Solar roof




 Solar Roof

Solar roof လိုပြောလိုက်ရင် အိမ်ကို solar panel (ဆိုလာပြား) နဲ့မိုးလိုက်တယ်လိုပြေးမြင်နေသလား။
Solar roof ဆိုတာဘယ်လိုမျိုးလဲ။ Solar roof သုံးပြီးမီတာခ လျှော့ချလိုရလား။ Solar roof တွေက မိုးတွင်းပိုင်းမှာရောအလုပ်ဖြစ်ရဲ့လား။ Solar panels နဲ့ solar roof ဘယ်ဟာသုံးသင့်သလဲ။ Solar renewable energy သုံးပြီး ကမ္ဘာမြေကြီးကိုအကျိုးပြုဖိုစိတ်ကူးရှိနေသလား။

Airports Could Generate Enough Solar Energy to Power a City

Solar roof ဆိုတာ အိမ်တွေမှာမိုးတဲ့ အုတ်ချပ်တွေလို အချပ်မျိုးဖြစ်ပါတယ်။ Solar shingles လိုလည်းခေါ်ကြပါတယ်။ မြန်မာမှာတော့ အမိုးကို သွပ်ပြားတိုဘာတိုမိုးတာများတယ် အုတ်ချပ်မိုးတာကိုတော့မြင်ရခဲပါတယ်။

Solar roof တွေ solar panels တွေဘယ်လိုအလုပ်လုပ်သလဲ ?

Solar shingles ဖြစ်ဖြစ်၊ solar panels ဖြစ်ဖြစ်၊ သူတိုမှာပါတဲ့ silicon, CGIS, CdTe စတဲ့ semiconducting materials တွေကိုအလင်းလာရိုက်တဲ့အခါ ထွက်လာတဲ့ electron တွေကိုထိန်းချုပ်ပြီး electricity အဖြစ်ပြောင်းလိုက်တာဖြစ်ပါတယ်။ အဲထွက်လာတဲ့ လျှပ်စစ်ဟာ direct current (DC) ဖြစ်ပြီး Alternative current (AC) အဖြစ် power inverter ကနေပြောင်းပြီး အိမ်တွေမှာအသုံးပြုတာဖြစ်ပါတယ်။

Join the Solar Roof Team | Tesla 香港

Solar shingles တွေကို Grid-tied နဲ့ Off-grid ဆိုပြီးပုံစံနှစ်မျိုးနဲ့သုံးလိုရပါတယ်။ Grid-tied ဆိုတာက Solar ကရတဲ့ လျှပ်စစ်ကို အစိုးရကပေးတဲ့ power grid တွဲပြီးသုံရတာဖြစ်တဲ့အတွက် မီးပျက်သွားရင် သုံးလိုမရနိုင်ပါဘူး။ မီးပျက်သွားရင်သုံးနိုင်ဖိုက မီးလာနေတဲ့အချိန်မှာ အိမ်သုံး battery ကိုအားသွင်းပြီး inverter ကတစ်ဆင့်ပြန်သုံးလိုတော့ရနိုင်ပါတယ်။ Off-grid system ကတော့ solar ကရတဲ့ လျှပ်စစ်နဲ့ battery ကိုအားသွင်းပြီးမှပြန်သုံးတာမျိုးဖြစ်ပါတယ်။ Off-grid system တွေကိုတောါ အစိုးရမီးမပေးတဲ့နေရာတွေမှာအသုံးများကြပါတယ်။

အဲတာကြောင့် Grid-tied system နဲ့အသုံးပြုမယ်ဆိုရင် မီတာခလျှော့ချနိုင်မှာဖြစ်ပါတယ်။ မီတာခလုံးဝမပေးရတာမျိုးမဟုတ်ဘဲ အရင်ကထက်မီတာခတော့သက်သာနေနိုင်ပါတယ်။ တစ်ခုရှိတာက solar roof က initial cost များနေတာကိုလည်းထည့်စဉ်းစားသင့်ပါတယ်။

Off-grid system နဲ့အသုံးပြုဖိုဆိုရင် battery မဖြစ်မနေလိုပါမယ်။ အိမ်သုံးလျှပ်စစ်များတဲ့အိမ်တွေအတွက်ဆိုရင် off-grid systems ကအသုံးပြုဖိုအဆင်မပြေဖြစ်နိုင်ပါတယ်။ ဥပမာ air conditioner ၊ အဝတ်လျှော်စက် နဲ့ ရေခဲသေတ္တာစတဲ့ watt များတဲ့ပစ္စည်းတွေအတွက် battery လည်းအများကြီးလိုမှာဖြစ်ပါတယ်။ အဲအတွက် off-grid system ကတော့ အစိုးရမီးမရတဲ့နေရာ သိုမဟုတ် အိမ်သုံးလျှပ်စစ်မများတဲ့အိမ်တွေမှာပဲအသုံးပြုဖိုသင့်တော်ပါတယ်။

Solar roof တွေဟာ နေ့အလင်းရောင်နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် နေမပူတဲ့နေ့ မိုးအုံးမိုးရွာတဲ့နေ့တွေမှာလည်းအသုံးပြုနိုင်ပါတယ်။ နေပူတဲ့နေ့တွေလို လျှပ်စစ် များများမထုတ်နိုင်ပေမယ့် နေ့အလင်းရောင်ရှိနေသ၍ လျှပ်စစ် ရရှိနိုင်မှာဖြစ်ပါတယ်။ မိုးရွာတဲ့အချိန်တွေမှာ solar roof ကိုအလင်းပိတ်စေတဲ့ ဖုန်နဲ့အမှိက်တွေ မိုးနဲ့အတူပါသွားတာဖြစ်တဲ့အတွက် သန့်ရှင်းရေးသက်သက်လုပ်စရာမလိုတော့ပါဘူး။

Solar roof တွေက အုတ်ချပ်လိုအချပ်မျိုးဖြစ်တာကြောင့် အမိုးတစ်ခုလုံးအပြည့် solar မိုးတာမျိုးမဟုတ်ဘဲ အဲအုတ်ချပ်တွေနဲ့ solar အချပ်တွေနဲ့ရောမိုးလိုရပါတယ်။ သူ့ရဲ့ function က လျှပ်စစ်ထုတ်ပေးတာတစ်ခုတည်းမဟုတ်ဘဲ အမိုးအနေနဲ့ပါလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ အဲအတွက် solar နဲ့မိုးဖိုဆိုရင် အောက်ကအမိုးတစ်ထပ်ခံစရာမလိုဘဲ မိုးလုံရေလုံဖြစ်နေမှာပါ။ အကယ်၍ solar panel သုံးမယ်ဆိုရင် အိမ်မိုးလုံဖိုအတွက် ရိုးရိုးအမိုးမိုးပြီးမှ အပေါ်မှာ solar panels ထပ်တင်ပြီးသုံးရမှာပါ။

အဲလိုဆိုတော့ solar roof က solar panels သုံးတာထက်သာတာပေါ့။
အဲတာအတွက်ဆို cost, effectiveness, visual, durability တွေပါထည့်စဉ်းစားရမှာဖြစ်ပါတယ်။

Cost?

Cost အနေနဲ့ကြည့်မယ်ဆိုရင် solar roof က 1sq ft ကို $21 မြန်မာငွေ 35000 ဝန်းကျင် ကျပြီးတော့ solar panel နဲ့ယှဉ်ရင် 3ဆ ပိုဈေးများပါတယ်။

Visual ပိုင်းကဆိုရင် solar shingles တွေက ရိုးရိုးအမိုးချပ်တွေနဲ့ ပုံစံတူ size တူဖြစ်တဲ့အတွက် အမှတ်တမဲ့ကြည့်လိုက်ရင် ပုံမှန်အမိုးလိုပဲဖြစ်နေမှာပါ။ အကယ်၍တစ်အိမ်လုံးစာ မမိုးဘဲ အုတ်ချပ်နဲ့ရောမိုးထားရင်တောင် pattern လှလှလေးနဲ့ design လုပ်လိုရနိုင်ပါတယ်။ အိမ်ပေါ်မှာ solar panel ကြီးအပြားလိုက်တင်ထားတာထက်စာရင်တော့ ကြည့်ရတာ မျက်စိပသာဒ ရှိတာပေါ့။

Solar panels နဲ့ solar shingles မှာ effective ဖြစ်တာကိုကြည့်ရင် solar panels က နေလာတဲ့ဘက်ကိုရွှေ့လို ချိန်လိုရတာကြောင့် panels ကပိုအဆင်ပြေပါတယ်။ Solar roof ကကျတော့ အမိုးအနေနဲ့တစ်ခါတည်းအသေတပ်လိုက်တာဖြစ်တာရယ် အမိုးကလှည့်ချင်တဲ့ဘက်လှည့်မိုးလိုမရတာရယ် ရှိပါမယ်။

Durability ကတော့ solar panels ရော solar shingles ရောက ၂၅ နှစ်ကနေ အနှစ် ၃၀ အထိသုံးလိုရအောင်လုပ်ထားတာဖြစ်လို နှစ်ခုလုံးကအတူတူပါပဲ။ Solar shingles ကတော့ တွေမှာ အပေါ်ဆုံးက quartz glass thin layer ခံထားတာကြောင့်အကြမ်းလည်းခံနိုင်ပါတယ်။ အဲတာကြောင့်လည်း ဈေးကပိုနေတာထင်ပါတယ်။ အမိုးပြင်စရာဘာညာရှိလို အမိုးပေါ်တက်မယ်ဆိုလည်း solar shingles တော်အပေါ်နင်းလိုရပါတယ်။ Solar panels တွေကတော့တက်နင်းလိုအဆင်မပြေနိုင်ပါဘူး။

Lindab SolarRoof | A roof that produces energy

Installation မှာ solar shingles တွေက တပ်ဆင်ရလွယ်လို ကျွမ်းကျင်တဲ့လူတွေဆိုရင်နေ့တစ်ဝက်နဲ့တစ်ပြီးနိုင်ပါတယ်။ Solar panels တွေကတော့အပြည့်ဆင်မယ်ဆိုရင် တစ်ရက်ကျော်လောက်ကြာနိုင်ပါတယ်။ Solar panels ရဲ့အားသာချက်ကတော့ အကယ်၍ ဒီ solar system ကိုမသုံးချင်တော့ဘူးဆိုရင် အမိုးပေါ်က panels တွေကိုပဲဖြုတ်ပြီးသိမ်းလိုက်လိုရတာကြောင့် အမိုးကိုသက်ရောက်မှုမရှိပါဘူး။ Solar shingles အနေနဲ့ကတော့ သူတိုကိုဖြုတ်ပြီးရင်သူတိုနေရာမှာအစားထိုးဖိုအတွက်ထပ်ဝယ်ရမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုစဉ်းစားရမှာ solar roof သုံးရင် အိမ်ရဲ့ structure ကိုပါထည့်စဉ်းစားရမှာဖြစ်ပါတယ်။ Solar roof နဲ့ solar panels တွေက သာမန်အမိုးထက် weight ပိုတာကြောင့် structural ပိုင်းမှာသက်ရောက်မှုရှိနိုင်ပါတယ်။

Comments