National League for Democracy ကို စတင်တည်ထောင်ခဲ့သူ




 Unicode

 

သူရဦးတင်ဦးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (National League for Democracy) ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး တစ်ချိန်က မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ဦးစီးချုပ် တစ်ဦးလည်းဖြစ်ပါတယ်။ 1927 ခုနှစ် မတ်လ 12 ရက်နေ့မှာ အဖ ဦးမောင်ကြိုင် အမိ ဒေါ်မြတင်တို့မှ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖွားမြင်ပေးခဲ့ပါတယ်။ စနေသားဖြစ်ပြီး မွေးချင်းများအနက် သားကြီး ဩရဿလည်းဖြစ်ပါတယ်။

1936 ခုနှစ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်နေတဲ့အချိန်မှာ မောင်တင်ဦးဟာ ယခင်ဗဟိုအမျိုးသားအထက်တန်းကျောင်း ( ယခု အမှတ် ၂ အခြေခံပညာအထက်တန်း‌ကျောင်း) မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားဖြစ်ပြီး သပိတ်တွေမှာလည်း ပါဝင်ဆန္ဒပြခဲ့ပါတယ်။

ဆယ်တန်းကို အောင်မြင်ပြီးတဲ့ အခါမှာ ဂျပန်တွေကို တော်လှန်ချင်တဲ့အတွက်ကြောင့် စစ်တပ်ထဲဝင်ချင်တယ်ဆိုပြီး မိဘများကို ခွင့်တောင်းခဲ့ပါတယ်။ မိဘများကလည်း မောင်တင်ဦးကို ပုသိမ်ဘူတာအထိ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ မိခင်ဖြစ်သူကို ကန်တော့ရင်း မျက်ရည်ကျတဲ့အခါမှာ မိခင်ဖြစ်သူက "မျက်ရည်မကျနဲ့ မင်းက စစ်တိုက်သွားရမှာ၊သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ ၊ စစ်တိုက်ရမှာကြောက်ပြီး အိမ်ပြန်လာခဲ့ရင် အမေရှက်တယ်" လို့ ပြောဆိုခဲ့ဖူးပါတယ်။ အသက် ၁၆ နှစ်နဲ့ အမိနိုင်ငံကို ကာကွယ်ရန်အတွက် တတိယပတ် ဗိုလ်လောင်းသင်တန်းကို တက်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ဗိုလ်မှူးဗထူးရဲ့တပ်နဲ့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ခဲ့ပါတယ်။ 1946 ခုနှစ်မှာ ကြည်း 3651 နံပါတ်နဲ့ ဒုဗိုလ်အဆင့် ပြန်တမ်းဝန် အရာရှိ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ 1947 ခုနှစ် ဖေဖော်ဝါရီလ 26 ရက်နေ့မှာ ဗမာ့သေနတ်ကိုင်တပ်ရင်းမှာ ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ရန်ကြီးအောင်လို့အမည်ပေးထားတဲ့ တရုတ်ဖြူကူမင်တန်တွေကို တိုက်ထုတ်ဖို့ စစ်ဆင်ရေးမှာ ဦးတင်ဦးဟာ တရုတ်ဖြူတွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ပြီးရန်သူ့စခန်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံအလံကို ခက်ခက်ခဲခဲစိုက်ထူနိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ဦးတင်ဦးကို သူရဦးတင်ဦးလို့ ဖြစ်လာစေမယ့် တိုက်ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
1954 ခုနှစ်မှာ ဒုဗိုလ်မှူးကြီးရာထူးကို တိုးမြှင့်ခန့်ထားခြင်းခံခဲ့ရပြီး 1957 စက်တင်ဘာလ 17 ရက်နေ့မှာ တပ်မတော်ကြည်း ဗိုလ်သင်တန်းကျောင်း ဗထူးကျောင်းမှာ ကျောင်းအုပ်ကြီး ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 1972 ခုနှစ် ဧပြီလ 20 ရက်နေ့မှာ ဗိုလ်ချုပ်ရာထူးတို့မြှင့်ခြင်းခံခဲ့ရပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ အဲဒီအချိန်မှာ ဦးတင်ဦးဟာ အသက် ၄၅ နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက် မြန်မာ့တပ်မတော်သမိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဒုတိယမြောက် အသက်အငယ်ဆုံး ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ်ပါတယ်။

ရဲဘော်ရဲဘက်များရဲ့ လေးစားအားကျမှုကို ခံရတဲ့ သူရဦးတင်ဦးဟာ 1974 ခုနှစ် မတ်လ 8 ရက်နေ့မှာ ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဦးသန့်အရေးအခင်းလို့ လူသိများတဲ့ အရေးအခင်းမှာ ပြည်သူလူထုက "နေဝင်း၊ စန်းယု ကျဆုံးပါစေ ၊ ဗိုလ်ချုပ်ကြီးတင်ဦး ကျန်းမာပါစေ" လို့ဟစ်ကြွေးခဲ့ကြပါတယ်။ 1976 ခုနှစ်မတ်လ မှာ ဦးတင်ဦးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဦးတင်ဦးကို ပြန်တင်ချင်တဲ့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့အဖွဲ့ဟာလည်း ကံမကောင်းစွာနဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဦးတင်ဦးကိုလည်း သတင်းထိန်ချန်မှုနဲ့ ပြစ်ဒဏ် 7 နှစ်ချမှတ်ခဲ့ပါတယ်။

1980 ပြည့်နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပါတယ်။ 1982 ခုနှစ်မှာ ရဟန်းဘဝမှ လူထွက်ပြီး ဥပဒေပညာကို လေ့လာခဲ့ပါတယ်။ ဥပဒေပညာဘွဲ့ကိုရရှိခဲ့ပြီးနောက် 1988 လူထုအရေးတော်ပုံကြီးမှာ လူထုကို ဟောပြောခဲ့တဲ့နေရာမှာ လူထုရဲ့ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ 1988 ခုနှစ် စက်တင်ဘာလမှာ ဒေါ်အောင်ဆန်ူစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ဒုတိယအကြိမ် နိုင်ငံရေးလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ဦးတင်ဦးဟာ ပြည်သူလူထုက လေးစားချစ်ခင်ရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်ပါတယ်။

 

 

 

Zawgyi

 

သူရဦးတင္ဦးဟာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (National League for Democracy) ကို စတင္တည္ေထာင္ခဲ့သူျဖစ္ၿပီး တစ္ခ်ိန္က ျမန္မာ့တပ္မေတာ္ရဲ႕ ကာကြယ္ဦးစီးခ်ဳပ္ တစ္ဦးလည္းျဖစ္ပါတယ္။ 1927 ခုႏွစ္ မတ္လ 12 ရက္ေန႕မွာ အဖ ဦးေမာင္ႀကိဳင္ အမိ ေဒၚျမတင္တို႔မွ ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕မွာ ဖြားျမင္ေပးခဲ့ပါတယ္။ စေနသားျဖစ္ၿပီး ေမြးခ်င္းမ်ားအနက္ သားႀကီး ဩရႆလည္းျဖစ္ပါတယ္။

1936 ခုႏွစ္ ေက်ာင္းသားသပိတ္ႀကီး ေပၚေပါက္ေနတဲ့အခ်ိန္မွာ ေမာင္တင္ဦးဟာ ယခင္ဗဟိုအမ်ိဳးသားအထက္တန္းေက်ာင္း ( ယခု အမွတ္ ၂ အေျခခံပညာအထက္တန္းေက်ာင္း) မွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသားျဖစ္ၿပီး သပိတ္ေတြမွာလည္း ပါဝင္ဆႏၵျပခဲ့ပါတယ္။

ဆယ္တန္းကို ေအာင္ျမင္ၿပီးတဲ့ အခါမွာ ဂ်ပန္ေတြကို ေတာ္လွန္ခ်င္တဲ့အတြက္ေၾကာင့္ စစ္တပ္ထဲဝင္ခ်င္တယ္ဆိုၿပီး မိဘမ်ားကို ခြင့္ေတာင္းခဲ့ပါတယ္။ မိဘမ်ားကလည္း ေမာင္တင္ဦးကို ပုသိမ္ဘူတာအထိ လိုက္လံပို႔ေဆာင္ေပးခဲ့ပါတယ္။ မိခင္ျဖစ္သူကို ကန္ေတာ့ရင္း မ်က္ရည္က်တဲ့အခါမွာ မိခင္ျဖစ္သူက "မ်က္ရည္မက်နဲ႕ မင္းက စစ္တိုက္သြားရမွာ၊ေသရင္ေျမႀကီး ရွင္ရင္ေ႐ႊထီးပဲ ၊ စစ္တိုက္ရမွာေၾကာက္ၿပီး အိမ္ျပန္လာခဲ့ရင္ အေမရွက္တယ္" လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ အသက္ ၁၆ ႏွစ္နဲ႕ အမိနိုင္ငံကို ကာကြယ္ရန္အတြက္ တတိယပတ္ ဗိုလ္ေလာင္းသင္တန္းကို တက္ေရာက္ခဲ့ၿပီး အလုပ္သင္ဗိုလ္ျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္မွာ ဗိုလ္မႉးဗထူးရဲ႕တပ္နဲ႕ ဖက္ဆစ္ဂ်ပန္ေတြကို ေတာ္လွန္တိုက္ထုတ္ခဲ့ပါတယ္။ 1946 ခုႏွစ္မွာ ၾကည္း 3651 နံပါတ္နဲ႕ ဒုဗိုလ္အဆင့္ ျပန္တမ္းဝန္ အရာရွိ ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ 1947 ခုႏွစ္ ေဖေဖာ္ဝါရီလ 26 ရက္ေန႕မွာ ဗမာ့ေသနတ္ကိုင္တပ္ရင္းမွာ ဒုဗိုလ္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ ရန္ႀကီးေအာင္လို႔အမည္ေပးထားတဲ့ တ႐ုတ္ျဖဴကူမင္တန္ေတြကို တိုက္ထုတ္ဖို႔ စစ္ဆင္ေရးမွာ ဦးတင္ဦးဟာ တ႐ုတ္ျဖဴေတြကို ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ခိုက္ၿပီးရန္သူ႕စခန္းမွာ ျပည္ေထာင္စုျမန္မာနိုင္ငံအလံကို ခက္ခက္ခဲခဲစိုက္ထူနိုင္ခဲ့ပါတယ္။ ဒီတိုက္ပြဲဟာ ဦးတင္ဦးကို သူရဦးတင္ဦးလို႔ ျဖစ္လာေစမယ့္ တိုက္ပြဲတစ္ခုလည္း ျဖစ္ခဲ့ပါတယ္။
1954 ခုႏွစ္မွာ ဒုဗိုလ္မႉးႀကီးရာထူးကို တိုးျမႇင့္ခန႔္ထားျခင္းခံခဲ့ရၿပီး 1957 စက္တင္ဘာလ 17 ရက္ေန႕မွာ တပ္မေတာ္ၾကည္း ဗိုလ္သင္တန္းေက်ာင္း ဗထူးေက်ာင္းမွာ ေက်ာင္းအုပ္ႀကီး ရာထူးနဲ႕ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ 1972 ခုႏွစ္ ဧၿပီလ 20 ရက္ေန႕မွာ ဗိုလ္ခ်ဳပ္ရာထူးတို႔ျမႇင့္ျခင္းခံခဲ့ရၿပီး ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)အျဖစ္ ခန႔္အပ္ျခင္းခံရပါတယ္။ အဲဒီအခ်ိန္မွာ ဦးတင္ဦးဟာ အသက္ ၄၅ ႏွစ္ပဲရွိေသးတာျဖစ္တဲ့အတြက္ ျမန္မာ့တပ္မေတာ္သမိုင္းမွာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းၿပီးရင္ ဒုတိယေျမာက္ အသက္အငယ္ဆုံး ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ျဖစ္ပါတယ္။

ရဲေဘာ္ရဲဘက္မ်ားရဲ႕ ေလးစားအားက်မႈကို ခံရတဲ့ သူရဦးတင္ဦးဟာ 1974 ခုႏွစ္ မတ္လ 8 ရက္ေန႕မွာ ဗိုလ္ခ်ဳပ္ႀကီးရာထူးတိုးျမႇင့္ခန႔္အပ္ျခင္း ခံခဲ့ရပါတယ္။ ဦးသန႔္အေရးအခင္းလို႔ လူသိမ်ားတဲ့ အေရးအခင္းမွာ ျပည္သူလူထုက "ေနဝင္း၊ စန္းယု က်ဆဳံးပါေစ ၊ ဗိုလ္ခ်ဳပ္ႀကီးတင္ဦး က်န္းမာပါေစ" လို႔ဟစ္ေႂကြးခဲ့ၾကပါတယ္။ 1976 ခုႏွစ္မတ္လ မွာ ဦးတင္ဦးဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရာထူးကေန ႏႈတ္ထြက္ခဲ့ပါတယ္။ ဦးတင္ဦးကို ျပန္တင္ခ်င္တဲ့ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႕အဖြဲ႕ဟာလည္း ကံမေကာင္းစြာနဲ႕ စစ္ေခါင္းေဆာင္ေတြရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရပါတယ္။ ဦးတင္ဦးကိုလည္း သတင္းထိန္ခ်န္မႈနဲ႕ ျပစ္ဒဏ္ 7 ႏွစ္ခ်မွတ္ခဲ့ပါတယ္။

1980 ျပည့္ႏွစ္မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႕ လြတ္ေျမာက္လာၿပီး သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့ပါတယ္။ 1982 ခုႏွစ္မွာ ရဟန္းဘဝမွ လူထြက္ၿပီး ဥပေဒပညာကို ေလ့လာခဲ့ပါတယ္။ ဥပေဒပညာဘြဲ႕ကိုရရွိခဲ့ၿပီးေနာက္ 1988 လူထုအေရးေတာ္ပုံႀကီးမွာ လူထုကို ေဟာေျပာခဲ့တဲ့ေနရာမွာ လူထုရဲ႕ေထာက္ခံမႈကို ရရွိခဲ့ပါတယ္။ 1988 ခုႏွစ္ စက္တင္ဘာလမွာ ဒေါ်အောင်ဆန်ူစုကြည်နဲ့အတူ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီကို စတင္တည္ေထာင္ခဲ့ၿပီး ဒုတိယအႀကိမ္ နိုင္ငံေရးေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။ ဦးတင္ဦးဟာ ျပည္သူလူထုက ေလးစားခ်စ္ခင္ရတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တစ္ဦးျဖစ္ေၾကာင္းေျပာရင္း နိဂုံးခ်ဳပ္ပါတယ္။

Comments