MLM (Multilevel Marketing)
မြန်မာနိုင်ငံမှာ 2010 ခုနှစ်ဝန်းကျင်လောက်က နာမည်ကြီးလာပြီး လူတော်တော်များများရဲ့ ဘဝနေထိုင်မူတွေကို အကျိုးသက်ရောက်ခဲ့တဲ့ MLM(Multilevel Marketing) စနစ်က ဆိုးတာလား ကောင်းတာလား။ ဘာတွေကောင်းလဲ ဘာတွေဆိုးလဲ။ ဘာလို့ အဲ့စနစ်နဲ့ရောင်းတဲ့ Product တွေက သာမန်ထက်ပိုဈေးကြီးရတာလဲ အရည်အသွေးကရော ဘယ်လိုအခြေအနေမှာရှိသလဲ။
လက်ရှိအချိန်မှာ CDM ဝန်ထမ်းတွေရယ် ဆယ်ကျော်သက် ကျောင်းသားတွေရယ်ကို ပစ်မှတ်ထား ဆွဲဆောင်လာတဲ့ MLM စနစ်ဆိုတာ ဘာလဲ အကျိုးရှိမှာလား?
MLM စနစ်ဆိုတာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက မူရင်းထုတ်လုပ်သူကနေ သုံးစွဲသူဆီ တိုက်ရိုက် ဦးစားပေး ရောင်းချတာဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မူရင်းထုတ်လုပ်သူက တဆင့်ခံဖြန့်ဖြူးသူတွေဆီကိုသာ ဦးစားပေးဖြန့်ဖြူးခြင်းပါ။ ပထမတစ်ခုမှာလည်း တဆင့်ခံ ဖြန့်ဖြူးသူတွေ ရှိပေမဲ့ သုံးစွဲသူဆီ တိုက်ရိုက်ရောင်းချနေတဲ့ ထုတ်လုပ်သူဟာ ဖြန့်ဖြူးသူတွေကြားမှာပါ ဈေးနှုန်းကို ပမာဏတစ်ခုဝန်းကျင်မှာ ထိန်းထားလေ့ရှိပါတယ်။
ဒုတိယတစ်မျိုးမှာကတော့ Product တစ်ခုတည်းမှာကို ဈေးနှုန်းဟာ ပရမ်းပတာ ဖြစ်နေတတ်ပါတယ်။ ဘာလို့လဲ Pyramid scheme ကြောင့်ပါ။ ပိရမစ်ပုံစံတစ်ခုကို မြင်ယောင်ကြည့်ပါ။ ထိပ်ဆုံးမှာ မူရင်းထုတ်လုပ်သူရှိမယ်။ သူကနေ လူတစ်စုဆီ Product ကို ဖြန့်လိုက်မယ်။ လက်ထဲပစ္စည်းရောက်ပြီး လူတစ်ချို့က နောက်တစ်ဆင့် တခြားလူတစ်ချို့ဆီ ပြန်ဖြန့်မယ်။ အဲ့လိုနဲ့တဆင့်ချင်း နောက်ထပ်လူတွေဆီ ပစ္စည်းတန်ဖိုးကို ရာခိုင်နှုန်းအလိုက် နည်းနည်းချင်းတိုးဖြန့်ကြတော့ ပိရမစ်ရဲ့အောက်ဆုံး လူဆီရောက်တဲ့အခါ ဈေးကမတရားကြီးနေတာပါ။ Product တစ်မျိုးတည်းကိုပဲ ပိရမစ်ထိပ်ဆုံးကဈေးဟာ ၅၀ ဖြစ်ရင်တောင် အောက်ဆုံးလူဆီမှာဆို ၁၅၀ ပေးဝယ်ရမှာပါ။ Price do quality မဖြစ်နိုင်တော့ပါဘူး။ ပိရမစ်ထိပ်ဆုံးကနေ အောက်ဆုံးကြားထဲမှာလည်း တဆင့်ရောင်းသူတွေဟာ ထောင်နဲ့ချီ ရှိနေနိုင်ပါတယ်။
MLM စနစ်သုံးတဲ့ Company တော်တော်များများရဲ့ အဓိကပြဿနာဟာ Product မဟုတ်သလို သုံးစွဲသူတွေလည်းမဟုတ်ပါဘူး (သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း မမှီရင်တော့ သုံးစွဲသူဖက်ကရော ဥပဒေအရပါ ပြဿနာရှိလာပါပြီ။ ပြီးတော့ MLM စနစ်က တရားဝင်စနစ်တစ်ခုပါ)။
အဓိကပြဿနာဟာ ပိရမစ်ထိပ်ဆုံးက ထုတ်လုပ်သူကသာ အကျိုးအမြတ်များများရပြီးတော့ အောက်ခြေကိုရောက်လေ တကယ်အလုပ်လုပ်ရလေဖြစ်တဲ့ တဆင့်ခံအရောင်းသမားတွေဟာ ထင်သလောက် အကျိုးအမြတ် မရနိုင်တာပါ။ အဲ့အပြင် ထုတ်လုပ်သူက သုံးစွဲသူဆီကို တိုက်ရိုက်ရောင်းချမဲ့ ဈေးကွက်ကလည်း ရှိနေပါသေးတယ်။
MLM နှစ်မျိုးမှာ ပထမ သုံးစွဲသူဦးစားပေး တိုက်ရိုက်ရောင်းတာက တရားဝင်ပေမဲ့ ပိရမစ်ပုံစံကတော့ တရားမဝင်ပါဘူး။
မြန်မာနိုင်ငံမှာဆိုရင် ပိရမစ်ပုံစံ MLM စနစ်တွေအများအပြား ရှိနေပါတယ်။ အထူးသဖြင့် သုံးစွဲသူကို အာမခံချက် မပေးနိုင်တဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်ထဲ ဖြန့်တဲ့အခါ အဲ့စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲပါ။ လတ်တလော နိုင်ငံတွင်းမှာ MLM စနစ်ကို အရေးယူမဲ့ဥပဒေ မယ်မယ်ရရမရှိပေမဲ့ နိုင်ငံတကာမှာဆိုရင်တော့ FTC လို့ခေါ်တဲ့ Federal Trade Commission က MLM စနစ်သုံးတဲ့ Company တွေကို ဆယ်စုနှစ်များစွာကြာအောင် စောင့်ကြည့်စုံစမ်းခဲ့ပါတယ်။ ထင်ထင်ရှားရှားကိစ္စဆိုရင် Herbalife ဆိုတဲ့နာမည်ကြီး အာဟာရအစာ Company တစ်ခုဟာ ဝိတ်ကျစေတဲ့ အာဟာရ ကုန်ပစ္စည်းကို တဆင့်ဖြန့်ဖြူးသူပေါင်း 500000 ကျော်နဲ့ MLM စနစ်ကို အသုံးပြုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူ ရင်းနှီးမြှပ်နှံသူ William Ackman ဆိုသူဟာ အဲ့ဒီ Company က scam တွေနဲ့ တရားစွဲခံရမူတွေကြားမှာ ပြိုလဲသွားလိမ့်မယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမဲ့ 2019 ခုနှစ် အောက်တိုဘာလမှာတောင် Company ဟာ ရှယ်ယာတစ်ခုကို 40 ဒေါ်လာနဲ့ ရပ်တည်နေခဲ့ပါတယ်။ ကုန်ပစ္စည်းရဲ့ အရည်အသွေးကောင်းမူကြောင့်လည်းပါတာပေါ့။
MLM စနစ်က ကမ္ဘာ့နေရာအနှံ့မှာ အောင်မြင်နေဆဲပါ။ ဒါပေမဲ့ အကျိုးအမြတ်က ထိပ်ဆုံးကိုသာ များများရောက်ပြီး အောက်ခြေကိုရောက်လေ အမြတ်နည်းလေဆိုတာက ပုံမှန်ကြီးဖြစ်နေပါတယ်။ တချို့ဆိုရင် ပစ္စည်းက အရည်အသွေး ညံ့လွန်းလို့ ရောင်းမရတော့ပဲ တဆင့်ဖြန့်ဖြူးသူတွေဆီမှာ ပုံနေကြတဲ့ ကိစ္စတွေလည်း မနည်းမနောပါပဲ သုံးစွဲမိသူတွေလည်း ပြဿနာမျိုးစုံ တက်ကြရပါတယ်။ တာဝန်ခံပေးမဲ့လူကတော့ မရှိပါဘူး။
ဒါဆိုရင် MLM စနစ်ကို ဘယ်လိုရှောင်ကြမလဲ ကိုယ်က တဆင့်ဖြန့်ဖြူးမဲ့သူဆိုရင် ကိုယ်လုပ်မဲ့ product က ဈေးကွက်ထဲမှာ အခြေအနေဘယ်လိုရှိလဲ ပိုင်ရှင်ဘယ်သူလဲ ဘယ်မှာထုတ်လုပ်လဲ ဘာစံချိန်စံညွှန်းတွေရှိလဲ ဇစ်မြစ်ကို သေသေချာချာစုံစမ်းပါ ကိုယ်တိုင်သုံးဖို့ ဝယ်မှာဆိုရင်လည်း ပစ္စည်းကို online မှာလိုက်ရှာကြည့်ပါ သက်ဆိုင်ရာကျွမ်းကျင်သူတွေကို မေးပါ ဆွေးနွေးပါ ဈေးနည်းနည်းပိုပေးဝယ်ရတာ ကိုယ့်အတွက်ဘာမှမဖြစ် ပစ္စည်းအရည်အသွေးကောင်းရင်လည်း ပြဿနာမရှိပေမဲ့ အရည်အသွေးညံ့တာကို သုံးမိရင် ကိုယ့်အတွက် အန္တာရာယ်များပါတယ်။ ကုန်တိုက်တို့ Showroom တို့လို public မှာရောင်းချနေတဲ့ သက်ဆိုင်ရာ စံချိန်စံညွှန်းတွေရှိပြီးသား တာဝန်ခံနိုင်သော Product တွေကိုသုံးတာ အကောင်းဆုံးပါပဲ? MLM product တွေရဲ့ အရည်အသွေးနဲ့ပတ်သက်ရင် တချို့တွေက ပစ္စည်းကောင်းပြီး စနစ်မကောင်းတာဆိုပေမဲ့ တော်တော်များများကတော့ အရည်အသွေးပိုင်း အခြေအနေ တော်တော်လေး ဆိုးရွားကြပါတယ်။
ဒီတော်လှန်ရေးကာလမှာ အားလုံး ကိုယ်စီကိုယ်စီ ဂရုတစိုက် COVID-19 ကိုလည်း ကာကွယ်နေထိုင်ကြရင်း MLM pyramid scheme စနစ်တွေကိုလည်း ပါးပါးနပ်နပ် ရှောင်ရှားနိုင်ကြပါစေ။



Good
ReplyDeletegood.
ReplyDeleteThanks for sharing
ReplyDeleteGood
ReplyDelete+DONE+
ReplyDelete👍👍👍
DeleteGood
ReplyDeleteThanks
ReplyDeletegood
ReplyDeleteDone 🍀
ReplyDeleteအေးဂျင့်အချင်းချင်းနဲ့တင် ရောင်းလိုက်ဝယ်လိုက်နဲ့ ဈေးက အဆမတန်များရော😑🐬🐬
ReplyDeleteMLMသမားတွေနှင့် ဆရာဇင်ဇေနှ
ReplyDeleteတပွဲတလမ်းနွှဲကြပြီးကတည်းက နည်းနည်းငုပ်သွားပြီး ခုပြူတစ်ပြူတစ်ပြန်လုပ်လာကြပြန်ပြီ၊ ကိုယ့်fbဖရန့်ထဲကတယောက်ကိုတော့ သူproductတင်ကြော်ငြာတိုင်းreportထုပစ်တာ
Done 💪
ReplyDeletedone
ReplyDeleteDone 🤍
ReplyDeleteအဓိက ကတော့ကိုယ့်ဘက်ကအရင် မန့်ဘာကြေး ပေးရရင် ဝေါင်ဝေါင်ရှေးဘဲ😁😁😁
ReplyDeleteအရင်ကလည်းဖတ်ဖူးတယ်😁
ReplyDeleteThanks❤
ReplyDeleteThanks
ReplyDeleteနှစ်ရက်လောက်
ReplyDeleteApp click လုပ်ရင်း အိပ်အိပ်ပျော်နေလို့
🤧ဒီဖက်ကို မရောက်ဖြစ်
Thanks👍
ReplyDeleteYes
ReplyDeleteMLM က ပိန်ဆေး ရောင်းတဲ့ အမကြီးတွေ၊ ကိုယ်ရောင်းတဲ့ productနဲ့လိုက်အောင်တော့ ဝိတ်ချကြဦးတို့
ReplyDeleteSkin care ရောင်းတဲ့သူတွေလည်း filter တွေ လျော့ပါဦးပေါ့ 😂😂😂