Pet Influencersများအကြောင်း

 


Pet Influencersများအကြောင်း

Social mediaတွေမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံတွေနှင့် ဗီဒီယိုတွေဟာ likesနှင့် viewsအများကြီး ရတတ်ကြပါတယ်။Instagram၊ Facebook၊ Twitter၊ YouTubeနှင့် TikTokတို့မှာ ဘယ်အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ နာမည်ကြီးကြလဲဆိုတာကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

-Buddy and Boo (15M Facebook Followers+ 534K Instagram Followers)

Image result for buddy and boo

Buddyနှင့် Booဟာ အမွှေးပွခွေးအမျိုးအစားဖြစ်တဲ့ Pomeranianခွေးလေးတွေ ဖြစ်ပါတယ်။
Buddyနှင့် Booဟာ သူတို့ရဲ့ အမွှေးဖွာပြီး teddy bearနှင့်တူတဲ့ အသွင်အပြင်လေးတွေကြောင့် နာမည်ကြီးပါတယ်။ Boo:The Life of the World's Cutest Dogဆိုပြီး Booရဲ့ နေ့စဥ်ဘဝမှာ လုပ်လေ့ရှိတဲ့ လှုပ်ရှားမှုဓာတ်ပုံလေးတွေကို စုပြီး စာအုပ်ထုတ်ထားတာလည်း ရှိပါတယ်။ ကမ္ဘာ့ထိပ်သီး အရုပ်ထုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ GUNDဟာ Booပုံစံနှင့် တူတဲ့ အရုပ်လေးတွေကို စီးရီးလိုက် ထုတ်ထားပါသေးတယ်။ Buddyဟာ အသက်၁၄နှစ်မှာ သေဆုံးခဲ့ပြီး နှစ်နှစ်အကြာမှာ အသက်၁၂နှစ်အရွယ် Booလည်း သေဆုံးသွားခဲ့ပါတယ်။ သူတို့ နှစ်ကောင်ဟာ ၁၁နှစ်ကြာ တူတူရှိခဲ့ပြီး Buddyသေဆုံးတည်းက Booဟာ ရင်ကွဲနာကျနေခဲ့တာပါလို့ သူတို့ရဲ့ ပိုင်ရှင်တွေက ပြောပါတယ်။ Buddyနှင့် Booကို သတိရခြင်းအားဖြင့် သူတို့ရဲ့ ပုံလေးတွေကို ဆက်တင်လျက် ရှိပါတယ်။ ထို့ပြင် သူတို့ရဲ့ ပိုင်ရှင်တွေဟာ Bluebeary Pie၊ Bennyနှင့် Beanဆိုတဲ့ ခွေးလေးသုံးကောင်ကို ထပ်မွေးထားပြီး ပုံလေးတွေကို ဆက်တင်လျက်ရှိပါတယ်။

-Grumpy Cat (2.4M Instagram Followers+ 1.5M Twitter Followers+ 8.1M Facebook Followers)

Image result for grumpy cat

Grumpy Catရဲ့ နာမည်ရင်းကတော့ Tardar Sauceဖြစ်ပါတယ်။ Grumpy Catရဲ့ အောက်သွားတွေဟာ အပေါ်သွားတွေထက် အရှေ့ရောက်နေပြီး ကြောင်တွေမှာ ဖြစ်တတ်တဲ့ dwarfismဖြစ်နေလို့ သူ့မျက်နှာဟာ အမြဲတမ်း စိတ်ဆိုးနေတဲ့ပုံ ထွက်နေတာပါ။ သူဟာ ၂၀၁၉ အသက် ခုနစ်နှစ်အရွယ်မှာ ဆုံးသွားခဲ့ပါတယ်။ Grumpy Catရဲ့ပုံတွေဟာ Redditမှ ပျံ့နှံ့သွားပြီး လူကြိုက်များတဲ့memesတွေ ဖြစ်လာပါတော့တယ်။ Grumpy catဟာ အိမ်မွေးတိရိစ္ဆာန်အစားအသောက်တံဆိပ် Chewyနှင့် ပူးပေါင်းပြီး Grumpy Cat Tartar Control Cat Treatsဆိုတဲ့ ထုတ်ကုန်ကို ထုတ်လုပ်ခဲ့ပါသေးတယ်။

-Jiffpom(10.1M Instagram Followers + 1.3M Facebook Followers)

Image result for jiffpom

Jiffpomဟာ ၂၀၁၄ခုနှစ်မှာ Katy Perryရဲ့ Dark Horse သီချင်းဗွီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Jiffpom mystery boxနှင့် အမွှေးပွအရုပ်များကို Target၊ Amazonနှင့် Walmartတို့မှာ မှာယူလို့ရပါတယ်။ သူရဲ့ Instagramမှာဆိုရင် အင်္ကျီအမျိုးမျိုးကို ဝတ်ဆင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေကို မြင်တွေ့နိုင်ပါတယ်။

-Nala cat(4.3M Instagram Followers+2.7M Facebook Followers)

Image result for nala cat

Nala catရဲ့ Instagram အကောင့်ဟာ ၂၀၁၂ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး သူမရဲ့ပုံလေးတွေဟာ ချစ်ဖို့ကောင်းတာကြောင့် မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူမဟာ Instagramမှာ Followerအများဆုံး ကြောင်တစ်ကောင်လည်း ဖြစ်ပါတယ်။ သူမရဲ့ နာမည်ဟာ Lion Kingထဲက ခြင်္သေ့မလေးNalaနာမည်ကို ယူထားတာပါ။ ၂၀၁၉ စက်တင်ဘာလမှာ သူမရဲ့ ပိုင်ရှင်တွေဟာ "Love,Nala"ဆိုတဲ့ ကြောင်စာတံဆိပ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

-Doug The Pug(3.9M Instagram Followers+ 2.6M Twitter Followers + 6M Tiktok Followers)

Image result for doug the pug

Dougဟာ social mediaမှာ followerအများဆုံး ခွေးဘီလူးဖြစ်ပါတယ်။ Dougဟာ ၂၀၁၉ခုနှစ်ရဲ့ လူကြိုက်များတဲ့ "The Animal Star of 2019"ဆု အပါအဝင် ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။ Dougနှင့် American Greetingsကုမ္ပဏီတို့ ပူးပေါင်းပြီး Dougပုံပါတဲ့ Greeting cardလေးတွေ ထုတ်ထားပါသေးတယ်။ ထို့ပြင် Outward Houndကုမ္ပဏီနှင့် ပူးပေါင်းပြီး အမွှေးပွအရုပ်လေးတွေလည်း ထုတ်ထားပါတယ်။

-Lil Bub(2.3M Instagram Followers + 2.8M Facebook Followers)

Image result for lil bub

Lil Bubဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာတစ်ရက်မှာ ဆုံးပါးသွားခဲ့ပါပြီ။ သူမဟာ ကြောင်တွေမှာ ဖြစ်တတ်တဲ့ Dwarfismကို ခံစားနေရတာကြောင့် အောက်မေးရိုးဟာ အရမ်းသေးပြီး သူမရဲ့လျှာကို ပါးစပ်ထဲ ထည့်ထားလို့ မရတာကြောင့် သူမရဲ့လျှာလေးဟာ အမြဲအပြင်ထွက်နေပါတယ်။ ဒီပုံသဏ္ဍာန်လေးကြောင့်ပဲ သူမဟာ လူသိများနေတာ ဖြစ်ပါတယ်။ သူမဟာ Good Morning America၊ Todayနှင့် The Viewတို့လို တီဗွီရှိုးတွေမှာ ပါဝင်ဖူးပါတယ်။ ထို့ပြင် Paw CBDနှင့် Haloတို့လို တံဆိပ်တွေနှင့်လည်း ကြော်ငြာတွေ ရိုက်ထားပါတယ်။

-Swaggy Wolfdog(1.2M Instagram Followers +6.7M Tiktok Followers)

Image result for swaggy wolfdog

Swaggyဟာ ကယ်နီဖိုးနီးယားက အပြာရောင်မျက်လုံးများရှိတဲ့ Huskyအမျိုးအစား ခွေးအထီးလေးပါ။ သူ့ရဲ့ ပန်းရောင်နားရွက်လေးတွေဟာ သူ့ရဲ့ထင်ရှားတဲ့ သင်္ကေတဖြစ်ပါတယ်။

-Marutaro (2.5M Instagram Followers)

Image result for marutaro

Maruဟာ ဂျပန်က အသက်၁၄နှစ်ရှိပြီဖြစ်တဲ့ Shibaခွေးအမျိုးအစား ဖြစ်ပါတယ်။ Maruဟာ ဓာတ်ပုံစားပြီး ကြည့်ကောင်းတဲ့တွက်ကြောင့် Instagram မှာ နာမည်ကြီးပါတယ်။ သူဟာ ညစဥ်ညတိုင်း သူ့ရဲ့ပုံလေးနှင့်အတူ "Goodnight"ဆိုပြီး ပို့စ်တင်လေ့ရှိပါတယ်။

-Maya the Samoyed(2M Instagram Followers + 1.86M YouTube Subscribers)

Image result for maya the samoyed

Samoyed Mayaရဲ့ အပြုံးဟာ အရမ်းချစ်ဖို့ ကောင်းပါတယ်။ သူမရဲ့ တိမ်တွေနဲ့တူတဲ့ အမွှေးတွေကြောင့် သူမရဲ့ နာမည်ပြောင်ကို Polar Bear လို့လည်း ပေးထားပါသေးတယ်။ သူမဟာ Furbo၊ Pug Life Harnessတို့လို တံဆိပ်များနှင့် ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

-Manny The Frenchie(1M Instagram Followers+ 1.6M Facebook Followers)

Image result for manny the frenchie

Mannyကတော့ ပြင်သစ်ခွေးဘီလူးလေး ဖြစ်ပါတယ်။သူရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့Amberနှင့် Jonက ဖိလင်ပိုင် လက်ဝှေ့သမား Manny Pacquiaoရဲ့ နာမည်ကို ယူပြီး ပေးထားတာ ဖြစ်ပါတယ်။ Mannyဟာ Petnet SmartFeederရဲ့ brand ambassadorလည်း ဖြစ်ပါတယ်။

-Smoothie the Cat(2.2M Instagram Followers +153K YouTube Subscribers)

Image result for smoothie the cat

Smoothieနှင့် Milkshakeတို့ဟာ Britishအမွှေးရှည်ကြောင်အမျိုးအစားဖြစ်ပြီး နယ်သာလန်မှာ နေထိုင်ကြပါတယ်။ Us Weeklyကနေ Smoothieကို "ကမ္ဘာ့ဓာတ်ပုံအစားဆုံးကြောင်"လို့ သတ်မှတ်ခဲ့ပါတယ်။ Smoothieနှင့် Milkshakeဟာ PeeWeeတံဆိပ်တွက် ကြော်ငြာပို့စ်တွေ တင်ပေးရလေ့ ရှိပါတယ်။

-Loki the Wolfdog(2M Instagram Followers +182K Facebook Followers)

Image result for loki the wolfdog

ပိုင်ရှင်Kellyဟာ Lokiကို အိမ်သို့ခေါ်လာပြီးတည်းက Instagram အကောင့်ကို စဖွင့်ခဲ့ပါတယ်။ စဖွင့်ခဲ့တဲ့နှစ်မှာပဲ Follower 50Kထိ ရောက်ရှိခဲ့ပါတယ်။ Lokiဟာ Mercedes-Benz၊ GoPro၊ REIနှင့် Googleအစရှိတဲ့ နာမည်ကြီးတံဆိပ်များနှင့် ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

-Tuna the Chiweenie (2.1M Instagram Followers)

Image result for tuna the chiweenie

Tunaဟာ သွေးနှောထားတဲ့ အမျိုးအစားဖြစ်ပြီး သွားခေါခြင်းနှင့် လည်ပင်းအရေပြားရွတ်တွခြင်းကို ခံစားနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ရှင်ဟာ သူ့ကို Los Angelesက ကယ်ဆယ်ရေးစင်တာတစ်ခုကနေ မွေးစားခဲ့တာ ဖြစ်ပါတယ်။ Tunaဟာ Phteven memeကြောင့် ကျော်ကြားလာပြီး ၂၀၁၉မှာ Furbo dog cameraနှင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


Comments

  1. ချစ်ဖို့​ကောင်းလွန်းတဲ့ က​လေး​လေး​တွေ
    ဟို ​ဖေလိုးမ​တွေနဲ့ကွာပါ့ကွာ

    ReplyDelete
  2. စိတ်ချမ်းသာတာ ပုံပြထားတဲ့ ဖလူးမဒေ မဟုတ်လို့ 😂

    ReplyDelete

Post a Comment