Prime Meridian(ကမ္ဘာ့အလည်မျဉ်း) နဲ့ Time Zone များအကြောင်း
ကမ္ဘာကြီးကို အလျားလိုက်ပိုင်းဖြတ်တဲ့ မျဉ်းတွေကို လတ္တီကျု(Latittude )လို့ခေါ်ပြီး ဒေါင်လိုက်ဖြတ်တဲ့ မျဉ်းကိုတော့ လောင်ဂျီကျု(Longitude) လို့ခေါ်ပါတယ်။
ကမ္ဘာ့ရဲ့ ထိပ်စွန်းနှစ်ဖက်ရဲ့ အလယ်တည့်တည့်ကနေ အလျားလိုက်ဖြတ်တဲ့ မျဉ်းကို အီကွေတာလို့ ခေါ်ပါတယ်။ အီကွေတာဟာ ကမ္ဘာသဘာဝအတိုင်းပိုင်းလိုက်လို့ရလာတာဖြစ်ပါတယ်။ ကဲ.. ဒါဆိုဒေါင်လိုက်ပိုင်းတဲ့မျဉ်းကို အလယ်တည့်တည့်က ဘယ်နေရာမှာသတ်မှတ်မလဲဆိုတာ အငြင်းပွားလာရပါတယ်။ ဘာလို့ဆို ဘယ်ကပိုင်းပိုင်းရနေတာကြောင့်ဖြစ်ပါတယ်။ အဲ့အလယ်မျဉ်းကိုတော့ "Prime Meridian" လို့ခေါ်ပါတယ်။ အောက်ကပုံကိုကြည့်ရင်ပိုရှင်းသွားပါလိမ့်မယ်။
သမိုင်းကြောင်း
မြေပုံတွေဟာ သမိုင်းတစ်လျှောက်မှာ အလွန် အရေးပါခဲ့ပါတယ်။ စွန့်စားခရီးသွားသူတွေ၊ အင်ပါယာချဲ့ချင်သူတွေ၊ ကုန်သည်တွေ၊ နယ်မြေအသစ်ရှာဖွေသူတွေအတွက် မြေပုံဟာ အဖိုးအတန်ဆုံး အရာတစ်ခုလည်းဖြစ်ပါတယ်။ ဟိုးအရင်ကဆိုရင် နိုင်ငံတွေဟာ ကိုယ့် နိုင်ငံရဲ့ မြို့တော်ကို အလယ်ကထားပြိး မြေပုံတွေရေးဆွဲလေ့ရှိပါတယ်။ (ဘယ်သူ့မဆို ကိုယ့်နေရာကို ကမ္ဘာကြီးရဲ့ အလယ်မှာရှိစေချင်ကြမှာပါပဲ။) အဲ့မှာ အခက်အခဲတွေ စတွေ့လာရပါတယ်။
1800 ပြည့်နှစ်တွေမှာ ကိုလိုနီစနစ်က အားအကောင်းဆုံးအချိန်တွေဖြစ်ပါတယ်။ ဉရောပတိုက်သားတွေ အနေနဲ့ တခြားနေရာတွေကို ဗိုလ်ကျ အမြတ်ထုတ်နိုင်ဖို့ တိကျတဲ့ မြေပုံတွေလိုအပ်လာကြပါတယ်။ ပြီးတော့ ကမ္ဘာ့တစ်နေရာက တစ်နေရာကို ကုန်သွယ်ရေးမှာလည်း တိကျတဲ့ လောင်ဂျီကျု လတ္တီကျုတွေလိုအပ်လာပါတယ်။
နောက်ပြသနာတစ်မျိုးက အချိန်ပါ။ စက်မှုတော်လှန်ရေးကြောင့် လူတွေဟာ ရထားစီးပြီး နေ့စဉ် သွားလာမှုတွေရှိလာတဲ့အခါ အချိန်အတိအကျရှိဖို့လိုလာပါတယ်။ အမေရိကန်လို timezone ဆယ်ခုကျော်ရှိနေတဲ့ နေရာမှာ ရထားချိန်သတ်မှတ်ဖို့က မဖြစ်နိုင်သလောက်ဖြစ်လာပါတယ်။ အဲ့တော့ တိကျတဲ့ Time zone တွေ သတ်မှတ်ဖို့လည်း လိုအပ်လာကြပါတယ်။
![]() |
အမေရိကန် Time zones |
အပြည်ပြည်ဆိုင်ရာ အလယ်မျဉ်းညီလာခံ
အဲ့တော့ အမေရိကန်ကပဲ ကမကထပြုလုပ်ပြီး ၁၈၈၄ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ အလယ်မျဉ်းရေးဆွဲရေးညီလာခံကို ဝါရှင်တန်မှာကျင်းပခဲ့ပါတယ်။ အဲ့အချိန်က အင်အားအကြီးဆုံးဖြစ်တဲ့ နိုင်ငံ ၂၅ နိုင်ငံလောက်ကို ဖိတ်ခေါ်ပြီး ကမ္ဘာ့အလယ်မျဉ်း ဘယ်နားထားမလဲဆွေးနွေးကြပါတယ်။
၂၂ ရက်လောက် အကြိတ်အနယ်ဆွေးနွေးကြအပြီးမှာတော့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဂရင်းဝှစ်ချ်(Greenwich) မြို့က နက္ခတ်တာရာမျော်စင်ကို ကမ္ဘာ့အလယ်ထားပြီး မျဉ်းဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ( အဲ့အချိန်က ဗြိတိန်ဟာ အိန္ဒိယ၊ ကနေဒါ၊ ဩစတြေးလျ နဲ့ တောင်အာဖကကို သိမ်းထားတဲ့ အပြင် ရေတပ်အင်အားအကြီးဆုံးနိုင်ငံလည်းဖြစ်နေတာကြောင့် ဖြစ်ပါတယ်။)
ဆုံးဖြတ်ချက်ကို ၂၂ နိုင်ငံကထောက်ခံပြီး ပြင်သစ်၊ ဘရာဇီးနဲ့ ဒိုမီနီကန်ရီပက်ဘလစ် ၃ နိုင်ငံကသာ ကန့်ကွက်ခဲ့ပါတယ်။ သူတို့အနေနဲ့ ဘာလင်ရေလက်ကြားလို နိုင်ငံကြီးတွေ သက်ရောက်မထားတဲ့ နေရာကို သတ်မှတ်ဖို့ အကြံပြုခဲ့ကြပါတယ်။
![]() |
Greenwich မြို့က ကမ္ဘာ့အလယ်မျဉ်း |
Time zones
အဲ့တော့ ဘာလို့ အင်္ဂလန်က ကမ္ဘာ့အလယ်ရောက်နေပြီလဲဆိုတာ သိလောက်မယ်ထင်ပါတယ်။ အဲ့အလယ်မှတ်နဲ့ Time zone တွေ ဘယ်လိုသတ်မှတ်လဲဆိုတာ ဆက်ပြီး ရှင်းပြပါမယ်။
ကျွန်တော်တို့ +GMT ဆိုတာကို မြင်ဖူးကြမယ်ထင်ပါတယ်။ Greenwich Mean Time ဆိုတဲ့ GMT ဟာ Greenwich မြို့အပေါ်ကို နေတည့်တည့်ရောက်နေတဲ့အချိန်ကို နေ့လည် ၁၂ နာရီလို့သတ်မှတ်ပါတယ်။ အဲ့ကနေ ညာဘက် Time zone တွေကို သွားရင် +1hour တစ်နာရီဆီတိုးသွားပါတယ်။ ဘယ်ဘက်ကို သွားရင်တော့ -1hour တစ်နာရီဆီလျော့သွားတာဖြစ်ပါတယ်။ ပုံကိုကြည့်ပါ။
website ကနေကြည့်ချင်ရင်- https://www.timeanddate.com/time/map/
ဘာတွေ အကျိုးသက်ရောက်သွားသလဲ?
လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကမှ သတ်မှတ်ခဲ့တဲ့ အလယ်မျဉ်းဟာ တစ်ကမ္ဘာလုံးက မြေပုံတွေ၊ Time zone တွေကိုတစ်ပြေးတည်းဖြစ်သွားစေပြီး ဂြိုလ်တုတွေ စနစ်တကျ လွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစံသတ်မှတ်မှုမရှိပဲ ပိုအဆင့်မြင့်တဲ့ စနစ်တွေလဲ ရှိလာခဲ့မှာမဟုတ်ပါဘူး။
thanks for the knowledge.
ReplyDeleteThank ... ဘယ်လောက်ဖတ်ကြလဲဆိုတာလေးပါ
ReplyDeleteCounter လေး ထည့်ထားပေးရင် ပိုမိုက်မယ်ဗျ
Good! thanks for sharing
ReplyDeleteThanks for your knowledge.
ReplyDeleteok လေ
ReplyDeleteAdsမပေါ်ဘူးရှင့်
ReplyDeleteGet linkနှိပ်ပြီးတာနဲ့ contentတန်းပေါ်လာတာ။
ဘာလိုနေလဲမသိ
အဲ့လိုလေးတွေတင်တာပိုသဘောကျတယ် ကမ်ဘာကြီးအကြောင်းမို့
ReplyDeleteThanks for sharing
ReplyDeleteThank for knowledge
ReplyDeleteThanks
ReplyDeleteknowledgeable.
ReplyDeletegood
ReplyDeleteGreat
ReplyDeleteThanks.
ReplyDeleteThanks🐬🐬
ReplyDeleteDone 🤍
ReplyDeleteThanks for knowledge👍❤
ReplyDeleteDone
ReplyDeleteDone😁
ReplyDelete01
ReplyDelete🤔
ReplyDeleteDone 💪
ReplyDeleteThanks for sharing
ReplyDeleteThanks for the knowledge!
ReplyDeleteGood
ReplyDeleteThank for knowledge.
ReplyDeleteDone
ReplyDelete