Yellow
အဝါရောင်
🐝 အဝါရောင်က အနီရောင်လိုပဲ ထင်းနေလို့ အဝေးကနေ မြင်နိုင်ပါတယ်။ အဲ့တော့အနီရောင်လိုပဲ သတိပေးဆိုင်းဘုတ်တွေ ဖြစ်သွားပါတယ်။ သိတဲ့အတိုင်း ဘောလုံးပွဲတွေမှာဆိုလည်း အဝါကတ်နဲ့ အနီကတ်ကို သုံးပါတယ်။
🐝 PKဇာတ်လမ်းထဲက မင်းသားပြောသလို အဝါရောင်က ထင်းခနဲမြင်နိုင်တဲ့ အရောင်ဖြစ်လို့ နိုင်ငံတော်တော်များများမှာ Taxi အရောင်အဖြစ် သုံးကြပါတယ်။
🐝 နေရဲ့ အရောင်ဖြစ်တဲ့ အဝါဟာ ပျော်ရွှင်ခြင်း၊ အကောင်းမြင်ခြင်း တို့ကို ကိုယ်စားပြုနေပါတယ်။
🐝 အဲ့ဒါကြောင့် ကုမ္ပဏီ Websiteတွေမှာ နောက်ခံအရောင်တွေ၊ ဘောင်အရောင်တွေကို အဝါ သုံးတတ်ကြပါတယ်။
🐝 Logoတွေမှာ အဝါကို အဓိကနေရာတော့ သိပ်မထားတတ်ပေမယ့် နောက်ခံမှာတော့ ထည့်တတ်ကြပါတယ်။ eg, KFC, Mcdonald's, Burger King
အဝါရောင်က စားချင်စိတ်ကို လှုံဆော်ပေးနိုင်လို့ အစားအသောက်လုပ်ငန်းတွေမှာ အသုံးများတာပါ။
🐝 အဝါရောင်သုံးတဲ့ နာမည်ကြီး ကုမ္ပဏီတွေကတော့ Ikea, Nikon, BestBuy, SnapChat, Ferrari, Warner Brothers, Burger King, LOL တို့ပဲ ဖြစ်ပါတယ်။
🐝 စာလုပ်တဲ့ အခန်းတွေတွေအတွက် အဝါရောင် ထည့်သုံးသင့်ပါတယ်။ Cheerfulဖြစ်စေ၊ တက်ကြွစေတဲ့ အရောင်မို့လို့ပါ။
အပြာရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန်- https://ouo.io/ML5rKs
အနီရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3z8eJyq
အစိမ်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yjvntB
အမည်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://ouo.io/17palX
အခု ကျွန်တော်ပြောသွားတာက စီးပွားရေး လုပ်ငန်းတွေ အသုံးများတဲ့ အရောင် ငါးရောင် အကြောင်းပါ။ အေရာင်တွေက လူတွေအတွက်အရေးကြီးတာဖြစ်လို့ အရောင်အကြောင်း၊ ဘယ်လိုတွဲသင့်တဲ့ အကြောင်းလေးတွေ အခြေခံလောက်ပဲ ဖြစ်ဖြစ်သိထားရင်တော့ ကိုယ့်အတွက် အကျိုးရှိစေမှာပါ။
စာအရှည်ကြီးကို အဆုံးထိဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။
အချစ်များစွာဖြင့် စာကလေး။ 🖤
Ref. ... Color Psychology in Marketing and Branding is All About Context by Gregory Ciotti, The Psychology of Color in Office Design by Psychology
💛
ReplyDeletegood.
ReplyDeleteDone 🍀
ReplyDeleteThank for sharing 🚖
ReplyDeleteDone
ReplyDeleteGood👍
ReplyDeleteစာအရှည်ကြီးဆိုပေမယ့် အရောင်တစ်ခုစီတိုင်းကို သေချာဖတ်ခဲ့ပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ Thanks alot, admin.
ReplyDeleteDone
ReplyDelete