Porn Addiction ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ။

 


အခုလိုနည်းပညာတစ်ရှိန်ထိုးတက်လာခဲ့ခေတ်မှာ Porn site ပေါင်းစုံကို အလွယ်တကူကြည့်ရှုနိုင်လာကြပါတယ်။ ဒါပေမယ့် အဲ့တာနဲ့အတူ porn addiction(အပြာကားစွဲလမ်းမှု)တွေလည်း ဖြစ်လာကြပါတယ်။  ဒီနေ့မှာတော့ ဆယ်ကျော်သက်အရွယ်ကစလို့ သက်လတ် ၊ သက်ကြီးပိုင်းတွေပါ ကြည့်ကြတဲ့အပြာကားတွေ နဲ့သူတို့ကိုစွဲလမ်းနေပြီဆိုတာဘယ်လိုသိနိုင်မလဲ ၊ ဘယ်လိုရပ်တန့်အောင်လုပ်ရမလဲ ပြောပြချင်ပါတယ်။

Why Addiction to Porn is Dangerous -Scottsdale

(၁) လုံးဝမရပ်နိုင်ဘူး

၁ပတ်မှာ ၃နာရီလောက် အပြာကားကြည့်တာက ပုံမှန်လို့ပြောလို့ရပေမဲ့ သင်ကနေ့တိုင်းညတိုင်းကြည့်ဖြစ်နေပြီး မကြည့်မိအောင်တောင့်ခံထားရင်းနဲ့မှ ကြည့်ကြည့်ဖြစ်သွားပါတယ်ဆိုရင်တော့ ကိုယ့်အခြေအနေကိုယ် ပြန်သုံးသပ်ဖို့လိုအပ်နေပါပြီ ။

(၂) အချိန်တွေမရှိတော့ပေမဲ့ အားတော့ရှိသေးတယ်

ဂျပန်၊တရုတ်၊ကိုရီးယား အကုန်စုံသွားပေမဲ့အားမရဘူး ၊ ညဉ့်ကလည်း နက်လာပြီ ထပ်ကြည့်ချင်နေတုန်းပဲလား ? သင်ဟာအချိန်တွေကုန်လို့ကုန်မှန်းမသိ ဘာမှလဲလုပ်ချင်စိတ်မရှိဘဲ ပွန်းဆိုဒ်ထဲမှာပဲ တဝဲလည်လည်ဖြစ်နေပြီဆိုရင် ဒါဟာသတိထားစရာစွဲလမ်းမှု လက္ခဏာတစ်ရပ်ဖြစ်ပါတယ် ။

(၃) သူ့လိုလည်းမဟုတ်ပါလား

သင့်ရဲ့ပါတနာနဲ့အိပ်ရာပေါ်မှာချစ်ရည်လူးကြတဲ့အခါ ဇာတ်လမ်းထဲကို ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်လို့ မကြည်ဖြူတော့ဘူးလား ? သဘာဝ အရှိကိုအရှိအတိုင်းတွေ့ကြုံလာရတဲ့အခါ စိတ်အလိုမကျ မပြီးမြောက်မှုတွေရှိလာမယ်  ၊ အရာရာကိုဇာတ်လမ်းထဲကသရုပ်ဆောင်တွေနဲ့ နှိုင်းယှဥ်မိလာမယ် ဆိုရင်တော့ဖြင့် ...ဒါကအန္တရာယ်ရှိတဲ့ state ကိုရောက်နေပါပြီ ။ 

(၄) နာကျင်မှုတွေ

သင်ဟာ ဖုန်း ၊ ကွန်ပြူတာတွေနဲ့အပြာဇာတ်လမ်းတွေကိုကြည့်ရှုမှုများလာတဲ့အခါမှာ ခေါင်းမူးတာ ၊ ခါးနာတာ ၊ ကြောအောင့်တာ အစရှိတဲ့ ခန္ဓာကိုယ်ပြင်ပနာကျင်မှုတွေ ကိုကြုံလာရနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ အလွန်အကျွံအာသာဖြေခြင်းကြောင့် ရရှိလာနိုင်တဲ့ဆိုးကျိုးတွေကိုလည်း ခံစားရလာနိုင်ပါတယ် ။

(၅) စိတ်တိုလိုက်တာကွာ

သင်ဟာလူကြီးကားတွေကိုစွဲလန်းနေသူတစ်ယောက်ဆိုရင် သူတို့ကိုပုံမှန်မကြည့်ရတဲ့အခါမှာ စိတ်ထဲနေမထိထိုင်မသာဖြစ်လာမယ် ၊ အကြောင်းပြချက်မရှိ ဒေါသထွက်တာ ၊ စိတ်ရှုပ်ထွေးလာတာတွေကို ကြုံတွေ့လာနိုင်ပါတယ် ။ ဒါ့အပြင် အပြင်လူတွေအနေနဲ့ကြည့်ရင်လည်း နဂိုပုံစံနဲ့မတူဘဲပြောင်းလဲလာတဲ့သင့်ကို သတိထားမိလာကြပါမယ် ။

(၆) အဆံကုန်အလုပ်မပြီး

Pornhub Premium နဲ့လည်းမပြီး ၊ Onlyfans acc subscription တွေလဲ ပေါများလွန်းလို့ မမှတ်မိတော့ဘူးလား ? သင်ဟာနေ့စဥ်လုပ်နေကြ လုပ်ငန်းဆောင်တာတွေ ကို အာရုံမစိုက်နိုင်တော့ဘူး ၊ အပြာဇာတ်လမ်းတွေအတွက် ပိုက်ဆံတွေလည်းအများကြီးသုံးမိနေပြီ နေ့စဥထိခိုက်လာပြီဆိုရင်တော့ "ဟိုး ဆရာရေ ရပ်လိုက်ပါတော့ ခင်ဗျားမှာ Porn Addiction ရှိနေပါပြီ " 

အပေါ်ကအချက်တွေနဲ့အကုန်ပြည့်စုံနေပြီး Porn Addiction ရှိနေပြီ ဘယ်လိုသက်သာပျောက်ကင်းအောင်လုပ်ရမလဲဆိုရင် ..

Porn Addiction: Causes, Signs, Treatments, and More

(၁) တို့လဲထပ်တူပါ

ဒီလိုမျိုးအပြာဇာတ်ကားတွေကိုစွဲလန်းမှုဖြစ်တာကသင်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာသိထားရပါမယ် ။ ကမ္ဘာပေါ်မှာ ကျား ၊ မ မရွေးဒီလိုစွဲလန်းမှုမျိုးကိုကြုံရနိုင်ပြီး ပုံမှန်ပြန်လည် လည်ပတ်နေသူတွေ အများကြီးရှိပါတယ် ။ Porn addiction ဆိုတာရှက်စရာမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောပြတို်ငပင်သင့်ပါတယ်။

(၂) ဖတ်မယ် ၊ joinမယ်

အညှာကိုသိမှ အမြစ်ကိုချိုင်နိုင်မယ်ဆိုသလို သင်ဟာကိုယ်ရင်ဆိုင်နေရတဲ့ရန်သူကိုသိမှ တိုက်ခိုက်နိုင်မှာပဲဖြစ်ပါတယ် ။ ဒါကြောင့် လိင်စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့ ဆောင်းပါးများ စာအုပ်များကို ရှာဖွေဖတ်ရှုပါ ။ အင်တာနက်ပေါ်ကမိမိလိုပဲခံစားနေရတဲ့လူအဖွဲ့အစည်းတွေကို join ပြီးဆွေးနွေးအကြံယူပါ ၊၊

(၃) ၁လှမ်းပြီး ၁လှမ်း

သင်ဟာအပြာဇာတ်လမ်းတွေကိုတစ်နေ့၆နာရီ နေ့စဥ်ရက်ဆက်ကြည့်မိနေပြီဆိုပါစို့ ၊ ဆေးလိပ်ဖြတ်သလိုပဲ တစ်ဖြည်းဖြည်းချင်းလျှော့ပါ ၁ နေ့ ၅နာရီ တစ် ရက်ခြား ၊ ၄ နာရီ ၃ နာရီစသဖြင့် ပုံမှန်လေးလျှော့ချပေးရပါမယ် ။ 

ရုတ်တရက်ကြီး မကြည့်တော့ဘူးကွာဆိုပြီး ၁ပတ်တိတိမကြည့်ပဲအစိမ်းဖြတ်လိုက်တာမျိုးလုပ်ရင် ၁ပတ်ကျော်မှာစွဲလမ်းမှုကပြန်ပေါ်လာတာမျိုးဖြစ်တတ်ပါတယ် ။

(၄) အားကစားလုပ်ပါ တရားထိုင်ပါ

ပြေး ခုန် ပစ် ရေကူး မည်သည့်အားကစားမဆို ဆော့ကစားပေးခြင်းဖြင့် သင့်ရဲ့စိတ်ကို အရာတစ်ခုပေါ်မှာ အကြာကြီးစွဲလမ်းနေခြင်းကို နည်းများမဆိုလျှော့ချပေးနိုင်ပါတယ် ။ တရားထိုင်ခြင်းအားဖြင့်မိမိစိတ်ကိုအာရုံစူးစိုက်မှုများပြန်ရစေပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုပိုကောင်းစေတာမလို့ ကြိုးစားကြည့်သင့်တဲ့အရာများဖြစ်ပါတယ် ။

(၅) porn တွေရဲ့ သရုပ်မှန်ကိုသိပါစေ။

Porn တွေမှာ တကယ့်လက်တွေ့ဘဝနဲ့ အလွန်ကွာပါတယ်။ Fake orgasm တွေ၊ ‌အလှတွေပြင်ထားတဲ့ မင်းသမီးတွေ၊ ‌ချောမောတဲ့ မင်းသားတွေနဲ့ နာရီ‌‌ ပေါင်းများစွာရိုက်ကူးထားတဲ့  Porn  တွေဟာ လက်တွေ့ဘဝနဲ့ မတူညီလှတာကို သိထားရပါမယ်။

ပြီးတော့ မိမိရဲ့ သားသမီးကို sex education ပေးပါ။ ကလေးငယ်တွေအတွက် porn site တွေက sex education ရှာတဲ့နေရာမဖြစ်သင့်ပါဘူး။

 

E

Comments

Post a Comment