Spirometer
Spirometer သုံးခြင်းဖြင့်ဘယ်လို့အကျိုးကျေးဇူးတွေရနိုင်မလဲ။
- အဆုတ်ထဲဝင်တဲ့လေပမာဏကိုသိနိုင်တယ်။
- အဆုတ်ထဲမှာရှိတဲ့လေအိတ်လေးတွေသေချာပွင့်သွားစေတယ်။
- အဆုတ်ရဲ့လုပ်ဆောင်မှုတွေတိုးတက်လာစေတယ်။
Spirometer ဘယ်လိုအလုပ်လုပ်သလဲ။
- ပုံမှာပြထားသည့်အတိုင်းနေရာချပြီး ပိုက်အပြာ၏အဝကိုပါးစပ်ထဲထည့်၍လေကိုရှူသွင်းလိုက်လျှင် ရှူသွင်းတဲ့လေပေါ်မူတည်ပြီးအထဲမှာရှိတဲ့ ဘောလုံး ၃လုံး- 600cc ၊ 900cc ၊ 1200cc အဆင့်ဆင့် အပေါ်ဘက်ကိုကြွတက်လာမှုပါ။
- တက်လာတဲ့ဘောလုံးကိုကြည့်ချင်းဖြင့်သင့်အဆုတ်ထဲသို့ဝင်သောလေ ပမာဏကိုသိရမှာပါ။
Spirometer အသုံးပြုပုံအဆင့်ဆင့်
- ပထမဆုံးကျော်ကိုထည့်မတ်စွာထားပြီးထိုင်ပေးပါ။ အကယ်၍သေချာမထိုင်နိုင်ပါက ထိုင်နိုင်သမျှတည့်မတ်အောင်ထိုင်ပေးပါ။
- Spirometer ကိုတည့်မတ်စွာထားပြီးကိုင်ပေးပါ။
- ပိုက်အပြာထိပ်ကိုပါးစပ်အတွင်းထည့်ပြီးနှုတ်ခမ်းဖြင့်လုံအောင်ပိတ်ထားပေးပါ။
- ပြီးလျှင် ပါးစပ်အတွင်းသို့လေကို ဖြည်းဖြည်းနှင့်ပြင်းပြင်း ရှူသွင်းပေးပါ။ ရှူသွင်းတဲ့လေပမာဏအလိုက်ဘောလုံးလေးမြင့်တက်လာပါလိမ့်မယ်။ လေကိုထပ်မံ၍မရှူသွင်းနိုင်သည်အထိ ရှူသွင်း၍ 2 to 5 seconds လောက်ထိန်းထားပေးပါ။
- ပြီးလျှင်ပါးစပ်မှပိုက်ဖြုတ်ပြီး လေကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါ။
- ဤလေ့ကျင်းခန်းကို အကြိမ် 5 ကြိမ်မှ 10ကြိမ်ခန့်ပြုလုပ်ပေးပါ။
- ပြီးလျှင်ချောင်းဆိုးထုတ်လိုက်ပါ။ (ဤသို့ပြုလုပ်ချင်းသည်အဆုတ်ထဲမှာသလိပ်ထွက်ခြင်းကိုလျော့ကျစေပါတယ်။)
(***အရေးကြီးတာက ရှူသွင်းတဲ့လေပမာဏ၊ အကြိမ်အရေတွက်က သင့်ပေါ်မှာဘဲမူတည်ပါသည်။ သင်ရှူသွင်းရှူထုတ်နိုင်တဲ့လေပမာဏ၊အကြိမ်အရေတွက်ကိုသာပြုလုပ်ပေးသင့်ပါတယ်။)
- အထက်ပါရှူသွင်းတဲ့လုပ်ငန်းစဉ်ပြီးတဲ့အခါမှာ Spirometer ကိုပြောင်းပြန်အနေအထားနဲ့ပြန်ကိုင်ထားပေးပါ။
- ပိုက်အပြာထိပ်ကိုပါးစပ်အတွင်းထည့်ပြီးနှုတ်ခမ်းဖြင့်လုံအောင်ပိတ်ထား၍လေကိုမှုတ်ထုတ်လိုက်ပါ။
- ဘောလုံးမြှင့်တက်ခြင်းကိုကြည့်ခြင်းဖြင့် အဆုတ်၏လေထုတ်အားကောင်းမကောင်းကိုသိနိုင်ပါသည်။
(***ထိုသို့ပြုလုပ်ရာတွင် ပါးစပ်နှင့် spirometer လေဝင်ပေါက်သည် တပြေးတည်းရှိနေရပါမည်။)
For more information: https://www.youtube.com/watch?v=SWQA93wdT-k
သတိပြုရမည့်အချက်များ
- တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ခဏနားပေးပါ။
- နေထိုင်မကောင်း၊မူးရိုင်တာတို့ဖြစ်လာခဲ့လျှင် လေ့ကျင့်ခန်းရပ်၍ ကောင်းကောင်ူအနားယူပေးပါ။
- လေ့ကျင့်ခန်းလုပ်အပြီးမှာ ပိုက်အပြာထိပ်ကိုသန်ရှင်းအောင်သုတ်သည့်အပြင် ပိုးမွှားများ အထဲသို့ မဝင်ရောက်နိုင်အောင် သန်ရှင်းသောအဝတ်ဖြင့် ပိတ်ထားပေးသင့်ပါတယ်။
Spirometer ကိုဘယ်သူတွေအသုံးပြုသင့်သလဲ။
- covid လူနာတွေမှမဟုတ်ပါဘူး သာမန်လူတွေလဲ အဆုတ်လေ့ကျင့်ခန်းလုပ်ခြင်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။
- ခွဲစိတ်ပြီလူနာများ၊COPDလူနာများ၊ Pneumonia အဆုတ်ရောင်လူနာတွေ၊ Asthma ပန်းနာရင်ကြပ်လူနာများကတော့ အထူးကုဆရာဝန်များ၊Physiotherapist များ၏ညွှန်ကြားပေးမှူဖြင့်သာပြုလုပ်သင့်ပါတယ်။
သို့သော် Spirometer သည်အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ရန်အထောက်ကူပစ္စည်းတစ်ခုသာဖြစ်သည်။ ဝယ်ကိုဝယ်ရမည်ဟုမဆိုလိုပါ။ အထောက်ကူပစ္စည်းမပါဘဲ Deep Breathing Exercise ကို (4-7-8 Technique) ဖြင့်လေ့ကျင့်နိုင်ပါသည်။
4-7-8 Technique ဆိုသည်မှာ-
- အသက်ကိုရှူသွင်းချိန်မှာ စိတ်ထဲကနေ’၁ ကနေ ၄ အထိ’ ရေတွက်ပီး ပြင်းပြင်းရှူသွင်းပါ။
- ပြီးနောက် အသက်ကို ‘၁ ကနေ ၇ အထိ’ စိတ်ထဲကနေ ရေတွက်ပီး အောင့်ထားပါ။
- ပြီးနောက် စိတ်ထဲကနေ‘၁ ကနေ ၈ အထိ’ရေတွက်ပီးအသက်ကိုပါးစပ်ကနေရှည်ရှည်ရှူထုတ်ခြင်းဖြစ်ပါသည်။
လုပ်နေချိန်မှာခေါင်းတအားမူးလာရင်ဆက်တိုက်မလုပ်ဘဲနားနားပီးမှလုပ်ပေးပါ။
- ၁ ခါလုပ်ရင်၅-၁၀ကြိမ်
- တစ်နေ့ကို ၃-၄ခါလုပ်နိုင်ပါတယ်။
Comments
Post a Comment