Political History of Thailand
![]() |
ထိုင်းဆန္ဒပြပွဲများ |
1957- "Lese Majaste" လို့ခေါ်တဲ့ ဘုရင်ကို မကောင်းပြောလို့မရတဲ့ ဉပဒေကို ပြန်လည်ပြဒါန်းခဲ့ပါတယ်။
1973- ကျောင်းသားလူငယ်တွေရဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီး တရားဝင်ထုတ်ပြန်ချက်အရတောင် ၇၇ ယောက်သေဆုံးခဲ့ရပါတယ်။ ဘုရင် ဘူမိဘောက ကြားဝင်ဖြေရှင်းခဲ့ပြီး စစ်အစိုးရအဖွဲ့နှုတ်ထွက်ပေးခဲ့ ရပါတယ်။ ဒီမိုကရေစီ ကာလလေးအစပျိုးခဲ့ပါတယ်။
1976- ဖယ်ရှားခံလိုက်ရတဲ့ စစ်ခေါင်းဆောင် နှစ်ယောက် ထိုင်းကိုပြန်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ပြန်ပေါ်လာခဲ့ပြီး လူဒါဇင်ပေါင်းများစွာအသတ်ခံရပြန်ပါတယ်။ အဲ့နေ့မှာပဲ အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဘုရင်က ဝန်ကြီးချုပ်အသစ် ခန့်အပ်ခဲ့ပြီး ဘုရင်စနစ်ကို စော်ကားရင် ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ တိုးမြှင့်ခဲ့ပါတယ်။
1976-91- ဘုရင်သစ္စာခံ စစ်အုပ်စုက ကြီးစိုးခဲ့တဲ့ကာလဖြစ်ပြီး နေရာတစ်ချို့ကိုသာ ရွေးကောက်ခံခဲ့ပါတယ်။
1992- Blood May လို့ ခေါ်တဲ့ နောက်ထပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြတဲ့ လူထုကို အကြမ်းဖက်ဖြိုခွဲမှု ပေါ်ပေါက်ခဲ့ပြီး လူ ၅၀ ကျော်အသတ်ခံခဲ့ ရပြန်ပါတယ်။ ဘုရင်က ကြားဝင်ဖြေရှင်းပြီး ဒီမိုကရေစီကာလပြန်လည်စတင်ခဲ့ပါတယ်။
2001- ပေါ်ပြူလာနိုင်ငံရေးသမား ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် သက်ဆင်ရှင်နာဝါတရာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ တက်လာပြီးနှစ်အနည်းငယ်အတွင်းမှာပဲ သက်ဆင်ကိုထောက်ခံသူ Red shirt supporter (အင်္ကျီအနီဝတ်ထောက်ခံသူ)တွေနဲ့ Yellow Shirt opponents ( အင်္ကျီအဝါဝတ်ဆန့်ကျင်သူ) တွေအကြား အပြိုင်အဆိုင် ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ ဆန့်ကျင်သူတွေက သက်ဆင်ဟာ လာဘ်စားပြီး ဘုရင်အပေါ် သစ္စာမရှိဘူးလို့ ဆိုကြပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဆယ်စုနှစ်တစ်ခုစာလောက်ကြာခဲ့ပါတယ်။
2006- Yellow Shirt ဆန္ဒပြပွဲတွေကြောင့်ဆိုပြီး သက်ဆင်ဆီကနေ စစ်တပ်ကအာဏာသိမ်းယူခဲ့ပါတယ်။
2007- အာဏာသိမ်းပွဲအပြီး ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့ မိတ်ဖက်ပါတီက ပြန်အနိုင်ရခဲ့ပါတယ်။
2008- Yellow shirt ဆန္ဒပြသူတွေက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁၀ ရက်ခန့် သိမ်းယူခဲ့ပါတယ်။ တရားရုံးက သက်ဆင်ရဲ့ပါတီကို ဖြိုခွဲပြီး နောက်ပါတီတစ်ခုရဲ့ အစိုးရအဖွဲ့တက်လာပါတယ်။
2010- Red shirt တွေအနေနဲ့ ဘန်ကောက်မြို့လယ်ကောင်ကို ၁၀ ပတ်လောက် သိမ်းယူခဲ့ပါတယ်။ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး အနည်းဆုံးလူ ၉၀လောက် သေဆုံးခဲ့ရပါတယ်။
2011- သက်ဆင်ရဲ့ ညီမဖြစ်သူ ရင်လတ်ရဲ့ ပါတီကပဲ ရွေးကောက်ပွဲပြန်အနိုင်ရခဲ့ပါတယ်။ ဆန့်ကျင်ဆန္ဒပြပွဲတွေလည်း ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။
2014- စစ်ခေါင်းဆောင် ပရာယွတ်ချန်အိုချာက အာဏာသိမ်းယူခဲ့ပါတယ်။
2016- ဘုရင် ဘူမိဘော သေဆုံးပြီး သားဖြစ်သူ ဝဇီရလောင်ကွန်း နန်းတက်လာခဲ့ပါတယ်။
2019- ရွေးကောက်ပွဲအသစ်ကျင်းပပြီး ပရာယွတ်ရဲ့စစ်တပ်ဆက်နွယ်ပါတီပဲအနိုင်ရခဲ့ပါတယ်။ ပြိုင်ဖက်ပါတီတွေကတော့ မဲမသမာဘူးလို့ဆိုခဲ့ပေမယ့် ပရာယွတ်ကတော့ ငြင်းဆိုခဲ့ပါတယ်။
2020- အတိုက်အခံ Future Forward Party ကို တရားရုံးက ဖျက်သိမ်းခဲ့ပါတယ်။ ပါတီတည်ထောင်သူ သန်နသွန် ကတော့ စစ်တပ်ကို ဝေဖန်တဲ့ အမှုတွေအတွက် သူအမှားလုပ်ထားတာမရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ကျောင်းသားတွေ ဉီးဆောင်တဲ့ ဆန္ဒပြပွဲတွေပြန်ပေါ်ပေါက်လာပါတယ်။
ဒီလောက်ဆို သမိုင်းကြောင်းကို အကြမ်းဖျင်းတော့ နားလည်လောက်ပြီထင်ပါတယ်။ လုံးဝအာဏာရှင်နိုင်ငံလို ဒီမိုကရေစီအပြည့်အဝနိုင်ငံလိုမဟုတ်ပဲ အာဏာရှင်မကျ ဒီမိုကရေစီမကျနိုင်ငံတွေမှာ အာဏာသိမ်းပွဲတွေဟာ မကြာခနဖြစ်ပွားလေ့ရှိပါတယ်။ ထိုင်းနိုင်ငံဟာ အာဏာသိမ်းပွဲပဲ များတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဉပဒေဟာလည်း မကြာခနပြောင်းနေနေရှိတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းစစ်ခေါင်းဆောင်တွေဟာ အာဏာသိမ်းပြီးရင် အရပ်ဘက်ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်လေ့ရှိပါတယ်။ ဒါပေမယ့် အနိုင်မရကြတာများပါတယ်။ အဲ့တော့ ရွေးကောက်ပွဲမဲလိမ်တာထက် လွယ်တဲ့နည်းလမ်းကို သုံးလေ့ရှိပါတယ်။ ဖွဲ့စည်းပုံကို လိုသလို့ ပြင်ရေးကြတာဖြစ်ပါတယ်။
အခုလက်ရှိဖွဲ့စည်းပုံကတော့ ၂၀၁၇မှာ စစ်တပ်က ဉီးဆောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ထုံးစံအတိုင်းဘာဖြစ်ဖြစ် သူတို့လူသာ တက်လို့ရအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပါပဲ။ အထက်လွှတ်တော်က နေရာ ၂၅၀ လုံးကို စစ်တပ်ကတိုက်ရိုက်ခန့်အပ်ပြီး အောက်လွှတ်တော်က နေရာ ၅၀၀ ကိုသာ ရွေးကောက်ခံတာဖြစ်ပါတယ်။ အဲ့တော လွှတ်တော်နှစ်ရပ်ကနေ ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရဖို့ အောက်လွှတ်တော်ရဲ့ ၁၂၆မဲသာ လိုအပ်တာဖြစ်ပါတယ်။ အဲ့တာကြောင့်လဲ သက်ဆင်ရဲ့ Pheu Thai ပါတီက နေရာအများဆုံးအနိုင်ရပေမယ့် ပရာယွတ်က ဝန်ကြီးချုပ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
![]() |
ပရာယွတ်ချန်အိုချာ |
ဘာလို့ အာဏာ အဲ့လောက်သိမ်းယူရဲနေရတာလည်းဆိုတော့ သမိုင်းအစဉ်အဆက် ဘယ်အာဏာသိမ်းစစ်ခေါင်းဆောင်မှ အရေးယူခံရခြင်းမရှိခဲ့လို့ပါ။ ဖွဲ့စည်းပုံရေးဆွဲတိုင်း အာဏာသိမ်းသူတွေကို လွတ်ငြိမ်းခွင့်ပေးဖို့ ထည့်ရေး ထားလေ့ရှိတာကြောင့် အာဏာသိမ်းတာဟာ ဘာ risk မှ မရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်နေတာလည်းဖြစ်ပါတယ်။
![]() |
Bloody May အရေးအခင်း |
ဒုတိယအချက်ကတော့ ထိုင်းအာဏာသိမ်းပွဲတွေမှာ နောက်ကွယ်က ကြေးရတက်လူတန်းစားတွေက ညီညီညွတ်ညွတ်ပါဝင်တာဖြစ်ပါတယ်။ သူတို့ နှစ်သက်တဲ့ လူမှုအဖွဲ့အစည်းကို ထိန်းသိမ်းထားဖို့အတွက် ဒီမိုကရေစီအကြောင်းပြပြီး အာဏာသိမ်းပွဲတွေကို ထောက်ခံလေ့ရှိပါတယ်။ အာဏာသိမ်းပွဲကို ဆန့်ကျင်သူတွေကတော့ များသောအားဖြင့် အဖိအနှိပ်ခံရတဲ့ ဆင်းရဲသားလူတန်းစားနဲ့ ကျောင်းသားလူငယ်တွေ ဖြစ်ပြီး သမိုင်းတစ်ယောက်လည်း ပစ်သတ်ခံရပြီး ရက်ရက်စက်စက်ဖြိုခွင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဘုရင်ထောက်ခံသူ Yellow shirt ဆန္ဒပြသူများ |
တတိယအချက်ကတော့ လူထုရဲ့ ဘုရင်အပေါ် ကြည်ညိုမှုကို အသုံးချတာဖြစ်ပါတယ်။ အစဉ်အဆက် အာဏာသိမ်းပွဲတွေဟာ ဘုရင်ရဲ့ အသိအမှတ်ပြုမပြုအပေါ်မူတည်နေတာဖြစ်ပါတယ်။ ဘုရင်မထောက်ခံတဲ့ အာဏာသိမ်းပွဲဟာ အောင်မြင်လေ့မရှိပါဘူး။ ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းမှုကို ကြေငြာရာမှာလည်း ဘုရင်နဲ့ ဘုရင်မပုံကို နောက်ခံထားပြီး ကြေငြာခဲ့ပါတယ်။ ၂၀၁၄ အာဏာသိမ်းတော့လည်း စစ်ခေါင်းဆောင်က ဘုရင်ကို ဉီးညွတ်နေတဲ့ပုံကို နိုင်ငံပိုင်သတင်းစာတွေရဲ့ မျက်နှာဖုံးတွေထဲထည့်သွင်းခဲ့ပါတယ်။ အဲ့တာတွေကို ကြည့်ရင် အာဏာသိမ်းပွဲတွေ ဘုရင်ကို မှီခိုနေပုံကို မြင်သာကြမယ်ထင်ပါတယ်။
ထိုင်းဘုရင်နဲ့ ပရာယွတ် |
အခု facebook ပေါ်မှာတွေ့နေရတဲ့ လက်ရှိဆန္ဒပြပွဲတွေမှာ ထိုင်းစစ်တပ်က ဝင်မပါဘူးဆိုတာတွေ တွေ့ကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် စစ်ဦးစီးချုပ်ဖြစ်တဲ့ Gen Apirat က " နိုင်ငံရေးကသာ ကစင့်ကလျားတွေမဖြစ်လာရင် ဘာမှဝင်ပါမှာမဟုတ်ဘူး" လို့ဆိုခဲ့ပါတယ်။
ဒါပေမယ့် Gen Apirat ကိုပြန်ကြည့်ရင်လည်း သူ့ရဲ့အဖေဖြစ်သူ Gen Sunthorn ဟာ 1991 အာဏာသိမ်းပွဲမှာ ခေါင်းဆောင်နေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။ 1992 Bloody May အဖြစ်အပျက်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။ Gen Apirat ကိုယ်တိုင်ကလည်း ၂၀၁၄ အာဏာသိမ်းပွဲမှာ တပ်မ ၁ ရဲ့ ခေါင်းဆောင်အဖြစ် အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။ အစဉ်အလာအရတော့ သူကိုယ်တိုင်အာဏာပြန်မသိမ်းဘူးလို့ ပြောလို့မရတဲ့သူဖြစ်ပါတယ်။
Gen Apirat |
ဒါဟာ ထိုင်းနိုင်ငံရဲ့နိုင်ငံရေး သမိုင်းကြောင်းဖြစ်ပါတယ်။ Milk tea alliance ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအရ ဖိနှိပ်ခံထားရတဲ့ အခြေအနေမှန်ကိုလည်းသဘောပေါက်လိုအပ်တာဖြစ်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံရဲ့ ပုံစံအတိုင်း မအလ ကလိုက်လုပ်ကောင်းလုပ်နိုင်ပါတယ်။ အဲ့တာကြောင့် အာဏာသိမ်းသံသရာကြီးထဲ မလည်ချင်ရင် ပြိုင်တူရုန်းကြဖို့လိုပါတယ် မိတ်ဆွေတို့။ မအလလုပ်ပေးတဲ့ ရွေးကောက်ပွဲကိုသာစောင့်နေရင် ပိုနက်ထဲ နွံထဲက ရုန်းရဖို့သာ ရှိကြောင်းနဲ့ ထိုင်းကအဖိနှိပ်ခံမိတ်ဆွေတွေဘက်က ရပ်တည်ပေးဖို့လိုအပ်ပါကြောင်း။
![]() |
Milktea Alliance |
ညိုထွန်း
reference-
https://www.reuters.com/article/thailand-protests-youth-history-int-idUSKBN28S1BZ
https://www.cnbc.com/2019/08/20/why-does-thailand-have-so-many-coups.html
https://www.bangkokpost.com/thailand/politics/1559750/army-chief-refuses-to-rule-out-fresh-coup
Same in coup but not in business.
ReplyDeletegood.
ReplyDeleteကြားနေတော့ အတော်များတယ် ထင်တယ်
ReplyDeleteသူတို့ အကျိုးမထိခိုက်ရင် အာဏာသိမ်းတာကိုလည်း okayတယ်ဆိုတဲ့သဘော
ဖတ်လို့ကောင်းတယ်။
ReplyDeleteDone 🍀
ReplyDeleteအဖိနှိပ်ခံတွေက အောက်ခြေလူတန်းစားနှင့် ကျောင်းသားလူငယ်တွေ...
ReplyDeleteNice 🌸
ReplyDeleteDone 💪
ReplyDelete
ReplyDeleteကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
အရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့