Social Media Addiction(ဆိုရှယ်မီဒီယာကို စွဲလမ်းမှု)အကြောင်း


 Social Media Addiction(ဆိုရှယ်မီဒီယာကို စွဲလမ်းမှု)အကြောင်း

ယနေ့ခေတ် ကျွန်တော်တို့ လူငယ်တိုင်းနီးပါးဟာ Social Mediaကို အသုံးပြုလေ့ရှိကြပါတယ်။ သို့သော် တန်ဆေးလွန်ဘေးဆိုသလို အလွန်အကြူး အသုံးပြုလာကြတဲ့အခါမှာ Social Media Addiction (ဆိုရှယ်မီဒီယာကို စွဲလမ်းမှု) ဖြစ်လာကြပါတယ်။

လေ့လာတွေ့ရှိချက်များအရ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းလောက်က Social Media Addictionဖြစ်နေကြပါတယ်။ Social Mediaကို အသုံးပြုတဲ့လူဦးရေဟာ တိုးတက်နေသလို Social Media Addictionဖြစ်တဲ့လူဦးရေနှုန်းဟာလည်း တိုးတက်လာကြပါတယ်။



Social Mediaကို အလွန်အကြူးအသုံးပြုတိုင်း Social Media Addictionဖြစ်နေတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင်က Social Media Addictionဖြစ်နေသလားဆိုတာကို အောက်ပါအချက်အလက်များနှင့် ဆန်းစစ်ကြည့်နိုင်ပါတယ်။

-Social Mediaကို အလွန်အကြူး အသုံးပြုခြင်းကြောင့် ကျောင်းစာ သို့မဟုတ် အလုပ်မှာ ဆိုးကျိုးသက်ရောက်ခြင်း (ဥပမာ- အလုပ်နေရာမှာ သို့မဟုတ် စာလေ့လာရမယ့်အချိန်တွေမှာ News Feedထိုင်ပွတ်နေခြင်း)

-သူငယ်ချင်းများ သို့မဟုတ် မိသားစုဝင်များနှင့် အတူရှိနေချိန်မှာ သူတို့နှင့် ပြောဆိုဆက်ဆံခြင်း မလုပ်ဘဲ  Social Mediaအသုံးပြုနေခြင်း

-အစာစားနေချိန်၊ ထမင်းစားနေချိန်တွေမှာတောင် Social Mediaကို အသုံးပြုနေခြင်း

-Social Mediaကို အသုံးမပြုရတဲ့အချိန်မှာ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုခြင်း

-Social Mediaလျှော့သုံးရတဲ့အခါ ဒေါသထွက်ခြင်း

-Social Mediaကို သုံးမနေတဲ့ချိန်မှာတောင် Social Mediaအကြောင်းကို တွေးနေပြီး အခွင့်ရတာနှင့် Social Mediaအသုံးပြုဖို့ ကြံရွယ်နေခြင်း

-Social Mediaကို ပြဿနာပေါင်းစုံဖြေရှင်းရန်အတွက် အသုံးပြုခြင်း စတဲ့အချက်များနှင့် ကိုက်ညီနေလျှင်တော့ သင်ဟာ Social Media Addiction ဖြစ်နေပါပြီ။

Image result for social media addiction

လူတွေက Social Mediaကို ဘာလို့ စွဲလမ်းကြသလဲဆိုတာ အကြောင်းပြချက်ရှိပါတယ်။ ကျွန်တော်တို့ဟာ Social Mediaသုံးနေတဲ့အချိန်မှာ စိတ်ပျော်နေတဲ့အတွက် ဦးနှောက်ထဲမှာ Dopamine Signals (neurotransmitters associated with pleasure)လေးတွေ တိုးလာပါတယ်။ Dopamine Signalsတွေ တိုးလာတဲ့အခါမှာ ဦးနှောက်က Social Mediaသုံးတာကို ထပ်ကာထပ်ကာလုပ်သင့်တဲ့ အလုပ်လို့ သတ်မှတ်လာပါတယ်။ အထူးသဖြင့် Social Mediaမှာ Postတင်ပြီး Positive Feedbackတွေ ရတဲ့အခါမှာ Dopamine Signalsလေးတွေ ပိုတိုးလေ့ရှိပါတယ်။ ဒီလို Social Mediaသုံးခြင်းကြောင့် ဖြစ်လာတဲ့ စိတ်ပျော်ရွှင်မှုဟာ အသုံးပြုစဥ်အချိန်(ယာယီ)သာ ခံတာကြောင့် စိတ်ပျော်ရွှင်မှုကို ကြာကြာ ရအောင် သုံးကြရင်း Social Mediaကို စွဲလမ်းလာကြပါတယ်။ တချို့သော ဖျားနေတဲ့လူ၊ အထီးကျန်နေတဲ့လူတွေမှာဆိုရင်  အထီးကျန်တာကို လျော့စေဖို့ ဦးနှောက်ကSocial Mediaကို အသုံးပြုဖို့ တိုက်တွန်းတတ်ပါတယ်။


Social Media Addiction၏ နောက်ဆက်တွဲဆိုးကျိုးများကတော့

-တခြားလူများရဲ့ နေထိုင်မှုပုံစံတွေဟာ မိမိကိုယ်တိုင်ထက် ကောင်းမွန်နေတယ်လို့ အထင်အမြင်လွဲလာတဲ့အခါမှာ Self-esteem(မိမိကိုယ်ကို တန်ဖိုးထားမှု)လျော့နည်းလာခြင်း၊

-လူမှုပတ်ဝန်းကျင်မှာ မိမိတစ်ယောက်တည်း သီးသန့်နေလာခြင်း၊

-စိုးရိမ်ကြောက်ရွံ့လာခြင်းနှင့် စိတ်ဓာတ်ကျလာခြင်း၊

-Social Anxiety Disorderဖြစ်နိုင်ခြင်း၊

-ညမအိပ်ခင် Social Mediaကို အသုံးပြုခြင်းကြောင့် အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝ ဖြစ်ခြင်း၊

-Social Mediaအသုံးပြုတာကြာတဲ့အခါမှာ ခန္ဓာကိုယ်လှုပ်ရှားမှု လျော့နည်းလာခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း၊

-ကျောင်းစာမှာ အမှတ်မကောင်းခြင်း သို့မဟုတ် အလုပ်မှာ လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း၊

-လက်တွေ့ဘဝက ဆက်ဆံရေးများကို လျစ်လျူရှုထားသလို ဖြစ်လာတဲ့အတွက် လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Image result for break from social media

Social Mediaသုံးတာကို လျှော့ချနိုင်တဲ့ နည်းလမ်းများကတော့

-ကွန်ပျူတာ၊ လက်ပ်တော့ရှိသူများဟာ Social Mediaတွေကို ဖုန်းထဲမှာ ဖျက်လိုက်ပြီး ကွန်ပျူတာ၊လက်ပ်တော့တို့မှာသာ သုံးလျှင် Social Mediaသုံးတာကို တော်တော် လျှော့ချနိုင်မှာပါ

-အလုပ် သို့မဟုတ် ကျောင်းမှာ၊ အစားအစာ စားနေတဲ့အချိန်မှာ၊ တစ်ခုခုလုပ်ဖြစ်နေတဲ့အခါမှာ ဖုန်းကို စက်ပိတ်ထားပါ။ ဖုန်း Settingထဲမှာ Social Media Appတွေရဲ့ Notificationsကို ပိတ်ထားပါ

-Screen Timeကို ကန့်သတ်ထားပါ

-ဒစ်ဂျစ်တယ်ပစ္စည်းမလိုအပ်တဲ့ ဝါသနာတစ်ခုခုကို မွေးပါ (ဥပမာ- အားကစား၊ ပန်းချီ၊ ဟင်းချက်၊ သိုးမွေးထိုး)

-သူငယ်ချင်းများ သို့မဟုတ် မိသားစုဝင်များကို ဖြစ်နိုင်ရင်(တတ်နိုင်သလောက်) အပြင်မှာ လူချင်းတွေ့ပါ။

Image result for friends gathering

မိမိကိုယ်ကို Social Media Addictionဖြစ်နေလို့ နေ့စဥ်ဘဝကို ဆိုးကျိုးများစွာ သက်ရောက်နေတယ်လို့ ထင်လာရင်တော့ Social Mediaကို တစ်ပတ်၊ တစ်လ စသဖြင့် အချိန်သတ်မှတ်ပြီး ဖြတ်ထားသင့်ပါတယ်။

Comments

Post a Comment