တစ်ခါသုံးနှာခေါင်းစည်း (surgical mask) များကိုဘယ်လိုစနစ်တကျစွန့်ပစ်မလဲ
ကိုဗစ်ကာလအတွင်းမှာ နေ့စဥ်မရှိမဖြစ်လိုအပ်တဲ့ အရာတွေအများကြီးထဲမှာ တစ်ခါသုံးနှာခေါင်းစည်း (surgical mask) များကတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ တစ်ခါသုံးနှာခေါင်းစည်းသုံးစွဲံမှုဟာ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း မှာသိသိသာသာမြင့်တက်လာတယ်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။ ဒီလိုမြင့်တက်လာမှုက သဘာဝပတ်ဝန်းကျင်ပေါ်ကို မကောင်းတဲ့သက်ရောက်မှုတွေအများကြီးရှိပါတယ်။
တစ်ခါသုံးနှာခေါင်းစည်းများကို polypropylene လို့ခေါ်တဲ့ ပလတ်စတစ်အမျိုးအစားတစ်ခုနဲ့ပြုလုပ်ထား ပါတယ်။ သူတို့ ပျက်စီးဖို့အတွက် နှစ်ပေါင်း ၄၀၀ မှ ၅၀၀ ကြားကြာမြင့်ပါတယ်။ ဒါဟာ လူသားတွေ၊ ရေနေသတ္တဝါတွေနဲ့ တောတွင်းတိရစ္ဆာန်တွေအားလုံးအတွက် ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုတစ်ခုပါ။ သူတို့မှာ အဲ့လိုအားနည်းချက်တွေရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်တဲ့နေရာမှာလက်တွေ့ကျပြီး ထိရောက်တာကြောင့် မလွှဲသာဘဲအသုံးပြု နေကြရမှာပဲဖြစ်ပါတယ်။
တစ်ခါသုံးနှာခေါင်းစည်းများဟာ နာမည်အတိုင်းတစ်ခါသာသုံးလို့ရပြီး ပြန်လည်အသုံးပြုလို့မရပါဘူး။ ဒါဆို သဘာဝပတ်ဝန်းကျင်အတွက်မကောင်းတဲ့ နှာခေါင်းစည်းတွေကိုဒီတိုင်းဆက်သုံးနေရမှာလားလို့ မေးစရာရှိလာပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ အဖြေကတော့ “ဟုတ်ကဲ့ သုံးနေရမှာပါ” ။ တစ်ခါသုံး နှာခေါင်းစည်းတွေက စျေးသက်သာပြီး မြန်မာနိုင်ငံလို အခြေခံလူတန်းစာများတဲ့ နိုင်ငံတစ်ခုမှာလက်တွေ့အကျဆုံးနဲ့ ကိုဗစ်ရောဂါပြန့်ပွားမှုကာကွယ်ရာမှာ အရေးပါဆုံးတွေထဲကတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်တာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ စနစ်တကျစွန့်ပစ်ခြင်းပါ။
တစ်ခါသုံးနှာခေါင်းစည်းတွေကို စည်းကမ်းမဲ့လွှတ်ပစ်ခြင်းက သဘာဝပတ်ဝန်းကျင်ကိုသာမကဘဲ ကျန်းမာရေး အတွက်လည်းအလွန်ဆိုးရွားတဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါကြောင့်တစ်ခါသုံးနှာခေါင်းစည်းများကို စွန့်ပစ်ရာမှာလိုက်နာရမယ့်အချက်တွေရှိပါတယ်။ အဲ့ဒီ့အချက်တွေကတော့
(၁) တစ်ခုတည်းဆိုရင်တောင် နှာခေါင်းစည်းများကို တွေ့ကရာမပစ်ပါနဲ့။ တစ်ခုတည်းပဲကွာဘာဖြစ်မှာလည်း ဆိုပြီးသင်တို့ ပစ်လိုက်တဲ့ နှာခေါင်းစည်းတွေက ရေမြောင်းထဲရောက်သွားရင် ရေမြောင်းတွေပိတ်ဆို့ပြီး ရေကြီးရေလျှ့မှုတွေဖြစ်စေမယ်။ လမ်းပေါ်မှာသောင်တင်နေရင် လမ်းသွားလမ်းလာတွေဆီ ရောဂါပိုးကူးစက်ခြင်း၊ မြို့ပြအလှကိုဖျက်စီးခြင်းတွေအပြင် သဘာဝပတ်ဝန်းကျင်အတွက် လည်း ထိခိုက်မှုတွေအများကြီးဖြစ်ပွားစေနိုင်ပါတယ်။ အမှိုက်စွန့်ပစ်ရမယ့်နေရာများမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။
(၂) အပေါ်မှာပြောခဲ့သလို အမှိုက်စွန့်ပစ်ရမယ့်နေရာမှာစွန့်ပစ်ရင်တောင်သာမန်အမှိုက်တွေလိုမဟုတ်ဘဲ အထူးလိုက်နာရမယ့် အချက်တွေရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မြူနီစပယ်ရဲ့ Solid Waste Management System အရ အမှိုက်ပုံးများကို နေရာအလိုက်ချထားပေးခြင်း ရှိပါတယ်။ အဲ့ဒီ့နေရာတွေကနေမှ တဆင့် စည်ပင်သာယာမှ အခြေခံဝန်ထမ်းများက လာရောက်သိမ်းယူပေးတဲ့စနစ်မျိုးဖြစ်ပါတယ်။
အမှိုက်လာကောက်ပေးတဲ့သူများကလည်း လူသားများဖြစ်တာကြောင့် သူတို့ဆီကို လည်းကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါတယ်။ ဒါကြောင့် Medical waste လို့သတ်မှတ်ထားတဲ့ တစ်ခါသုံးနှာခေါင်းစည်းများကို မီးဖိုချောင် ထွက်စွန့်ပစ်ပစ္စည်းများနဲ့ ရောပြီးမပစ်ဖို့အရေးကြီးပါတယ်။ သူတို့တွေကို သပ်သပ်ပလတ်စတစ်အိတ်တစ်ခုထဲ ပေါင်းထည့်ပြီး စနစ်တကျစည်းနှောင်ရပါမယ်။ အဲ့လိုစနစ်တကျထုပ်ပိုးပြီးသွားတဲ့ အမှိုက်ထုပ်ကို ကိုဗစ်စွန့်ပစ်ပစ္စည်းဆိုတာ သိသာစေမယ့် စာတမ်းတစ်ခုတပ်ပေးရပါမယ်။ မိမိအိမ်မှာကိုဗစ်လူနာရှိတယ်ဆို ရင်တော့ Medical waste များထည့်ထားတဲ့ အမှိုက်ထုပ်ကို အိမ်မှာနှစ်ရက်ခန့်ထားပြီးမှလွှင့်ပစ်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။
အထက်ပါအချက်များကိုစနစ်တကျလိုက်နာမယ်ဆိုရင်တော့ ကျွန်တော်တို့လွှင့်ပစ် လိုက်တဲ့ အမှိုက်များကြောင့် တစ်ပါးသူကိုမထိခိုက်တော့မယ့်အပြင် လမ်းတွေပေါ်၊ ရေမြောင်းတွေထဲမှာ အကျည်းတန်တဲ့ နှာခေါင်းစည်းအမှိုက်များကိုလည်းတွေ့ရတော့မှာမဟုတ်ပါဘူး။ ခေတ်ရဲ့လိုအပ်ချက်အရအသုံးပြုနေရတဲ့ တစ်ခါသုံးနှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရင်း ကျွန်တော်တို့တွေအချင်းချင်းကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။





First
ReplyDeleteThank
ReplyDeletegood.
ReplyDeleteThanks for sharing
ReplyDeleteThanks
ReplyDeleteကျေးဇူးပါ
ReplyDeleteDone 🤍
ReplyDeleteYes!
ReplyDeleteအက်မင်လည်း ကျန်းမာရေးဂရုစိုက်နော် ^^
ReplyDeleteThanks you for sharing
ReplyDeleteTake care all🤎
ReplyDeleteTake care
ReplyDeleteဟုတ်🐬🐬
ReplyDeleteTake care
ReplyDelete