Maximum Human Lifespan
လူတစ်ယောက်အများဆုံးနေနိုင်သည့်လူ့သက်တမ်းကိုမျိုးရိုးဗီဇအရ ကန့်သတ်ချက်မရှိခြင်းက လူတို့အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်။ ဆိုလိုတာက ကိုယ့်မိဘဘိုးဘွားဆွေမျိုးတွေထဲက ဘယ်အသက်အရွယ်မှာသေဆုံးကြလို့ ကိုယ်တိုင်လည်းအဲ့ဒီအသက်အရွယ်ရောက်ရင် သက်တမ်းကုန်ပြီဆိုတာမျိုးတွက်ဆလို့မရပါဘူး။ မွေးရာပါဘာရောဂါမှမရှိတဲ့လူတစ်ယောက်အတွက် အသက်ရှည်ခြင်း၊ မရှည်ခြင်းက မိမိကိုယ်တိုင်ဘဝတစ်လျှောက်လုံး နေထိုင်စားသောက်ဖြတ်သန်းရပုံတွေနဲ့ပဲဆိုင်ပါတယ်။
အသက် ၈၀-၉၀အထိ မည်သည့်ရောဂါမှ ကြီးကြီးမားမားမရှိဘဲကျန်းမာစွာဖြတ်သန်းနိုင်ခဲ့လျှင်
အနာဂတ်မှာသေဆုံးမှုအလားအလာ များစွာလျော့နည်းသွားသည်ဟု အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားတက္ကသိုလ်(ဘာကလေ)မှ ဒေါက်တာကန်နက်(သ်) ဝက်ချ်တာ (Dr. Kenneth Wachter)က ဆိုပါတယ်။
လေ့လာမှုအရ အသက်(၁၀၅)နှစ်သို့ရောက်ပြီးသူ ၆ဦးလျှင် ၁ယောက်သာ တစ်နှစ်အတွင်းသေဆုံးကြောင်းတွေ့ရပါတယ်။ ဒီတော့ အသက်(၁၀၅)နှစ်အထက်တွေမှာ တစ်နှစ်အတွင်းသေဆုံးရန်ရာခိုင်နှုန်းမှာ ၁၅%သာရှိပြီး အသက်ဆက်ရှင်ဖို့ရာခိုင်နှုန်းကတော့ ၈၅%ရှိနေတဲ့သဘောပါ။
(၁၀၅)နှစ်နှင့်အထက် လူဦးရေ ၄၀၀၀ ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၈ အတွင်း ၆နှစ်တာလေ့လာခဲ့ပြီး စာတမ်းထုတ်ပြန်ခဲ့ရာ ယခင်က ပညာရှင်တွေထင်ထားသောအချက်အလက်များစွာထဲက မှားယွင်းနေတဲ့အယူအဆများစွာရှိနေသည်ကို စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။
![]() |
| ဂင်းနစ် စံချိန်တင် အသက် ၁၁၆ နှစ်အရွယ်အဖွားအို Kane Tanaka |
အိုမင်းခြင်းရပ်တန့်သွားသည့် Plateau Phase
အသက်(၁၀၅)နှစ်နှင့်အထက်ရောက်လျှင် လူတို့မှာ ဆက်လက်အိုမင်းခြင်းမရှိတော့ဘဲ အိုမင်းခြင်းရပ်တန့်နေသည့်အချိန် (Plateau phase)သို့ ရောက်ရှိသွားသည်ဟုဆိုပါတယ်။ အကြောင်းအရင်းကတော့ အဆိုပါအရွယ်အထိ ရောက်နေရခြင်းကိုက အစားအသောက်၊အနေအထိုင်မှန်ကန်မှုရှိခြင်းကြောင်း ပြသရာရောက်သောကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါအသက်အရွယ်များ၏သေဆုံးမှုရာခိုင်နှုန်းသည် အသက် ၄၀ ရှိလူများ၏ တစ်နှစ်သေဆုံးမှုရာခိုင်နှုန်းထက် ပို၍လျော့နည်းနေတာကို အံ့ဩဖွယ်တွေ့ရှိတာခြင်းဖြစ်ပါတယ်။
အသက် ၄၀ ရှိသူများကို စာရင်းကောက်ယူပြီး တစ်နှစ်အကြာတွင် ဆေးလိပ်သောက်ခြင်းကြောင့်သေဆုံးသူ၊ အရက်ကြောင့်သေဆုံးသူ၊ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် ကူးစက်ရောဂါကြောင့်သေဆုံးသူများစွာရှိနေသော်လည်း အသက် ၁၀၅ နှစ်ပြည့်ပြီးသူအများစုတွင် အဆိုပါရောဂါများ၊ အမူအကျင့်များ လုံးဝနီးပါးမရှိသလို တစ်နှစ်အတွင်းသေဆုံးသူဦးရေမှာလည်း မရှိသလောက်ဖြစ်ကြောင်းတွေ့ရသည်။
ကမ္ဘာ့အသက်အရှည်ဆုံးလူသားများနေထိုင်ရာနေရာ
အီတလီနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေရှိ ပီအိုပီ (Pioppi)ဟုခေါ်သော ရွာလေးသည် ကမ္ဘာ့အသက်အရှည်ဆုံးလူသားများ စုဝေးရာနေရာတစ်ခုဖြစ်သည်။ အဆိုပါရွာလေး၌နေသူများ၏ ပျမ်းမျှသက်တမ်းမှာ ၈၉နှစ်ဖြစ်ပြီး အများစုမှာအသက်နှစ် ၁၀၀ အထက်နေကြရသူများဖြစ်သည်။ အသက်၈၀ကျော်သူများမှာ ကျန်းမာသန်စွမ်းပြီး အလုပ်လုပ်နိုင်သူများဖြစ်ကြသည်။ အခြားနိုင်ငံများတွင် ဖြစ်လေ့ရှိသည့် ဆီးချိုရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါတို့မှာ မရှိသလောက်နည်းပါးလှကြောင်းလည်းသိရသည်။
![]() |
| ပီအိုပီရွာကလေး |
အဆိုပါကျေးရွာ၌နေသူများ၏အစားအသောက်ကိုလေ့လာရာတွင် သကြားစားသုံးမှုလုံးဝနီးပါးမရှိကြချေ။ မြေထဲပင်လယ်ကမ်းခြေဒေသဖြစ်သည်နှင့်အညီ ပင်လယ်စာများကိုအဓိကစားသုံးကာ သံလွင်ဆီကို အသုံးပြုချက်ပြုတ်စားသောက်ခြင်းက ကျန်းမာစေခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဟင်းသီးဟင်းရွက်နှင့် လတ်ဆတ်သောသစ်သီးများကိုလည်း မကြာခဏစားသုံးလေ့ရှိကာ အစေ့အဆံများကို သရေစာအဖြစ်စာသုံးကြကြောင်းတွေ့ရသည်။ လူတိုင်းနီးပါးက ဒေါသမောဟ ကင်းစင်ကာ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်၊ ကူညီရိုင်းပင်းလျက်နေထိုင်ကြသည်။ ထိုအချက်တွေကြောင့်ပဲ ၎င်းဒေသအတွင်းရှိ လူတွေဟာ အသက်ရှည်ရုံမက ရောဂါဘယပေါင်းစုံမှလည်းကင်းဝေးလျက်ရှိသည်။ ယင်းတို့အကြောင်း လေ့လာခဲ့သော သုတေသီဒေါက်တာ မယ်လ်ဟိုထျာ (Dr. Malhotra)က ထူးခြားချက်(၈)ခုကို မှတ်တမ်းတင်ခဲ့ရာ အောက်ပါအတိုင်းတွေ့ရှိရသည်။
![]() |
| ပီအိုပီရွာသားများ |
ကမ္ဘာ့အကျန်းမာဆုံးလူများနေထိုင်ရာပီအိုပီရွာလေးရှိလူများ၏တူညီချက်(၈)ချက်
၂။သံလွင်ဆီကိုနေ့စဉ်စားသုံးခြင်း
၃။ကြက်ဥကိုအခါအားလျော်စွာစားသုံးပေးခြင်း
၄။ဟင်းသီးဟင်းရွက်များများစားသုံးခြင်း
၅။နေ့စဉ်လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
၆။တစ်ပတ်တစ်ကြိမ်(၂၄)နာရီအစားမစားဘဲနေခြင်း
၇။တစ်နေ့လျှင်အနည်းဆုံး(၇)နာရီအိပ်စက်ခြင်း
၈။အဝမလွန်အောင်ထိန်း၍စားသုံးလေ့ရှိခြင်းတို့ပဲဖြစ်ပါတယ်။




Thanks
ReplyDeleteGood
ReplyDeleteThank you for your information 💕
ReplyDeleteWow!!!
ReplyDeleteဒီမှာလည်း
သေချာ လိုက်နာနိုင်ကြရင်
သက်ရှည် ကျန်းမာကြမှာပဲ
I do like this
ReplyDeleteAmazing
ReplyDeletewow that is amazing
ReplyDeleteI like pls write more bout ages
ReplyDeleteInteresting.
ReplyDelete