Shinobi ခေတ်ရဲ့ အစောဆုံး အင်အား အကြီးဆုံး ဖြစ်တဲ့ Madara








 ၁။ Madara ဟာ Natural Transformation 10 ခုလုံးကို အသုံးပြုနိုင်တယ်။

သာမန် အခြေခံ အားဖြင့် NT (Natural Transformation) က ငါးခုသာ ရှိပါတယ်။ အဲ့ဒါတွေက မီး၊ ရေ၊ လေ၊ မြေ နဲ့ လျှပ်စီး တို့ဖြစ်ပါတယ်။ Madara ကတော့ အခြေခံ ငါးခုအပြင် Yin၊ Yang၊ Yin-Yang၊ Wood (သစ်သား) နဲ့ Storm (မုန်တိုင်း) တို့ကိုပါ အသုံးပြုနိုင်တယ်။


၂။ Madara ဟာ Senju Clan သားတွေ နီးပါ Chakra များပြားသူ။

သာမန် Senju Clan ကသူတွေထက် Chakra များပြားပြီး သူ့ Cha Lvl(Chakra Level) က Senju Clan ခေါင်းဆောင်ဖြစ်တဲ့ Hashirama နီးပါးလောက်ကို များပြားပါတယ်။

Madara ဟာ Chakra ကို အသုံးပြုပြီး 24 နာရီလုံး မရပ်မနား တိုက်ခိုက်နိုင်ပါတယ်။

(Senju Clan သားတွေနဲ့ ယှဉ်ပြထားတာက Naruto Series တစ်လျှောက်လုံးမှာ Senju Clan က လူတွေက တစ်ခြားသော သူတွေထက် Chakra Amount ပိုများလို့ပါ။)


၃။ Gedo Statue (Demonic Statue) ကို အသက်ဆက်ဖို့ အတွက် အသုံးချခဲ့သူ။

Madara ဟာ သူ့ရဲ့ Weak ဖြစ်လာတဲ့ Body အတွက် အသက်ဆက်ရှင်အောင် Gedo Statue နဲ့ link လုပ်ပြီး သူ့ရဲ့ Life Source အနေနဲ့ အသုံးပြုခဲ့ပါတယ်။


၄။ Madara က first hokage ဖြစ်ပါတယ်။

Madara နဲ့ Hashirama တို့ဟာ Senju နဲ့ Uchiha Clan တွေကြားမှာ ငြိမ်းချမ်းမှု ယူပြီးနောက် ငြိမ်းချမ်းရေး သင်္ကေတ အဖြစ် သူတို့ နှစ်ယောက် ရွာကိုတည်ထောင် ပြီး နောက်ပိုင်း Madara က Konohagakure လို့ နာမည်ပေးခဲ့ပါတယ် Hashirama ကိုယ်တိုင်ကလည်း သဘောတူခဲ့ပြီး။ Madara ကို First Hokage အဖြစ် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ် Madara ကလည်း Clan နှစ်ခုကြား ငြိမ်းချမ်းရေး ထိန်းသိမ်းချင်တာမို့ သဘောတူခဲ့ပါတယ်။ ဒါပင်မယ့် Tobirama (Second Hokage) နဲ့ အခြားသော Daimyō (Feudal Lord) တွေကပါ သဘောမတူခဲ့တာကြောင့် Hashirama က First Hokage ဖြစ်လာခဲ့တာပါ။


၅။ လူသားတစ်ယောက် အနေနဲ့ ပထမဦးဆုံးသော Rinnegan ကို နိုးထခဲ့သူ။

Madara တစ်ယောက် Hashirama ရဲ့ DNA ကို ရပြီးတယ့်နောက်ပိုင်း Rinnegan ကို ရရှိလာခဲ့ပါတယ်။ (Rinnegan က Ōtsutsuki Bloodline ရှိတယ့် လူတွေစီ မှာသာ ရရှိနိုင်တယ့် အရာပါ။) Madara ကတော့ ပထမ ရရှိခဲ့ပြီး ဒုတိယကတော့ Sasuke ပါ။


၆။ Clones တွေက Madara အပေါ် အလုပ်မဖြစ်ပါဘူး

Hashirama ရဲ့ (Wood Clones)၊ Tobirama ရဲ့ (Shadow Clones) နဲ့ တာတေဘာရော ရဲ့ (Show Clones) Jutsu တွေက Madara အပေါ်အလုပ်မဖြစ် ပါဘူး။ Madara ဟာ Clones တွေကြားထဲက အစစ်ကို သိပါတယ်။


၇။ Madara ရဲ့ Sharingan တွေက Kurama (Nine-Tails) ကိုတောင် Trap နိုင်ပါတယ်။

Nine Tails လို ကောင်မျိုးကိုတောင် Genjutsu ထဲ ထည့်ပြီး ကျောင်းသားမွေးတာနော်။


၈။ တခြားသော အရာတွေထက် တိုက်ခိုက်ခြင်းကိုသာ ပိုနှစ်သက်သူ။

စစ်ပွဲ ကာလထဲမှာ မွေးလာတယ့် လူဖြစ်တယ့် အပြင် ဆုံးရှုံးစရာ နာကျည်းစရာတွေပဲ ကြုံထားရတယ့် လူဖြစ်တာမို့ တိုက်ခိုက်ခြင်း တစ်မျိုးတည်းကိုသာ အဖြေလို့ လက်ခံထားတယ့် လူစားမျိုးပါ။


၉။ အဓိက အသုံးပြုတယ့် Elements က လေ ပါ မီး မဟုတ်ပါဘူး။

Madara ဟာ မီး ကို မကြိုက်ပါဘူး လေ က သူနဲ့ သင့်တော်ပြီး သူ့ style နဲ့ ပိုကိုက်လို့ဆိုပြီး လေ ကိုပိုသဘောကျပါတယ်။

၁၀။ အချစ်ကြီးသူတစ်ယောက်။

Itachi Sasuke ကို ချစ်တယ်ဆိုတာ Madara Izuna ကို ချစ်တာကို မမှီပါဘူး။


၁၁။ Senjutsu (Sage Art) User တစ်ယောက် မဟုတ်ပါဘူး။

Fourth Data Book ဖော်ပြချက် အရ Madara ဟာ တရားဝင် Senjutsu User မဟုတ်ခဲ့ပါဘူး။ သူဟာ Hashirama ရဲ့ DNA ကနေမှ တဆင့် Senjutsu အစွမ်းကို နိုးထလာအောင် ခိုးယူခဲ့တာဖြစ်ပါတယ်။


၁၂။ Series တစ်လျှောက် အသက်အကြီးဆုံး။


Madara ဟာ Series တစ်လျှောက်လုံး 3 ကြိမ်သေဆုံးခဲ့ပြီး တရားဝင် မသေဆုံခင်ထိကို အသက်က 120 ထိရှိနေခဲ့ပါတယ်။

၁၃။ အတော်ဆုံးသော ဆရာတစ်ယောက်။

Obito ဟာ Madara ရဲ့ သင်ပြပေးမှု တွေကြောင့် အသက် 16 နှစ် အရွယ်မှာ တင် Kurama (Nine-tail) ကို Summon လုပ်နိုင်ပြီး ဆရာဟောင်း ဖြစ်သူ Minato နဲ့ by 1 အနေအထားထိ ရောက်အောင် Strong ဖြစ်လာခဲ့တဲ့ အထိ train ပေးခဲ့ပါတယ်။

ဒါတွေကတော့ လူသိနည်းတဲ့ Madara ရဲ့ facts တွေပါ အရင် Itachi’s Jutsu & Arsenal ကလို သဘောကျပြီး ကြိုက်ကြတယ် ဆိုရင် Strongest 5 Shinobi of Uchiha Clan၊ Fastest Shinobi in Shinobi World နဲ့ Madara’s Jutsu တွေအကြောင်းကိုလည်း တင်ပေးဖို့ အစီအစဉ် ရှိတာမို့ Naruto Fan သူငယ်ချင်းတွေကိုလည်း ဖတ်ရင်းလှု ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ။

Comments

  1. nagatoက ပထမဆံုး rinneganရတာမဟုတ္ဘူးလား

    ReplyDelete
    Replies
    1. Nagato ကို Madara ကပေးထားတာပါ

      Delete
    2. madara ကို အသက်ပြန်သွင်းတဲ့အချိန်ထိ sharingen နဲ့ပဲလေ။ great ninja war ရောက်မှ obito နဲ့ juubi ကို အသက်သွင်းပီးမှ rinnegan ရတာ ဟုတ်ဘူးလား။ obito ကိုသင်ပေးတဲ့ အချိန် သေခါနီးထိ rinnegan မရခဲ့ဘူးလား လို့

      Delete
    3. အ့လိုမျိုးပဲ

      Delete
  2. ကြိုက်တယ်ဗျို့များမျတင်ပေးပါ

    ReplyDelete
  3. Uzumaki clan အကြောင်းကောတင်ပေးပါအုံး

    ReplyDelete
  4. ထပ်တင်ပေးပါဦး
    ကျေးဇူးတင်ပါတယ်

    ReplyDelete

Post a Comment