အနီရောင်ကို ဘယ်နေရာမှာ သုံးကြသလဲ။


အနီရောင်

🛑 အခြေခံအရောင် နောက်တစ်ရောင်ဖြစ်တဲ့ အနီရောင်ကို အနောက်နိုင်ငံတွေမှာ Passion(စိတ်အားထက်သန်ပြင်းပြခြင်း) ဆိုတာနဲ့ အများဆုံး အဓိပ္ပါယ်ဖွင့်ကြပါတယ်။ 

🛑 အာရှဘက်မှာကျတော့ (အထူးသဖြင့် တရုတ်လူမျိုးတွေက) ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ အသက်ရှည်ကျန်းမာ​ခြင်းရဲ့ အရောင်အဖြစ် သုံးကြပါတယ်။ 

lanterns in a temple during the Chinese New Year in Kuala Lumpur, Malaysia

🛑 အနီရောင်က အချစ်၊ အမုန်း၊ ပူ​လောင်ခြင်းနဲ့ ၊ ဒေါသ ဆိုတဲ့ စကာလုံးတွေကို ကိုယ်စားပြုပါသေးတယ်။ 

Dress Like Anger Costume | Halloween and Cosplay Guides

🛑  Me Before You ဇာတ်လမ်းထဲမှာ မင်းသားက မင်းသမီးကို ပြောခဲ့တဲ့ ''အဲ့လိုအနီရောင်ဝတ်စုံမျိုး ဝတ်မယ်ဆိုရင် ယုံကြည်မှုရှိရှိဝတ်ပါ'' ဆိုတဲ့ နာမည်ကြီး Quoteတစ်ခုရှိပါတယ်။
 အမျိုးသမီးတွေ အနီရောင်ဝတ်ရင် ပိုဆွဲဆောင်မှုရှိတယ်လို့ အမျိုးသားတွေက မြင်ပါတယ်။ အမျိုးသားတွေ အနီရောင်ဝတ်လည်း အမျိုးသမီးတွေက အဲ့လိုပဲတွေးကြပါတယ်။ 
Best red dress moments on the red carpet | Gallery | Wonderwall.com

🛑 အနီရောင်သုံးထားတဲ့ပစ္စည်းတွေကို ကြည့်လိုက်ရင် ရှိနေတဲ့အကွာအဝေးထက် ကိုယ်နဲ့ပိုနီးနေတယ်လို့ ထင်ရစေပါတယ်။ သူရဲ့ ထင်းနေပြီး၊ အမြင်အာရုံကို ဖမ်းစနိုင်တဲ့ ဂုဏ်သတ္တိကြောင့်ပါ။ အဲ့ဒါကြောင့်လူမြင်ကွင်းမှာ အရေးကြီးတဲ့ သတိပေး ဆိုင်းဘုတ်တွေ၊ မီးပွိုင့်မှာ ရပ်ဆိုတဲ့သင်္ကေတတွေ၊ စာထည့်ပုံးတွေကို အနီရောင်သုံးတာပါ။ အဲ့လို သတိပေးဆိုင်းဘုတ်တွေမှာ အသုံးများလို့ Color of Dangerလို့လည်း ခေါ်တတ်ကြပါတယ်။ 

Danger signs Royalty Free Vector Image - VectorStock

🛑 Take action now. (အခုချက်ချင်းလုပ်)ဆိုတဲ့ အတွေးမျိုးလည်း ပေးနိုင်လို့ Websiteတွေနဲ့၊ ကြော်ငြာတွေမှာ  အခုချင်ချင်းမှာလိုက်ပါတို့၊ အခုဖုန်းခေါ်လိုက်ပါဆိုတဲ့ ခလုတ်တွေကို အနီရောင်သုံးတတ်ကြပါတယ်။ အဲ့လို အင်တာနက် ကြော်ငြာ ခလုတ်တွေမှာအပြင် ကိုယ့်ရဲ့ တကယ့် ​မြေပြင်ကဆိုင်မှာလည်း သုံးလို့ရပါသေးတယ်။ Eg. ငွေရှင်းကောင်တာကို အနီရောင်သုံးတာမျိုး၊ ငွေရှင်းကောင်တာဆီကို ညွှန်ပြနေတဲ့ အနီရောင်မြှားလေးတွေ ကြမ်းပြင်မှာ ပြထားတာမျိုး။
Call us now button  - template for phone number in website or landing page header  - conspicuous element with phone headset pictogram

🛑 အခုချက်ချင်းဝယ်လိုက်ပါဆိုတဲ့ အတွေးပေးနိုင်တဲ့အပြင်၊ အနီရောင်က လူတွေရဲ့ အာရုံကို ချက်ချင်းဖမ်းစားနိုင်ပြီး အစားစားချင်စိတ်ကိုပါ လှုံ့ဆော်ပေးနိုင်ပါသေးတယ်။ အဲ့လို ဂုဏ်သတ္တိတွေကြောင့် ချင်ချင်းဝင်ဝယ်ပြီး ထုတ်သွားလို့ရတဲ့ Fast Food ကုမ္ပဏီတွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာ အသုံးအများဆုံး အရောင်ဖြစ်နေတာပါ။ အနီရောင်ကို အဝါနဲ့ တွဲပေးရင် စားချင်စိတ်ကို ပိုပြီး ပြင်းပြစေပါတယ်။ Eg. KFC, McDonald's, Burger King, Wendey's


🛑 အနီရောင်က စိတ်လှုပ်ရှားမှုကို မြင့်တက်စေပြီး၊ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်။ YouTubeနဲ့ Coca Colaအနီရောင် သုံးကြတာလည်း အဲ့ဒါကြောင့်ပါပဲ။ YouTubeဆိုရင် သူ့ရဲ့logoက အနီရောင် နောက်ခံမှာ အပေါ်က ဗွီဒီယို ကြည့်တဲ့ play ခလုတ်လေးပါ။ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုနဲ့ Action Now Themeကိုပါ အကုန်ပေါင်းသုံးသွားတာပါ။


🛑 အနီရောင်သုံးတဲ့ နာမည်ကြီးကုမ္ပဏီတွေက Red Bull, CNN, Netfix, BBC, LG, Disnep, Puma တို့ပဲဖြစ်ပါတယ်။

🛑 အနီရောင်ကို အစားအစာ, ကျန်မားရေး, အလှအပနဲ့ Entertainment လုပ်ငန်းတွေမှာ အများဆုံး သုံးကြပါတယ်။

🛑 အလုပ်ခွင်မှာ ခင်ဗျားရဲ့ဝန်ထမ်းတွေ အမြဲမှတ်မိစေချင်တဲ့ ကိစ္စမျိုးတွေဆို အနီရောင်ကို သုံးပါ။ အနီရောင်က တစ်ခုခုကို သတိပေးနေတဲ့ အတွေးဝင်စေပါတယ်။ အနီရောင်က Power၊Strength၊Energyတို့ကို ကိုယ်စားပြုပေမယ့် အလုပ်ခွင်မှာ အနီရောင်တွေ အများကြီးတော့ မသုံးသင့်ပါဘူး။ စိတ်ဖိစီးမှုများစေပြီး စိတ်လှုပ်ရှားနေစေလို့ပါ။ အဲ့ဒါကြောင့် အလုပ်ခွင်မှာကျန်းမာအောင်နေပါဆိုတာမျိုးလေး သတိရနေစေချင်လို့ အနောက်နိုင်ငံတွေရဲ့ အလုပ်ကဝန်းထမ်းတွေအတွက် Gymအသေးစားလေးတွေမှာ အနီရောင်သုံးတတ်ကြပါတယ်။

🛑 အိမ်တွေမှာဆိုရင် အနီရောင်ကို ညစာစားခန်းတွေ၊ မီးဖိုချောင်တွေမှာ သုံးသင့်ပါတယ်။ အိပ်ခန်းထဲမှာတော့ အနီရောင်တွေ အရမ်းမသုံးသင့်ပါဘူး။


အပြာရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန်- https://ouo.io/ML5rKs
အစိမ်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yjvntB
အမည်းရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://ouo.io/17palX
အဝါရောင်ကိုဘယ်နေရာတွေမှာသုံးလဲဖတ်ရန် - https://bit.ly/3yi6dLR

Comments

Post a Comment