Prosopagnosia (Face Blindness)အကြောင်း
Prosopagnosia (Face Blindness)အကြောင်း
Prosopagnosia ဆိုတာ လူတွေရဲ့ မျက်နှာကို မမှတ်မိနိုင်တဲ့ Disorderတစ်မျိုး ဖြစ်ပါတယ်။ Face Blindnessလို့လည်း လူသိများကြပါတယ်။ ယေဘုယျအားဖြင့် လူဦးရေ၏ ၂ရာခိုင်နှုန်းဟာ Prosopagnosiaဖြစ်နေကြတယ်လို့ ခန့်မှန်းကြပါတယ်။
Prosopagnosiaဖြစ်နေတဲ့လူများဟာ မိမိရဲ့ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများအပါအဝင် လူအားလုံးရဲ့ မျက်နှာများကို မမှတ်မိနိုင်ကြပါဘူး။ ဒါကြောင့် လူတွေကို မှတ်မိနိုင်အောင် လူတွေရဲ့ လမ်းလျှောက်ပုံ၊ ဆံပင်စတိုင်လ်၊ အသံ၊ ဝတ်စားဆင်ယင်ပုံ စသည်တို့နှင့် လူတွေကို ခွဲခြားတဲ့ နည်းလမ်းများကို အသုံးပြုကြပါတယ်။ သို့သော် ဒီလိုနည်းလမ်းများဟာ အမြဲတမ်း အလုပ်မဖြစ်နိုင်ပါဘူး။
Prosopagnosia ဖြစ်နေသူများဟာ လူတွေနှင့် ထိတွေ့ဆက်ဆံရမှာကို အမြဲလိုလို ရှောင်နေတတ်တာကြောင့် Social Anxiety Disorderကို ခံစားရတတ်ကြပါတယ်။
Prosopagnosiaကြောင့် လူတွေနှင့် မိတ်ဖွဲ့ရာမှာ အခက်အခဲ များစွာ ရှိကြသလို အလုပ်မှာလည်း ပြဿနာများစွာ ကြုံတွေ့ရတတ်ကြပါတယ်။ ဒါကြောင့် Prosopagnosia ဖြစ်နေသူများဟာ Depression (စိတ်ဓာတ်ကျခြင်း) အဖြစ်များကြပါတယ်။
Prosopagnosiaဖြစ်သူအများစုကတော့ မျက်နှာအသွင်အပြင်ကို မမှတ်မိနိုင်ကြသလို လူတစ်ယောက်၏ အသက်နှင့် ကျား/မကိုလည်း မခွဲခြား/မခန့်မှန်း နိုင်ကြပါဘူး။ တချို့လူတွေဆို သူတို့ကိုယ်တိုင်ရဲ့ မျက်နှာကို မှန်တွေနှင့် ဓာတ်ပုံတွေထဲမှာတောင် ခွဲခြားမှတ်မိနိုင်စွမ်း မရှိကြပါဘူး။
Prosopagnosiaဖြစ်သူများဟာ မျက်နှာများကို ခွဲခြားမှတ်မိနိုင်စွမ်း မရှိတဲ့အတွက်ကြောင့် (Charactersများကို ခွဲခြား မမှတ်မိနိုင်တာကြောင့်) ရုပ်ရှင်တွေ၊ တီဗွီအစီအစဥ်တွေကို ကြည့်ရှုနိုင်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ထို့ပြင် Prosopagnosiaဖြစ်နေသူတချို့ဟာဆိုရင် လူမှုဆက်ဆံရေးမှာ လူတွေကို မမှတ်မိနိုင်ခြင်းဟာ ရိုင်းပျမိသလို ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။
ဦးနှောက်ထဲမှာ ရှိတဲ့ အရာဝတ္ထုများနှင့် မျက်နှာများကို မှတ်မိစေနိုင်သော Fusiform Gyrusမှာ ပုံမှန်မဟုတ်တာ၊ ချို့ယွင်းမှုဖြစ်တာ၊ ထိခိုက်မိတာတို့ ရှိတဲ့အခါမှာ Prosopagnosia ဖြစ်စေနိုင်ပါတယ်။
Prosopagnosiaအမျိုးအစား (၂)မျိုး ရှိပါတယ်။ မွေးရာပါ Prosopagnosia နှင့် ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်တဲ့ Prosopagnosia တို့ပဲ ဖြစ်ပါတယ်။
မွေးရာပါ Prosopagnosiaဟာ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်ကြပါတယ်။ ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်တဲ့ Prosopagnosiaကတော့ လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။
Prosopagnosiaဟာ မှတ်ဉာဏ်နှင့် အမြင်အာရုံတို့မှာ ပြဿနာရှိတာကြောင့် ဖြစ်ပေါ်တတ်တာ မဟုတ်ပါဘူး။ သို့သော် တစ်ခါတလေမှာProsopagnosia ဟာ Autism, Turner Syndrome, Williams Syndromeတို့နှင့် ဆက်နွယ်လျက် ရှိပါတယ်။
Prosopagnosiaကို ကုသနိုင်တဲ့ နည်းလမ်း မရှိပါဘူး။ Prosopagnosia ဖြစ်နေသူများဟာ လူတစ်ယောက်ရဲ့ အရပ်အမြင့်၊ အသံ၊ဝတ်စားဆင်ယင်ပုံ၊ ဆံပင်စတိုင်လ်စတာတွေကို ကြည့်ပြီး ခွဲခြားကြတဲ့ နည်းလမ်းကိုသာ အသုံးပြုရတတ်ပါတယ်။
ကျနော်တော့ ကျနော့် ကောင်မလေးကို မမေ့ဘူးနော် xD
ReplyDeletedone
ReplyDeleteမျက်နာမမှတ်မိတာမဟုတ်ဘူး လမ်းသွားနေရင်း တွေးချင်ရာတွေးနေရင်း ကိုယ့်အတွေးထဲကိုယ်မျောနေလို့ ခဏခဏအဆဲခံရ။
ReplyDeletegood.
ReplyDeleteDone
ReplyDeleteမိဘမျက်နှာတောင် တွေးပီးပုံဖော်လို့မရဘူး ကိုယ့်ရုပ်ကိုလဲ မမှတ်မိဘူး
ReplyDeleteဟုတ်တယ် တော်ရုံ
ReplyDeleteမမှတ်မိဘူး။
သတိလည်း မထားမိဘူး။
😂
အသက်အရွယ်ရလာရင်ပိုအဖြစ်များတတ်လား
ReplyDeleteWhatting😬
ReplyDeleteတွေးကြည့်တာတင် depressionဝင်စရာကြီး😬 နေရထိုင်ရခက်မှာပဲ
ReplyDeleteDone
ReplyDeleteInteresting.
ReplyDelete💔
ReplyDelete