အသက် ၁၇ နှစ်အရွယ် Mastermind Hacker တစ်ယောက်အကြောင်း

(Unicode)

 အသက်  ၁၇ နှစ်အရွယ်ဆိုတာ ဒီမှာတော့ ကလေးသာသာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံက Graham Ivan Clark  ဆိုတဲ့ mastermind ဆယ်ကျော်သက်ကောင်လေးကတော့ ‌Social Media Account တွေကို hack ပြီး bitcoin တွေ ‌‌ဒေါ်လာ တစ်သိန်းကျော်ဖိုး လိမ်လည်ခဲ့တာဖြစ်ပါတယ်။ 

Teenage boy from Tampa faces charges in massive Twitter hack
Graham Ivan Clark

 Kim Kardashian West, Kanye West, Elon Musk, Bill Gates နဲ့  Barack Obama တို့  အပါအဝင် နာမည်ကြီး celebrity တွေရဲ့ Twitter account တွေကို Hack ပြီး လိမ်လည်ခဲ့တာလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် July လ ၁၇ ရက်နေ့မှာ Clark အနေနဲ့ ခုနကပြောခဲ့တဲ့ နာမည်ကြီးတွေရဲ့ Twitter account တွေကို Hack ပြီး သူတို့ရဲ့ Follower တွေဆီကနေ  ကိုဗစ်ကုသရေး အစီအစဉ်အတွက်ဆိုပြီး Bitcoin တွေ အလှူခံခဲ့တာဖြစ်ပါတယ်။ 

Florida teen arrested as mastermind of Twitter hack - Vanguard News


"လူတိုင်းက ငါ့ကို တစ်ခုခုပေးဖို့ တောင်းဆိုနေကြတယ်.....အဲ့‌တော့ မင်းတို့ ငါ့ကို $1000 လွှဲရင် 2000 ပြန်လွှဲပေးမယ်" ဆိုပြီး Bill Gates ရဲ့ Twitter account မှာ တက်လာပါတယ်။ ပုံမှန်ဆို အဲ့လို scam တွေဟာ ‌အကောင့်အတုတွေနဲ့သာ တင်လေ့ရှိတာပါ။ ဒီလို အကောင့်ကြီးတွေက တင်လာတော့ လူတွေလည်းတကယ်ထင်ပြီး လွှဲကြပါတော့တယ်။ Apple တို့ Uber တို့ရဲ့ account တွေမှာလည်း အလားတူ tweet တွေတက်လာတော့ လူတွေပိုယုံကုန်ကြပါတယ်။

Teen 'mastermind' pleads guilty to celeb Twitter hack - BBC News

နာရီပိုင်းအတွင်းမှာတင် ဒီလိမ်လည်မှုကနေ Clark တို့ တစ်စု $117,000 (£84,200) လောက်တန်ကြေးရှိတဲ့ Cryptocurrency တွေကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။  

ဒါပေမယ့် Clark တစ်ယောက် ကံမကောင်းပါဘူး။ သူတောင်းခံခဲ့တဲ့ Bitcoin ဟာ ငွေလွှဲစာရင်းတွေ အများမြင်နိုင်တဲ့ နည်းပညာကို သုံးထားတာဖြစ်တာကြောင့် နောက်ယောင်ခံလိုက်လို့ လွယ်ခဲ့ပါတယ်။ 

သူနဲ့အတူ ပူးပေါင်းလိမ်လည်ခဲ့တဲ့ အသက် ၂၂နှစ်အရွယ် Nima Fazeli နဲ့  ၁၉နှစ်အရွယ် Mason Sheppard တို့လည်း ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ Clark ကိုတော့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ ပိုက်ဆံတွေလည်း အလိမ်ခံရတဲ့သူတွေဆီကို ပြန်လွှဲပေးခဲ့တယ်လို့ သူ့‌ရှေ့နေက ပြောပါတယ်။


စိတ်ဝင်စားဖို့ကောင်းတာက ဒီလိုနာမည်ကြီး Twitter account အများအပြားကို ဆယ်ကျော်သက်လူငယ်လေးတစ်စုက ဘယ်လို hack သွားလဲဆိုတာဖြစ်ပါတယ်။ Clark ဟာ twitter ရဲ့ ဝန်ထမ်းအသွင်ဆောင်ပြီး server ထဲဝင်ပြီး တစ်ခြား hacker နှစ်ယောက်နဲ့ ပူးပေါင်းပြီး ဖောက်ထွင်းခဲ့တဲ့လို့တော့ ဆိုပါတယ်။ 

အခုချိန်မှာ‌တော့ Clark ဟာ ‌ကျခံရမယ့် ၃နှစ်ထဲက ၁နှစ်တော့ ကျခံပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူပြန်လွတ်လာရင်လည်း သူ့ရဲ့ computer အသုံးပြုမှုကို စောင့်ကြည့်ကန့်သတ်ခြင်းခံသွားရမှာဖြစ်ပါတယ်။

(zawgyi)

(Unicode)














Comments

Post a Comment