Presentation Arts

 

 

ကျွန်တော်တို့မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေကို တင်ပြမှုစွမ်းရည် (Presentation Skill) လေ့ကျင့်ပေးတဲ့အလေ့အထ မရှိသလောက်နည်းပါတယ်။ တက္ကသိုလ်ရောက်မှသာ အုပ်စုလိုက် Presentation ပြုလုပ်ရတာမျိုး၊ Master ဘွဲ့အတွက် Thesis တင်တဲ့အခါမှသာ Presentation လုပ်ကြရတာမျိုးပါ။ တကယ်တော့ Presentation ကတဆင့် လူငယ်တွေရဲ့ သုတေသန စွမ်းရည်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေအပြင် ကိုယ်ရည်ကိုယ်သွေးပါ တိုးတက်စေနိုင်တဲ့အတွက် Presentation Arts ကို ပျိုးထောင်ပေးသင့်ပါတယ်။ ဒါ့ကြောင့် Presentation ပြုလုပ်ရာမှာ လိုက်နာသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးချင်ပါတယ်။

 

Presentation ပြုလုပ်ရာတွင် လိုက်နာသင့်သည့် အချက်များ

 

1. Know your audience



သင့်ရဲ့ ပရိသတ်ကို သိပါ။ ကိုယ့်ရဲ့ Presentation ကို နားထောင်မယ့်သူတွေက ဘယ်သူတွေလဲ၊ ကိုယ်ပြောမယ့် အကြောင်းအရာနဲ့ သူတို့ဘယ်လောက် ရင်းနှီးကျွမ်းဝင်မှု ရှိလဲ၊ သူတို့ရဲ့ ဗဟုသုတအရင်းခံပေါ် မူတည်ပြီး ဘယ်လောက်အထိ ပြောပြနိုင်မလဲ စတာတွေကို ကြိုတင်စဉ်းစားထားပြီး ကိုယ်ပြောမယ့် အကြောင်းအရာရဲ့ အတိမ်အနက်ကို ချိန်ညှိဖို့လိုပါတယ်။ တကယ်လို့ ကိုယ်ပြောမယ့်အထဲမှာ ပညာရပ်ဆိုင်ရာ ဝေါဟာရ၊ အသုံးအနှုန်းတွေ ပါဝင်လျှင် သူတို့ နားလည်လွယ်အောင် ဘယ်လိုရှင်းပြမလဲ ဆိုတာလည်း စဉ်းစားထားဖို့ လိုအပ်ပါတယ်။
 

2. Frame your presentation with an effective beginning and ending




ကိုယ့်ရဲ့ Presentation ကို အများစိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ဖို့ဆိုရင် နိဒါန်းက အလွန်အရေးကြီးပါတယ်။ ပရိသတ်ရဲ့ သိချင်စိတ်ကို နှိုးဆွနိုင်ဖို့အတွက်ဆိုရင် ထင်မှတ်မထားတဲ့ မေးခွန်းမျိုး၊ အံ့အားသင့်သွားစေနိုင်တဲ့ အချက်မျိုးနဲ့ Presentation ကို စတင်သင့်ပါတယ်။
အလားတူ နိဂုံးကလည်း အရေးကြီးတာပါပဲ။ တကယ်လို့ ကိုယ်တင်ပြလိုက်တဲ့ အကြောင်းအရာ၊ ပြဿနာ၊ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်အတွေးထဲ ရောက်သွားရင် အိမ်ပြန်ရောက်တဲ့အချိန်ထိ စဉ်းစားနေမိတယ်ဆိုရင် ဒါဟာ ပရိသတ်ရဲ့ စိတ်နှလုံးကို ဖမ်းစားလိုက်နိုင်တာပါပဲ။ အဲ့ဒီအတွက် နိဂုံးမှာ မှတ်သားဖွယ်ရာ အဆိုအမိန့်တခု (သို့မဟုတ်) နမူနာဖြစ်ရပ်တခု (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ဆောင်ချက်တခုခုကို Message ပေးပြီး အဆုံးသတ်သင့်ပါတယ်။
 

3. Well organize



ကိုယ်တင်ပြမယ့် အကြောင်းအရာရဲ့ အစီအစဉ် (flow) ကို နားထောင်သူတွေသိအောင် ပြောပြထားမယ်ဆိုရင် သူတို့အတွက် ပိုပြီး နားလည်သဘောပေါက်လွယ်စေပါတယ်။ Power Point သုံးမယ်ဆိုရင် Introduction slide အပြီးမှာ Outline slide အဖြစ် ကိုယ်တင်ပြမယ့် အကြောင်းအရာ ခေါင်းစဉ်ခွဲလေးတွေကို အကျဉ်းချုပ်ရှင်းပြထားနိုင်ပါတယ်။ နောက်ပြီး ပရိသတ် မပျင်းရိစေဖို့ သက်ဆိုင်တဲ့ video clip အတိုလေးတွေ၊ စိတ်ဝင်စားဖွယ်ရုပ်ပုံလေးတွေ သင့်လျော်သလို သုံးနိုင်ပါသေးတယ်။
 

4. Don’t rush



တချို့က သေသေချာချာ ကြိုတင်ပြင်ဆင်ထားပါလျက်နဲ့ ပရိသတ်ရှေ့ထွက်ပြောရတဲ့အခါ Stage Fright ကြောင့် မြန်မြန်ပြီးချင်ဇောနဲ့ တရစပ်ပြောတော့တာပါပဲ။ ကိုယ် ကြိုးစားပြင်ဆင်ထားသမျှ ဒီလိုတော့ အချည်းနှီးမဖြစ်စေသင့်ပါဘူး။ ဘယ်သူမဆို စင်မြင့်ပေါ်မှာ အနည်းနဲ့အများ စိတ်လှုပ်ရှားတတ်ကြတာပဲမို့ ဒါကို ဖုံးကွယ်စရာ မလိုပါဘူး။ ကြောက်စိတ်ကို စိတ်အားထက်သန်မှုအဖြစ် ပြောင်းလဲပစ်နိုင်မယ်ဆိုရင် ပြောနေရင်းနဲ့ ကိုယ်ပြောမယ့် အကြောင်းအရာဘက် စိတ်ရောက်သွားပြီး ကြောက်စိတ်ကိုမေ့သွားမှာပါ။
 

5. Maintain eye contact



Presentation တခုပြုလုပ်တဲ့အခါ ပရိသတ်ကို ကျော်ပြီး နံရံကို စိုက်ကြည့်နေတာမျိုး၊ ကြမ်းပြင်ကိုပဲ ငုံ့ကြည့်နေတာမျိုး၊ Screen သို့မဟုတ် Laptop ကိုပဲ တချိန်လုံးကြည့်ပြီးပြောတာမျိုး ရှောင်ကြဉ်ရပါမယ်။ တကယ်တော့ အဲ့ဒီလိုမျက်လုံးအကြည့်ကို ရှောင်လွှဲပြီး ပြောတာထက် ရင်ဆိုင်ပြီးပြောတာက စိတ်သက်သာရာရစေပါတယ်။ နားထောင်သူတွေရဲ့ အားပေးတဲ့ အပြုံး၊ စိတ်ဝင်စားတဲ့ အမူအရာတွေက ရှေ့ဆက်ပြောဖို့ ခွန်အားဖြစ်စေပါတယ်။ တကယ်လို့ ကိုယ်နဲ့မရင်းနှီးတဲ့ လူအုပ်ကြီးကို ကြည့်ဖို့၊ အကဲဖြတ်သူတွေကို ကြည့်ဖို့ မဝံ့မရဲ ဖြစ်နေတယ်ဆိုရင် ကိုယ်ပြောမယ့်အကြောင်းအရာကို ဆွေးနွေးပြီးသား ကိုယ့်ရဲ့ ကြီးကြပ်ဆရာမ သို့မဟုတ် အတန်းဖော်သူငယ်ချင်းကို အရင်ဆုံးကြည့်ပြီးပြောပါ။ တဖြည်းဖြည်း အကြည့်ကို ရွှေ့ပြီး ပရိသတ်တယောက်ချင်းစီကြည့်ပြီး ပြောပါ။ ကိုယ်ပြောတဲ့အကြောင်းအရာဟာ ပရိသတ် တယောက်ချင်းစီကို ရည်ရွယ်ကြောင်း၊ တယောက်ချင်းစီဟာ တန်းတူအရေးပါကြောင်း ပြသပါ။
 

6. Engage with your audience



Presentation တခုပြုလုပ်တဲ့အခါ ပရိသတ်နဲ့ အချိတ်အဆက်မိဖို့ (Engagement)လည်း အရေးကြီးပါတယ်။ ပရိသတ် မပျင်းရိစေဖို့ ကိုယ်ပြောတဲ့အကြောင်းအရာထဲကို ပရိသတ်ကို ဆွဲခေါ်လာနိုင်ရပါမယ်။ အခါအားလျော်စွာ မေးခွန်းလေးတွေ မေးတာမျိုး၊ အများစုသိတဲ့ လူတယောက်ကို ဥပမာပေးပြီး ရှင်းပြတာမျိုး ပြုလုပ်နိုင်ပါတယ်။
 


7. Use effective pauses



Presentation လုပ်တဲ့အခါ လေ့ကျင့်ထားတယ်ဆိုပြီး မရပ်မနား တရစပ်ပြောဖို့ မလိုပါဘူး။ သဘာဝကျစေဖို့ အဖြတ်အတောက်ကလည်း အရေးကြီးပါတယ်။ ကိုယ်ပြောတဲ့ အကြောင်းအရာ ခေါင်းစဉ်ခွဲတခုနဲ့ တခုကြားမှာ ခဏနားပေးခြင်းဖြင့် နားထောင်သူတွေကို ခေါင်းစဉ်ခွဲအသစ်လာတော့မယ်ဆိုတာ ရိပ်မိစေပါတယ်။ Power Point မှာဆိုရင်လည်း slide တခုနဲ့တခုအကြားမှာ ပရိသတ်ကို slide ဖတ်ဖို့အချိန်ပေးတဲ့အနေနဲ့ ခဏနားနိုင်ပါတယ်။ အရေးကြီးတဲ့အချက်အလက်ကို ပြောမယ်ဆိုရင် ပရိသတ်သတိပြုမိစေဖို့ နှစ်ကြိမ်လောက် ထပ်ပြောနိုင်ပါတယ်။

 

8. Be prepared



Practice makes Perfect ပါ။ သူငယ်ချင်းတယောက်ရှေ့မှာ အစမ်းလေ့ကျင့်ကြည့်ပြီး သူငယ်ချင်းရဲ့ ထင်မြင်ယူဆချက်အရ ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်ပါတယ်။ တယောက်တည်း လေ့ကျင့်ချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာ video / audio record ယူထားပြီး ပြန်နားထောင်ကြည့်ပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်း ကိုယ်ပြောလိုတဲ့ အချက်အလက်အားလုံး ခြုံငုံမိအောင် တင်ပြနိုင်ဖို့ လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။
 
 

9. Be confident



Presentation လုပ်တဲ့အခါ ကြိုးစားအားထုတ်မှုတူရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူက တပန်းသာပါတယ်။ သင့်လျော်တဲ့ကိုယ်နေဟန်ထားနှင့် နှစ်လိုဖွယ်အပြုံးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။ တကယ်တော့ Presentation ပြုလုပ်ဖန်များလာတာနှင့်အမျှ ကိုယ့်ကိုယ့်ကို ယုံကြည်မှုရှိလာပြီး သဘာဝကျကျ ပေါ့ပေါ့ပါးပါး ပြောနိုင်သွားတာပါပဲ။
 
 

10. Be open to question



မေးခွန်းတွေကို မကြောက်ပါနဲ့။ ပရိသတ်မေးတဲ့ မေးခွန်းတွေဟာ ကိုယ့်ပညာရပ်ကို ကိုယ်ဘယ်လောက်လေ့လာထားလဲဆိုတာ ပြသနိုင်တဲ့အခွင့်အရေးပါပဲ။ မေးလာနိုင်တဲ့ follow-up question တွေကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားတာ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပရိသတ်တွေက ကိုယ်ထင်မှတ်မထားတဲ့ မေးခွန်းတွေကိုလည်း မေးတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ အဖြေကိုမသိဘူးဆိုရင်တောင် ကိုယ် သိထားတဲ့အချက်အလက်တွေနဲ့ ဆက်စပ်ပြီး ကိုယ့်အမြင်၊ ယူဆချက်ကို ကြိုးစားဖြေဆိုသင့်ပါတယ်။ မတတ်နိုင်တဲ့အဆုံး မသိရင် မသိပါဘူးလို့ ရိုးရိုးသားသားဖြေတာ၊ ကျွန်တော် လေ့လာပြီး အဖြေပြန်ပေးပါ့မယ်လို့ တောင်းပန်တာမျိုးကလည်း နှစ်လိုဖွယ်အချက်တွေပါပဲ။
နောက်ဆုံးအနေနဲ့ကတော့ အချိန်ပေးပြီး နားထောင်သူတွေကို ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။
 
 
Credit to the original Uploader

Comments

  1. ဒီနိုင်ငံပညာရေးစနစ်နဲ့ အဲ့လောက်မတွေးခေါ်နိုင်သေးဘူး

    ReplyDelete
  2. လူအများရှေ့ရောက်ပီဆိုတာနဲ့ ဒစ်လည်တော့တာပဲ😐

    ReplyDelete
  3. ကိုယ်တွေ အသက် ၃၅ ကျော်ပြီ။
    ကိုယ်တွေ နယ်က ပညာရေးဆိုတာ
    အလွတ်ကျက် ဖြေနဲ့ ပြီးလာ‌‌တာဆိုတော့ ရန်ကုန်မှာ တက္ကသိုလ် တက်ချိန်မှာ ငဒူ ငအ တစ်ယောက်ကို ဖြစ်ရော။
    ၁၀ တန်းပြီးတဲ့အထိ အဘိဓာန်ရှိတယ်ဆိုတာတောင် မသိခဲ့ရဘူး။
    ဆရာမ ဆုပေးတဲ့ အဘိဓာန်ကို ကြည့်ပြီး အံ့အားသင့်ခဲ့ရတဲ့ဘ၀။

    ReplyDelete
  4. စော်ရနည်းများလားလို့

    ReplyDelete

Post a Comment