အရပ်ပုသူတွေကို မစသင့်တဲ့အကြောင်း သိုမဟုတ် Napolean Complex

Napolean complex ဆိုတာ အရပ်ပုတဲ့ သူတွေမှာရှိတတ်တဲ့ inferior complex(အငုံ့စိတ်) တစ်မျိုး ဖြစ်ပါတယ်။ Napolean Syndrome ဒါမှမဟုတ် Short-man complex လို့လည်းသုံးနှုန်းကြပါတယ်။ မြန်မာစကား "လူပုစိတ်တို ခွေးပုရန်လို" ဆိုတဲ့ စကားလိုပဲ အရပ်ပုတဲ့သူတွေအနေနဲ့ ပိုပြီး ဒေါသကြီးတယ်၊ ရန်လိုတတ်တယ်ဆိုတဲ့ သဘောနဲ့ သုံးနှုန်းကြတာဖြစ်ပါတယ်။



ဘာလို့ Napolean complex လို့ခေါ်တာလဲ။

ပြင်သစ်ရဲ့ ပထမဆုံး ဧကရာဇ်ဘုရင် နပိုလီယံဘိုနာပတ် အမည်ကိုယူပြီး မှည့်ခေါ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ သေးငယ်တဲ့ ‌ခန္တာကိုယ်အရွယ်အစားကိုလှောင်ပြောင်ကြတာကြောင့် ကြီးမားတဲ့ စစ်အင်အား၊ ကျယ်ပြန်တဲ့ ‌နယ်မြေတွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့တဲ့အတွက်ဖြစ်ပါတယ်။ အဓိကကတော့ ဗြိတိန်သတင်းစာတွေမှာ နပိုလီယံရဲ့ အရပ်ပုတဲ့အပေါ် လှောင်ပြောင်တဲ့ ကာတွန်းတွေကနေ ဒီအမြင်ဟာ ပိုအားကောင်းလာတာဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေအရတော့ နပိုလီယံဟာ ၅ပေ ၆လက်မရှိပြီး သူ့ခေတ်သူ့အခါက ပုံမှန်အရပ်အမြင့်လို့တော့ ပြောလို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူဘေးက စစ်ဗိုလ်ချုပ်တွေနဲ့ ယှဉ်ရင်တော့ပုတဲ့ပုံစံဖြစ်နေတာဖြစ်ပါတယ်။



ဒီ syndrome မျိုးကို များသောအားဖြင့် ‌အရပ်ပုတဲ့ ယောက်ျားလေးတွေမှာ ပိုပြီးတွေ့ရလေ့ရှိပါတယ်။ သူတို့လည်း အရပ်ရှည်တဲ့သူတွေလို ယောက်ျားပီသကြောင်းပြချင်တဲ့ အငုံ့စိတ်ကြောင့်ဖြစ်ပါတယ်။ ဉပမာ_ မတ်မတ်ရပ်နေတာချင်းတူတူတောင် အရပ်ရှည်သူတွေက confident ရှိတဲ့ပုံဖြစ်ပြီး အရပ်ပုတဲ့သူကတော့ စောင့်ကြွားကြွားပုံစံဖြစ်နေတာ ဖြစ်ပါတယ်။
Myanmar army chief mocked online for short stature in doctored photo | Fact  Check
အဲတာကြောင့် သူတို့ရဲ့ Napolean Complex ကို ဖြေဖျောက်နိုင်ဖို့အတွက် ပုံမှန်ထက် အခွင့်အာဏာတွေရရှိအောင် ကြိုးစားတတ်လေ့ရှိပါတယ်။ ရဖို့အတွက်လည်း နည်းလမ်းမျိုးစုံအသုံးပြုလေ့ရှိပါတယ်။ အဲ့လို အခွင့်အာဏာရခဲ့ရင်လည်း သူများထက်ပိုရက်စက်ကြမ်းကြုတ်လေ့ရှိပါတယ်။ သူတို့ရဲ့ အရပ်ပုတဲ့ အခြေအနေအတွက် ပြန်အစားယူတယ်လို့ သဘောထားတတ်ကြတာလည်း ဖြစ်ပါတယ်။ 

Napoleon Complex... He has it. - Cheezburger - Funny Memes | Funny Pictures

Napolean Complex နဲ့လူတွေဟာ ပြိုင်ဖက်ကိုလည်း အမြဲမျက်ခြေမပြတ်စောင့်ကြည့်လေ့ရှိပါတယ်။ ဘယ်တော့ မှအကြောမခံချင်တတ်ကြလို့ အောင်မြင်ကြတာများပါတယ်။ တစ်ခါတစ်လေ မိသားစုတွေ၊ မိတ်‌ဆွေတွေကိုကိုပါ ပြိုင်ဖက်လို့မြင်ပြီး အားလုံးထက်ပါသာချင်တဲ့ စိတ်ရှိကြပါတယ်။

တစ်ခုခု ထိခိုက်လာရင် ပုတဲ့သူတွေက အရပ်ရှည်တဲ့သူတွေထက် ဒေါသပိုကြီးကြတယ် လို့ဆိုကြတာဟာ Napolean Complex ကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ ဟာ တစ်ခြားလူတွေနဲ့ အတူတူပဲဖြစ်တာကို ပြချင်တာကြောင့် မကြာခဏ ကြွားဝါနေတတ်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ 

The Napoleon - TV Tropes

Napolean Complex ရဲ့ အကြီးမားဆုံးသက်ရောက်မှုကတော့ ပထမကမ္ဘာစစ်ကို ဖြစ်စေတဲ့ အဓိကအရာတွေထဲက တစ်ခုဖြစ်တဲ့ မျိုးချစ်စိတ်တွေရှင်သန်လာခြင်းဖြစ်ပါတယ်။ နပိုလိုယံရဲ့ ပြင်သစ် အင်ပါယာကြီး ချဲ့ထွင်ပြီး တစ်ခြားနိုင်ငံတွေကို သိမ်းယူခြင်းက အမျိုးသားရေးစိတ်ဓာတ်တွေပေါ်လာ စေခဲ့တာလည်းဖြစ်ပါတယ်။

Comments

  1. အငုံစိတ်နဲ့ ဟိုတစ်ယောက်

    ReplyDelete
  2. ကျွန်မလဲအရပ်ပုတယ်၊စိတ်တိုတတ်တယ်ဲဒါပေမဲ့မိဘ၊မောင်နှမ၊သူငယ်ချင်းတွေကြားမှာတောင်အငုံစိတ်မထားပါဘူး၊သူတို့အောင်မြင်နေတာအားကျတယ်လေးစားတယ်၊အတုယူတယ် ဒီလောက်ပဲ

    ReplyDelete
    Replies
    1. Please don't take it personally , this is just a troll article.Everyone has complexes.

      Delete
  3. အပုလေးငလ်ုးမအပုလေး မအေးလို😂😂😂

    ReplyDelete
  4. အဲ့ဒါ‌ကြောင့် ဟိုစောက်ပုက စောက်ချိုးမပြေတာကိုး😂😂
    PS. ကျွန်မလည်းဂျပုတစ်ကောင်ပါနော် ဒါပေမယ့်ကိုယ့်အရှိတရားတော့လက်ခံနိုင်ပါတယ် 😁

    ReplyDelete

Post a Comment