Mental Counselingအကြောင်း



 

Mental Counselingအကြောင်း

9 Careers With a Master's Degree in Clinical Mental Health Counseling

Mental Counselingဆိုတာ ဘာလဲ။

Mental Counseling ဆိုတာ မိမိရဲ့ စိတ်ကျန်းမာရေးတွက် Mental health counselorနှင့် ဆွေးနွေးတိုင်ပင်ခြင်းပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သော Mental health counselorတွေဟာ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းများနှင့် လူတွေရဲ့ စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် ကုသပေးနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီး လူငယ် လေးဦးမှာ တစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုခုကို ခံစားရလေ့ရှိပြီး Mental Counselingပြုလုပ်လေ့ရှိကြပါတယ်။ နိုင်ငံခြားမှာဆိုရင် Mental Counselingဟာ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအနေနဲ့တော်တော် ခေတ်စားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Mental Counselingဟာ အရင်တည်းက ရှိပေမယ့် ခုလို ကိုဗစ်ကာလနှင့် coupကာလတွေမှာ Mental Counselingဟာ တော်တော်တွင်ကျယ်လာပြီပဲ ဖြစ်ပြီး အိမ်မှာနေကြရတဲ့ကာလမှာ အွန်လိုင်းမှတောင် Mental Counselingတွေ ပြုလုပ်နိုင်ပါတယ်။

Mental health counselorဟာ ဘာတွေ လုပ်ပေးနိုင်သလဲ။

Mental health counselorတွေဟာ ဆွေးနွေးတိုင်ပင်သူမှာ ဘာတွေ ဖြစ်နေလဲ၊ ဘယ်လိုခံစားနေရလဲဆိုတာကို နားထောင်ပေးပြီး ဆွေးနွေးတိုင်ပင်သူတွေရဲ့ စိတ်ခံစားချက် ဘယ်လိုဖြစ်နေလဲဆိုတာကို အဖြေရှာပေးနိုင်ပါတယ်။ဆွေးနွေးတိုင်ပင်သူတွေနှင့်အတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုကောင်းလာဖို့ ပန်းတိုင်တွေချမှတ်ပြီး ကုထုံးတွေအကြောင်း ဆွေးနွေးကြပါတယ်။ Mental health counselor တွေဟာ ဆွေးနွေးတိုင်ပင်သူများ၏ မိမိကိုယ်ကို တန်ဖိုးထားမှု(self-esteem)ကို တိုးတက်အောင်နှင့် အပြုအမူတွေကို ပြောင်းလဲသွားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Best Corporate Mental Health Practices During the Pandemic and Beyond

Mental Counselingအမျိုးအစားများ

-Individual Counseling (တစ်ယောက်တည်း ဆွေးနွေးတိုင်ပင်ခြင်း)

ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မူးယစ်ဆေး သုံးစွဲခြင်းတို့အကြောင်းကို ဆွေးနွေးတိုင်ပင်တဲ့အမျိုးအစားဖြစ်ပြီး counselorနှင့် ဆွေးနွေးတိုင်ပင်သူ နှစ်ယောက်တည်း ဆွေးနွေးတိုင်ပင်တာမျိုး ဖြစ်ပါတယ်။

-Family Counseling (မိသားစုလိုက် ဆွေးနွေးတိုင်ပင်ခြင်း)

မိသားစုထဲမှာ ဆက်ဆံရေးအဆင်မပြေမှုတွေ၊ အိမ်ထောင်မှု ပြဿနာတွေ၊ ပြုစုပျိုးထောင်မှု ပြဿနာများနှင့် မောင်နှမချင်း မတည့်ကြတဲ့ခါ ပြုလုပ်ရတဲ့ Mental Counselingအမျိုးအစား ဖြစ်ပါတယ်။

-Couples Counseling (စုံတွဲလိုက် ဆွေးနွေးတိုင်ပင်ခြင်း)

ချစ်သူရည်းစားတွေမှာ ရန်ခဏခဏဖြစ်တာတွေ၊ အဆင်မပြေတာတွေကြောင့် ပြုလုပ်ရတဲ့ Mental Counselingအမျိုးအစားဖြစ်ပြီး ချစ်သူရည်းစားဆက်ဆံရေးမှာ တချို့သော ပန်းတိုင်တွေ ရောက်အောင်လည်း ဒီMental Counselingက ကူညီပေးနိုင်ပါတယ်။

-Group Counseling (အဖွဲ့လိုက် ဆွေးနွေးတိုင်ပင်ခြင်း)

သူငယ်ချင်းအဖွဲ့တွေ အထူးသဖြင့် လူငယ်အုပ်စုတွေမှာ မိမိကိုယ်ကို တန်ဖိုးထားမှု (self-esteem)နည်းခြင်း၊ အကြမ်းဖက်ခံရခြင်း၊ စိတ်ဒဏ်ရာနှင့် မူးယစ်ဆေးသုံးစွဲခြင်းတို့ကြောင့် ဆွေးနွေးတိုင်ပင်ကြတဲ့ Mental Counseling အမျိုးအစား ဖြစ်ပါတယ်။

Mental health counselor လုပ်တဲ့လူဟာ ဘာတွေလိုအပ်သလဲ။

Mental health counselorလုပ်တဲ့လူဟာ အနည်းဆုံး စိတ်ပညာ သို့မဟုတ် လူမှုဗေဒတို့မှာ ဘွဲ့တစ်ခု ရရှိဖို့ လိုအပ်ပြီး စိတ်ပညာ၊ စိတ်ပညာဆိုင်ရာ ကုထုံးများနှင့် ဆွေးနွေးတိုင်ပင်ခြင်းတို့နဲ့ ပတ်သက်သည့် ဗဟုသုတ အများကြီး ရှိဖို့ လိုအပ်ပါတယ်။ ထို့ပြင် နားထောင်ပေးနိုင်စွမ်း ကောင်းမွန်ခြင်း၊ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ခြင်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း ကောင်းမွန်ခြင်း၊ ပြဿနာကို ကောင်းစွာ ဖြေရှင်းနိုင်ခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း စတာတွေ လိုအပ်ပါတယ်။

ဘယ်ချိန်မှာ Mental Counseling ပြုလုပ်သင့်လဲ။

ကျွန်တော်တို့ဟာ
-မိမိတို့ရဲ့ အတွေးတွေနှင့် မှတ်ဥာဏ်တွေကို ထိန်းချုပ်လို့ မရတော့ဘူးလို့ မကြာခဏ ခံစားရတဲ့ခါ၊
-ဘဝကို ကြမ်းတမ်းခက်ခဲပြီး စီမံခန့်ခွဲဖို့ မဖြစ်နိုင်တော့ဘူးလို့ မြင်လာတဲ့ခါ၊
-အရင်တုန်းက လုပ်ရတာပျော်တဲ့အရာတွေကို စိတ်ဝင်စားမှု မရှိတော့တဲ့ခါ၊
-ပတ်ဝန်းကျင်က လူအများစုနှင့် ဆက်ဆံရေးကျဲတာ များလာသောအခါ၊
-ပြဿနာတွေကို မူးယစ်ဆေးသုံးစွဲပြီး ဖြေရှင်းလာတဲ့အခါ
-ကြောက်ရွံ့မှုက မိမိကို လွှမ်းမိုးလာတဲ့ခါ၊
-Mental Counselingလုပ်ကြည့်ရင် တစ်ခုခု အကျိုးထူးမယ်လို့ ခံစားရတဲ့ခါ Mental health counselorများနှင့် တွေ့ပြီး ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်။ Mental Counselingလုပ်ဖို့တွက် စိတ်ဝေဒနာ တစ်ခုခုကို ခံစားနေရဖို့ မလိုအပ်ပါဘူး။ စိုးရိမ်စရာတွေ လျှော့ချချင်တာပဲဖြစ်ဖြစ်၊ ပိုကောင်းတဲ့ အိမ်ထောင်ဖက် သို့မဟုတ် မိဘဖြစ်ချင်တဲ့ခါပဲဖြစ်ဖြစ်၊ ပန်းတိုင်ရောက်ဖို့ စိတ်ခွန်အားလိုချင်ရင်ပဲ ဖြစ်ဖြစ် Mental Counselingပြုလုပ်လို့ ရပါတယ်။

M.A. in Clinical Mental Health Counseling | Regent University

Mental Counselingပြုလုပ်လျှင် လုပ်ခိုင်းတတ်သည့် အရာများ

-မိမိ၏ အတွေးများကို ချရေးခိုင်းခြင်း

ရက်ချိန်းမရှိတဲ့ရက်တွေမှာ ဆွေးနွေးတိုင်ပင်လို့ မရတဲ့ခါ မိမိရဲ့အတွေးတွေနှင့် ခံစားချက်တွေကို တစ်နေ့လုံးမှ ငါးမိနစ်စာလောက် ရေးခိုင်းထားတတ်ကြပါတယ်။ ဒီနည်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူ များစွာပြုပြီး Mental health counselorနှင့် ပြန်တွေ့တဲ့ခါ စာရွက်တွေက စိတ်အခြေအနေကို ဖော်ပြပေးနိုင်ပါတယ်။

-အရေးပါတဲ့လူတွေကို စာရင်းပြုလုပ်ခြင်း

မိမိဘဝတွက် အရေးပါတဲ့လူတွေကို ဦးစားပေးအလိုက် စာရင်းပြုလုပ်ပြီး ဂရုစိုက်ပေးပါ၊ စာတွေပို့ပါ၊ ဖုန်းတွေ ခေါ်ပေးပါ။ လိုအပ်ပါက ရင်ဖွင့်ပါ။

-ကံကောင်းတယ်လို့ ခံစားရတာတစ်ခုခုကို ချရေးခြင်း

အရာရာကို မကောင်းမြင်တာ များလာတဲ့ခါ မိမိဘဝမှာ ကံကောင်းနေတဲ့ အချက် နှစ်ချက်လောက်ကို ချရေးကြည့်ပါ။ ဥပမာ- သင့်ကို ချစ်နေပေးတဲ့ လူအကြောင်း၊ သင် ဂုဏ်ယူရတဲ့ တစ်ခုခုအကြောင်း၊....။

-မိမိကိုယ်ကို ဂရုစိုက်ပေးခြင်း

မိမိကိုယ်တိုင်တွက် အချိန်ပေးပါ။ စားချင်တာတွေ စားပြီး လုပ်ချင်တာတွေ လုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊ skin careခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတာတွေကို လုပ်ကြည့်ပါ။

-မိမိစိတ်ထဲက စကားကို နားထောင်ပေးခြင်း

မိမိစိတ်ထဲက စကားတွေကို မငြင်းဆန်ဘဲ နားထောင်ကြည့်ပေးပါ။ မိမိ ဘယ်လိုခံစားနေရတယ်ဆိုတာ လက်ခံပေးပါ။ ကိုယ့်ကိုယ်ကိုယ် ညင်သာသော စကားတွေအများကြီး ပြောပေးပါ။

(Zawgyi)

Mental Counselingအေကြာင်း



Mental Counseling ဆိုတာ မိမိရဲ့ စိတ္က်န်းမာရေးတြက် Mental health counselorနွင့် ဆြေးနြေးတိုင္ပင်ျခင်းပျဲဖစ္ပါတယ်။ ကျမြ်းက်င်သော Mental health counselorတြေဟာ စိတ္ပိုင်းဆိုင်ရာ နည်းလမ်းမ်ားနွင့် လူတြေရဲ့ စိတ္က်န်းမာရေးကို ပိုမိုကောင်းမြန္လာအောင် ကုသေပးနိုင္ပါတယ်။ အေမရိကန္နိုင်ငံမွာ အရြယ်ရောက်ပြီး လူငယ် လေးဦးမွာ တစ်ဦးဟာ စိတ္ပိုင်းဆိုင်ရာ ဝေဒနာတစ္ခုခုကို ခံစားရေလ့ရွိပြီး Mental Counselingျပုလုပ်လေ့ရွိကြပါတယ်။ နိုင်ငျံခားမွာဆိုရင် Mental Counselingဟာ အသက်မြေးဝမ်းကော်င်းအလုပ္တစ္ခုအေနနဲ့တော်တော် ခေတ္စားပါတယ်။ ကျန်ြတ္တောိျု့မန္မာနိုင်ငံမွာလည်း Mental Counselingဟာ အရင္တည်းက ရွိပေမယ့် ခုလို ကိုဗစ္ကာလနွင့် coupကာလေတြမွာ Mental Counselingဟာ တော်တော်တြင္က်ယ္လာပြီပျဲဖစ်ပြီး အိမ္မွာနေကြရတဲ့ကာလမွာ အြန္လိုင်းမွေတာင် Mental Counselingတျြေပုလုပ္နိုင္ပါတယ်။

Mental health counselorဟာ ဘာတြေ လုပ်ပေးနိုင်သလဲ။

Mental health counselorတြေဟာ ဆြေးနြေးတိုင္ပင်သူမွာ ဘာတျြေဖစ်နေလဲ၊ ဘယ္လိုခံစားနေရလဲဆိုတာကို နားထောင်ပေးပြီး ဆြေးနြေးတိုင္ပင်သူတြေရဲ့ စိတ္ခံစားခ်က် ဘယ္လျိုဖစ်နေလဲဆိုတာကို အျေဖရွာပေးနိုင္ပါတယ်။ဆြေးနြေးတိုင္ပင်သူတြေနွင့်အတူ စိတ္ပိုင်းဆိုင်ရာ က်န်းမာရေး ပိုကောင်းလာဖို့ ပန်းတိုင်တြေခ်မွတ်ပြီး ကုထုံးတြေအေကြာင်း ဆြေးနြေးကြပါတယ်။ Mental health counselor တြေဟာ ဆြေးနြေးတိုင္ပင်သူမ်ား၏ မိမိကိုယ္ကို တန္ဖိုးထားမှု(self-esteem)ကို တိုးတက်အောင်နွင့် အျပုအမူတြေကိုျေပာင်းလဲသြားနိုင်အောင် ကူညီပေးနိုင္ပါတယ်။


Mental Counselingအမိုးအစားမ်ား

-Individual Counseling (တစ်ယောက္တည်း ဆြေးနြေးတိုင္ပင်ျခင်း)

ကြောက်ြရံျ့ခင်း၊ ဒေါသထြက်ျခင်း၊ စိတ္ဓာတ္က်ျခင်းနွင့် မူးယစ်ဆေး သုံးစျြဲခင်းတို့အေကြာင်းကို ဆြေးနြေးတိုင္ပင္တဲ့အမိုးအစာျးဖစ်ပြီး counselorနွင့် ဆြေးနြေးတိုင္ပင်သူ နွစ်ယောက္တည်း ဆြေးနြေးတိုင္ပင္တာမိုျးဖစ္ပါတယ်။

-Family Counseling (မိသားစုလိုက် ဆြေးနြေးတိုင္ပင်ျခင်း)

မိသားစုထဲမွာ ဆက္ဆံရေးအဆင္မျေပမှုတြေ၊ အိမ်ထောင္မျှုပဿနာတြေ၊ျပုစုပိုးထောင္မျှုပဿနာမ်ားနွင့် မောင်နွမခ်င်း မတည့်ကြတဲ့ချါပုလုပ်ရတဲ့ Mental Counselingအမိုးအစာျးဖစ္ပါတယ်။

-Couples Counseling (စုံတြဲလိုက် ဆြေးနြေးတိုင္ပင်ျခင်း)

ခ်စ်သူရည်းစားတြေမွာ ရန္ခဏခဏျဖစ္တာတြေ၊ အဆင္မျေပတာတြေကြာင့်ျပုလုပ်ရတဲ့ Mental Counselingအမိုးအစာျးဖစ်ပြီး ခ်စ်သူရည်းစားဆက္ဆံရေးမွာ တခို့သော ပန်းတိုင်တြေ ရောက်အောင္လည်း ဒီMental Counselingက ကူညီပေးနိုင္ပါတယ်။

-Group Counseling (အဖြဲ့လိုက် ဆြေးနြေးတိုင္ပင်ျခင်း)

သူငယ္ခ်င်းအဖြဲ့တြေ အထူးသျဖင့် လူငယ်အုပ္စုတြေမွာ မိမိကိုယ္ကို တန္ဖိုးထားမှု (self-esteem)နည်ျးခင်း၊ အကြမ်းဖက္ခံရျခင်း၊ စိတ္ဒဏ်ရာနွင့် မူးယစ်ဆေးသုံးစျြဲခင်းတို့ကြောင့် ဆြေးနြေးတိုင္ပင်ကြတဲ့ Mental Counseling အမိုးအစာျးဖစ္ပါတယ်။

Mental health counselor လုပ္တဲ့လူဟာ ဘာတြေလိုအပ်သလဲ။

Mental health counselorလုပ္တဲ့လူဟာ အနည်းဆုံး စိတ္ပညာ သို့မဟုတ် လူမှုဗေဒတို့မွာ ဘြဲ့တစ္ခု ရရွိဖို့ လိုအပ်ပြီး စိတ္ပညာ၊ စိတ္ပညာဆိုင်ရာ ကုထုံးမ်ားနွင့် ဆြေးနြေးတိုင္ပင်ျခင်းတို့နဲ့ ပတ်သက်သည့် ဗဟုသုတ အမ်ားကြီး ရွိဖို့ လိုအပ္ပါတယ်။ ထိျု့ပင် နားထောင်ပေးနိုင္စြမ်း ကောင်းမြန်ျခင်း၊ ကောင်းမြန္စြာျေပာဆိုဆက္ဆံနိုင်ျခင်း၊ ဝေဖန္ပိုင်ျးခားနိုင္စြမ်း ကောင်းမြန်ျခင်း၊ျပဿနာကို ကောင်းစြာျေဖရွင်းနိုင်ျခင်း၊ ကိုယ္ခ်င်းစာစိတ်ရျွိခင်း စတာတြေ လိုအပ္ပါတယ်။

ဘယ္ခိန္မွာ Mental Counselingျပုလုပ်သင့္လဲ။

ကျန်ြတ္တောို့ဟာ
-မိမိတို့ရဲ့ အေတြးတြေနွင့် မွတ်ဥာဏ်တြေကို ထိန်းခ်ုပ္လို့ မရေတာ့ဘူးလို့ မကြာခဏ ခံစားရတဲ့ခါ၊
-ဘဝကို ကြမ်းတမ်းခက္ခဲပြီး စီမံခန့်ခြဲဖို့ မျဖစ္နိုင်တော့ဘူးလိျု့မင္လာတဲ့ခါ၊
-အရင္တုန်းက လုပ်ရတာပေ်္တာဲ့အရာတြေကို စိတ်ဝင္စားမှု မရွိတော့တဲ့ခါ၊
-ပတ်ဝန်းက်င္က လူအမ်ားစုနွင့် ဆက္ဆံရေးက်ဲတာ မ်ားလာသောအခါ၊
-ျပဿနာတြေကို မူးယစ်ဆေးသုံးစြဲပြီးျေဖရွင်းလာတဲ့အခါ
-ကြောက်ြရံ့မှုက မိမိကို လွှမ်းမိုးလာတဲ့ခါ၊
-Mental Counselingလုပ်ကြည့်ရင် တစ္ခုခု အကိုးထူးမယ္လို့ ခံစားရတဲ့ခါ Mental health counselorမ်ားနွင့် တြေ့ပြီး ဆြေးနြေးတိုင္ပင်ကြည့်သင့္ပါတယ်။ Mental Counselingလုပ္ဖို့တြက် စိတ်ဝေဒနာ တစ္ခုခုကို ခံစားနေရဖို့ မလိုအပ္ပါဘူး။ စိုးရိမ္စရာတြေ လျွော့ခ်ခ်င္တာပျဲဖစ်ျဖစ်၊ ပိုကောင်းတဲ့ အိမ်ထောင္ဖက် သို့မဟုတ် မိဘျဖစ္ခ်င္တဲ့ခါပျဲဖစ်ျဖစ်၊ ပန်းတိုင်ရောက္ဖို့ စိတ္ခြန်အားလိုခ်င်ရင္ပျဲဖစ်ျဖစ် Mental Counselingျပုလုပ္လို့ ရပါတယ်။

Mental Counselingျပုလုပ္လျွင် လုပ္ခိုင်းတတ်သည့် အရာမ်ား


-မိမိ၏ အေတြးမ်ားကို ခ်ရေးခိုင်ျးခင်း

ရက္ခိန်းမရွိတဲ့ရက်တြေမွာ ဆြေးနြေးတိုင္ပင္လို့ မရတဲ့ခါ မိမိရဲ့အေတြးတြေနွင့် ခံစားခ်က်တြေကို တစ်နေ့လုံးမွ ငါးမိနစ္စာလောက် ရေးခိုင်းထားတတ်ကြပါတယ်။ ဒီနည်းဟာ စိတ္ပိုင်းဆိုင်ရာ က်န်းမာရေးကို အေထာက်အကူ မ်ားစျြာပုပြီး Mental health counselorနွင့်ျပန်တြေ့တဲ့ခါ စာရြက်တြေက စိတ်ေအျခအေနကို ဖော်ျပေပးနိုင္ပါတယ်။

-အေရးပါတဲ့လူတြေကို စာရင်ျးပုလုပ်ျခင်း

မိမိဘဝတြက် အေရးပါတဲ့လူတြေကို ဦးစားပေးအလိုက် စာရင်ျးပုလုပ်ပြီး ဂရုစိုက်ပေးပါ၊ စာတြေပို့ပါ၊ ဖုန်းတြေ ခေါ်ပေးပါ။ လိုအပ္ပါက ရင္ဖြင့္ပါ။

-ကံကောင်းတယ္လို့ ခံစားရတာတစ္ခုခုကို ခ်ရေျးခင်း

အရာရာကို မေကာင်ျးမင္တာ မ်ားလာတဲ့ခါ မိမိဘဝမွာ ကံကောင်းနေတဲ့ အခ်က် နွစ္ခ်က်လောက္ကို ခ်ရေးကြည့္ပါ။ ဥပမာ- သင့္ကို ခ်စ်နေပးတဲ့ လူအေကြာင်း၊ သင် ဂုဏ်ယူရတဲ့ တစ္ခုခုအေကြာင်း၊....။

-မိမိကိုယ္ကို ဂရုစိုက်ပေျးခင်း

မိမိကိုယ္တိုင္တြက် အခိန်ပေးပါ။ စားခ်င္တာတြေ စားပြီး လုပ္ခ်င္တာတြေ လုပ်ကြည့္ပါ။ လေ့က်င့္ခန်းလုပ်ျခင်း၊ skin careျခင်း၊ ရုပ်ရွင်ကြည့်ျခင်း စတာတြေကို လုပ်ကြည့္ပါ။

-မိမိစိတ္ထဲက စကားကို နားထောင်ပေျးခင်း

မိမိစိတ္ထဲက စကားတြေကို မျငင်းဆန္ဘဲ နားထောင်ကြည့်ပေးပါ။ မိမိ ဘယ္လိုခံစားနေရတယ္ဆိုတာ လက္ခံပေးပါ။ ကိုယ့္ကိုယ္ကိုယ် ညင်သာသော စကားတြေအမ်ားကြီးျေပာပေးပါ။

Comments

  1. Actually, I had a mental counseling this week. I highly recommend other people to get counseling services. It's the best way to cope our stress and depression in this pandemic+political crisis.

    ReplyDelete

Post a Comment