွေ၊ အသက်မွေးဝမ်းကြောင်းအလုပ်တွေ၊ လယ်သမားဇာတ်ကောင်ဆို သူ့အိမ်ကနွားတွေနဲ့ ရင်းနှီးနေအောင်ကအစ အသေးစိတ်ပြင်ဆင်ကြပါတယ်။
၂၀၀၀ ခုနစ် ဇန်နဝါရီမှာ Lagaan ကို စတင်ရိုက်ကူးပါတယ်။ ပထမဆုံး Cut ကို ရိုက်အပြီးမှာပဲ အဖွဲ့သားအားလုံးဟာ ဝမ်းမြောက်ဝမ်းသာနဲ့ ဒါရိုက်တာ အရွှတ်တို့ရှ် ကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။ စိတ်ကူးအားလုံး စတင်အသက်သွင်းနိုင်တဲ့ နေ့မို့ပါ။ အရှေ့မှာ ရုပ်ရှင်နှစ်ကားသာ ရိုက်ကူးထားပြီး ပထမတန်းစားဒါရိုက်တာ မဟုတ်သေးတဲ့ အရွှတ် အတွက်လည်း နှစ်နဲ့ချီ ပြင်ဆင်ထားတဲ့ Lagaan ဟာ ဘဝတစ်ခုလုံးစာအရေးကြီးလှပါတယ်။ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ သမိုင်းတစ်ခုဖြစ်လာမယ့် Lagaan ရဲ့ စိန်ခေါ်မှုကို ဦးဆောင်ထမ်းပိုးထားရတဲ့ ထုတ်လုပ်သူ မင်းသား နဲ့ ဒါရိုက်တာတို့ရဲ့ စိတ်ဖိစီးမှုကို တွေးကြည့်လို့ ရပါတယ်။
အဲဒီအချိန်မှာ ဘောလိဝုဒ်ရုပ်ရှပ်လောကတစ်ခုလုံးက အမိရ်ခန်းလည်း ရူးနေပြီ။ အရွှတ်တို့ရှ်လည်း ဒါပြီးရင်တော့လစ်ပြီလို့ကို ဝိုင်းပြီးဝေဖန်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းလာရင်း ဇာတ်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ ဗြိတိသျှတွေ နဲ့ ရွာသားတွေ ခရစ်ကတ်ကစားရတဲ့အခန်းကို ရိုက်ကူးချိန် ရောက်လာပါတယ်။
ဇာတ်ကောင်စရိုက်အရ ခရစ်ကတ်မကစားတတ်တဲ့ ရွာသားတွေဖြစ်တဲ့အတွက် ရိုက်ကူးတဲ့အချိန်မှာလည်း ဘောလုံး တစ်လုံးကို ထိအောင်ရိုက်တဲ့ တစ်ကဒ် ရနိုင်ဖို့အရေး တစ်နေကုန်ခဲ့ရတဲ့ နေ့တွေရှိခဲ့ပါတယ်။ ရုပ်ရှင်သဘောတရားအရ ကဒ်ခွဲပြီးရိုက်လိုက်ရင် လွယ်ကူမြန်ဆန်ပေမယ့် လောဘကြီးတဲ့ အရွှတ် ကတော့ ကဒ်မခွဲဘဲပြချင်တဲ့ကဒ်တွေကို အမှန်အကန်ရအောင်သာ အချိန်ပေးရိုက်ကူးခဲ့ပါတယ်။ Frame ထဲကို ဝင်လာတဲ့ ဘောလုံးကို ကစားသမားတစ်ယောက်က Frame ရဲ့ အခြားတစ်ဖက်ကနေ လေပေါ်မှာ ကန်လန့်ဖြတ်ဝင်လာပြီး မိအောင်ဖမ်းတယ်ဆိုတဲ့ တစ်ကဒ်ကိုရဖို့ အကြိမ် (၆၀) ကျော် ရိုက်ကူးခဲ့ပါတယ်။
အရွှတ်ရဲ့ ဩချရမယ့် နောက်ထပ်လောဘတစ်ခုရှိပါသေးတယ်။ ဇာတ်လမ်းအရ ဗြိတိသျှတွေကို နိုင်အောင်ကစားနိုင်ရင် တစ်နယ်လုံးသုံးနှစ်အခွန်ကင်းလွတ်မှာဖြစ်ပြီး ရှုံးခဲ့ရင် အခွန်သုံးဆ ပေးရမှာမို့ တစ်နယ်လုံးက ဒီပွဲကို လာကြည့်ကြပါတယ်။ အဲဒီအခန်း ရဲ့ Establish Shot တွေအတွက် နောက်ခံတောင်တန်း နဲ့ ကွင်းပြင်အပြည့်ဖြည့်ဖို့ အရွှတ်ဟာ ဖြတ်လျှောက်ရွာသားပေါင်း တစ်သောင်း ထည့်ရိုက်ချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယမှာ Vfx နည်းပညာ ကွန်ပြူတာ အထူးပြုလုပ်ချက်တွေ သိပ်တွင်တွင်ကျယ်ကျယ် မသုံးသေးပါဘူး။ ဒါကြောင့် အမှန်တကယ်မရရအောင် စီစဉ်ခဲ့ကြပြီး တစ်ကယ်ကိုပဲ လူတစ်သောင်းကို ရုပ်ရှင်ထဲပါအောင် ထည့်ရိုက်ခဲ့ကြပါတယ်။ အဝတ်အစားစီစဉ်ရတဲ့ Costume Department ကလည်း လူငါးထောင်စာ ရိုးရာဝတ်စုံတွေစီစဉ်ခဲ့ပြီး ကင်မရာမြင်ကွင်းကို မူတည်လို့ နေရာချပေးခဲ့ကြပါတယ်။
လူတစ်သောင်းနဲ့ ရိုက်ရမယ့် တစ်နေ့စာအတွက် ဒါရိုက်တာ၊ သရုပ်ဆောင်များ၊ လက်ထောက်ဒါရိုက်တာ လေးယောက်၊ ကင်မရာရှစ်လုံး နဲ့ အရံကင်မရာများ၊ အဝတ်အစားဌာန၊ အစားအသောက်ကျွေးမွေးရေးဌာန စသဖြင့် တစ်ဖွဲ့သားလုံးဟာ ထမင်းထုတ်ဝေမယ့် အစီအစဉ်က အစ အသေးစိတ်ကြိုတင်ပြင်ဆင်ကြပြီး တစ်ပတ်အချိန်ယူ ရီဟာဇယ်လုပ်ခဲ့ပါတယ်။
တစ်ကယ်ရိုက်တဲ့နေ့မှာ မနက် (၂)နာရီ ကတည်းက ပြင်ဆင်ထားကြပြီး ကြိုပို့လော်ရီကားတွေနဲ့ တဖွဲဖွဲရောက်လာလိုက်ကြတာ စီစဉ်ရင်း စီစဉ်ရင်း နေ့လည် (၁၁)နာရီမှသာ စတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးဆိုတာကိုဘာမှမသိတဲ့ သာမာန်ရွာသူရွာသားတွေဖြစ်တဲ့အတွက် အဖွဲ့သားတွေဟာ စီစဉ်ထားတဲ့အတိုင်း အမိရ်ကို သီချင်းဆိုပြခိုင်းထားပြီး ပရိသတ်အားပေးနေပုံတွေကို အရင်ဆုံးရအောင် ရိုက်ကူးခဲ့ပါတယ်။ တဖြေးဖြေးနေသားကျလာမှ ခရစ်ကတ်ပွဲနဲ့တွဲတဲ့ ကဒ်တွေကို ရိုက်ကူးခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ဖွဲ့သားလုံး စိတ်ရှည်လက်ရှည်ကြိုးစားလိုက်တာ ဖြတ်လျှောက် လူတစ်သောင်းပါဝင်တဲ့ ဇာတ်ဝင်ခန်းကို ရုပ်ရှင်သမိုင်းတစ်ကွေ့အတွက် ရိုက်ကူးဖန်တီးနိုင်ခဲ့ကြပါတယ်။
ဒါရိုက်တာ အရွှတ်တို့ရှ်ဟာ လောဘကြီးတာအပြင်ကို ရူးရူးသွပ်သွပ် ခေါင်းမာသူဖြစ်ကြောင်းလည်း ခဲ့ပါတယ်။ ရိုက်ကူးကာလ (၃) လ ဝန်းကျင်အရောက်မှာ အရွှတ်တို့ရှ် ခါးဆစ်ရိုးလည်သွားခဲ့ပြီး အိပ်ရာပေါ်မှာ တစ်လလောက် နားရမယ့်အဖြစ်နဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ဒီလောက်ကြီးတဲ့ Production ကြီးကို တစ်လသာ နားလိုက်ရမယ်ဆိုရင် အခုအချိန်မှာ Lagaan ဆိုတဲ့ ရုပ်ရှင်ကိုကြည့်ရဖို့ မသေချာတော့ပါဘူး။ ဒါပေမယ့် သူလုံးဝနောက်မဆုတ်ခဲ့ပါဘူး။ သူရေးထားတဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်လိုပဲ အရွှတ်ဟာလည်း ဇွဲကောင်း ခေါင်းမာခဲ့ပါတယ်။ အရွှတ်တို့ရှ်ဟာ မော်နီတာရှေ့မှာ ကုတင်တစ်လုံးကိုစီစဉ်ခိုင်းခဲ့ပြီး စကားပြောစက်တစ်လုံးကို ကိုင်ကာ အိပ်ရာပေါ်ပက်လက်အနေအထားနဲ့ပဲ မော်နီတာကြည့်ပြီး ဆက်လက်ရိုက်ကူးခဲ့ပါတယ်။
Lagaan ဟာ အကြောင်းအမျိုးမျိုးကြောင့် Production Schedule အချိန်ဇယားရဲ့ အနောက်ကို (၂)လ နောက်ကျနေခဲ့ပါပြီ။ ဒါပေမယ့် အမိရ်ကတော့ နောက်ပြန်ဆုတ်ဖို့ အစီအစဉ်မရှိတော့ပါဘူး။ ဒီအချိန်မှာ Lagaan အဖွဲ့သားတွေဟာ ရုပ်ရှင်တစ်ကားကို ရိုက်ကူးတယ်ဆိုတာထက်ပိုတဲ့ အတွေ့အကြုံတွေစိတ်ခံစားမှုတွေကို ရင်ဆိုင်နေကြရပါပြီ။ တစ်ရက်မှာ ရှူတင်အဖွဲ့သားတွေကို ဘာမှမပြောဘဲ ရိုက်ကွင်းပေါ်အရောက်မှာ အမိရ်က ကြိုတင်စီစဉ်ထားတဲ့ ရေပိုက်တွေ ရေပန်းတွေကိုဖွင့်ချလိုက်ပြီး လူတိုင်းကို ရေတွေနဲ့လိုက်ပက်ပါတော့တယ်။
Photo Credit: Aamir Khan Productions
Part 3 ဖတ်ရန်- https://bit.ly/3iNOreU
Good 2
ReplyDelete💌💌💌
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDeleteအောင်မြင်တာလည်းမပြောနဲ့
ReplyDeleteကြိုးစားအားထုတ်မှုက လေးစားစရာ
Done 🤍
ReplyDeleteအောင်မြင်တယ်ဆိုတာ ဖြစ်သင့်ပါတယ်🐬🐬
ReplyDeleteDone
ReplyDelete🌻
ReplyDelete👍👍👍
ReplyDelete