The evolution of Money (Part 2)
Part 1 မဖတ်ရသေးရင်အရင်ပြေးဖတ်လိုက်ပါဦး။ မေ့ရင်လည်းအရင်ပြန်ဖတ်လိုက် ကုသိုလ်ရတယ်။
Part 1 ဖတ်ရန်- https://bit.ly/3mu0mAM
ရွှေနဲ့ ငွေအပေါ် ယုံကြည်ကြခြင်း
တစ်ချိန်ထဲမှာပဲ တရုတ်နိုင်ငံမှာတော့ ရွှေတုံး၊ ငွေတုံးတွေကို ပိုက်ဆံအဖြစ်သုံးစွဲနေတာဖြစ်ပါတယ်။ ပိုက်ဆံချင်း မတူညီကြပေမယ့် ရွှေနဲ့ ငွေကို တန်ဖိုးထားတာခြင်းတော့ တူညီကြပါတယ်။ ဒီအချက်နဲ့တင် တစ်ကမ္ဘာလုံးမှာ ငွေကြေးစနစ်ဟာ တစ်ခုထဲဖြစ်နေပြီလို့တောင်ပြောလို့ရတာဖြစ်ပါတယ်။ တစ်ဖန်မေးနိုင်တာက ရွှေနဲ့ငွေက လက်နက်လည်းလုပ်မရ၊ စားလို့လည်းမရနဲ့ကွာ။ အဲ့တာတွေကို အဖိုးတန်ပစ္စည်းအဖြစ် မယုံတဲ့နေရာတွေရောမရှိနိုင်ဘူးလား ဆိုတာဖြစ်ပါတယ်။ အဲ့တာအတွက်အဖြေကတော့ ရှင်းပါတယ်၊။ မရှိနိုင်ပါဘူး။
![]() |
| တရုတ်နိုင်ငံသုံး ရွှေတုံး |
ဘာဖြစ်လို့လဲဆိုတော့ ဉပမာ_ မြန်မာနိုင်ငံက လူတွေက ရွှေကို တန်ဖိုးရှိတယ်လို့ ယုံကြည်ကြပြီး ထိုင်းကလူတွေက မယုံကြဘူးပဲထားပါတော့။ အဲ့လိုဆိုရင် မြန်မာနိုင်ငံက လူတွေက ထိုင်းမှာ စျေးသက်သက်သာသာနဲ့ ရွှေတွေသွားဝယ်ပြီး ဒီကို ပြန်သွင်းကြပါလိမ့်မယ်။ အဲ့အချိန်မှာ ထိုင်းနိုင်ငံမှာ ဝယ်အားတွေအရမ်းများလာတော့ စျေးက တဖြည်းဖြည်းတက်လာပြီး မြန်မာနိုင်ငံမှာတော့ ရွှေတွေများလာတဲ့အတွက် တန်ဖိုးတွေကျလာပြီး အချိန်တစ်ခုကြရင် တန်ဖိုး နှစ်ခုဟာ တူသွားမှာပဲဖြစ်ပါတယ်။ အဲ့သဘောနဲ့ပဲ ရွှေနဲ့ငွေကို အဖိုးတန်ရတနာအဖြစ် တစ်ကမ္ဘာလုံးယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။
ငွေစက္ကူများရဲ့ အစ
၁၇ ရာစုအရောက်မှာတော့ ပြင်သစ်နိုင်ငံမှာ ဒင်္ဂါးပြားတွေရှားပါးလာပြီး စစ်သားတွေကို ပိုက်ဆံမပေးနိုင်ဖြစ်လာပါတယ်။ ပြသနာကို ခဏတာဖြေရှင်းဖို့အတွက် ရွှေနဲ့ငွေကိုထုတ်ယူနိုင်မယ်ဆိုတဲ့ စာကို စက္ကူပေါ်မှာရေးပြီး စစ်သားတွေကို လစာအဖြစ်ပေးခဲ့ပါတယ်။ စစ်သားတွေက အဲ့ စက္ကူတွေနဲ့ ကုန်သည်တွေဆီက ပစ္စည်းတွေပြန်လည်ဝယ်ယူပါတယ်။ အဲ့လိုနဲ့ ငွေစက္ကူတွေရဲ့ အစဖြစ်လာခဲ့ပါတယ်။ (အဲ့မတိုင်ခင် တရုတ်နိုင်ငံမှာ စတင် သုံးစွဲခဲ့တာရှိပေမယ့် ဉရောပလောက်မတွင်ကျယ်ခဲ့ပါဘူး။) အစိုးရအနေနဲ့ အဲ့ ငွေလက်မှတ်တွေနဲ့ တူညီတဲ့ အရန်ရွှေတွေကို သိမ်းဆည်းထားရပါတယ်။ အဲ့တော့ စက္ကူရဲ့တန်ဖိုးဟာ ရွှေနဲ့ အတူတူဖြစ်သွားပြီး သယ်ယူရတာရော၊ သိမ်းဆည်းရတာလည်း လွယ်ကူသွားပါတယ်။ ဗြိတိန်မှာတော့ ရွှေအစား Sterling Silver ဆိုတဲ့ ငွေသတ္တုကို အသုံးပြုပါတယ်။ စတာလင်ပေါင်တစ်ပေါင်ဟာ Sterling Silver (၁) ပေါင်နဲ့တန်ဖိုးညီမျှတာဖြစ်ပါတယ်။
| ဉရောပတိုက်ရဲ့ ပထမဆုံးငွေစက္ကူ |
Fiat Money
နောက်ပိုင်းမှာတော့ ရွှေ၊ ငွေသယံဇာတတွေ ရှားပါးလာခြင်းကြောင့် အရံရွှေနဲ့ ငွေစက္ကူကိုမချိတ်တော့ပဲ ဒီတိုင်းသာ ငွေစက္ကူတွေရိုက်နှိပ်ပြီး ထုတ်ဝေပါတော့တယ်။ အဲ့လို အစိုးရအာမခံချက်နဲ့ပဲ ထုတ်ဝေတဲ့ ပိုက်ဆံကို Fiat Money လို့ခေါ်ပါတယ်။ အခုချိန်ကျွန်တော်တို့ သုံးစွဲနေကြတဲ့ ပိုက်ဆံတွေဟာ အစိုးရအပေါ် ယုံကြည်ချက်နဲ့သာ သုံးစွဲနေရတာဖြစ်ပါတယ်။ အစိုးရက ရိုက်ထုတ်သလောက် ငွေကြေးဖောင်းပွမှုတွေကလည်းဖြစ်လေ့ရှိပါတယ်။
ငွေကြေးဖောင်းပွမှုအကြောင်းအသေးစိတ်သိလိုရင် အောက်က link ကဖတ်လို့ရပါတယ်။https://bit.ly/3ggf4r4
နည်းပညာခေတ်နဲ့ ပိုက်ဆံ
တစ်ဖန်တိုးတက်လာတဲ့ ခေတ်မှာ ငွေစက္ကူတွေအစားအသုံးပြုလာကြတာတော့ ATM, Visa, Mastercard စသဖြင့် အလွယ်တကူသယ်ဆောင်လို့ရတဲ့ ပလပ်စတစ်ကတ်တွေက နေရာယူလာခဲ့ပါတယ်။
တစ်ဖန် အစိုးရက ငွေတွေကိုဖျက်သိမ်းလိုက်တာမျိုး၊ အများကြီးထုတ်ရိုက်လို့ ငွေကြေးအရမ်းဖောင်းပွသွားတာမျိုး၊ ဘဏ်ကပိုက်ဆံပြန်မထုတ်ပေးတာမျိုးဆို ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူး။ အဲ့လို ဘဏ်တွေ အစိုးရတွေကို မှီခိုနေရတဲ့ စနစ်ကိုဖောက်ထွက်ဖို့အတွက် နောက်ဆုံးနည်းပညာနဲ့ငွေကြေးကတော့ Cryptocurrency တွေဖြစ်ပါတယ်။ Cryptocurrency အကြောင်းကို အသေးစိတ်ကိုတော့ link ထဲမှာ ဖတ်လို့ရပါတယ်။
Crytocurrency အကြောင်း- https://ouo.io/m5F7Qs
နိဂုံး
ပိုက်ဆံဆိုတာဟာ အရာဝတ္ထုတစ်ခုဆိုတာထက် အားလုံးရဲ့ယုံကြည်မှုဆိုရင်ပိုမှန်ပါတယ်။ ကိုးကွယ်တဲ့ဘာသာမတူ၊ ယဉ်ကျေးမှုမတူ၊ ဘာသာစကားမတူကြတဲ့ လူတွေဟာ ပိုက်ဆံအပေါ်မှာတော့ ယုံကြည်ကြတာ အတူတူပဲဖြစ်ပါတယ်။ ပိုက်ဆံအပေါ်ယုံကြည်ချက်ကြောင့်သာ မတူညီတဲ့ လူတွေ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီလိုယုံကြည်မှုရဖို့အတွက်လည်း အပေါ်မှာပြောခဲ့တဲ့ အတိုင်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေနဲ့ တစ်ဖြည်းဖြည်းတည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ ငွေကြေးအဖြစ် ပထမဆုံးစားလို့ရတာကိုသတ်မှတ်၊ နောက်ရှားပါးပစ္စည်းနဲ့ သယံဇာတတွေကိုသတ်မှတ်ခဲ့ရာက နောက်ဆုံး ယုံကြည်မှုသာပါဝင်တဲ့ စက္ကူတွေ၊ Computer Bits တွေကို ငွေကြေးလို့တဖြည်းဖြည်းသတ်မှတ်လက်ခံလာခဲ့ကြတာလည်းဖြစ်ပါတယ်။
ညိုထွန်း
- Reference- Homo Sapiens by Yuval Noah Harari, Wikipedia

လက်ဆောင်အနေနဲ့ဇာတ်ကြောပါနှိပ်ပေးခဲ့ပါမယ်😁
ReplyDelete