မော်စီတုန်း (၁၈၉၃ – ၁၉၇၆)

 



တရုတ်မှာ မော်စီတုန်း (MAO Zedong) က ကွန်မြူနစ် ပါတီကို အာဏာရအောင်လုပ်ပေးတယ်။

အာဏာ ရပြီးနောက် နှစ်ဆယ့်ခုနစ်နှစ်အတွင်းမှာ အင်မတန်ကြီးတဲ့ နိုင်ငံကြီးကို ပြောင်မြောက်အောင် ရေရှည် အကျိုး အများကြီးရှိအောင် လုပ်ပေးနိုင်ခဲ့တယ်။

မော်ကို ဟူနန်ပြည်နယ်၊ ရှောင်ရှန်ရွာနေ ကြွယ်ဝတဲ့ တောင်သူ မိဘက ၁၈၉၃ မှာ မွေးဖွားခဲ့ပါတယ်။ မော် အသက်တစ်ဆယ့်ရှစ်နှစ် ကျောင်းသားအရွယ် ၁၉၁၁ မှာ တရုတ်နိုင်ငံကို တစ်ဆယ့်ခုနစ်ရာစုနှစ်ကစပြီး အုပ်ချုပ် လာခဲ့တဲ့ ချင်မင်းဆက်ကို တော်လှန်ရေး စတင်ခဲ့ပါတယ်။ လပိုင်းလောက်အတွင်းမှာဧကရာဇ် အုပ်ချုပ်ရေး ပြုတ်ကျပြီး တရုတ်နိုင်ငံကို သမ္မတနိုင်ငံ အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံကိုတစ်စုတစ်စည်းတည်း ဖြစ်အောင် ပေါင်းပြီး တည်ငြိမ်တဲ့ အစိုးရကို တော်လှန်ရေးသမားတွေက မဖွဲ့နိုင်ကြတာက ဝမ်းနည်းစရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ တော်လှန်ရေးက နှစ်ရှည်လများ မတည်မငြိမ်ဖြစ်ပြီး ၁၉၄၉ ခုနှစ်ထိ ကြာမြင့်တဲ့ ပြည်တွင်းစစ်ကိုသာ လုပ်ပေး နိုင်တယ်လို့ ပြောစရာဖြစ်လာပါတယ်။

[caption id="" align="aligncenter" width="170"]Mao Zedong - Wikipedia မော်စီတုန်း[/caption]

လူငယ်ဘဝကစပြီး မော်ဟာ နိုင်ငံရေးအယူအဆမှာ လက်ဝဲဘက်ကို ယိုင်ခဲ့တယ်။ ၁၉၂၀ ရောက်တော့ တကယ့် မာ့ခ်စ်ဝါဒီ ဖြစ်နေပါပြီ။ ၁၉၂၁ မှာ တရုတ် ကွန်မြူနစ်ပါတီရဲ့ အရင်းမူလထူထောင်သူ တစ်ဆယ့်နှစ်ဦးမှာ သူလည်း တစ်ယောက် အပါအဝင် ဖြစ်နေပါပြီ။ ဒါပေမယ့် ထိပ်ရောက်အောင် တက်တဲ့ အခါမှာတော့ နည်းနည်း နှေးတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၃၅ ရောက်မှ ပါတီခေါင်းဆောင် ဖြစ်လာပါတယ်။

အဲဒီအတောအတွင်းမှာ ကွန်မြူနစ်ပါတီကလည်း မှန်မှန်နှေးနှေး ကြိုးစားပြီး တန်ခိုး အာဏာရအောင် ယူခဲ့ရပါတယ်။ ပါတီက ၁၉၂၇ နဲ့ ၁၉၃၄ မှာ ကြီးကြီး ကျယ်ကျယ် ဆုတ်ယုတ်ခဲ့သေးတယ်။ ဒါပေမယ့် လုံးဝ တိမ်မြုပ် မသွားအောင် ထိန်းခဲ့နိုင်ပါတယ်။ ၁၉၃၅ ခု မော် ခေါင်းဆောင်ခွင့်ရတဲ့အခါ ပါတီရဲ့ တန်ခိုး အင်အားဟာ မှန်မှန် ဖြည်းဖြည်း တိုးတက်လာပါတယ်။ ၁၉၄၇ ကို ရောက်တဲ့အခါ ချန်ကေရှိတ် ခေါင်းဆောင်တဲ့ အမျိုးသား အစိုးရကို ထိထိရောက်ရောက် နှိမ်နင်းဖို့ အသင့် ဖြစ်လာပါတယ်။ ၁၉၄၉ မှာ ကွန်မြူနစ်တပ်တွေက အောင်ပွဲရပြီး ကုန်းပိုင်း တရုတ်နယ်မြေ အားလုံးကို ကွန်မြူနစ်က ပိုင်ပိုင်နိုင်နိုင် အုပ်စီး နိုင်ခဲ့ပါတယ်။

Episode 50 - China - Chinese Civil War 1923-1937 – History of the Cold War Podcast

မော်ကပါတီ ခေါင်းဆောင် အဖြစ်နဲ့ အုပ်ချုပ်ရတဲ့ တရုတ်ဟာ အနှစ်သုံးဆယ့်ရှစ်နှစ်အတွင်းမှာ စစ်ရေး စစ်ရာတွေက လျော့တယ် မရှိ၊ တိုးပွားနေလို့ အင်မတန် ချို့ယွင်းတဲ့ အခြေအနေ ကြုံခဲ့ရတယ်။

နိုင်ငံကလည်း ဆင်းရဲတဲ့နိုင်ငံ၊ နိုင်ငံတွင်းမှာ မဖွံ့ဖြိုး မတိုးတက်ဘဲ သန်းနဲ့ချီပြီး စာမတတ်တဲ့ တောင်သူ လူများစုက ရှေးခေတ် အယူအဆတွေမှာပဲ နစ်မွန်းပြီး နေကြတယ်။ မော်ကိုယ်တိုင်ကလည်း အသက် ငါးဆယ့်ခြောက်နှစ် ဖြစ်လာတော့ မော်ခေတ်ဟာ ကျန်ခဲ့ပြီ လို့ ထင်စရာရှိပါတယ်။

တကယ်ကတော့ မော်ရဲ့သြဇာအကြီးဆုံးအချိန်က ခုမှစပါတယ်။ ၁၉၇၆ မှာ မော် သေတော့ သူ့ဝါဒတွေက တရုတ်နိုင်ငံကို ပုံစံပြောင်းလဲသွားအောင် လွှမ်းမိုးပြီး ရှိနေပါပြီ။ ဒီပြောင်းလဲချက်တွေထဲမှာ နိုင်ငံကို အဘက်ဘက်က ခေတ်မီအောင ်ပြုလုပ်ပေးတာက အချက် တစ်ချက်ဖြစ်ပါတယ်။ အတိအကျ ပြောရရင် မော်က တရုတ်နိုင်ငံကို မြန်မြန်ကြီး စက်မှု နိုင်ငံဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ စက်မှုထွန်းကားတယ် ဆိုတာ မှာလည်း ပြည်သူ့ကျန်းမာရေးနဲ့ ပညာရေးတိုးတက်မှုတွေကို မော်က တဖွဲ က်ပေးနိုင်ခဲ့ပါတယ်။

Mao Zedong after establishing People's Republic: 1950 | Flickr

ဒီပြောင်းလဲမှုတွေဟာ ထင်ထင်ရှားရှား အင်မတန်အဖိုးတန်ပါတယ်။ ခေတ်ချင်းတူညီရင် တခြားဘယ်နိုင်ငံမှာမှ ဒီလောက်မတိုးတက်ပါ။ အဲဒီလောက်နဲ့ မော်ကို ဒီစာအုပ်မှာ နေရာပေးခဲ့တာလို့ မဆိုနိုင်ပါ။ မော်အစိုးရရဲ့ နောက်တစ်ချက် စွမ်းဆောင်ချက်က တရုတ်စီးပွားရေးစနစ်ကို အရင်းရှင်စနစ်က ဆိုရှယ်လစ်စနစ်ကို ပြောင်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ မော်ကွယ်လွန်ပြီး နှစ်သိပ်မကြာခင်မှာပဲ သူ့ကို ဆက်ခံတဲ့ ဒဲန်ရှောက်ပင် (Deng Xiaping) တရုတ်နိုင်ငံမှာ အချုပ်အချယ်မရှိတဲ့ စျေးကွက်စနစ်ရဲ့ အင်္ဂါရပ်တော်တော်များများကို ပြန်လည်ကျင့်သုံးစေခဲ့တယ်။

[caption id="" align="alignnone" width="1256"]On This Day - What Happened on July 22 | Britannica Deng Xiaping[/caption]

ဒီပုံစံနဲ့ ဘယ်လောက်ကြာအောင် စခန်းသွားနေမလဲလို့ မခန့်မှန်းတတ်ပါ။ ဒါပေမဲ့ ထင်ရတာကတော့ ရှေ့ငါးနှစ်က ဆယ်နှစ်အတွင်းမှာ

တရုတ်ဟာ ဆိုရှယ်လစ်စနစ်ကို စွန့်ပြီး ရှေးကရှိခဲ့တဲ့ အရင်းရှင်စနစ်ကို ပြန်ရောက်သွားမယ့် အလားအလာရှိတယ်လို့ ထင်စရာရှိပါတယ်။ ဒီလိုဆိုရင် မော်ရဲ့ စီးပွားရေးဝါဒတွေဟာ အရင်က အရာရောက်သလို အခု အရာမရောက်တော့ပါလို့ ပြောနိုင်ပါတယ်။

မော်ရဲ့မူလစိတ်ကူးက မြို့နေစက်မှုလုပ်ငန်းက လုပ်သားတွေဟာ ကွန်မြူနစ်ပါတီရဲ့ အားအရှိဆုံး ကျောရိုးဖြစ်တယ်လို့ ယုံတယ်။ ဒီလိုပဲ မော်က တွေးထင်ခဲ့တယ်။ ဒါပေမယ့် ၁၉၂၈ ရောက်တဲ့အခါ မော်က တရုတ်နိုင်ငံအတွက် တသီးတသန့် တွေ့နေရတဲ့အချက်က ပါတီကို အရင်းခံထောက်ပံ့နေတာ တောင်သူလယ်သမား ဖြစ်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီအတိုင်း သူ့လမ်းစဉ်ပြောင်းလာတယ်။

အမျိုးသားရေးသမားတွေနဲ့ နှစ်အကြာကြီး ပြိုင်ဆိုင်နေကြရစဉ်က မော်ရဲ့အာဏာမြစ်ခြေက တောနယ်ဖြစ်ပါတယ်။ နိုင်ငံရဲ့အကြီးအကဲဘဝတစ်လျှောက်လုံးမှာ ဒီအတွေးအခေါ်ကိုပဲ လက်ကိုင်ထားပြီးကျင့်သုံးခဲ့တယ်။ ဥပမာ ရုရှက စတာလင်ဆိုရင် စောစောက စက်မှုထွန်းကားရေးကို ဖိပြီးအားပေးနေတယ်။

အဲဒီတုန်းက မော်ဆိုရင် စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးကိုပဲ ပိုပြီးဂရုတစိုက် လုပ်စေတယ်။ ဒီလိုသာပြောရတယ်။ တရုတ်ရဲ့စက်မှုလုပ်ငန်းဟာ မော်ခေါင်းဆောင်ချိန်က သိသိသာသာ တိုးတက် ခဲ့ပါတယ်။

နိုင်ငံရေးမှာ မော်က အာဏာရှင် စနစ်ကို ပိုင်ပိုင်ကြီး ဆုပ်ကိုင် ထားတယ်။ မော်လက်ထက်မှာ သူက သတ်စေလို့ ခိုင်းတဲ့အတွက် လူ သန်း ၂၀၊ သန်း ၃၀ အထက် တောင်ရှိမလား၊ အသက် ဆုံးရှုံးခဲ့ရပါတယ်။

ဒီတော့ လူ့ဇာတ်ခုံမှာ မော်လောက် သွေးချောင်းစီးအောင် သတ်နိုင်သူ မရှိဖူးပါ။ (ဒီလိုဆိုးဂုဏ်မှာ မော်ထက် သာလေ မလားလို့ ယှဉ်ကြည့်စရာ ဟစ်တလာ၊ စတာလင်နဲ့ ဂျဲန်ဂျစ်ခန်တို့ ရှိပါတယ်။) မော် သေဆုံးပြီးတဲ့အခါ နည်းနည်း လိုက်လျောတဲ့ အစိုးရ ပေါ်လာပြီး တရုတ်ကို ဒီမိုကရေစီဘက်ကို ရောက်အောင် လုပ်မယောင်ယောင် ရှိပေမယ့် ဒဲန်ရှောက်ပင်က ဘေဂျင်းရဲ့ တိယန်မဲန်ရင်ပြင်မှာ ဇွန် ၁၉၈၉ က လူသတ်ပွဲကြီးနဲ့ ပိုင်ပိုင်နိုင်နိုင် ရက်ရက် စက်စက် သတ်ဖြတ် နှိမ်နင်းခဲ့ပါတယ်။

ကွန်မြူနစ်အစိုးရကို မော်စီတုန်း တစ်ဦးတည်း ကြိုးကိုင်တာမဟုတ်ပါ။ ဆိုဗီယက်ယူနီယံမှာ စတာလင်လို ငါ တစ်ယောက်တည်း အုပ်ချုပ်မယ် ဆိုတာမျိုး သူက မလုပ်ပါ။ ဒါပေမယ့် တရုတ်အစိုးရမှာ မော်ဟာ ၁၉၄၉ က သူသေဆုံးတဲ့ ၁၉၇၆ ထိ အင်မတန် တန်ခိုး သတ္တိကြီးမားတာ ထင်ရှားပါတယ်။ အရေးအခင်း တစ်ခုမှာ သူက ထိပ်တန်း တာဝန်အရှိဆုံး ဖြစ်တာကို ရှေ့ကိုခုန်တိုး (Great Leap Forward) ပွဲကြီးမှာ ၁၉၅၀ ကျော် ၁၉၆၀ ပြည့်လောက်က တွေ့ခဲ့ရပါတယ်။

[caption id="" align="alignnone" width="786"]China's Great Leap Forward - Association for Asian Studies Great Leap Forward[/caption]

ဒီစီမံကိန်းကို စောင့်ကြည့်သူ အတော်များများက လုပ်ငန်းသေးသေးကို အထူး အာရုံစိုက်ပြီး များများကြီး လုပ်နိုင်၊ လုပ်သား အားကို ဖိပြီး သုံးနိုင်ရင် ကျေးတောက ဘုံစခန်းတွေမှာ လုပ်ခဲ့တာ အရှုံးသာ အဖတ်တင်တယ်လို့ တွေးထင်ကြတယ်။ ထင်တိုင်းလည်း ဖြစ်လာလို့ ဒီစီမံကိန်းကို လက်လွှတ်ရတယ်။ မော်ထောက်ခံတဲ့ နောက် စီမံကိန်း တစ်ခုက နိုင်ငံရေး ခေါင်းဆောင်အများက ကန့်ကွက်ပေမယ့် ၁၉၆၀ ကျော် ၁၉၇၀ ပြည့်နီးနီးမှာ လုပ်တဲ့ ဆင်းရဲသား ဓလေ့တော်လှန်ရေးကြီး ဖြစ်ပါတယ်။

ဒီပွဲဟာ ကြီးမားတဲ့ဆူပွက်မှု ဆိုနိုင်တယ်။ မော်ဘက်တော်သားတွေနဲ့ အဝိုင်းခံရသလို ဖြစ်နေတဲ့ ကွန်မြူနစ် ပါတီအရာရှိ အဆင့်ဆင့်တွေ အချင်းချင်းတွေ ခွပ်တဲ့ (ပြည်တွင်းစစ်) လို့တောင် ထင်ရတတ်တယ်။ အဲဒီအချိန်က မော်အသက်က ခြောက်ဆယ့်ငါးနှစ်ပိုင်းမှာ ဖြစ်နေပြီ။ ဓလေ့တော်လှန်ရေး ဆိုတဲ့ ရှေ့ကို ခုန်တိုးပွဲကြီးစတဲ့အခါ သူက အသက် ခုနစ်ဆယ်က  တော်တော်ကလေး ကျော်နေပြီ။ ပြီးတော့ ပေါ်လစီကို သိသိသာသာ လမ်းပြောင်းမယ် လို့ဆိုပြီး အမေရိကပြည်ထောင်စုကို ပုတ်ခတ်ပွဲစတဲ့ အချိန်မှာ သူက အသက် ရှစ်ဆယ် နားကပ်နေပြီ။ ခုခေတ်နဲ့ သိပ်မကွာသေးတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ သြဇာ ဘယ်လောက်ထိ ကြီးမားခဲ့ပါသလဲလို့ တွက်ဆရတာ သိပ်ခက်တယ်။ ဒီစာအုပ် ပထမ စထွက်တဲ့အခါက မော်ကို နေရာမြင့်မြင့်မှာ ထားခဲ့တယ်။ ဘာပြုလို့လဲဆိုတော့ မော်ရဲ့သြဇာဟာ နှစ်ကာလအကြာကြီး တည်ရှိနေမယ် ထင်မိလို့ ဖြစ်ပါတယ်။

အခု ဒီလို မဟုတ်ကြောင်း သိနေကြပါပြီ။ တရုတ်က ဆိုရှယ်လစ်ဝါဒကို စွန့်မယ့်ကိန်း ဆိုက်နိုင်တယ်။ မော်က တရုတ်ကို အာဏာရှင်စနစ် အမွေ ပေးခဲ့ပေမယ့် ဆက်လက် ရှင်သန် တယ်ထင်ရပေမယ့် ထင်သလောက် မဟုတ်ဘူးလို့ သိသာနေပါပြီ။ ဆက်လက် ပွားများ တည်တံ့ဖို့လည်း မမြင်ပါ။ မော် အသက် ထင်ရှားရှိစဉ်က သူလည်း ရှီဟွန်တိလို့ အရေးပါတဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ဦး စလုံးဟာ တရုတ်လူမျိုးနိုင်ငံမှာ ကြီးကြီးကျယ်ကျယ် ပြောင်းလဲမှု ပေါ်အောင် ဖန်တီးနိုင်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှီဟွန်တိရဲ့သြဇာဟာ တရုတ်နိုင်ငံမှာ အနှစ် နှစ်ထောင့်နှစ်ရာ ခံတယ်။ မော်ရဲ့သြဇာကတော့ အခုပဲ အလျင်အမြန် တိမ်မြုပ်ကွယ်ပျောက်လု ရှိသွားပါပြီ။

နှစ်ဆယ်ရာစုနှစ်ထဲက လူအချင်းချင်းကို ယှဉ်မယ်ဆိုရင် မော်နဲ့ လီနင်ကို ယှဉ်ကြည့်သင့်ပါတယ်။ မော်က မာ့က်စ်ဝါဒကို တရုတ်မှာ ခိုင်မြဲအောင် လုပ်သလို လီနင် ကလည်း ရုရှမှာ အလားတူ ဆောင်ရွက်ခဲ့တယ်။

ဒီနှစ်ယောက်မှာ အမှတ်တမဲ့ ပြောမယ်ဆိုရင် မော်က ပိုပြီး တွင်ကျယ် သလိုရှိပါတယ်။ နည်းနည်းပိုပြီး အလေးအနက် စဉ်းစားရင် တရုတ်က လူဦးရေမှာ ဆိုဗီယက် ထက် သုံးဆ သာတယ်။ ဒါပေမယ့် လီနင်ကမော်အတွက် စံထားစရာပုဂ္ဂိုလ်၊ မော်အတွက် ရှေ့ဆောင်၊ မော် အတုယူဖို့ စံပြ မဟုတ်ပါလား။ မော်ရဲ့တွေးခေါ်ပုံကို လမ်းပြသူ ဖြစ်ပါတယ်။ အဲဒါအပြင် ကမ္ဘာမှာ ပထမဆုံး ကွန်မြူနစ်နိုင်ငံကို ထူထောင်သူ ဖြစ်လို့ လီနင်က ကမ္ဘာအနှံ့ သြဇာ အင်မတန်ကြီးသူ ဖြစ်တယ်။ မော်လို့ သူ့ပြည်တွင်း မှာသာ လူအထင်ကြီးသူများတာမျိုး မဟုတ်ပါ။ အဲဒီအချက်ကို ချုပ်ကိုင်ပြီး စဉ်းစားရင် မော်ကို ဒီစာအုပ်မှာ လီနင်အောက်က ထားရပါတော့တယ်။

20, January, 2002.

ဒေါက်တာသန်းထွန်း၏ ကျော်စွာ ၁၀၀ မှ

(zawgyi font)

တ႐ုတ္မွာ ေမာ္စီတုန္း (MAO Zedong) က ကြန္ျမဴနစ္ ပါတီကို အာဏာရေအာင္လုပ္ေပးတယ္။

အာဏာ ရၿပီးေနာက္ ႏွစ္ဆယ့္ခုနစ္ႏွစ္အတြင္းမွာ အင္မတန္ႀကီးတဲ့ နိုင္ငံႀကီးကို ေျပာင္ေျမာက္ေအာင္ ေရရွည္ အက်ိဳး အမ်ားႀကီးရွိေအာင္ လုပ္ေပးနိုင္ခဲ့တယ္။

ေမာ္ကို ဟူနန္ျပည္နယ္၊ ေရွာင္ရွန္ရြာေန ႂကြယ္ဝတဲ့ ေတာင္သူ မိဘက ၁၈၉၃ မွာ ေမြးဖြားခဲ့ပါတယ္။ ေမာ္ အသက္တစ္ဆယ့္ရွစ္ႏွစ္ ေက်ာင္းသားအရြယ္ ၁၉၁၁ မွာ တ႐ုတ္နိုင္ငံကို တစ္ဆယ့္ခုနစ္ရာစုႏွစ္ကစၿပီး အုပ္ခ်ဳပ္ လာခဲ့တဲ့ ခ်င္မင္းဆက္ကို ေတာ္လွန္ေရး စတင္ခဲ့ပါတယ္။ လပိုင္းေလာက္အတြင္းမွာဧကရာဇ္ အုပ္ခ်ဳပ္ေရး ျပဳတ္က်ၿပီး တ႐ုတ္နိုင္ငံကို သမၼတနိုင္ငံ အျဖစ္ ေၾကညာနိုင္ခဲ့ပါတယ္။ တ႐ုတ္နိုင္ငံကိုတစ္စုတစ္စည္းတည္း ျဖစ္ေအာင္ ေပါင္းၿပီး တည္ၿငိမ္တဲ့ အစိုးရကို ေတာ္လွန္ေရးသမားေတြက မဖြဲ႕နိုင္ၾကတာက ဝမ္းနည္းစရာ ေကာင္းတဲ့အခ်က္ ျဖစ္ပါတယ္။ ေတာ္လွန္ေရးက ႏွစ္ရွည္လမ်ား မတည္မၿငိမ္ျဖစ္ၿပီး ၁၉၄၉ ခုႏွစ္ထိ ၾကာျမင့္တဲ့ ျပည္တြင္းစစ္ကိုသာ လုပ္ေပး နိုင္တယ္လို႔ ေျပာစရာျဖစ္လာပါတယ္။

[caption id="" align="aligncenter" width="170"]Mao Zedong - Wikipedia ေမာ္စီတုန္း[/caption]

လူငယ္ဘဝကစၿပီး ေမာ္ဟာ နိုင္ငံေရးအယူအဆမွာ လက္ဝဲဘက္ကို ယိုင္ခဲ့တယ္။ ၁၉၂၀ ေရာက္ေတာ့ တကယ့္ မာ့ခ္စ္ဝါဒီ ျဖစ္ေနပါၿပီ။ ၁၉၂၁ မွာ တ႐ုတ္ ကြန္ျမဴနစ္ပါတီရဲ့ အရင္းမူလထူေထာင္သူ တစ္ဆယ့္ႏွစ္ဦးမွာ သူလည္း တစ္ေယာက္ အပါအဝင္ ျဖစ္ေနပါၿပီ။ ဒါေပမယ့္ ထိပ္ေရာက္ေအာင္ တက္တဲ့ အခါမွာေတာ့ နည္းနည္း ေႏွးတယ္လို႔ ေျပာနိုင္ပါတယ္။ ၁၉၃၅ ေရာက္မွ ပါတီေခါင္းေဆာင္ ျဖစ္လာပါတယ္။

အဲဒီအေတာအတြင္းမွာ ကြန္ျမဴနစ္ပါတီကလည္း မွန္မွန္ေႏွးေႏွး ႀကိဳးစားၿပီး တန္ခိုး အာဏာရေအာင္ ယူခဲ့ရပါတယ္။ ပါတီက ၁၉၂၇ နဲ႔ ၁၉၃၄ မွာ ႀကီးႀကီး က်ယ္က်ယ္ ဆုတ္ယုတ္ခဲ့ေသးတယ္။ ဒါေပမယ့္ လုံးဝ တိမ္ျမဳပ္ မသြားေအာင္ ထိန္းခဲ့နိုင္ပါတယ္။ ၁၉၃၅ ခု ေမာ္ ေခါင္းေဆာင္ခြင့္ရတဲ့အခါ ပါတီရဲ့ တန္ခိုး အင္အားဟာ မွန္မွန္ ျဖည္းျဖည္း တိုးတက္လာပါတယ္။ ၁၉၄၇ ကို ေရာက္တဲ့အခါ ခ်န္ေကရွိတ္ ေခါင္းေဆာင္တဲ့ အမ်ိဳးသား အစိုးရကို ထိထိေရာက္ေရာက္ ႏွိမ္နင္းဖို႔ အသင့္ ျဖစ္လာပါတယ္။ ၁၉၄၉ မွာ ကြန္ျမဴနစ္တပ္ေတြက ေအာင္ပြဲရၿပီး ကုန္းပိုင္း တ႐ုတ္နယ္ေၿမ အားလုံးကို ကြန္ျမဴနစ္က ပိုင္ပိုင္နိုင္နိုင္ အုပ္စီး နိုင္ခဲ့ပါတယ္။

Episode 50 - China - Chinese Civil War 1923-1937 – History of the Cold War Podcast

ေမာ္ကပါတီ ေခါင္းေဆာင္ အျဖစ္နဲ႔ အုပ္ခ်ဳပ္ရတဲ့ တ႐ုတ္ဟာ အႏွစ္သုံးဆယ့္ရွစ္ႏွစ္အတြင္းမွာ စစ္ေရး စစ္ရာေတြက ေလ်ာ့တယ္ မရွိ၊ တိုးပြားေနလို႔ အင္မတန္ ခ်ိဳ႕ယြင္းတဲ့ အေျခအေန ၾကဳံခဲ့ရတယ္။

နိုင္ငံကလည္း ဆင္းရဲတဲ့နိုင္ငံ၊ နိုင္ငံတြင္းမွာ မဖြံ့ၿဖိဳး မတိုးတက္ဘဲ သန္းနဲ႔ခ်ီၿပီး စာမတတ္တဲ့ ေတာင္သူ လူမ်ားစုက ေရွးေခတ္ အယူအဆေတြမွာပဲ နစ္မြန္းၿပီး ေနၾကတယ္။ ေမာ္ကိုယ္တိုင္ကလည္း အသက္ ငါးဆယ့္ေျခာက္ႏွစ္ ျဖစ္လာေတာ့ ေမာ္ေခတ္ဟာ က်န္ခဲ့ၿပီ လို႔ ထင္စရာရွိပါတယ္။

တကယ္ကေတာ့ ေမာ္ရဲ့ၾသဇာအႀကီးဆုံးအခ်ိန္က ခုမွစပါတယ္။ ၁၉၇၆ မွာ ေမာ္ ေသေတာ့ သူ႔ဝါဒေတြက တ႐ုတ္နိုင္ငံကို ပုံစံေျပာင္းလဲသြားေအာင္ လႊမ္းမိုးၿပီး ရွိေနပါၿပီ။ ဒီေျပာင္းလဲခ်က္ေတြထဲမွာ နိုင္ငံကို အဘက္ဘက္က ေခတ္မီေအာင ္ျပဳလုပ္ေပးတာက အခ်က္ တစ္ခ်က္ျဖစ္ပါတယ္။ အတိအက် ေျပာရရင္ ေမာ္က တ႐ုတ္နိုင္ငံကို ျမန္ျမန္ႀကီး စက္မႈ နိုင္ငံျဖစ္ေအာင္ လုပ္ေပးခဲ့ပါတယ္။ စက္မႈထြန္းကားတယ္ ဆိုတာ မွာလည္း ျပည္သူ႔က်န္းမာေရးနဲ႔ ပညာေရးတိုးတက္မႈေတြကို ေမာ္က တဖြဲ က္ေပးနိုင္ခဲ့ပါတယ္။

Mao Zedong after establishing People's Republic: 1950 | Flickr

ဒီေျပာင္းလဲမႈေတြဟာ ထင္ထင္ရွားရွား အင္မတန္အဖိုးတန္ပါတယ္။ ေခတ္ခ်င္းတူညီရင္ တျခားဘယ္နိုင္ငံမွာမွ ဒီေလာက္မတိုးတက္ပါ။ အဲဒီေလာက္နဲ႔ ေမာ္ကို ဒီစာအုပ္မွာ ေနရာေပးခဲ့တာလို႔ မဆိုနိုင္ပါ။ ေမာ္အစိုးရရဲ့ ေနာက္တစ္ခ်က္ စြမ္းေဆာင္ခ်က္က တ႐ုတ္စီးပြားေရးစနစ္ကို အရင္းရွင္စနစ္က ဆိုရွယ္လစ္စနစ္ကို ေျပာင္းေပးနိုင္တာပဲ ျဖစ္ပါတယ္။ ေမာ္ကြယ္လြန္ၿပီး ႏွစ္သိပ္မၾကာခင္မွာပဲ သူ႔ကို ဆက္ခံတဲ့ ဒဲန္ေရွာက္ပင္ (Deng Xiaping) တ႐ုတ္နိုင္ငံမွာ အခ်ဳပ္အခ်ယ္မရွိတဲ့ ေစ်းကြက္စနစ္ရဲ့ အဂၤါရပ္ေတာ္ေတာ္မ်ားမ်ားကို ျပန္လည္က်င့္သုံးေစခဲ့တယ္။

[caption id="" align="alignnone" width="1256"]On This Day - What Happened on July 22 | Britannica Deng Xiaping[/caption]

ဒီပုံစံနဲ႔ ဘယ္ေလာက္ၾကာေအာင္ စခန္းသြားေနမလဲလို႔ မခန႔္မွန္းတတ္ပါ။ ဒါေပမဲ့ ထင္ရတာကေတာ့ ေရွ႕ငါးႏွစ္က ဆယ္ႏွစ္အတြင္းမွာ

တ႐ုတ္ဟာ ဆိုရွယ္လစ္စနစ္ကို စြန႔္ၿပီး ေရွးကရွိခဲ့တဲ့ အရင္းရွင္စနစ္ကို ျပန္ေရာက္သြားမယ့္ အလားအလာရွိတယ္လို႔ ထင္စရာရွိပါတယ္။ ဒီလိုဆိုရင္ ေမာ္ရဲ့ စီးပြားေရးဝါဒေတြဟာ အရင္က အရာေရာက္သလို အခု အရာမေရာက္ေတာ့ပါလို႔ ေျပာနိုင္ပါတယ္။

ေမာ္ရဲ့မူလစိတ္ကူးက ၿမိဳ႕ေနစက္မႈလုပ္ငန္းက လုပ္သားေတြဟာ ကြန္ျမဴနစ္ပါတီရဲ့ အားအရွိဆုံး ေက်ာရိုးျဖစ္တယ္လို႔ ယုံတယ္။ ဒီလိုပဲ ေမာ္က ေတြးထင္ခဲ့တယ္။ ဒါေပမယ့္ ၁၉၂၈ ေရာက္တဲ့အခါ ေမာ္က တ႐ုတ္နိုင္ငံအတြက္ တသီးတသန႔္ ေတြ႕ေနရတဲ့အခ်က္က ပါတီကို အရင္းခံေထာက္ပံ့ေနတာ ေတာင္သူလယ္သမား ျဖစ္တယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ ဒီအတိုင္း သူ႔လမ္းစဥ္ေျပာင္းလာတယ္။

အမ်ိဳးသားေရးသမားေတြနဲ႔ ႏွစ္အၾကာႀကီး ၿပိဳင္ဆိုင္ေနၾကရစဥ္က ေမာ္ရဲ့အာဏာျမစ္ေျခက ေတာနယ္ျဖစ္ပါတယ္။ နိုင္ငံရဲ့အႀကီးအကဲဘဝတစ္ေလၽွာက္လုံးမွာ ဒီအေတြးအေခၚကိုပဲ လက္ကိုင္ထားၿပီးက်င့္သုံးခဲ့တယ္။ ဥပမာ ႐ုရွက စတာလင္ဆိုရင္ ေစာေစာက စက္မႈထြန္းကားေရးကို ဖိၿပီးအားေပးေနတယ္။

အဲဒီတုန္းက ေမာ္ဆိုရင္ စိုက္ပ်ိဳးေရးနဲ႔ ေက်းလက္ဖြံ့ၿဖိဳးေရးကိုပဲ ပိုၿပီးဂ႐ုတစိုက္ လုပ္ေစတယ္။ ဒီလိုသာေျပာရတယ္။ တ႐ုတ္ရဲ့စက္မႈလုပ္ငန္းဟာ ေမာ္ေခါင္းေဆာင္ခ်ိန္က သိသိသာသာ တိုးတက္ ခဲ့ပါတယ္။

နိုင္ငံေရးမွာ ေမာ္က အာဏာရွင္ စနစ္ကို ပိုင္ပိုင္ႀကီး ဆုပ္ကိုင္ ထားတယ္။ ေမာ္လက္ထက္မွာ သူက သတ္ေစလို႔ ခိုင္းတဲ့အတြက္ လူ သန္း ၂၀၊ သန္း ၃၀ အထက္ ေတာင္ရွိမလား၊ အသက္ ဆုံးရႈံးခဲ့ရပါတယ္။

ဒီေတာ့ လူ႔ဇာတ္ခုံမွာ ေမာ္ေလာက္ ေသြးေခ်ာင္းစီးေအာင္ သတ္နိုင္သူ မရွိဖူးပါ။ (ဒီလိုဆိုးဂုဏ္မွာ ေမာ္ထက္ သာေလ မလားလို႔ ယွဥ္ၾကည့္စရာ ဟစ္တလာ၊ စတာလင္နဲ႔ ဂ်ဲန္ဂ်စ္ခန္တို႔ ရွိပါတယ္။) ေမာ္ ေသဆုံးၿပီးတဲ့အခါ နည္းနည္း လိုက္ေလ်ာတဲ့ အစိုးရ ေပၚလာၿပီး တ႐ုတ္ကို ဒီမိုကေရစီဘက္ကို ေရာက္ေအာင္ လုပ္မေယာင္ေယာင္ ရွိေပမယ့္ ဒဲန္ေရွာက္ပင္က ေဘဂ်င္းရဲ့ တိယန္မဲန္ရင္ျပင္မွာ ဇြန္ ၁၉၈၉ က လူသတ္ပြဲႀကီးနဲ႔ ပိုင္ပိုင္နိုင္နိုင္ ရက္ရက္ စက္စက္ သတ္ျဖတ္ ႏွိမ္နင္းခဲ့ပါတယ္။

ကြန္ျမဴနစ္အစိုးရကို ေမာ္စီတုန္း တစ္ဦးတည္း ႀကိဳးကိုင္တာမဟုတ္ပါ။ ဆိုဗီယက္ယူနီယံမွာ စတာလင္လို ငါ တစ္ေယာက္တည္း အုပ္ခ်ဳပ္မယ္ ဆိုတာမ်ိဳး သူက မလုပ္ပါ။ ဒါေပမယ့္ တ႐ုတ္အစိုးရမွာ ေမာ္ဟာ ၁၉၄၉ က သူေသဆုံးတဲ့ ၁၉၇၆ ထိ အင္မတန္ တန္ခိုး သတၱိႀကီးမားတာ ထင္ရွားပါတယ္။ အေရးအခင္း တစ္ခုမွာ သူက ထိပ္တန္း တာဝန္အရွိဆုံး ျဖစ္တာကို ေရွ႕ကိုခုန္တိုး (Great Leap Forward) ပြဲႀကီးမွာ ၁၉၅၀ ေက်ာ္ ၁၉၆၀ ျပည့္ေလာက္က ေတြ႕ခဲ့ရပါတယ္။

[caption id="" align="alignnone" width="786"]China's Great Leap Forward - Association for Asian Studies Great Leap Forward[/caption]

ဒီစီမံကိန္းကို ေစာင့္ၾကည့္သူ အေတာ္မ်ားမ်ားက လုပ္ငန္းေသးေသးကို အထူး အာ႐ုံစိုက္ၿပီး မ်ားမ်ားႀကီး လုပ္နိုင္၊ လုပ္သား အားကို ဖိၿပီး သုံးနိုင္ရင္ ေက်းေတာက ဘုံစခန္းေတြမွာ လုပ္ခဲ့တာ အရႈံးသာ အဖတ္တင္တယ္လို႔ ေတြးထင္ၾကတယ္။ ထင္တိုင္းလည္း ျဖစ္လာလို႔ ဒီစီမံကိန္းကို လက္လႊတ္ရတယ္။ ေမာ္ေထာက္ခံတဲ့ ေနာက္ စီမံကိန္း တစ္ခုက နိုင္ငံေရး ေခါင္းေဆာင္အမ်ားက ကန႔္ကြက္ေပမယ့္ ၁၉၆၀ ေက်ာ္ ၁၉၇၀ ျပည့္နီးနီးမွာ လုပ္တဲ့ ဆင္းရဲသား ဓေလ့ေတာ္လွန္ေရးႀကီး ျဖစ္ပါတယ္။

ဒီပြဲဟာ ႀကီးမားတဲ့ဆူပြက္မႈ ဆိုနိုင္တယ္။ ေမာ္ဘက္ေတာ္သားေတြနဲ႔ အဝိုင္းခံရသလို ျဖစ္ေနတဲ့ ကြန္ျမဴနစ္ ပါတီအရာရွိ အဆင့္ဆင့္ေတြ အခ်င္းခ်င္းေတြ ခြပ္တဲ့ (ျပည္တြင္းစစ္) လို႔ေတာင္ ထင္ရတတ္တယ္။ အဲဒီအခ်ိန္က ေမာ္အသက္က ေျခာက္ဆယ့္ငါးႏွစ္ပိုင္းမွာ ျဖစ္ေနၿပီ။ ဓေလ့ေတာ္လွန္ေရး ဆိုတဲ့ ေရွ႕ကို ခုန္တိုးပြဲႀကီးစတဲ့အခါ သူက အသက္ ခုနစ္ဆယ္က  ေတာ္ေတာ္ကေလး ေက်ာ္ေနၿပီ။ ၿပီးေတာ့ ေပၚလစီကို သိသိသာသာ လမ္းေျပာင္းမယ္ လို႔ဆိုၿပီး အေမရိကျပည္ေထာင္စုကို ပုတ္ခတ္ပြဲစတဲ့ အခ်ိန္မွာ သူက အသက္ ရွစ္ဆယ္ နားကပ္ေနၿပီ။ ခုေခတ္နဲ႔ သိပ္မကြာေသးတဲ့ နိုင္ငံေရးသမားတစ္ဦးရဲ့ ၾသဇာ ဘယ္ေလာက္ထိ ႀကီးမားခဲ့ပါသလဲလို႔ တြက္ဆရတာ သိပ္ခက္တယ္။ ဒီစာအုပ္ ပထမ စထြက္တဲ့အခါက ေမာ္ကို ေနရာျမင့္ျမင့္မွာ ထားခဲ့တယ္။ ဘာျပဳလို႔လဲဆိုေတာ့ ေမာ္ရဲ့ၾသဇာဟာ ႏွစ္ကာလအၾကာႀကီး တည္ရွိေနမယ္ ထင္မိလို႔ ျဖစ္ပါတယ္။ အခု ဒီလို မဟုတ္ေၾကာင္း သိေနၾကပါၿပီ။ တ႐ုတ္က ဆိုရွယ္လစ္ဝါဒကို စြန႔္မယ့္ကိန္း ဆိုက္နိုင္တယ္။ ေမာ္က တ႐ုတ္ကို အာဏာရွင္စနစ္ အေမြ ေပးခဲ့ေပမယ့္ ဆက္လက္ ရွင္သန္ တယ္ထင္ရေပမယ့္ ထင္သေလာက္ မဟုတ္ဘူးလို႔ သိသာေနပါၿပီ။ ဆက္လက္ ပြားမ်ား တည္တံ့ဖို႔လည္း မျမင္ပါ။ ေမာ္ အသက္ ထင္ရွားရွိစဥ္က သူလည္း ရွီဟြန္တိလို႔ အေရးပါတဲ့ ပုဂၢိဳလ္ တစ္ေယာက္လို႔ ထင္ပါတယ္။ ဒီပုဂၢိဳလ္ႏွစ္ဦး စလုံးဟာ တ႐ုတ္လူမ်ိဳးနိုင္ငံမွာ ႀကီးႀကီးက်ယ္က်ယ္ ေျပာင္းလဲမႈ ေပၚေအာင္ ဖန္တီးနိုင္သူေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ ရွီဟြန္တိရဲ့ၾသဇာဟာ တ႐ုတ္နိုင္ငံမွာ အႏွစ္ ႏွစ္ေထာင့္ႏွစ္ရာ ခံတယ္။ ေမာ္ရဲ့ၾသဇာကေတာ့ အခုပဲ အလ်င္အျမန္ တိမ္ျမဳပ္ကြယ္ေပ်ာက္လု ရွိသြားပါၿပီ။

ႏွစ္ဆယ္ရာစုႏွစ္ထဲက လူအခ်င္းခ်င္းကို ယွဥ္မယ္ဆိုရင္ ေမာ္နဲ႔ လီနင္ကို ယွဥ္ၾကည့္သင့္ပါတယ္။ ေမာ္က မာ့က္စ္ဝါဒကို တ႐ုတ္မွာ ခိုင္ျမဲေအာင္ လုပ္သလို လီနင္ ကလည္း ႐ုရွမွာ အလားတူ ေဆာင္ရြက္ခဲ့တယ္။

ဒီႏွစ္ေယာက္မွာ အမွတ္တမဲ့ ေျပာမယ္ဆိုရင္ ေမာ္က ပိုၿပီး တြင္က်ယ္ သလိုရွိပါတယ္။ နည္းနည္းပိုၿပီး အေလးအနက္ စဥ္းစားရင္ တ႐ုတ္က လူဦးေရမွာ ဆိုဗီယက္ ထက္ သုံးဆ သာတယ္။ ဒါေပမယ့္ လီနင္ကေမာ္အတြက္ စံထားစရာပုဂၢိဳလ္၊ ေမာ္အတြက္ ေရွ႕ေဆာင္၊ ေမာ္ အတုယူဖို႔ စံၿပ မဟုတ္ပါလား။ ေမာ္ရဲ့ေတြးေခၚပုံကို လမ္းျပသူ ျဖစ္ပါတယ္။ အဲဒါအျပင္ ကမၻာမွာ ပထမဆုံး ကြန္ျမဴနစ္နိုင္ငံကို ထူေထာင္သူ ျဖစ္လို႔ လီနင္က ကမၻာအႏွံ့ ၾသဇာ အင္မတန္ႀကီးသူ ျဖစ္တယ္။ ေမာ္လို႔ သူ႔ျပည္တြင္း မွာသာ လူအထင္ႀကီးသူမ်ားတာမ်ိဳး မဟုတ္ပါ။ အဲဒီအခ်က္ကို ခ်ဳပ္ကိုင္ၿပီး စဥ္းစားရင္ ေမာ္ကို ဒီစာအုပ္မွာ လီနင္ေအာက္က ထားရပါေတာ့တယ္။

20, January, 2002.

ေဒါက္တာသန္းထြန္း၏ ေက်ာ္စြာ ၁၀၀ မွ

Comments